Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠မြန်မာ့ စိုက်ပျိုး⁠ရေးဆိုင်ရာအ⁠လေ့အကျင့်⁠ကောင်း GAP-Protocol (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ⁠နှင့် လယ်ယာသီး⁠နှံ)

$
0
0
 ၁။ စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း
စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်ရှိမြေသည် ဓါတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် ‌မြေနေရာ မဖြစ်စေရ။ စိုက်ကွင်းမြေပုံနှင့် မှတ်တမ်း ထားရှိရမည်။
၂။ ရေ 
စိုက်ပျိုးရာတွင် အသုံးပြုမည့်အရည်အသွေးကို ဓါတ်ခွဲစစ်ဆေး ရမည်။ မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ် စွန့်ပစ်ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်ပေါ်နိုင်သည့်ရေများကို အသုံး မပြုရ။ (ရေဆိုး ရေညစ်များကို ပြန်လည်စီရင်၍ အသုံး   ပြုလျှင် WHO Guideline အရ လိုက်နာ အသုံးပြုရန်)။
၃။ မျိုးစေ့/ပျိုးပင်
ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါ ကင်းစင်သည့် အရည် အသွေးကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရမည်။ စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင်နှင့် မျိုးပွားအစိတ်အပိုင်းများ ရရှိသည့်နေရာ၊ ရရှိသည့်အရေအတွက်နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင် ထားရှိရမည်။
၎။ ‌မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက် ပစ္စည်းများ
စိုက်ပျိုးသည့်သီးနှံတစ်ခုချင်းအတွက် အသုံးပြုသည့် မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသော ဓာတုနှင့် ဇီဝဆိုင်ရာ ပစ္စည်းများ ပါဝင်ခြင်းမရှိစေရ။ သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက် ပြီးမှ အသုံးပြု ရမည်။ ‌မြေသြဇာ(သို့မဟုတ်)မြေဆီလွှာ ဖြည့်စွက် ပစ္စည်းများ ရောနှောခြင်းနှင့်သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့စေရန်   ဆောင်ရွက်ခြင်းတို့ကို မြေနှင့်ရေ အရင်းမြစ် သန့်ရှင်းမှုထိခိုက်စေသော နေရာများတွင် မပြုလုပ်ရ။ မြေသြဇာ (သို့မဟုတ် )မြေဆီလွှာ   ဖြည့်စွက် ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် တရားဝင် မှတ်ပုံတင်ထား သောပစ္စည်းများ ဖြစ်ရမည့်အပြင် မှတ်တမ်းများထားရှိရမည်။
၅။စိုက်ပျိုးရေးသုံးဓါတုဆေးများနှင့် ဓါတုဆေးများအသုံးပြုမှု 
စိုက်ပျိုးရေးသုံးဓါတုဆေးများနှင့် ဓါတုဆေးများအသုံးပြုမှု အနည်းဆုံးဖြစ်စေရန် ဘက်စုံ ပိုးမွှား ကာကွယ်ရေးနည်းစနစ်များကို အသုံးပြု ရ မည်။ ပိုးသတ်ဆေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် လူသားတို့၏ ကျန်းမာရေးထိခိုက်မှုများ မဖြစ်စေရေး အထူးဂရုပြု ရမည်။ ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်ထားသည့် ဓါတုဆေးများကိုသာ အသုံး ပြုရမည်။ဆေးဖျန်းပြီးနောက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် ကာလ အပိုင်းအခြားကို အတိအကျ လိုက်နာရမည်။ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများကို သိရှိ နားလည်ထားရမည်။ ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှု တို့ကို စနစ်တကျ ဆောင်ရွက်၍ မှတ်တမ်းတင်ထားရှိရမည်။ လောင်စာဆီ၊ချောဆီနှင့် အခြားသောစိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေးများကို သီးနှံများ ညစ်ညမ်းမှုအန္တရာယ်အနည်းဆုံး ဖြစ်စေရန် ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း တို့ကို ပြုလုပ်ရမည်။
၆။ အပင်ပြုစုစောင့်ရှောက်ခြင်း 
သီးနှံအလိုက် နည်းလမ်းမှန်ကန်စွာ ပြုစုစောင့်ရှောက် ဆောင်ရွက်ရမည်။
၇။ စိုက်ပျိုးရေးနှင့် အခြား ဆက်စပ်ပစ္စည်းကိရိယာများ
ထွက်ကုန်သီးနှံအတွက် အသုံးပြုသော ပစ္စည်းကိရိယာများ၊ သိုလှောင်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် သန့်ရှင်းပြီး ထွက်ကုန်သီးနှံ များကို ညစ်ညမ်းမှု မရှိစေရ။ စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြား အန္တရာယ်ဖြစ်စေသည့်အရာများ အသုံးပြုသည့် ပစ္စည်းများကို တိတိကျကျ သတ်မှတ်ထားရမည်။ ၄င်းပစ္စည်းများဖြင့် ထွက်ကုန် သီးနှံများထည့်ခြင်း၊ သိုလှောင်ခြင်း မပြုရ။
၈။ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း
သီးနှံများကို မှန်ကန်သော ရင်းမှည့်‌မှုရှိသည့်အချိန်တွင် သင့်တော်သည့်နည်းစနစ်ဖြင့် ခူးဆွတ်ရိတ်သိမ်းရမည်။ ရိတ်သိမ်းပြီး ထွက်ကုန် သီးနှံများကို မြေကြီး(သို့မဟုတ်)ကိုင်တွယ် ထုပ်ပိုး သည့် ကြမ်းပြင်(သို့မဟုတ်)သိုလှောင်သည့်နေရာကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့   ခြင်းမရှိအောင် သန့်ရှင်းသောအခင်း/ပစ္စည်း ပေါ်တွင် ထားရှိရမည်။ ဆေးကြောသန့်စင်ရန်လိုအပ်သော သီးနှံ နှင့် အစိတ်အပိုင်းများ အတွက် အသုံးပြုသောရေသည် သန့်ရှင်းစင်ကြယ်ရမည်။ သီးနှံအလိုက်သတ်မှတ်ထားသော စံချိန်စံညွှန်း အတိုင်း အဆင့်အတန်းခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။
၉။ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း
ထွက်ကုန်များကို ဓါတု၊ ဇီဝနှင့်ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ်ဖြစ်စေနိုင်သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်းပြုလုပ်ရမည်။ သယ်ယူပို့ဆောင် မည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု၊ အခြားပစ္စည်းများနျင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးရမည်။
၁၀။ အဆောက်အဦးများ ဆောက်လုပ်ထားခြင်း 
ထွက်ကုန်များအား ထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်းနှင့် သိုလှောင်ထားရှိခြင်းတို့တွင် ဘေးဥပါဒ်အန္တရာယ်ကျရောက်မှု နည်းပါးစေရန် သီးသန့်အဆောက်အဦးများ တည်ဆောက်ခြင်း (သို့မဟုတ်)သီးသန့်ဆောင်ရွက်မည့်နေရာများ သတ်မှတ်ရမည်။ ပြုပြင်ထိန်းသိမ်းပေးရ မည်။ လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာသုံးစက်ကိရိယာများအပါအဝင် အခြား ပစ္စည်းများနှင့် ထွက်ကုန်များကို   ရောနှောသိုလှောင်ခြင်း မပြုရ။
၁၁။ တိရစ္ဆာန်နှင့် ဖျက်ပိုးများ ထိန်းချုပ်ခြင်း
အိမ်မွေးနှင့်လယ်ယာလုပ်ငန်းသုံး တိရစ္ဆာန်များကို ရိတ်သိမ်း၊ ထုပ်ပိုး၊ သိုလှောင်သည့်နေရာများတွင် မရှိစေရ။
၁၂။ အထောက်အထားနှင့်မှတ်တမ်းများ 
ထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်‌ကောင်း များနှင့် ပတ်သက်သည့်မှတ်တမ်းများကို အနည်းဆုံး(၂)နှစ် သိမ်းဆည်း ထားရမည်။ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း အတွက် သတ်မှတ်ထားသည့်မှတ်တမ်းပုံစံတွင် မှတ်တမ်း ရေးသွင်း ထားရမည်။
၁၃။ နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း
သီးနှံစိုက်ပျိုးထုတ်လုပ်သည့်နေရာအား နောက်ကြောင်းပြန် စစ်ဆေးနိုင်ရန်အတွက် ထုပ်ပိုးပစ္စည်းများ အပေါ်တွင် သိသာ ထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင်အမှတ်အသား ပြုလုပ် ထားရှိရမည်။ သီးနှံထွက်ကုန် တစ်ခုချင်းစီအတွက် တင်ပို့သည့် နေရာနှင့် ပေးပို့သည့် ရက်စွဲတို့ကို မှတ်တမ်းထားရှိရမည်။
၁၄။ ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း
ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေ သည့်  နည်းလမ်းများ အား မှန်မှန်ကန်ကန်ဆောင်ရွက်ကြောင်း သေချာစစ်ရန်လုပ်ငန်း အားလုံး ကို အနည်းဆုံး တစ်နှစ်တစ်ကြိမ်ပြန်  လည်စစ်ဆေးရမည်။ တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်း ဆောင်ရွက်ရမည် ဖြစ်ပြီး၊ ဤဆောင်ရွက်မှုများအတွက် မှတ်တမ်းများ ထိန်းသိမ်း ထားရှိရမည်။
၁၅။ သင်တန်း
ထုတ်လုပ်သူနှင့်လုပ်သားများသည် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်မှုနည်းပညာများရရှိစေရန် စိုက်ပျိုး   ရေးဆိုင်ရာ အလေ့အကျင့်ကောင်း သင်တန်းများ တက်ရောက်ထားရမည်။
၁၆။ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး 
လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်‌ ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားပြသ ထားမည်(သို့မဟုတ်) လုပ်သားများ သိရှိ စေရန် ဖြန့်ဝေပေးထားရမည်။ မိလ္လာရေနှင့် စွန့်ပစ် အညစ် အကြေး ရေများကို အန္တရာယ်မရှိ   အောင်ဂရုတစိုက် စွန့်ပစ်ရမည်။ လုပ်သားများ ကျန်းမာရေးနှင့် လူမှုဘဝ သာယာဝပြောရေး အလေးထား ဆောင်ရွက်ပေးရမည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

The post ⁠မြန်မာ့ စိုက်ပျိုး⁠ရေးဆိုင်ရာအ⁠လေ့အကျင့်⁠ကောင်း GAP-Protocol (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ⁠နှင့် လယ်ယာသီး⁠နှံ) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


မလေးရှားလေယာဉ်ကြီး ဘယ်ရောက်သွားပြီလဲ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>