Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠ရေချို ⁠ရေငန်စပ် လယ်ေ⁠မြများအတွက် သင့်⁠လျော်⁠သောေ⁠နွစပါးစိုက်ပျိုးနည်းစနစ်များ အပိုင်း-(၁)

$
0
0

၁။ သင့်လျော်သော စပါးမျိုးရွေးချယ်ခြင်း

စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သော ဆားငန်ခံ သက်လျင်စပါးမျိုးသန့်များကို စိုက်ပျိုးပါ။ ဒေသအလိုက် ဆားငန်   ရေ၀င်ချိန်တွင် နွေစပါးရိတ်သိမ်းပြီးစီးရန်အတွက် သီးနှံပုံစံနှင့် သက်တမ်းကို ကြိုတင်စီမံ စိုက်ပျိုးပါ။
ဒီရေအတတ်အကျ ရေချို ရေငန်စပ်လယ်မြေများတွင် နွေစပါး စိုက်ပျိုးခြင်းအတွက် အသင့်တော်ဆုံးစပါးမျိုးများမှာ ပြည်မြန်မာစိန် ၁၀၀- ၁၂၀တင်း အထွက်နှုန်း၊ ရွှေအာဆီယံ ၈၀-၁၂၀တင်း အထွက်နှုန်း၊ အိုင်အာ ၁၀တီ ၁၀၈ ၉၀-၁၂၀တင်း အထွက်နှုန်း၊ အိုင်အာ ၁၀တီ ၁၀၉ ၉၀-၁၂၀တင်း အထွက်နှုန်း၊ အိုင်အာ ၁၀တီ ၁၁၁ ၈၀-၁၂၀တင်း အထွက်နှုန်း၊ စေလိုင်းနက် (စ်) ၁၁ ၁၀၀-၁၂၀တင်း အထွက်နှုန်း နှင့်   စေလိုင်းနက်(စ်) ၁၂ ၁၀၀-၁၂၀တင်း အထွက်နှုန်း တို့ဖြစ်ပါသည်။
၂။ ပျိုးဘောင်ပြင်ဆင်ခြင်း

  • ပျိုးခင်းနေရာအတွက်ဆားငန်ရေမ၀င်သောနေရာကို ရွေးပါ။သွင်းရေအတွက် ရေချိုအရင်းအမြစ်နှင့်နီးသော၊လမ်းမီးရောင်နှင့်ဝေး  သော ၊ ရောဂါနှင့် ပေါင်းမြက်တို့ကင်းစင်သော၊ မြေဆီသြဇာထက်သန်သော၊ မြေနေရာကိုရွေးချယ်ပါ။
  • အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ကို ပြာတီးသန့်စင်၍ ဆားရည်စိမ် ရွေးချယ်ပြီးမှ အသုံးပြုပါ။
  • မျိုးစေ့အား ၁ရက် ရေစိမ်ပြီးမှ ၁ရက် (သို့) ၂ရက် စာပါးစပ်ပြူချိန်အထိမျိုးအုပ်ပါ။ မျိုးစေ့မချမီ ၂-၃ ရက်အလိုတွင် ပျိုးဘောင်ပြင်ဆင်ပါ။
  • တစ်ဧကစိုက်ခင်းအတွက် မျိုးစေ့ ၁ တင်းခွဲနှင့် ပျိုးဘောင် ဧရိယာ ၀.၁၅ဧက (စိမ့်မြောင်း မြေဧရိယာမပါ) လိုအပ်ပါသည်။
  • မြေပြင်ချိန်တွင် ပျိုးခင်း ၀.၁၅ ဧကအတွက် မြေဆွေး (သို့) နွားချေးဆွေးလှည်းတစ်စီးခွဲ ညီညာစွာ ထည့်ပါ။ ၃ ပေခြားတိုင်း ၁ပေ (သို့) ၁ ပေခွဲ အကျယ် စိမ့်မြောင်း တစ်ကြောင်းဖော်ပါ။ ပျိုးဘောင်မြေမျက်နှာပြင်ကို ညီညာအောင်ညှိပါ။
  • ပျိုးဘောင်ဧရိယာ ၀.၁၅ ဧကအတွက် ၁၅ ပတ်လည် (N 15:P2O5: K2O 15) ကွန်ပေါင်းမြေသြဇာ ၂ပြည် နို့ဆီဘူး ၅ ဘူး ညီညာစွာထည့်ပါ။
  • အညှောင့်ဖောက်ထားသော မျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ ညီညာစွာ (၃ပေ ပတ်လည် ပျိုးဘောင်ပေါ်တွင် မျိုးစေ့နို့ဆီဗူး၊ ၁ဘူး ခွဲနှုန်း)ကြဲပက်ပြီး မြေဆွေး/ နွားချေးဆွေး/ စပါးခွံဖွဲပြာ ခပ်ပါးပါးဖုံးအုပ်ပါ။
  • ပျိုးဘောင်ကို အမြဲစိုအောင် ရေထိန်းထားပါ။ ပျိုးကြဲပြီး ၂-၃ရက်မှစ၍ ပျိုးပင်သက်တမ်းတစ်လျှောက် အပင်မြင့်ပေါ် မူတည်၍   ရေ ခပ်ပါးပါးထား၍ ရေသွင်းရေထုတ်ပြုလုပ်ပါ။ ဆားငန်ရေ မဟုတ်သော ရေချိုသွင်းပေးရန် ဖြစ်ပါသည်။
  • လိုအပ်ပါက ပိုးမွှား၊ ရောဂါကို စနစ်တကျ ကာကွယ်နှိမ်နင်းပါ။
  • ပျိုးမနှုတ်မီ ၇-၁၀ရက်ခန့်အလိုတွင် ပျိုးဘောင်ဧရိယာ ၀.၁၅ဧကအတွက် ယူရီးယားဓာတ်မြေသြဇာ ၂ပြည် နို့ဆီဘူး ၂ဘူး နှင့် ဇီဖာ ၁.၅ ကီလိုဂရမ်ကိုရေဖျော်လောင်း (သို့) ကြဲပက်ကျွေးပါ။
  • ရွှေ့ပြောင်းမစိုက်မီ ပျိုးဘောင်ကို ပေါင်းကင်းစင်အောင်ဆောင်ရွက်ပါ။
  • ပျိုးနှုတ်ခါနီးအချိန်တွင် ရေသွင်းပေးခြင်းဖြင့် ပျိုးနှုတ်ရလွယ်ကူစေပြီး ပျိုးပင်များဒဏ်ရာရမှု သက်သာစေပါသည်။
  • ပျိုးနှုတ်ရာတွင် အမြစ်များမပြတ်ရန် သတိထားရမည်။ ဒဏ်ရာရသော အမြစ်များမှ တစ်ဆင့်စပါးပင်အတွင်းသို့ဆားရည် အလွယ် တကူ စုပ်ယူဝင်ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။

၃။ စိုက်ခင်းမြေပြင်ခြင်း

  • ထယ်အနက် (၆” – ၈” ) ခန့်ထား၍ ရိုးပြတ်များနှင့် သီးနှံ အကြွင်းအကျန်များကို မြေမြှပ်ပါ။
  • ထယ်ထိုးပြီး တစ်ပတ်အကြာတွင် ထွန် ၂စပ်မွှေပါ။
  • ပထမအကြိမ်ထွန်မွှေပြီး တစ်ပတ်ခန့်ကြာတွင် ဒုတိယအကြိမ်ထွန် ၂စပ် မွှေပါ။
  • ဒုတိယအကြိမ်ထွန်မွှေပြီး တစ်ပတ်ခန့် (သို့) ပြောင်းရွှေ့မစိုက်မီ ၁ရက် အလိုတွင် နောက်ဆုံးအကြိမ်ထွန် ၂စပ် မွှေပါ။
  • နောက်ဆုံးထွန် ၂ စပ်၏ ကြားတွင် မြေခံမြေသြဇာကို ညီညာစွာ ကြဲပက်ပါ။
  • ကြမ်းတုံးရိုက်၍ မြေကို ညီညာအောင် ညှိပါ။

၎။ စိုက်စနစ်

(က) ရွှေ့ပြောင်းစိုက်ပျိုးခြင်း

  • သက်လတ်စပါးမျိုးများအတွက် ပျိုးသက် ၃၀ရက်သား၊ ရေငန်ဒဏ်ခံနိုင်ရန် ၂၅-၃၀ ရက်သားပျိုးပင်များ အသုံးပြုပါ။
  • ပျိုးနှုတ်ပြီး တစ်ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးပါ။
  • ကောက်ကွက် ၁ကွက်လျှင် ပျိုးပင်လက်ဆ ၂-၃ ပင်သုံး၍ သမန်းအတွင်းသို့ ၁-၁.၅လက်မထက်ပိုမနက်စေပဲ စိုက်ပျိုးပါ။
  • ပင်ပွားအထွက်နည်းခြင်းမှကာကွယ်မိစေရန် တန်းကြားပင်ကြားကို ၆လက်မ x ၆ လက်မ (သို့မဟုတ်) ၈ လက်မ x ၆ လက်မ ထား၍ အတန်းလိုက် စိုက်ပါ။
  • စိုက်ပြီး တစ်ပတ်အတွင်း ကောက်ပင်ဖာပါ။

(ခ) အစိုသမန်းပြင်တွင် တိုက်ရိုက်အစေ့ချခြင်း

  • တစ်ဧကမျိုးစေ့နှုန်း ၂တင်းမှ ၂တင်းခွဲနှုန်း အသုံးပြုပါ။
  • မျိုးစေ့အား ၁ရက် ရေစိမ်ပြီးမှ ၁ရက် (သို့) ၂ရက်၊ စာပါးစပ်ပြူချိန်အထိ မျိုးအုပ်ပါ။
  • ကြဲပက်စိုက်ပျိုးရာတွင် သမန်းကောင်းအောင်ပြုပြင်ပြီး ရေထုတ်ပြီးစ (သို့) ရေစပ်စပ်အခြေအနေတွင် ကြဲပက်ပါ။
  • စပါးပန်းပွင့်ချိန်၊ အနှံတည်ချိန်နှင့် ဆားငန်တက်ချိန်၊ လွတ်အောင်ချိန်ကိုက်စိုက်ပျိုးပါ။
  • မျိုးစေ့ချကိရိယာအသုံးပြုရာတွင် သမန်းပြင်ညီညာအောင်ပြုလုပ်ပါ။ သင့်လျော်သော မျိုးစေ့နှုန်းထားရရှိရန် မျိုးစေ့ချ ကိရိယာအား ချိန်ညှိ စိုက်ပျိုးပါ။

၅။ မြေသြဇာကျွေးခြင်း

  • သီးနှံအကြွင်းအကျန်များ၊ ကောက်ရိုး၊ ပဲရိုး၊ စပါးခွံများနှင့် နွားချေးကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် အသုံးပြုပါ။
  • သွပ်ဓာတ် (ဇင့်) ချို့တဲ့ပါက ဇီဖာကို တစ်ဧကလျှင် ၄-၆ ကီလိုဂရမ်အသုံးပြုပါ။
အသုံးပြုရမည့်အချိန် တစ်ဧကအတွက် မြေသြဇာနှုန်းထား
မြေပြင်ချိန် ပိုတက်ရှ် ၁/၄ အိတ် မှ ၁/၂ အိတ် (၁၂.၅ မှ ၂၅ကီလို)

ရွှေ့ပြောင်းစိုက်ပြီး၇-၁၄ ရက် (သို့) တိုက်ရိုက်အစေ့ချပြီး ၂၀-၂၅ ရက်အတွင်း

 

ယူရီးယား ၁/၂ အိတ် (၂၅ ကီလို)

အပင်ပွားစည်းချိန် ယူရီးယား ၁/၂ အိတ် (၂၅ ကီလို)
 

မှို့ကပ်ချိန်

 

ယူရီးယား ၁/၂ အိတ် (၂၅ ကီလို)

ပိုတက်ရှ် ၁/၄ အိတ် (၁၂.၅ ကီလို)

 

၆။ ရေသွင်းရေထုတ် ပြုလုပ်ခြင်း

  • တာရိုး၊ တမံနှင့် ရေသွင်းရေထုတ်ရေတံခါးများကို လယ်တစ်ကွင်း တစ်စပ်အတွင်းရှိ တောင်သူများအားလုံး ပူးပေါင်းပြုလုပ်၊  ပြင် ဆင်မွန်းမံပါ။
  •  ရေငန်ထား၍ ရေချိုသိုလှောင်ရန်အတွက် ရေတံခါး အပိတ်၊ အဖွင့်လုပ်ငန်းများကို တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ပါ။
  •  ရေသွင်း ရေထုတ်လွယ်ကူစေရန် လယ်ကြားမြောင်းများပြုလုပ်ပါ။
  • စိုက်ကွင်းရှိရေသွင်းရေထုတ်ကို လိုအပ်သလိုဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို  ညီအောင်ညှိပါ။
  • ကန်သင်းများကိုခိုင်ခန့်အောင်ပြုလုပ်ပြီး ကြွက်တွင်းများမရှိစေရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။
  •  ချောင်း၊ မြောင်းတို့မှ အသုံးပြုမည်ဆိုပါက ဒီရေကျချိန်တွင် ရေသွင်းပါ။
  • စိုက်ကွင်းအတွင်း ရေသွင်းပေါက်မှ ရေချိုသွင်း၍ ရေထုတ်ပေါက်မှ ဆားရေကို ထုတ်ပစ်ပါ။
  • စိုတစ်ခါ ခြောက်တစ်လှည့် ရေပေးစနစ်ကို ပင်ပွားအများဆုံးထွက်ချိန်တွင် ကျင့်သုံးပါ။ မရိတ်မီ ၂ပတ်အလိုတွင် ရေဖောက်ထုတ် ပါ။

စိုက်ပျိုးရေးဦးစီးဌာန

 

The post ⁠ရေချို ⁠ရေငန်စပ် လယ်ေ⁠မြများအတွက် သင့်⁠လျော်⁠သောေ⁠နွစပါးစိုက်ပျိုးနည်းစနစ်များ အပိုင်း-(၁) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>