Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live

ငှက်ပျောပင် စိုက်ပျိုးနည်း

$
0
0

ငှက်ပျောမျိုးများ

သီးမွှေးခွံဝါ

နိုင်ငံတကာဈေးကွက်တွင် အရေးပါဆုံးမျိုးဖြစ်သည်။ ငှက်ပျောတစ်ဖီးတွင် အသီး (၁၂-၁၄) လုံးပါသည်။ တစ်ခိုင်လျှင် ငှက်ပျော (၆-၇) ဖီး ပါသည်။ သားတက်အထွက်ကောင်း၍ အဖူးအထွက်စောသည်။

သီးမွှေးခွံစိမ်း

အသီးမှာ အစိမ်းရောင်မပျက် မှည့်သည်။ ချိုမွှေးသည်။

ရွှေနီ

သက်ကြီးမျိုး ဖြစ်သည်။ သားတက်အထွက်နောက်ကျ၍ သားတက်အရေအတွက်နည်းသည်။ အသီးအလုံးကြီးသည်။

နံ့သာပု

အနံ့မွှေးသည်။ ငှက်ပျောခိုင်ငယ်၍ အဖီးလည်းငယ်သည်။ ကြီးထွားမှု နှေးကွေးသည်။ သားတက် အထွက်နည်းသည်။

ဝက်မလွတ်

အပင်ပုသည်။ ငှက်ပျောတစ်ဖီးလျှင် အသီး (၁၆-၁၇) လုံးပါသည်။ အအေးဒဏ် ခံနိုင်သည်။

ဖီးကြမ်း

အကြမ်းခံ၍ စိုက်ပျိုးရလွယ်သည်။ စိုက်ပြီး (၈-၁၀) လအတွင်း အခိုင်ထွက်ပြီးနောက် (၃-၄) လအကြာတွင် တစ်အခိုင်ကို ခုတ်ယူနိုင် သည်။ ငှက်ပျောတစ်ဖီးတွင် (၁၀-၁၅) လုံးပါပြီး တစ်ခိုင်လျှင် (၆-၁၁) ဖီးပါသည်။

ဂျပ်ပြည့် (သို့မဟုတ်) လင်ပန်းပြည့်

အပင်ကြီး၊ အခိုင်ကြီး၊ အသီးကြီးသော မျိုးဖြစ်သည်။ ငှက်ပျောခိုင်တွင် အဖီးနည်းပြီး အသီးအရေတွက်ပါ နည်းသည်။

ရခိုင်ငှက်ပျော

အကြမ်းခံသည်။ သားတက်အထွက်မြန်သည်။ သားတက်များသည်။ မိခင်အပင်နှင့် သားတက်အပင်များ၊ ရှေ့ဆင့်နောက်ဆင့် အသီးခိုင်   ဖြစ်ပေါ်သည်။

အစ္စရေးငှက်ပျော (Grand Naine)

အသီးကြီးသည်။ တစ်ဖီးလျှင် (၁၂-၁၆)  တစ်ခိုင်တွင် (၈-၁၂) ဖီးပါသည်။ (၈-၁၀) လအတွင်း အခိုင်ကျသည်။ နိုင်ငံတကာဈေးကွက်တွင် ထင်ရှားသော မျိုးဖြစ်သည်။

မြေအမျိုးအစား

မြေသားနက်ရှိုင်း၍ ရေစိမ့်စီးဆင်းမှုကောင်းသော နုန်းမြေဖြစ်ပြီး မြေဆီသြဇာပြည့်စုံသောမြေ သည် အကောင်း ဆုံးဖြစ်သည်။ မြေအချဉ်အငံဓာတ်အနည်းငယ် မြင့်သော မြေတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း  ဆားဓာတ် ပါဝင်မှု (၀.၀၅%) ထက်များသော ဆားပေါက်မြေတွင် မစိုက်ပျိုးသင့်ပါ။

ရာသီဥတု

အပူချိန် (၁၀-၄၀)စင်တီဂရိတ်အတွင်း ကောင်းစွာပေါက်ရောက်သည်။ ပျှမ်းမျှအပူချိန် (၂၆.၇) ဒီဂရီစင်တီဂရိတ် နှင့် လစဉ် မိုးရေချိန်  (၁၀) စင်တီမီတာခန့်သည် အကောင်းဆုံးဖြစ်သည်။ ဆီးနှင်းကျခြင်းသည် အပင်ကြီးထွားမှုကို ထိခိုက်စေနိုင်သည်။ လေပူများ ပြင်းထန်စွာ တိုက်ခတ်ပါက ငှက်ပျောပင်များအား အနာတရ ဖြစ်စေသည်။

မျိုးပွားခြင်း

သားတက်ဖြင့် မျိုးပွားကြသည်။ ယခုအခါ အပင်တစ်သျှုး မျိုးပွားနည်းဖြင့်လည်း မျိုးပွားလာကြပြီ။ သားတက်တွင် လှံစို့သားတက် နှင့်   ရေစို့သားတက် ဟူ၍ ရှိပါသည်။ လှံစို့သားတက်သည် ပင်ခြေပိုင်းတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံ သေးရှည်သော ရွက်ပြားပါရှိသည်။ ရေစို့သားတက်မှာ ရွက်ပြားကြီးသည်။ လှံစို့သားတက်သည် (၁၁) လနှင့် အခိုင်ကျပြီး   ရေစို့သားတက်မှာ (၁၅) လကြာမှသာ အခိုင်ကျသည်။ ရွေးချယ်ထားသော သားတက်၏ အမြစ်များနှင့် အသားပိုများအား ကတုံးတုံးပြီး သားတက်ခေါင်းကို ရွံ့ရည်တွင် နှစ်စိမ်ပါ။ ထို့နောက် သားတက်တစ်ခုကို Furandan ဆေး၊ အစေ့ခဲ (၂၀-၄၀) ဂရမ်နှုန်း ပက်ဖြူးပေးခြင်း   ဖြင့် မြေတွင်းအောင်းပိုး နှင့် နီမတုတ်ကို ကာကွယ်ပါ။

မြေပြူပြင်ခြင်း

ထယ်နက်နက်ထိုးပြီး ထွန်မွှေကာ မြေညှိပါ။ ကျင်းအကျယ် (၆၀) စင်တီမီတာပတ်လည်တူးပါ။ နွားချေး၊ မြေဆွေး (၂၀-၃၀) ကီလိုဂရမ် ကို အပေါ်ယံမြေနှင့်ရော၍ စိုက်ကျင်းတွင် ထည့်ပါ။

စိုက်ပျိုးခြင်း

အပင်မြင့်မျိုးများကို (၂.၇×၃) မီတာနှင့် အပင်ပုမျိုးကို (၁.၈×၁.၈) မီတာပတ်လည်တွင်ထား၍ စိုက်ပျိုးပါ။ အပင်သိပ်သည်းစွာ စိုက်စနစ် တွင် (၁.၅×၁.၅) မီတာပတ်လည် စိုက်ပျိုးလျှင် တစ်ဧက အပင် (၁၇၉၉) ပင် ၀င်ဆံ့သဖြင့် အထွက်နှုန်းမြင့်မားစေသည်။ အအေးလွန်ကဲ သည့် ဆောင်းရာသီနှင့် မိုးများစွာရွာသွန်းသည့် ကာလမှလွဲ၍  ကျန်အချိန်များတွင်  စိုက်ပျိုးပါ။

ရေပေးသွင်းခြင်း

မြေအမျိုးအစားနှင့် ရာသီဥတုပေါ်မူတည်၍  ရေသွင်းသည့်အကြိမ် ကွဲပြားပါသည်။ ပုံမှန်အားဖြင့် ဒီဇင်ဘာမှ ဇွန်လအထိ (၁၀) ရက် တစ်ကြိမ် ရေပေးသွင်းပါ။

မြေသြဇာနှုန်းထား

စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးမြေဆွေး (၂၀) ကီလိုဂရမ်၊ ဒိုလိုမိုဒ် ထုံးကျောက်မှုန့် (၀.၅) ကီလိုဂရမ်၊ တီစူပါ (၇၅) ဂရမ်ကို အပေါ်ယံ   မြေနှင့် ရောပြီး အပင်မစိုက်ပျိုးမီ ကျင်းတွင်ထည့်ပါ။ စိုက်ပျိုးထားသော အပင်များ အမြစ်စွဲလျှင် တစ်ပင်လျှင်  ယူရီးယား (၄၃၅) ဂရမ်၊ တီစူပါ (၂၁၀) ဂရမ်၊ ပိုတက် (၃၂၀)ဂရမ်နှုန်း ထည့်သွင်းပေးပါ။ ပထမနှစ် လမိုင်းခင်းတွင် တစ်ပင်ကို ယူရီးယား (၂၂၀) ဂရမ်၊ တီစူပါ (၁၀၀) ဂရမ်နှင့် ပိုတက် (၃၂၀) ဂရမ်နှုန်း ထည့်သွင်းပေးပါ။ ဒုတိယနှစ် လမိုင်းခင်းတွင် တစ်ပင်ကို ယူရီးယား (၁၁၀) ဂရမ်နှုန်း ထည့်သွင်း   ပေးပါ။  ယူရီးယားကို (၃၀) ရက်၊ (၇၅) ရက်၊ (၁၂၀) ရက်နှင့် (၁၆၅) ရက်ခြား၍ အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းပေးပါ။ ပိုတက်ကို (၇၅) နှင့် (၁၆၅)  ရက်ခြား၍ နှစ်ကြိမ်ခွဲထည့်သွင်းပေးပါ။ ဓာတ်မြေသြဇာထည့်သွင်းခြင်းကို ငှက်ပျောဖူးမထွက်မီ ( စိုက်ပြီး ၅-၆ လ အကြာ) အပြီးဆောင်ရွက်ပါ။

သားတက်များဖယ်ရှားခြင်း

ပန်းပွင့်ချိန်အထိ မိခင်အပင်မှ သားတက်အားလုံးကို ဖယ်ရှားပေးပါ။ ပန်းပွင့်ပြီးနောက် သားတက်တစ်ခုသာ ထားရှိပါ။ အပင်ဦးရေ သိပ်သည်းစွာ စိုက်သည့်စနစ်တွင် အခင်းအသစ်တွင် ငှက်ပျောခိုင် (၇၅-၁၀၀) % ခုတ်ပြီးသည်အထိ သားတက်များကို ထားရှိနိုင်ပါသည်။

အပင်ပြုစုရာတွင် သတိပြုရမည့်အချက်များ

  • ပေါင်းမြက်ရှင်းလင်းရာတွင် အမြစ်ထိခိုက်မှုမရှိစေရန် ဂရုစိုက်ဆောင်ရွက်ပါ။
  • မိုးရာသီတွင် ရေစိမ့်ဆင်းမှုကောင်းရန်နှင့် အပင်ခြေရေမ၀င်စေရန် အပင်ခြေကို မြေဖို့ပေးပါ။သို့ရာတွင် နွေနှင့် ဆောင်းရာသီတွင် အပင်များကို ရေပေးသွင်းနိုင်ရန် ဆောင်ရွက်ပါ။
  • သီးခိုင်ထွက်လာလျှင် ၀ါးဖြင့် ကျားကန်ထောက်ပေးပါ။
  • နေလောင်ခြင်း၊ ဖုန်တင်ခြင်း မရှိစေရန်နှင့် အသီးအရောင်လှပစေရန် အပြာရောင် ပလပ်စတစ်ဖြင့် စွပ်ပေးပါ။
  • ခြောကသွေ့ဆွေးမြေ့နေသော အရွက်များနှင့် အပင်အစိတ်အပိုင်းများကို ဖယ်ရှားပေးပါ။
  • အသီးကြီးထွားရန် ငှက်ပျောဖူး(အပိုဖူး) အား ဖြတ်ပေးပါ။
  • စီးပွားရေးတွက်ခြေကိုက်ရန် ငှက်ပျောခင်းအား (၃-၅) နှစ်အထိသာ ထားပြီး အသစ်ပြန်စိုက်ပါ။
  • အသီးခိုင်ခုတ်ပြီး (၃၀-၄၅) ရက်အထိ ပင်စည်မကို အရင်းမှ မခုတ်ဖြတ်ဘဲ နည်းနည်းချင်း ဖြတ်ပေးပါ။ ပင်စည်မမှ အစာအာဟာရ များသည် ကြီးထွားနေသော လမိုင်းအပင်(သားတက်) သို့ ရွေ့လျား ပို့ဆောင်ပေးခြင်းဖြင့် သားတက်ကြီးထွားမှုအတွက် အထောက်အကူ ဖြစ်စေပါသည်။

ရောဂါများ

ပနားမားညှိုးသေရောဂါ

အမြစ်ဒဏ်ရာများမှတစ်ဆင့် မှိုများဝင်ရောက်ပြီး အစာရေကြောဆီသို့ တိုက်ခိုက်ခြင်းကြောင့် အပင်ညှိုးရခြင်းဖြစ်သည်။ အပြင်ဘက်ဆုံး အရွက်များ စတင်ဝါလာခြင်း၊ ရွက်ညှာမှ ငိုက်ကျခြင်းများ စတင်ဖြစ်ပေါ်၍ မကြာမီ အရွက်များအားလုံး ငိုက်ကျပြီး အပင်သေသွားသည်။ ခံနိုင်ရည်ရှိမျိုးကို စိုက်ပျိုးပါ။ သီးမွှေးခွံဝါမျိုးများမှာ ဤရောဂါ ခံနိုင်ရည်ရှိသည်။ ရောဂါရအပင် ကို တူးထုတ်လိုက်ပါ။ ရောဂါရမြေတွင် (၃-၄) နှစ်အတွင်း ငှက်ပျောမစိုက်သင့်ပါ။ Carbendazim 2% ဆေးရည်ကို ငှက်ပျောခေါင်း တစ်ခုလျှင် (၃) စီစီ ထိုးသွင်းပေးပါ။ ငှက်ပျောခင်းအား ရေလွှမ်းပေးခြင်း သီးလှည့်စိုက်ပျိုးခြင်းဖြင့် ပြုလုပ်ပါ။

ရွက်ပျောက်ရောဂါ

အရွက်များမရင့်မီ ရွက်နာများ၊ မျက်နှာပြင်များ၊ ခြောက်လာသည်။ ရောဂါပြင်းထန်ပါက အသီးများ ကြီးထွားရင့်မှည့်ခြင်း၊ မရှိတော့ချေ။   ရောဂါပြင်းထန်ပါက အခိုင်၊ အဖီးများငယ်သွား၍ အသီးမရင့်ဘဲ မှည့်သွားတတ်သည်။ Dithane M45, Calixin သို့မဟုတ် Meneb ပက်ဖျန်းပေးပါ။

ငှက်ပျောထိပ်စုရောဂါ

ငှက်ပျောရွက်များအပေါ်တွင် အစိမ်းရောင်အစင်းများဖြစ်ပေါ်၍ ကျွတ်တ်သည်။ အရွက်များ သေးငယ်လာ ပြီးစုထောင်နေတတ်သည်။ ပျပိုးမှတဆင့် ဗိုင်းရပ်ရောဂါ ဖြစ်စေခြင်း ဖြစ်သည်။ ပျိပိုးများကို Decis ကဲ့သို့သော ပိုးသတ်ဆေးမျိုးဖြင့် ပက်ဖျန်းကာကွယ် နှိမ်နှင်းပါ။   ရောဂါရ အပင်များအား တူးထုတ်ပေးပါ။

ပိုးမွှားများ

ငှက်ပျောအမြစ်ထိုးပိုး

ပိုးကျသည့် သားတက်များ ညှိုးနွမ်းနေပြီး ကြီးထွားမှု မရှိတော့ပေ။ လေပြင်းတိုက်ပါက ဖြစ်သင့်သည်ထက် အပင်များ ကျိုးကျကုန်သည်။ ပင်စည်ခြေရင်းတွင် ပိုးလောက်ကောင်၊ ကျိုးကောင်ကြီးများကို ရှာဖွေနှိမ်နှင်းပါ။ အပင်ခြေတွင် ပေါင်းမြက်အမှိုက် ကင်းစင်ပါစေ။ Furadam ဆေးကို စတင်စိုက်ပျိုးချိန်တွင် ထည့်ပေးပါ။

အထွက်နှုန်း

အခင်းသစ်တွင် တစ်ဧကအထွက်နှုန်း (၄၈) တန်၊ ပထမနှစ် လမိုင်းခင်းတွင် (၃၆) တန်နှင့် ဒုတိယလမိုင်း တွင် (၂၂) တန် ထွက်ရှိပါသည်။

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post ငှက်ပျောပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


သရက်စိုက်ပျိုးနည်း

$
0
0

အိမ်ခြံဝင်းအတွင်း (သို့မဟုတ်) စီးပွားဖြစ်စိုက်ခင်းအဖြစ် သရက်များ စိုက်ပျိုးရာတွင် အသီးအရည်အသွေး ကောင်းရန်နှင့် အသီးထွက်   နှုန်းကောင်းရန် စနစ်တကျစိုက်ပျိုးပြုစုရန် လိုအပ်ပါသည်။

ရာသီဥတု

ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၄၀၀၀) ကျော်အထိ စိုက်ပျိုးသော်လည်း အသီးအထွက်နှုန်း၊ အသီးသီးနှုန်း နည်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၀၀၀) အောက်တွင် သရက်ကို စိုက်ပျိုးထုတ်လုပ်ရန် အကောင်းဆုံး ဖြစ်ပါသည်။

သရက်သီးစိုက်ပျိုးထုတ်လုပ်ရန် အသင့်တော်ဆုံး နှစ်စဉ်ပျှမ်းမျှအပူချိန်မှာ (၂၆.၅) ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး၊ အပူချိန် (၁) ဒီဂရီစင်တီဂရိတ် အထိ ကျဆင်းပါက စိုက်ပျိုးမှုကောင်းစွာ မဖြစ်ထွန်းပါ။

နှစ်စဉ်မိုးရေချိန် (၃၀-၁၀၀) လက်မ ရွာသွန်းသောဒေသများတွင် ဖြစ်ထွန်းသည်။ မိုးရေချိန်နည်းသောဒေသများတွင် ရေသွင်း၍ စိုက်ပျိုးကြ သည်။

မိုးများလွန်းသောဒေသများတွင် သီးထိုးယင်နှင့် ခေါင်ည့န့်ထိုးပိုးများ ဖျက်ဆီးမှုပါသည်။

အမျိုးအစားမြေသားထုနက်ရှိုင်းပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်မြေ နှင့် နုန်းမြေနီသည် သရက်စိုက်ပျိုးရန် အကောင်းဆုံးမြေ အမျိုးအစားဖြစ်ပါသည်။ သင့်တော်သော မြေချဉ်ငံဓာတ် (၆-၇) အတွင်းဖြစ်ပြီး (၅-၇.၅) အတွင်း စိုက်ပျိုးဖြစ်ထွန်းပါသည်။

ရွေးချယ်စိုက်ပျိုးခြင်း

ဒေသနှင့် ကိုက်ညီပြီး အရည်အသွေးကောင်းသော မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် အရည်အသွေးကောင်း အသီးများ ရရှိမည်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ် သက်သာပါမည်။

ထင်ရှားသော အရည်အသွေးကောင်းသရက်မျိုးများမှာ-

စိန်တလုံး၊ ရွှေဟင်္သာ၊ မြကျောက်၊ မချစ်စု၊ ရင်ကွဲမျိုးများ ဖြစ်ပါသည်။ ဒေသအလိုက်စိုက်ပျိုးရန် သင့်တော်သော မျိုးကောင်းများမှ အောက်ပါအတိုင်း ဖြစ်ပါသည်။

စစ်ကိုင်းတိုင်း – ဖိုးချစ်ထွန်း၊ ကန်တွင်း၊ စိန်တလုံး၊ ရင်သွဲ။

ပဲခူးတိုင်း      – မြကျောက်၊ ပျားရည်ဆမ်း၊ ဒေါ်သာဖြူ၊ မချစ်စု၊ မသီး ၊ ရွှေဟသာင်္၊ စိန်တလုံး၊ ရင်ကွဲ၊ သံကွန်ခြာ။

မန္တလေးတိုင်း – စိန်တလုံး၊ ရွှေဟင်္သာ၊ အိမ်တော်၊မတ္တရာခေါင်ချိုး၊ နက်တဲ့၊ ပန်းဆွဲ ရင်ကွဲ၊ မချစ်ဆု

မွန်ပြည်နယ် – မဆွယ်၊ တစုမြိတ်၊ ဘန်ကောက်၊ ဦးဇင်းမိုး၊ ရင်ကွဲ၊ မချစ်ဆု

ရန်ကုန်တိုင်း – စိန်တလုံး၊ ရွှေဟင်္သာ ၊ သံကွန်ခြာ၊ ရင်ကွဲ ၊ မချစ်ဆု

ဧရာဝတီတိုင်း – သံကွန်ခြာ၊ သကြား၊ ပသီး၊ ရာဇမတ်၊ နို့ဆီ၊ ထိပ်နီ ၊ မစိုးမင်း၊ ထောပတ်၊ မချစ်ဆု၊ ရင်ကွဲ

စိုက်ပျိုးစနစ်နှင့် စိုက်ပျိုးခြင်း

သမရိုးကျစိုက်စနစ်တွင် ပင်ခြား၊ တန်းခြား (၃၀×၃၀) ပေ ထားစိုက်ပါက တစ်ဧကအပင် (၄၈) ပင် ၀င်ဆန့်ပါသည်။  ခေတ်သစ်စိုက်စနစ် တွင် တစ်ပင်နှင့်တစ်ပင် နီးကပ်စွာ စိုက်ပျိုးပါသည်။ ပင်ခြားတန်းခြား (၁၅-၁၅) ပေ ထားစိုက်ခြင်းဖြင့် တစ်ဧကအပင် (၁၉၃) ပင် ၀င်ဆန့် ပါသည်။ ခေတ်သစ်စိုက်စနစ်တွင် တစ်ပင်မှ အသီးအရအတွက် ပိုမိုရရှိစေပါသည်။ တစ်ဧက၀င်ဆန့် အပင်ဦးရေများသဖြင့် တစ်ဧကမှ   ရောင်းတန်းဝင် အသီးထွက်နှုန်းမြင့်မားစေပါသည်။ ကာလတိုအတွင် အကျိုးအမြတ်များစွာ ရစေသဖြင့် ယခုအခါ ခေတ်သစ်စိုက်ပျိုး စနစ်ဖြင့် စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။

စိုက်ကျင်းအရွယ်အစားကို အနည်းဆုံး (၂×၂×၂) ပေ ထား၍တူးပါ။ တူးပြီးကျင်းများကို (၇) ရက်ခန့် နေလှန်းထားပါ။

သဘာဝမြေသြဇာ (နွားချေး၊ ကြက်ချေးဆွေး) (၁-၂) တင်း၊ တီစူပါဖော့စဖိတ် (၄၀) ဂရမ်၊ ပိုတက်စီယမ်ကလိုရိုဒ် (၁၁၄) ဂရမ် နှင့်   မြေအောင်းပိုးသတ်ဆေး တစ်မျိုးမျိုးကို ကျင်းပတ်လည်ရှိ အပေါ်ယံမြေနှင့် ဆတူသမအောင် ရောမွှေပြီး စိုက်ကျင်းမို့မောက်သည်အထိ ပို့ပေးပါ။

သရက်စိုက်ခင်းကို အောက်ပါနည်း(၂) နည်းဖြင့် စိုက်ပျိုးနိုင်ပါသည်။

၁။ ကိုင်းဆက်ပျိုးပင်ဖြင့် တိုက်ရိုက်စိုက်ပျိုးနည်း

ကျန်းမာသန်စွမ်းပြီး သက်တမ်း(၁-၂) နှစ်သားရှိသော ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါ။ သို့မှသာ စိုက်ခင်းအတွင်းသို့  ရွေ့ပြောင်းစိုက်ပျိုး ရာတွင် အသေအပျောက်နည်းပါးမည်။ သို့ဖြင့် စရိတ်စက ကုန်ကျမှု သက်သာစေပါမည်။

၂။ စိုက်ခင်းတွင် သရက်အစေ့ချစိုက်ပြီးနောက် စိုက်ကိုင်းဆက်ခြင်း

စိုက်ခင်းအတွင်း စိုက်ပျိုးထားသော သရက်အောက် အကိုင်းဆက်ရာတွင် ဘေးတိုက်ပါးချင်းအပ်အကိုင်းဆက်နည်း၊ ငုတ်ရိုက်အကိုင်း ဆက်နည်း၊ အပင်ခွဲသပ်သွင်း အကိုင်းအဖူးတုံး မြှပ်နည်း၊ တစ်ခုခုကို အသုံးပြုနိုင်ပါသည်။

ရေပေးသွင်းခြင်း

အသီးမတင်သေးသော အပင်ငယ်ကို အပင်ကြီးထွားရန် မိုးမရွာပါက ရေပေးသွင်းပါ။

အသီးခံယူနေသော အပင်ကြီးများကို အသီးတင်စဉ် နှင့် ထွားစဉ် (၁၀- ၁၅) ရက်ခြား ရေပေးသွင်းပါ။

သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း

တစ်နှစ်သားအပင်တစ်ပင်အတွက် ယူရီးယား (၈၅) ဂရမ်၊ ဖော့စဖိတ် (၄၀) ဂရမ်၊  ပိုတက်စီယမ်ကလိုရိုဒ် (၁၁၂) ဂရမ် ကို ထည့်သွင်းပေး ပါ။ အပင်သက်တမ်း (၄) နှစ်သားအထိ ပထမနှစ်ကျွေးသည်ကို တစ်ဆစီတိုး၍ တည့်သွင်းပေးပါ။

အသီးသီးလျက်ရှိသော အပင်တစ်ပင်အတွက် ယူရီးယား၊ တီစူပါဖော့စဖိတ် (၃၇၅) ဂရမ်နှင့် ပိုတက်ဆီယမ်ကလိုရိုဒ် (၁) ဂရမ်ကို ဇွန်၊ ဇူလိုင် (မိုးဦး) တွင် ထည့်သွင်းပေးပါ။

စက်တင်ဘာ၊ အောက်တိုဘာ(မိုးနှောင်း) တွင် ယူရီးယား ကို ထပ်မံထည့်သွင်းပေးပါ။ ဓါတ်မြေသြဇာ ထည့်သွင်းပေးရာတွင် အစိုဓါတ် လုံလောက်ရမည်။ မြေသြဇာကို အပင်၏ဘေးတွင် အောက်ကျင်းခွက်ပြုလုပ်၍ ကျင်းခွက်အတွင်း ညီညာစွာ မြေကြီးနှင့် ပြန်ဖုံးအုပ်ပေး ပါ။ မြေသြဇာကို နွာချေး (၂) တင်း နှစ်စဉ်မိုးဦးကျတွင် ထည့်သွင်းအေပါ။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း

သရက်ဖြုတ်ပိုး။  ။ အရည်အသွေးကောင်းသော အသီးများရရှိရန် ကြပ်ခိုးမှိုရောဂါကျရောက်မှုကို ကာကွယ်ရန် ဖီနိုက်တြိုသီယွန် (၁.၅) စီစီကို ရေတစ်လီတာတွင်ဖျော်၍ သရက်ပန်းမပွင့်မီ အပင်ပေါ်ပက်ဖျန်းပါ။ ပန်းခိုင် အဆုံးထိ ထွက်ပြီးချိန် (သို့) ပန်းအလုံးစုံမပွင့်မီ ဒုတိယ အကြိမ် ပိုးသတ်ဆေးဖျန်းပါ။ အသီးပဲလုံးအစေ့အရွယ်တွင် တတိယအကြိမ် Sevin (50WP) (၄) ဂရမ်ကို ရေတစ်လီတာနှုန်းဖျော်၍ ပက်ဖျန်းရန် ဖြစ်ပါသည်။

ခေါင်ညွန့်ထိုးပိုး။ ။ စီဗင် (၀.၂)% (သို့) မိုနိုကလိုဖော့ (၀..၅)% ဖျော်၍ ပက်ဖျန်းပါ။

ပင်စည်ထိုးပိုး။   ။ ပိုးကျအပိုင်းကို ဖြတ်တောက်ဖယ်ရှားပါ။ အတွင်းမှ ပိုးလောက်ကောင်ကို သုတ်သင်ရှင်းလင်းပါ။ ပိုးပေါက်အတွင်းသို့ အင်ဒိုဆာလဖန်ဆေးရည်(၅) စီစီ ထိုးသွင်းပြီး ပိုးပေါက်ကို ရွှံ့ဖြင့်ပိတ်ပါ။

ပိုးစေးနဲ (Mealy bug) ။ ။ ဒီဗင် (၀.၁)% နှင့် မီသိုင်းပါရာသီယွန် (၀.၀၇၅)% ပက်ဖျန်းပေးပါ။

သီးထိုးယင်။     ။သရက်သီးအရွယ် ကြက်ဥလုံးခန့်ရှိပါက ဟော်မုန်းဖြင့် ထောင်ဖမ်းပါ။ စက္ကူအိတ် စွပ်ပေးပါ။ မီသိုင်းယူဂျီနော (၆-၄-၂) ပတ်အလိုတွင် ဒိုင်မီသိုအိတ် (၀.၀၃)% ပက်ဖျန်းပါ။ ဘာဗီစတင် (သို့မဟုတ်) (၄း၎း၅၀) အချိုး ဘော်ဒိုဆေးရည်ကို (၄) ပတ်ခြား တစ်ကြိမ် ပက်ဖျန်းပေးပါ။

အသီးဆွတ်ခူးခြင်း

ကာလရှာကြည်စွာ ပြုစုထားရှိရခြင်း၊ သွင်းအားစုများစွာ ထည့်သွင်း ရင်းနှီးထားရှိရခြင်းမှရရှိသော သရက်သီးများမှာ အချိန်တိုအတွင်း လွယ်ကူစွာပျက်စီးခြင်းနှင့် ကြုံရလေ့ရှိပါသည်။

သရက်သီးများ၊ ပျက်ဆီးဆုံးရှုံးမှုလျော့နည်းစေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။

၁။ အသီးများကောင်းစွာ ရင့်မှသာ ဆွတ်ခူးပါ။

၂။ အသီးများအနာတရမဖြစ်စေရန်၊ လက်လှမ်းမီသည့် နေရာတွင် လက်၊ ကတ်ကြေး၊ ဖြင့် ဆွတ်ခူးပါ။ လှေကားထောင်၍ အသီးဆွတ်ခူး ပါ။ လက်လှမ်းမမီသော အသီးများကို ခြင်းပါသော တံချုတံဖြင့် ဆွတ်ခူးပါ။

၃။ ဆွတ်ခူးပြီး အသီးကို အရိပ်အောက်တွင် ၀ါးစင်ပေါ်တွင် အသီးညှာကို အောက်ဖက်ထားပြီး အောက်ဖက်ထားပြီး အစေးထုတ်ပါ။ သရက်စေးများစွန်းထင်ခြင်း မရှိစေရန် ဂရုပြုပါ။

၃။ ထုပ်ပိုးခြင်း၊ ထားသိုခြင်းများ ပြုလုပ်ရာတွင် အသီးရင့်မှည့်သည့်အဆင့် နှင့် အရွယ်အစားအလိုက် အတန်းအစားနှင့် အမျိုးအစားခွဲပါ။

၅။ အသီးကောင်းစွာမှည့်ရန် အသင့်တော်ဆုံးအနေအထားမှာ အပူချိန် ၂၅ (+/-)၂ ဒီဂ၇ီစင်တီဂရိတ် နှင့် စိုထိုင်းစ ၄၀-၆၀ % ဖြစ်ပါသည်။

၆။ အသီးကို ကြာရှည်ထားသိုလိုလျှင် ကောင်းစွာရင့်ပြီး မမှည့်သေးသော သရက်သီးစိမ်းများကို အပူချိန် ၁၅ ဒီဂရီစင်တီဂရိတ် နှင့် စိုထိုင်းစ (၈၀-၉၀) % တွင် သိုလှောင်ထားရှိပါ။

၇။ အအေးခန်းတွင် သိုလှောင်ထားသော သရက်သီးများကို အမှည့်ခံရာတွင် အပူချိန် (၂၅) ဒီဂရီစင်တီဂရိတ် အထိ တဖြည်းဖြည်း   မြင့်ပေးပါ။ သို့မဟုတ်ပါင သရက်သီးတွင် ရေငွေ့များ စုဖွဲ့ခြင်းဖြစ်ပေါ်ပြီး အသီးပျက်စီးမှု ပိုများနိုင်ပါသည်။ မျိုးအလိုက် (၁၄-၂၀) ရက် အထိ အထားခံပါသည်။ (၂၅) ဒီဂရီစင်တီဂရိတ်တွင် အသီးမှည့်ရန် (၃-၄) ရက်ခန့် ကြာပါသည်။

အထွက်နှုန်း

မျိုးပြားနှင့် သက်တမ်းပေါ်မူတည်၍ တစ်ပင်အထွက်နှုန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၅- ၁၀ နှစ်သား  –   ၅၀-၅၀၀ လုံး

၁၁-၂၀ နှစ်သား –    ၅၀၀-၁၅၀၀ လုံး

၂၁ နှစ်သား      –    ၁၅၀၀        လုံး

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post သရက်စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

အရည်အသွေးမြင့် ချဉ်ပေါင်လျှော် စိုက်ပျိုးထုတ်လုပ်ရေးနှင့် နည်းစနစ်များ

$
0
0

ချဉ်ပေါင်လျှော်(Kenaf) ကို မြန်မာနိုင်ငံဒေသများစွာတွင် စိုက်ပျိုးနိုင်ကာ ချဉ်ပေါင်လျှော်ပင်မှ ချဉ်ပေါင်လျှော်မျှင် စက္ကူပျော့ဖတ်၊ လူသုံးကုန် ပစ္စည်းများနှင့် ချဉ်ပေါင်လျှော်အရွက်မှ တိရစ္ဆာန်အစားအစာထုတ်လုပ်နိုင်ပြီး ကမ္ဘာ့ဈေးကွက်တွင် အလားအလာကောင်းသော သီးနှံ တစ်မျိုးဖြစ်သည်။ ချဉ်ပေါင်လျှော်စိုက်ပျိုးခြင်းအားဖြင့် သစ်တောပြုန်းတီးမှု ကာကွယ်နိုင်သည့်အပြင် ချဉ်ပေါင်လျှော်ပင်သည် လေထုမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို အခြားအပင်များထက် နှစ်ဆပိုမိုစုပ်ယူသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက် အကူပြုသော သီးနှံဖြစ်ပြီး၊ စိုက်ပျိုးရန်လွယ်ကူသဖြင့် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။

ရာသီဥတု

ချဉ်ပေါင်ပင်သည် အပူချိန် (၂၂) ဒီဂရီး မှ (၃၀) ဒီဂရီစင်တီဂရိတ်၊ စိုထိုင်းဆ (၆၈) မှ (၈၂) % အတွင်း ကောင်းစွာ ဖြစ်ထွန်းပြီး အပင် ကြီးထွားနေစဉ်ကာလအတွင်း တစ်လလျှင်ပျှမ်းမျှ မိုးရေချိန် (၄”) မှ(၅”) ရွာသွန်းရန် လိုအပ်ပါသည်။

မြေအမျိုးအစားများ

စိုက်ပျိုးနိုင်သောမြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ပြီး၊ ရေသွင်းရေထုတ်ကောင်းမွန်သောမြေ အချဉ်အငံဓါတ် pH (၆.၀-၆.၈) ရှိသည့်   မြေတွင် ပိုမိုသင့်တော်သည်။

မျိုး

အပင်ပေါက်ရာခိုင်နှုန်း (၈၀) နှင့်အထက်ရှိသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးပါ။

စိုက်ချိန်

မိုးကြိုချဉ်ပေါင်လျှော်ကို မတ်လလယ်မှ ဧပြီလကုန်အတွင်း၊ မိုးစိုက်ချဉ်ပေါင်ကို မေလအတွင်းအပြီး စိုက်ပျိုးပါ။

မြေပြုပြင်ခြင်း

ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ပြီး ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ အစိုဓါတ်လုံလောက်အောင် ရေသွင်းပြုပြင်ပါ။ သဘာဝမြေသြဇာကို တစ်ဧက လှည်း (၅) စီးနှုန်းထည့်သွင်းပါ။

ဓါတ်မြေသြဇာ

မြေခံအဖြစ်တစ်ဧကလျှင် ယူရီးယား (၅၆) ပေါင်၊ တီစူပါ (၅၆) ပေါင်နှင့် ပိုတက် (၅၆) ပေါင် ထည့်သွင်းပြီး ၊ ပေါင်းလိုက်လက်ကြားခွဲပြီး ယူရီးယား (၅၆) ပေါင်နှုန်း ထည့်သွင်းပါ။

မျိုးစေ့နှုန်းထား

တစ်ဧကလျှင်မျိုးစေ့(၄) ပြည်နှုန်း သုံးစွဲစိုက်ပျိုးပါ။

စိုက်စနစ်

ကြဲပက်၍လည်းကောင်း၊ အတန်းလိုက်စနစ်ဖြင့် လည်းကောင်း စိုက်ပျိုးနိုင်ပြီး အတန်းလိုက်စိုက်ပျိုးခြင်းဖြင့်-

  • မျိုးစေ့ကုန်ကျမှု သက်သာစေမည်။
  • ပေါင်းလိုက်လက်ကြားခွဲရန် လွယ်ကူသည်။
  • ဓါတ်မြေသြဇာထည့်သွင်းရန်နှင့် ပိုးသတ်ဆေးဖြန်းရန် လွယ်ကူ၍အကုန်အကျ သက်သာသည်။
  • ရိတ်သိမ်းရာတွင် ထွယ်ကူလျှင်မြန်သည်။
  • ပင်စည်အလုံးအရပ်ညီညာ၍ ရေစိမ်ရာတွင်
  • အပုပ်ညီပြီး လျှော်အရည်အသွေးကောင်းမွန်စေသည်။

 

ပင်ကြားတန်းကြားအကွာအဝေး

အတန်းလိုက်စိုက်ပျိုးပါက တန်းကြား (၁၂) လက်မ ၊ပင်ကြား (၃) လက်မ (သို့) တန်းကြား (၉) လက်မ၊ ပင်ကြား (၄) လက်မဖြင့် လည်းကောင်း၊ ကြဲပက်စိုက်ပျိုးပါက တစ်ပင်နှင့်တစ်ပင် (၆) လက်မခြား၍လည်းကောင်း သားခွဲပြီး တစ်ဧက အပင်ဦးရေ တစ်သိန်း ငါးသောင်းမှ တစ်သိန်းရှစ်သောင်းအတွင်း ၀င်အောင် စိုက်ပျိုးပါ။

ပေါင်းလိုက်လက်ကြားခွဲခြင်း

စိုက်ပျိုးပြီး (၁၀-၁၂) ရက်တွင် ပထမအကြိမ် (၃၀-၃၅) ရက်သားတွင် ဒုတိယအကြိမ်၊ အနည်းဆုံး (၂) ကြိမ် ပေါင်းလိုက် ပင်ကြပ်ခွဲပေးပါ။

အပင်ပြုစုခြင်း

အစိုဓါတ်လိုအပ်ပါက ခါးရေတင်သွင်းပေးပါ။ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းပါ။

ခုတ်သိမ်းခြင်း

ပန်းပွင့် (၅၀) ရာခိုင်နှုန်းပွင့်ချိန်တွင် စတင်ခုတ်သိမ်းနိုင်ပြီး အပင်ခြေမှ ကပ်၍ခုတ်သိမ်းပါ။

လျှော်စိမ်ခြင်း

ခုတ်သိမ်းပြီး လျှော်ပင်များကို ထွာဆိုင်စည်းများစည်း၍ အ၇ွက်ကြွေအောင်ထားပြီး အနည်းဆုံးအနက် (၄) ပေရှိသော ရေကြည်ရေသန့် တွင် စိမ်ပါ။ ဖြည်းညင်းစွာ စီးဆင်းနေသောရေသည် အကောင်းဆုံးဖြစ်သည်။ ရေသေဖြစ်ပါက (၃) ကြိမ်ခန့် စိမ်ပြီးတိုင်း ရေသစ်လဲလှယ်   ပေးပါ။

ဖောင်ဖွဲ့ခြင်း

တစ်လွှာခြင်းဖောင်ဖွဲ့ရေစိမ်ခြင်းသည် အကောင်းဆုံးဖြစ်ပြီး နေရာအခက်အခဲရှိမှသာ(၂) လွှာ၊ (၃) လွှာထပ်၍ စိမ်ပါ။ လျှော်ဖောင်ကို   ဗေဒါ၊ မြက်၊ ကောက်ရိုးများဖြင့် ဖုံးအုပ်၍ အပေါ်မှ အစေးမထွက်သောတုံးများဖြင့် ဂုတ်ဖိထားပါ။ လျှော်ဖောင်ကို နေရောင်တိုက်ရိုက် မထိစေရန်နှင့် အောက်ဆုံးအလွှာကို ရွံ့နွံများဖြင့် မထိစေရန် ဂရုပြုပါ။

လျှော်ခွာခြင်း၊ လျှော်ဆေးခြင်း

လျှော်စိမ်ပြီး (၁၀) ရက်ခန့်မှစ၍ လျှော်နူး/မနူး နေ့စဉ်စမ်းသပ်ပြီး လျှော်နူးသည်နှင့် တစ်ပြိုင်နက်နေ့ချင်းပြီး ခွာပါ။ ရေစိမ်ရက်မလိုရန်နှင့် မလွန်စေရန် သတိပြုပါ။ ခွာယူပြီး လျှော်များကို ကြာရှည်စွာ စုပုံမထားဘဲ ရေကြည်ရေသန့်တွင် ဆေးကြောသန့်စင်ပါ။ အခေါက်ခွဲနှင့် အမှိုက်သရိုက်များ ကင်းစင်အောင်ဆေးကြောပါ။ အ၀တ်လျှော်သကဲ့သို့ ရိုက်နှက်ဆောင့်ဖွတ်ခြင်း မပြုရ။

လျှော်လှန်းခြင်း၊ လျှော်သိမ်းခြင်း

ဆေးကြောသန့်စင်ပြီးသော လျှော်များကို တန်းတင်နေလှန်းပါ။ မြေကြီးပေါ်ချ၍ မလှန်းပါနှင့်။ တစ်ဝက်တစ်ပျက်ခြောက်သွေ့သော   လျှော်များကို မိုးမမိအောင် ဂရုစိုက်ပါ။ ကောင်းစွာ မခြောက်သွေ့မီ စည်းထုံး၊ သိုလှောင်ခြင်း မြ့ပုရ။ လုံးဝခြောက်သွေ့ပြီးသောလျှော် များကို စည်းထုံး၍ အမိုးအကာအောက်သို့ သယ်ယူပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

The post အရည်အသွေးမြင့် ချဉ်ပေါင်လျှော် စိုက်ပျိုးထုတ်လုပ်ရေးနှင့် နည်းစနစ်များ appeared first on Myanmar Farmers' Portal.

တိုင်ထောင်ပဲ စိုက်ပျိုးနည်း

$
0
0

အမျိုးအစား

ပဲတောင့်ရှည်တွင် အပင်ပုမျိုးနှင့် အပင်ရှည်မျိုးဟူ၍ (၂) မျိုးခွဲခြားထားသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ အတောင့် အရောင်မှာ အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးကွဲပြားသည်။ အစေ့အရောင်မှာ အဖြူရောင်၊ အနက်ရောင်၊ အနီရောင်နှင့် အဖြူအနီရောနှောသော အရောင်ဟူ၍ အမျိုးမျိုး ရှိပါသည်။

ရေမြေရာသီဥတု

သဲမြေမှ မြေစေးအထိ မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရသည်။ အလွန်ချဉ်သောမြေတွင် ကောင်းစွာမဖြစ်ထွန်းချေ။ စိုက်ပျိုးရန် အကောင်းဆုံး   မြေအချဉ်ငံဓါတ်မှာ pH (၆) မှ (၇) အတွင်း ဖြစ်သည်။

အပူချိန် (၁၀)ံ C အောက်တွင် သီးပွင့်မှုကို နှောင့်နှေးစေသည်။ အလွန်ပူသောရာသီ (သို့) မိုးအလွန်များပါကလည်း အပွင့်အသီးကို   ကြွေစေသည်။ အသင့်တော်ဆုံး အပူချိန်မှာ (၁၅)ံC မှ (၂၂)ံ C အတွင်း ဖြစ်သည်။

မျိုးစေ့နှုန်းထား

ချုံပုတ်မျိုး (၄၀-၄၅) ကီလိုဂရမ်/တစ်ဧက

တိုင်ထောင်မျိုး (၁၂-၁၅) ကီလိုဂရမ်/တစ်ဧက

မြေပြုပြင်ခြင်း

ထယ်(၂) စပ်၊ ထွန် (၂) စပ်နှင့် ထွန်ရေးအသင့်အတင့်ပါက စိုက်နိုင်သည်။ ရေမ၀ပ်သောမြေကို ရွေးချယ်ရမည်။

မြေသြဇာနှုန်းထား

တစ်ဧကအတွက် နွားချေးလှည်း (၅-၁၀) စီး၊ ယူရီးယား (၁၀၀) ကီလို၊ တီစူပါ (၅၀) ကီလို၊ ပိုတက် နှင့် ယူရီးယား (၅၀) ကှီလိုကို မစိုက်မီ   မြေခံထည့်ပြီးကျန် ယူရီးယား (၅၀) ကီလိုကို ပေါင်းလိုက်မြေဆွချိန်တွင် ထည့်သွင်းပေးရမည်။ လုပ်အားတတ်နိုင်ပါက မျိုးစေ့စိုက်ချိန်တွင် ဓါတ်မြေသြဇာများကို အစေ့ပတ်ပတ်လည် (၃) လက်မခန့် အကွာတွင် ချပေးပါ။ မဂ္ဂနီဆီယမ် နှင့် သွပ်ဓါတ်များ ချို့တဲ့ပါက အသီးတွင် ပရိုတင်းဓါတ်ပါဝင်မှု ကို လျော့နည်းစေသည်။ မဂ္ဂနီဆီယမ်ဓါတ်လိုအပ်ပါက အပင်၏အောက်ပိုင်းအရွက်တို့၏ နှုတ်ခမ်းပတ်ပတ်လည် တွင် ၀ါလာသည်ကို တွေ့ရမည်။

စိုက်ပျိုးခြင်း

မျိုးစေ့ချရာတွင် အစိုဓါတ်များလွန်းက ပုပ်သွားတတ်သည်။ တိုင်ထောင်ပဲကို အများအားဖြင့် တစ်တန်းနှင့်တစ်တန်း (၃) ပေခြား၍ တစ်ပင်နှင့်တစ်ပင် (၉-၁၂) လက်မခွာ၍ စိုက်သည်။ စိုက်ပျိုးပြီး အပင် (၂) ပတ်သားတွင် (၇) ပေခန့်ရှည်သော ၀ါးတိုင် (သို့) ကိုင်းတန်း များကို အပင်အခြေအတွင် နွယ်တက်နိုင်ရန် ထောင်ပေးသည်။

ဝါးရှားသောအရပ်ဒေသတွင် တိုင်ထောင်ပဲကို သက်ကြီးပြောင်းဖူးမျိုးနှင့် ရော၍ စိုက်ပျိုးကြသည်။

ချုံပုတ်ပဲမျိုးကို တစ်တန်းနှင့်တစ်တန်း (၁.၅-၂) ပေခြား၍ တစ်ပင်နှင့်တစ်ပင် (၁) ပေခွာ၍ စိုက်သည်။ ရာသီဥတုသင့်တင့်သော  ဒေသ တွင် ရေရှိက ပဲနှစ်မျိုးလုံးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။

အပင်ပြုစုခြင်း

အပင်ပေါက်စုံသည်နှင့်ပေါင်းမြက်များကို နှိမ်နင်းပေးရမည်။ အထူးသဖြင့် တိုင်ထောင်ပဲသည် သက်တမ်းပိုရှည်သောကြောင့် ပေါင်းကို ကြိုတင်၍ မနှိမ်ထားပါက နောက်ပိုင်းတိုင်ထောင်ပြီး လျှင် ပေါင်းလိုက်ရ ခက်သည်။ ပဲပင်များ၏အမြစ်တွင် နိုက်ထရိုဂျင်ဖမ်းယူနိုင်သော ဘက်တီးရီးယားများရှိသဖြင့် အမြစ်များကို မထိခိုက်အောင် သတိပြုပါ။

ရေသွင်းခြင်း

ပဲပင်တို့သည် ခြောက်သွေ့သော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့နေပါက ရေသွင်းပေးရန် လိုအပ်သည်။ မိုးရာသီစိုက်ပျိုးက ရေနုတ်မြောင်း ပြုလုပ်ထားရမည်။

ခူးဆွတ်ခြင်း

ပဲသီးများကို ပန်းပွင့်ပြီး (၇-၁၀) ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ တစ်ဧကလျှင် သီးတောင့် (၁၅၀၀၀၀-၂၀၀၀၀၀) တွင် ထွက်ရှိနိုင်သည်။

မျိုးစေ့ထုတ်လုပ်ခြင်း

မျိုးစေ့ထုတ်လုပ်ရန်အတွက် ရိတ်သိမ်းချိန် မိုးလွတ်လျှင်အကောင်းဆုံးဖြစ်သည်။ အပင်ပေါ်တွင် အသီးများ ခြောက်လာမှ ဆွတ်ခူးရမည်။ မိုးရာသီတွင် မျိုးစေ့ထုတ်လိုပါက အစေ့ကို ကြိုတင်ချွေ၍ ဆက်လက်နေလှန်းပြီးမှ သိမ်းဆည်းသည်။ ပဲမျိုးစေ့များသည် သိုလှောင်ရာတွင် ပိုးထိုးတတ်သောကြောင့် ထုံးနှင့်ရောမွှေပြီး သိမ်းဆည်းသင့်သည်။

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post တိုင်ထောင်ပဲ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

နဂါးမောက်ပင်စိုက်ပျိုးနည်း

$
0
0

နဂါးမောက်သီး (Dragon Fruit ) မှာ မြန်မာနိုင်ငံအတွက် သစ်သီးပင်အသစ်တစ်မျိုးဖြစ်သည်။ ဈေးကွက်အလားအလာ ကောင်းမွန် သဖြင့် စီးပွားဖြစ်စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်သည်။အသီးပုံသဏ္ဍန် နှင့် အသီးအခွံအရောင် (အနီ နှင့် ပန်းရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များ၊ ပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။

မူရင်းဒေသ

မျိုးစု (Hylocerus) တွင် မျိုးစိတ်ပေါင်း (၂၆)ခု ရှိရာ မျိုးစိတ်အလိုက်မူရင်းဒေသကွဲပြားပါသည်။ စီးပွားဖြစ်  စိုက်ပျိုးလျှက်ရှိသော မျိုးများ၏ မူရင်းဒေသမှာ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သည်။

ရာသီဥတု

ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်မျိုးဖြစ်သည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေရောင်ခြည်ကောင်းစွာ ရရှိသောနေရာဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ အနိမ့်ဆုံးအပူချိန် (-၂) ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည်ရှိပါသည်။

မြေအမျိုးအစား

နဂါးမောက်ပင်စိုက်ပျိုးရန် သင့်တော်သောမြေချဉ်ငံဓါတ်ကိန်း pH မှာ (၆) ဖြစ်သည်။ ရေစီးစိမ့်မှုကောင်းသော မြေမျိုးတွင်  ကောင်းစွာ   ဖြစ်ထွန်းသည်။

အပင်အမျိုးအစား

တွယ်တက်ပင်နှင့် မြေပေါ်တွားသွား၍ပေါက်သော ရေငတ်ခံနိုင်သည့် ရှားစောင်း၊ မျိုးနွယ်ဝင်အပင် ဖြစ်သည်။ ပင်စည်သုံးမြှောင့်ပုံ ရှိသည်။ ပင်စည်အနားတွင် ဆူးငယ်များရှိသည်။ မျိုးအလိုက် ဆူးအတိုအရှည်နှင့် ဆူးအရေအတွက် ကွာခြားသည်။ ပင်မပင်စည်၏ အဖူးမှ ထွက်လာသော ပင်စည်သစ်သည် သက်တမ်းနှစ်နှစ်သားရှိလာလျှင်  ပန်းပွင့်နိုင်သည်။ ညနေပိုင်း (သို့မဟုတ်) ညပိုင်းတွင် ပန်းပွင့်နိုင် သည်။ နေထွက်လာလျှင် ပန်းပွင့်ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင်သန်းသော အ၀ါရောင်ရှိသည်။ ပွင့်ချပ်သည် နို့နှစ်ရောင်ရှိသည်။ အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အ၀ါရောင်သန်းသော ပန်းရောင်ရှိသည်။ အသီးလုံးပတ်လည်တွင် နဂါးမောက် ကဲ့သို့ ကော့ပြန့်နေသော အဖတ်များရှိသည်။ အတွင်းသား အရောင်အဖြူရောင်မျိုးနှင့် အနီရောင်မျိုးများကို စီးပွားဖြစ်စိုက်ပျိုးသည်။ အစေ့ မှာ အမဲရောင် ဖြစ်သည်။

မျိုးစေ့ရွေးချယ်ခြင်း

မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည်အသွေး ကွာခြားနိုင်သည်။ သို့ဖြစ်၍ ကျန်းမာသန်စွမ်းပြီး သီးထွက်ကောင်း   သောအပင်မှ အစိမ်းရင့်ရောင်ရှိ ရှည်လျားသော ပင်စည်ကို ဖြတ်ယူမျိုး ပွားပါက ပျိုးပင်ထုတ်လုပ်ရန် မိခင်အပင်အဖြစ် မျိုးကောင်း၍ သီးထွက်ပုံမှန်ရှိသော အပင်ကို ထားရှိပါ။ စီးပွားဖြစ်စိုက်ပျိုးရန် ပျိုးပင်များကို ၎င်းအပင်မှ ပွားများရယူပါ။

စိုက်ပျိုးခြင်း

၁။ ပင်ခြား၊ တန်းခြား (၉× ၉) ပေ သို့မဟုတ် (၉×၁၂) ပေထား၍ (၄×၄) လက်မ သို့မဟုတ် လုံးပတ်ထွာဆိုင်ရှိ မျော်တိုင် (သို့မဟုတ်) အချင်း (၆) လက်မခန့်ရှိ ကွန်ကရိပြွန်ကို မြေပြင်အထက် (၆) ပေ ရရှိအောင် စိုက်ပါ။ ကွန်ကရိပြွန်ကို သုံးပါက ကွန်ကရိပြွန်အခြေကို အင်္ဂတေဖြင့် လုံအောင်ပိတ်ပြီးမှ တိုင်စိုက်ပါ။ ကွန်ကရိပြွန်အတွင်း ရေထည့်ပေးနိုင်ရန် ဖြစ်သည်။ တိုင်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေ ပြုလုပ်ပေးပါ။

၂။ စိုက်ထားသော တိုင်ပတ်လည်တွင် တိုင်မှ (၄) လက်မ မှ (၆) လက်မခွာ၍ (၁×၁×၁) ပေရှိ အပင်စိုက်ကျင်း (၄) ကျင်း တူးပါ။

၃။ စိုက်ကျင်းများထဲသို့ NPK အချိုး (၁၅း၁၅း၁၅) ဓါတ်မြေသြဇာ ဟင်းစားဇွန်း (၂) ဇွန်းနှင့် သဘာဝမြေဆွေး (၈) ပြည်ခန့်ကို အပေါ်ယံ   မြေနှင့် မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုး (Feradan, Regent , Lasban) နှင့် သမအောင်ရောမွှေ၍ ဖြည့်ပေးပါ။ စိုက်ကျင်းအထက် (၆) လက်မအမြင့်သို့ ဘောင်ပြုလုပ်ပါ။ ရေ၀ပ်သောနေရာတွင် ရေနုတ်မြောင်း ပြုလုပ်ပေးရန်လိုပါသည်။

၎။ စိုက်ကျင်းအလယ်တည့်တည့်တွင် မိခင်အပင်မှ ဖြတ်ယူထားသောနဂါးမောက်ပင်စည်ကိုင်းဖြတ်ကို (၄) လက်မခန့် မြေမြှပ်စိုက်ပျိုးပါ။ ပင်စည်ကိုင်းပြတ်သည် အချားအနည်းဆုံး (၈) လက်မရှိသင့်သည်။ စိုက်ပျိုးပြီး အပင်ကို နှစ်ပတ်အထိ အရိပ်ပြုလုပ်ပေးပါ။ တိုင်တွင် ကပ်ချည်ပေးပါ။ မြေကြီးစိုစွတ်ရုံ ရေလောင်းပေးပါ။

၅။ မြေုကီးအစိုဓါတ်မပြတ်စေရန် ပုံမှန်ရေသွင်းပါ။ မြေအမျိုးအစားနှင့် ရာသီဥတုအလိုက် (၅) ရက်မှ (၁၀) ရက်ခြား တစ်ကြိမ်ရေသွင်းပေး ပါ။

အပင်ပြုစုခြင်း

ပေါင်းမြက်ကင်းရှင်းရန် တူရွင်း၊ ပေါက်ပြားတို့ဖြင့် ရှင်းလင်းပေးခြင်း အပင်ခြေပတ်လည်တွင် ကောက်ရိုးမြက်ခြောက်သော မြေဖုံးပစ္စည်း များနှင့် ဖုံးအုပ်ပေးခြင်း ပေါင်းသတ်ဆေးအသုံးပြု၍ နှိမ်နင်းပေးခြင်း နည်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။

ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း

အပင်စိုက်ပြီး (၂) လကြာသောအချိန်မှ စ၍ NPK အချိုး (၁၅း၁၅း၁၅) ရှိသော ဓါတ်မြေသြဇာကို တစ်ပင်လျှင် ဟင်းစားဇွန်း (၂) ဇွန်း   နှုန်းထည့်သွင်းပေးပါ။ (၅) နှစ်သားကျောပါက NPK အချိုး (၁၃း၁၃း၂၁) နှင့် (၅း၂၄း၂၄) ဓါတ်မြေသြဇာကို တစ်ပင်လျှင် ဟင်းသားဇွန်း ၃ ဇွန်းနှုန်းဖြင့် (၂) လခြားတစ်ကြိမ် တစ်လှည့်စီထည့်သွင်းပေးပါ။

၅း၂၄း၂၄ = ယူရီးယား ၁ ဆ + တီစူပါ ၅ ဆ + ပိုတက်ရှ် (၆) ဆခွဲ

ပိုးမွှားကာကွယ်နှိမ်နင်းခြင်း

နဂါးမောက်ပင်၏ အဓိကဖျက်ပိုးမှာ ပုရွက်ဆိတ်နီ ဖြစ်သည်။ အပင်၏အဖျားပိုင်း အဖူးနုများနှင့် အသီးညှာတို့တွင် ပုရွက်ဆိတ်များ စားသောက်ဖျက်ဆီးပါသည်။ ပင်စည်ခြေကို ဖျက်ဆီးသောပဲရွက်ဆိတ်နီများ ကို မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးသုံး၍ ဖျက်ဆီးနိုင်ပါ သည်။ မြေပေါ်ပိုင်း ဖျက်ဆီးသော ပုရွတ်ဆိတ်နီများကို ဆီဗင် (Sevin) ပိုးသတ်ဆေး ဖြင့် နှိမ်နင်းနိုင်သည်။

ရောဂါအနေနှင့် ပင်စည်ပုပ်ရောဂါနှင့် အမြစ်ပုပ်ရောဂါ ကျရောက်တတ်သည်။

အသီးဆွတ်ခူးခြင်း

လက်သန်းထိပ်အဆစ်အရွယ် အစိမ်းရောင်ရှိပွင့်ဖူးကို ပင်စည်အဖျားပိုင်းတွင် တွေ့နိုင်ပါသည်။ ဧပြီ၊ ဇူလိုင်လအတွင်းတွင် ပန်းပွင့်လေ့ ရှိသည်။ ပန်းပွင့်ပြီး (၇) ပတ်မှ (၈) ပတ်အတွင်းတွင် အသီးဆွတ်ခူးနိုင်သည်။ အသီးပေါ်ရှိအဖတ်များ အစိမ်းရောင်ပျောက်ပြီး အနီရောင်   ပြောင်းလာလျှင် အသီးဆွတ်ခူးနိုင်သည်။ အသီးရင့်ပြီးနောက် အပင်ပေါ် (၁၅) ရက်ခန့် ဆက်လက်ထားနိုင်သော်လည်း အသီးအရည် အသွေး အနံ့အရသာ လျော့သွားတတ်သည်။ မေလမှ အောက်တိုဘာကာလအတွင်း သီးထွက်ရရှိနိုင်သည်။ နေရာဒေသနှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ အသီးထွက်ချိန် ကွာခြားသည်။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

 

The post နဂါးမောက်ပင်စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

စပါးသီးနှံတွင် အဓိကကျရောက်တတ်သော စပါးရွက်ဖုံးခြောက်ရောဂါ၊ စပါးပင်စည်ပုပ်ရောဂါ၊ စပါးမှိုသီးရောဂါ၊ စပါးလောင်မီး (ခေါ်) ယူဖရာရောဂါ တို့၏ ရောဂါလက္ခဏာ၊ ရောဂါကူးစက်ပျံ့နှံ့ခြင်း နှင့် ကာကွယ် နှိမ်နင်းနည်းများ

$
0
0

၁။ စပါးရွက်ဖုံးခြောက်ရောဂါ (Sheath blight)

ရောဂါလက္ခဏာ

ရောဂါကွက်သည် ရေမျက်နှာပြင်အထက် ရွက်ဖုံးပေါ်တွင် စိမ်းညိုရောင်ဘဲဥပုံ၊ လုံးရှည်ပုံရောဂါကွက်များ စတင်ဖြစ်ပေါ်သည်။   ရောဂါပြင်းထန်ပါက လျှင်မြန်စွာ ကျယ်ပြန့်လာပြီး ညိုနက်ရောင်အနားသတ်ရှိသော မီးခိုးရောင် ပုံမမှန်အနာကွက်ကြီးများ  ဖြစ်ပေါ်လာ သည်။ ရွက်ဖုံးများ လုံးဝပုပ်သွားနိုင်သည်။

ရောဂါကုးစက်ပျံ့နှံြု့ခင်း

လယ်စပါး၊ ယာစပါးအားလုံးကျရောက်နိုင်သည်။ အပင်စိပ်ခြင်း၊ ပုလဲမြေသြဇာများပြားစွာ ထည့်ခြင်း အပူချိန်မြင့်မားခြင်း၊ စိုထိုင်းစများခြင်း တို့သည် ရောဂါကို ပိုမိုဆိုးရွားစေသည်။ မုန်ညှင့်စေ့ခန့်အနက် ရောင်မှိုမျှင်လုံးငယ်များ ရေတွင်မျှောပါပြီး တစ်ခင်းမှတစ်ခင်းသို့ ကူးစက်နိုင် သည်။

ကာကွယ်နှိမ်နင်းနည်း

  • အပင်စိပ်စိပ် စိုက်ခြင်းကိုရှောင်ပါ။
  • ပေါင်းမြက်များ၊ ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။
  • ပုလဲဓာတ်မြေသြဇာတစ်မျိုးတည်း လွန်ကဲစွာ မထည့်ပါနဲ့။
စဉ် ဆေးအမည် နှုန်းထား
၁။ ကာဘင်ဒါဇင် ၀.၈ – ၁.၆ ဂရမ်/လီတာ
၂။ ဗလစ်ဒါမိုင်ဇင် ၄.၀ – ၆.၀ ဂရမ်/လီတာ

 

၂။ စပါးပင်စည်ပုပ်ရောဂါ (Steam rot)

ရောဂါလက္ခဏာ

ရောဂါကို အပင်ကြီးထွားမှု၏ နောက်ပိုင်းအဆင့်တွင် တွေ့ရသည်။ ရေမျက်နှာပြင်နှင့် ထိစပ်နေသော နေရာတွင် အမဲရောင် အနာကွက် များ စတင်ဖြစ်ပေါ်သည်။ ရောဂါကွက်များ ကျယ်ပြန့်လာပြီး ရွက်ဖုံးသည် လုံးဝ(သို့) တစ်ပိုင်းတစ်စ ပုပ်သွားသည်။ ထိုမှတစ်ဆင့် ပင်စည် သို့ရောဂါကူးစက်ပြီး ပျော့ပုပ်လာကာ အပင်ယိုင်လဲသွား သည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

ရေသွင်းရေထုတ်ညံ့သောမြေတွင် ရောဂါပိုဖြစ်သည်။ ရောဂါဖြစ်စေသော မုန်ညင်းစေ့အရွယ်မှိုမျှင်လုံးသည် စပါးစိုက်သော မြေကြီးတွင် လည်းကောင်း၊ ကောက်ရိုးများတွင်လည်းကောင်း ခိုအောင်းနေနိုင်သည်။ ရေလွှမ်းသည့် လယ်များတွင် ထယ်ထိုးထွန်မွှေခြင်းဖြင့် မှိုမျှင် လုံးငယ်များပေါ်လာပြီး ပင်စည်ပိုင်းရွက်ဖုံးများပေါ်သို့ ရောက်ကာ ရောဂါကူးစက်စေပါသည်။

ကာကွယ်နှိမ်နင်းနည်း

  • ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပါ။
  • ပေါင်းမြက်များ၊ ရောဂါရပင်ကြွင်းပင်ကျန်များ မီးရှို့ပါ။
  • ရောဂါပြင်းထန်မှုလျော့နည်းရန် ပိုတက်ရှ်မြေသြဇာထည့်ပေးပါ။

မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံးပြုနိုင်သော မှိုသတ်ဆေးများနှင့် နှုန်းထားများ

စဉ် ဆေးအမည် နှုန်းထား
၁။ ကလိုရိုသာလိုနေး ၁.၅ ဂရမ် / လီတာ
၂။ ဘီနိုမိုင်း ၁.၀ – ၂.၀ ဂရမ်/လီတာ
၃။ ဘိုင်အိုဖာနိတ်မီသိုင်း ၂.၀ – ၄.၀ ဂရမ်/လီတာ
၎။ ကော့ပါးအောက်စီကလိုဒိုက် ၈.၀ – ၁၀.၀ ဂရမ်/လီတာ

 

၃။ စပါးမှိုသီးရောဂါ (False smut)

ရောဂါလက္ခဏာ

စပါးစေ့များတွင် ပုံမှန်ထက် ၂ ဆခန့် ကြီးမားပြီး အစိမ်းရောင်၊ စိမ်းဝါရောင်ရှိ မှိုအစုအခဲများ ဖုံးအုပ်ပြီးမှိုသီးများအဖြစ် တွေ့ရသည်။ မှိုသေးများ ရင့်လွန်းချိန်တွင် စိမ်းညိုညိုအရောင်ပြောင်း သွားသည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

ရောဂါရစပါးစေ့များသည် လယ်ကွက်ထဲ၍ ကြွေကျကျန်ရစ်ခဲ့ကာ စပါးပြန်စိုက်ပြီးနောက် ပန်းပွင့်ချိန်တန်အောင် ရောဂါဖြစ်စေသောမှို သည် ရှင်သန်နေပြီး စပါးပွင့်များပေါ်သို့ရောက်ရှိကာ ရောဂါ ဖြစ်စေသည်။ ၎င်းမှတစ်ဆင့် လေတိုက်ခြင်းဖြင့် အခြားအပင်များသို့ ကူးစက်   စေသည်။

ကာကွယ်နှိမ်နှင်းနည်း

  • ရောဂါကျစိုက်ခင်းမှ မျိုးစေ့ကို ပြန်မသုံးပါနှင့်။
  • မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်ပြီးမှ စိုက်ပါ။
  • အနှံမထွက်မီရက်အနည်းငယ်အလိုတွင် မှိုသတ်ဆေးဖျန်းပါ။

မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံးပြုနိုင်သော မှိုသတ်ဆေးများနှင့်နှုန်းထားများ

စဉ် ဆေးအမည် နှုန်းထား
၁။ ကာဗင်ဒါဇင် ၁.၈ – ၁.၆ ဂရမ်/လီတာ
၂။ ဘီနိုမိုင်း ၁.၀ – ၂.၀ ဂရမ်/လီတာ
၃။ ကော့ပါးဟိုက်ဒြောက်ဆိုဒ် ၄.၀ – ၆.၀ ဂရမ်/လီတာ

 

၎။ စပါးလောင်မီး (သို့) ယူဖရောရောဂါ (Ufra or stem nematode)

ရောဂါလက္ခဏာ

ပင်ပွားထွက်ချိန်တွင် ရွက်နုများ၏အခြေတွင် ထင်ရှားသော အဖြူစက်များ၊ အဖြူရောင်အကွက်များ စတင်တွေ့ခြင်း၊ ရွက်နုများ၏ အခြေများ တွန့်လိမ်ခြင်း၊ အနှံထွက်ချိန်တွင် အနှံများ တွန့်လိမ်ခြင်း မအောင်မြင်သော အနှံများထွက်ခြင်း၊ အနှံမထွက်နိုင်ဘဲ တစ်လစ်ဖြစ်ခြင်း စသည့် လက္ခဏာများ တွေ့ရသည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

ပင်ကြွင်းပင်ကျန်များ၊ သွင်းရေများ၊ ရောဂါကျထားသော အကွက်တွင် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းများမှ ကူးစက်ပျံ့နှံ့ပါသည်။

ကာကွယ်နှိမ်နှင်းနည်း

  • ရောဂါကျထားသောအကက်မှ ရိုးပြတ်၊ ပင်ကြွင်းပင်ကျန် ပေါင်းပင်များကို မီးရှို့ပါ။
  • ရောဂါရအခင်းမှ ရေဖြတ်သန်း၍ သွင်းခြင်းကို ရှောင်ကြဉ်ပါ။
  • ကာဘိုဖျုရန်ကို အညွှန်းအတိုင်းသုံးပါ။

 

မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံးပြုနိုင်သော မှိုသတ်ဆေးများနှင့် နှုန်းထားများ

စဉ် ဆေးအမည် နှုန်းထား
၁။ ဖျုရာဒန် (၃-ဂျီ) ၅.၀ – ၁၀.၀ ဂရမ်/လီတာ

 

၅။ စပါးရွက်ဖျားဖြူနီမတုတ် (White Tip Nematode)

ရောဂါလက္ခဏာများ

စပါးရွက်ဖျားဖြူရောဂါသည် မျိုးစေ့ဆောင်ဖြသစ်သည်။ ရွက်ဖျား (၃-၅) စင်တီမီတာခန့် ဖြူလာပြီး လိမ်ကောက်ကာ ခြောက်လာခြင်း၊ အနှံများပုံမှန်ထက်သေးသွယ်ပြီး အစေ့များအဆံမတည်ခြင်းစသည့် လက္ခဏာများ တွေ့ရသည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

အဓိကအားဖြင့် မျိုးစေ့မှ ကူးစက်ပျံ့နှံ့ပါသည်။

ကာကွယ်နှိမ်နင်းနည်း

  • အိန်သုံးဆား (၅၀) ကျပ်သားနှင့် ရေ (၁၀) ဂါလံဖျော်ရေထဲတွင် မျိုးစပါးအား (၂၄) နာရီ စိမ်ပြီး စိုက်ပျိုးပါ။
  • တိုက်ရိုက်အစေ့ချစိုက်ပျိုးပါ။

မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံးပြုနေသော မှိုသတ်ဆေးများနှင့်နှုန်းထားမျာ

စဉ် ဆေးအမည် နှုန်းထား
၁။ ဖျုရာဒန် (၃-ဂျီ) ၅.၀ – ၁၀.၀ ဂရမ်/လီတာ

 

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

 

The post စပါးသီးနှံတွင် အဓိကကျရောက်တတ်သော စပါးရွက်ဖုံးခြောက်ရောဂါ၊ စပါးပင်စည်ပုပ်ရောဂါ၊ စပါးမှိုသီးရောဂါ၊ စပါးလောင်မီး (ခေါ်) ယူဖရာရောဂါ တို့၏ ရောဂါလက္ခဏာ၊ ရောဂါကူးစက်ပျံ့နှံ့ခြင်း နှင့် ကာကွယ် နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.

စပါးရောဂါများ

$
0
0

၁။ စပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါ (Bacterial blight)

ရောဂါလက္ခဏာများ

စပါးသက်တမ်းတစ်လျှောက်လုံး ရောဂါကျရောက်နိုင်သည်။ အပင်ငယ်စဉ်တွင် အောက်၇ွက်၏ရွက်ဖျားရွက်နားများတွင် သေးငယ်သော   ရေစိုနာကွက်စတင်ဖြစ်ေ့းပြီးအရွက်ဝါ၍ ခြောက်လာကာ တစ်ပင်လုံးညှိုးသေသွား သည်။ အပင်ပွားစီးချိန်တွင် ရောဂါကွက်သည် အ၀ါရောင်(သို့) ရေစိုနာစိမ်းပြာရောင်ရှိ၍ အနားမညီဘဲ လှိုင်းတွန့်ပုံရှိနေသည်။ ရောဂါရအပိုင်းမှ ပယင်းရောင်အလုံးလေးများကဲ့သို့ ဘက်တီးရီးယားစိမ့်ထုတ်ရည်များက နံနက်စောစောနေမထွက်မီ တွေ့နိုင်သည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

မိုးသက်လေမုန်တိုင်းကျခြင်း၊ ရေသွင်းရေထုတ်လုပ်ခြင်းတို့မှ ကူးစက်ပျံ့နှံ့စေသည်။

ကာကွယ်နှိမ်နင်းနည်း

  • ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပါ။
  • ပေါင်းမြက်များ၊ ရောဂါရပင်ကြွင်းပင်ကျန်များ မီးရှို့ပါ။
  • ပုလဲဓါတ်မြေသြဇာတစ်မျိုးတည်း လွန်ကဲစွာမထည့်ပါနှင့်။
  • အပင်စိပ်စိပ်စိုက်ခြင်းကို ရှောင်ပါ။

မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံးပြုနိုင်သော မှိုသတ်ဆေးများနှင့်နှုန်းထားများ

စဉ် ဆေးအမည် နှုန်းထား
ကော့ပါးဟိုက်ဒရောဆိုဒ် ၄.၀ – ၆.၀ ဂရမ်/လီတာ
ကာဆူဂါမိုင်စင် ၄.၀ – ၆.၀ စီစီ/လီတာ

 

၂။ စပါးဘက်တီးရီးယားရွက်စင်းရောဂါ (Bacterial leaf streak)

ရောဂါလက္ခဏာ

အပင်ပွားစီးချိန်နောက်ပိုင်းအရွက်ပေါ်တွင် အစင်းငယ်များကို ၇ွက်ကြောကြားတွင် တွေ့ရပြီး ရောဂါပြင်းထန်လာ ပါကအစင်းများသည် အ၀ါရောင်၊ လိမ္မော်ရောင်သို့ပြောင်းပြီး တဆက်တည်းပေါင်းစပ်သွားသည်။ ရောဂါရအရွက်ကို ထောင်ကြည့်ပါက အလင်းပေါက်နေသည့်   ရောဂါအစိတ်အပိုင်းကို တွေ့ရသည်။

ကူးစက်ရောဂါပျံ့နှံ့ခြင်း

စပါးရွက်လိပ်ပိုး၊ ရွက်ခေါက်ပိုးနှင့် လောင်မီးပိုးတို့ဖျက်ဆီးသောဒါဏ်ရာမှ လွယ်ကူစွာဝင်ရောက်နိုင်သည်။ မိုးသက်လေ မုန်တိုင်းကျခြင်း မှ ရောဂါကူးစက်ပျံ့နှံ့စေသည်။

ကာကွယ်နှိမ်နှင်းနည်း

  • ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပါ။
  • ပုလဲဓါတ်မြေသြဇာတစ်မျိုးတည်း လွန်ကဲစွာမထည့်ပါနှင့်။
  • အပင်စိပ်စိပ်စိုက်ခြင်းကို ရှောင်ပါ။

မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံးပြုနိုင်သော မှိုသတ်ဆေးများနှင့် နှုန်းထားများ

စဉ် ဆေးအမည် နှုန်းထား
ကော့ပါးဟိုက်ဒရောဆိုဒ် ၄.၀ – ၆.၀ ဂရမ်/လီတာ
ကာဆူဂါမိုင်စင် ၄.၀ – ၆.၀ စီစီ/လီတာ

 

၃။ စပါးရွက်ဖုံးပုပ်ရောဂါ (Sheath rot)

ရောဂါလက္ခဏာ

အလံရွက်၏ရွက်ဖုံးပေးတွင် လုံးရှည်ပုံ(သို့) ပုံမမှန် အညိုရောင်အနားရစ်ရှိသော မီးခိုးရောင်အနာကွက်ကိုတွေ့ နိုင်သည်။ ရောဂါပြင်းလျှင် အနှံမထွက်နိုင်ဘဲ တစ်လစ်ဖြစ်ကာ ရွက်ဖုံး၏ အတွင်းဘက်တွင် ဖြူဖွေးသောမှိုကို တွေ့ရပြီး အနှံပုပ်သွားနိုင်သည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

ရောဂါသည် လေဖြင့်လည်းကောင်း၊ မျိုးစေ့တွင်ကပ်ပါ၍လည်းကောင်း ကူးစက်ပျံ့နှံ့စေသည်။ စပါးပင်အတွင်းသို့ ပိုးကောင်ကိုက်ရာ အနာ မှတစ်ဆင့် ၀င်ရောက်သည်။ ဖုံးတုံးလုံးချိန် လေပြင်းမိုးပြင်းကျရောက်ပါက ရောဂါပိုမိုဖြစ်ပွားစေသည်။ ပိုတက်ရှိဓါတ်မြေသြဇာများများ ထည့်ပါက ရောဂါပိုမိုဆိုးရွားစေပါသည်။

ကာကွယ်နှိမ်နှင်းနည်း

  • ရောဂါကင်းစင်သော မျိုးစေ့ကို သုံးပါ။
  • အပင်စိပ်စိပ်စိုက်ခြင်းကို ရှောင်ပါ။
  • ရောဂါရအနှံနှင့် ရွက်ဖုံးများကို မီးရှို့ပါ။
  • မြေသြဇာကို အချိုးညီစွာ သုံးစွဲပါ။

မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံြး့ပုနိုင်သော မှိုသတ်ဆေးများနှင့် နှုန်းထားများ

 

စဉ် ဆေးအမည် နှုန်းထား
ကာဘင်ဒါဇင် ၀.၈ – ၁.၆ ဂရမ်/လီတာ
ဘိနိုမိုင်း ၁.၀ – ၂.၀ စီစီ/လီတာ
သိုင်အိုဖာနိတ်မီသိုင်း ၂.၀ – ၄.၀  စီစီ/လီတာ
သိုင်အိုဖာနိတ်မီသိုင်း + သိုင်ရမ် ၁.၀ – ၂.၀  စီစီ/လီတာ

၎။ စပါးရွက်ညိုပြောက်ရောဂါ

ရောဂါလက္ခဏာ

အရွက်ပေါ်တွင် နှမ်းစေ့အရွယ်ဘဲဥပုံအညိုပြောက်များ ညီညာစွာပြန့်ကြဲနေသည်။ ကြီးလာပါက အညိုရောင် အနားရစ်နှင့် မီးခိုးရောင် ဗဟိုရှိသော အကွက်ပြောက်များ တွေ့ရသည်။ စပါးစေ့အခွံနှင့် ဆန်စေ့တွင် အမဲပြောက်များ တွေ့နိုင်သည်။ အဆန်မအောင်ဘဲ စပါးစေ့ရှုံ့လိမ်၍ အရောင်ပျက်စေသည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

အာဟာရချို့တဲ့သော မြေ၊ ပုလဲဓါတ်မြေသြဇာလွန်ကဲသော မြေ၊ ရေသွင်းရေထုတ်ညံ့သောမြေ၊ အပုပ်လွန်သောမြေများတွင် ရောဂါ ပိုမို   ဖြစ်ပေါ်စေသည်။ တိမ်ထူပြီး မိုးမပြတ်ရွာပါက ရောဂါပြန့်ပွားမှု မြန်စေသည်။ ရောဂါရမျိုးစေ့မှ အဓိကကူးစက်ပျံ့နှံ့စေသည်။

ကာကွယ်နှိမ်နှင်းနည်း

  • ရောဂါကင်းသော မျိုးစေ့ကို သုံးပါ။
  • ပေါင်းမြက်များ၊ ရောဂါကပင်ကြွင်းပင်ကျန်များ မီးရှို့ပါ။
  • သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာ နှင့် အနည်းလိုအာဟာရဓါတ်များ အချိုးညီစွာသုံးစွဲပါ။
  • ရေသွင်းရေထုတ်စနစ်တကျ ပြုလုပ်ပါ။

မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံးပြုနိုင်သော မှိုသတ်ဆေးနှင့် နှုန်းထားများ

စဉ် ဆေးအမည် နှုန်းထား
သိုင်အိုဖာနိတ်မီသိုင်း + သိုင်ရမ် ၁.၀ – ၂.၀ ဂရမ်/ မျိုးစေ့ ၁ ကီလိုဂရမ်

 

၅။ စပါးဂုတ်ကျိုးရောဂါ (Rice blast)

ရောဂါလက္ခဏာ

ပျိုးခင်းအဆင့်တွင် ရောဂါစတင်ဖြစ်ပေးနိုင်သည်။ အရွက်ပေါ်တွင် လွန်းပုံရောဂါအကွက်များ တွေ့ရသည်။ အကွက်များကြီးလာလျှင် အလယ်တွင် မီးခိုးရောင်ရှိပြီး ရောဂါကွက်များ ပေါင်းစပ်သွားကာ အရွက်များ သေသွားတတ်သည်။ အနှံတွင် ရောဂါကျရောက်ပါက ဂုတ်တွင် အညိုရောင်အကွက်များ ဖြစ်ပေါ်လာပြီးကျိုးကျတတ်သည်။ နို့ရည်မတည်မီရောဂါ ကျရောက်ပါက စပါးရင့်မှည့်ချိန်မတိုင်မီ စပါးနှံများ ဖြူဖွေးထောင် မတ်နေသည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

နွေစပါးတွင် ပိုမိုကျရောက်တတ်သည်။ အပူချိန်နိမ့်ကျလျှင် ရောဂါပြင်းထန်သည်။ ပုလဲဓါတ်မြေသြဇာကို တစ်ကြိမ်တည်း မြောက်များစွာ ထည့်ခြင်းသည် ရောဂါကိုအားပေးသည်။ ရောဂါသည် လေဖြင့်လည်းကောင်း၊ သွင်းထုတ်ရေဖြင့်လည်းကောင်း တစ်ခင်းမှတစ်ခင်း ကူးစက်သည်။ ရောဂါကျမျိုးစေ့၊ ကောက်ရိုး၊ ပေါင်းမြက်များမှ တစ်ဆင့် တစ်ရာသီမှတစ်ရာသီသို့ ကူးစက်သည်။

ကာကွယ်နှိမ်နှင်းနည်း

  • ပေါင်းမြက်များ၊ ရောဂါရပင်ကြွင်းပင်ကျန်များ မီးရှို့ပါ။
  • အပင်စိပ်စိပ်စိုက်ခြင်းကို ရှောင်ပါ။
  • နွေစပါးစိုက်ခင်းတွင် ရေအမြဲရှိရန်ဆောင်ရွက်ပါ။
  • ရောဂါရအခင်းတွင် ပုလဲဓါတ်မြေသြဇာလုံးဝမထည့်ဘဲ ပိုတက်ရှိဓါတ်မြေသြဇာ ၁.၂၅ အိတ်/ဧက (သို့) ကောက်ရိုးပြာ (၇-၈) တင်း/ဧက ထည့်ပေးပါ။

မြန်မာနိုင်ငံတွင် ၀ယ်ယူအသုံးပြုနိုင်သောာ မှိုသတ်ဆေးများနှင့် နှုန်းထားများ

စဉ် ဆေးအမည် နှုန်းထား
သိုင်အိုဖာနိတ်မီသိုင်း ၂.၀ – ၄.၀  ဂရမ်/လီတာ
ဘိနိုမိုင်း ၁.၀ – ၂.၀ ဂရမ် /လီတာ
သိုင်အိုဖာနိတ်မီသိုင်း + သိုင်ရမ် ၁.၀ – ၂.၀  ဂရမ် /လီတာ

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

The post စပါးရောဂါများ appeared first on Myanmar Farmers' Portal.

မြေပဲသီးနှံစိုက်ပျိုးရေး နည်းစနစ်ကောင်းများ

$
0
0

မြေပဲသီးနှံသည် တစ်ဧကမှ ဆီထွက်ရှိမှု ပိဿာ (၁၀၀) နှင့်အထက် ရရှိနိုင်သည့် ဆီထွက်သီးနှံဖြစ်ပြီး ပြည်တွင်းစားသောက်မှုအတွက် အရေးပါသော သီးနှံတစ်ခုဖြစ်ပါသည်။ (၂၀၁၁ -၂၀၁၂) ခုနှစ်၊ စိုက်ပျိုးရေး ထုတ်လုပ်မှုအရ ဆီထွက်သီးနှံ စုစုပေါင်းစိုက်ဧက၏ (၂၇%) မှာ မြေပဲစိုက်ဧရိယာဖြစ်ပြီး မြေပတြစ်ဧက ပန်းတိုင်အထွက်နငန်း တင်း (၅၀)နှင့် အထက်ထွက်ရှိရန် အောက်ဖော်ပြပါ စိုက်ပျိုးရေး နည်းစနစ်ကောင်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

မြေအမျိုးအစား

မြေချဉ်ငံဓါတ် (၅.၅) မှ (၇) အတွင်းရှိ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးနိုင်ပြီး (၆.၀) မှ (၆.၅) အတွင်း ရှိ မြေများတွင် အထူးဖြစ်ထွန်းပါသည်။

မြေပြုပြင်ခြင်း

ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ပြုပြင်ရန်လိုအပ်ပြီး စိုက်ခင်းမြေမျက်နှာပြင် ညီညစေရန် အလေးထား ဆောင်ရွက်ပါ။ မိုးများ သည့်ဒေသများနှင့် ရေသွင်းစိုက်သည့်ဒေသများတွင် ရေသွင်းရေထုတ် လွယ်ကူစေရန် စိုက်ကြောင်းဖော်သည့် ဘောင်ဖော်ကိရိယာဖြင့်   ဘောင်အကျယ် (၄-၅) ပေ၊ အမြင့် (၄-၆) လက်မခန့်ရှိသည့် ဘောင်များဖော်၍ စိုက်ပျိုးပါ။

မျိုး

ဒေသနှင့် ကိုက်ညီသည့် အထွက်ကောင်းမျိုးများကို ရွေးချယ်အသုံးပြုရန်နှင့် စိုက်ပျိုးသင့်သည့် အထွက်ကောင်း မျိုးများမှာ   အောက်ပါ အတိုင်း ဖြစ်ပါသည်။

မျိုးအမည် အသက်ရက် အထွက်နှုန်း (တင်း/ဧက) ထူးခြားချက်
ဆင်းပဒေသာ- ၅ ၁၁၀ – ၁၂၀ ၆၀ – ၈၀ မိုးများခြင်းဒဏ်ခံနိုင်ပါသည်။
ဆင်းပဒေသာ- ၆ ၁၀၅ – ၁၁၀ ၇၀ သဲဆန်ပြီး အစိုဓါတ်နည်းသော မြေတွင် စိုက်ပျိုးနိုင်ပြီး ရေငတ်ဒဏ်အသင့်အတင့်ခံနိုင်သည်။
ဆင်းပဒေသာ- ၇ ၉၅ – ၁၀၀ ၁၀၀ သက်လျင်၊ အထွက်ကောင်း
ဆင်းပဒေသာ- ၁၁ ၁၀၅ – ၁၁၀ ၁၀၀ အထွက်ကောင်း

အပင်ပေါက် (၈၀%) အထက်ရှိသော မျိုးစေ့များကို တစ်ဧကလျှင် မျိုးစေ့ (၁.၅ – ၂) တင်နှုန်း အသုံးပြုစိုက်ပျိုးပါ။ အစေ့သေးလွန်း၊ ကြီးလွန်းသော မျိုးစေ့များ အသုံးမပြုသင့်ပါ။ မစိုက်မီ (၃-၄) ရက်အလိုတွင် အဆံပြည့်သော မြေပဲတောင့်များမှ မျိုးစေ့ထုတ်ယူစိုက်ပျိုးပါ။

စိုက်ချိန်

မိုးမြေပဲကို မေလတွင် ပထမစိုက်မိုးရလျှင် ရခြင်း စိုက်ပျိုးရန်နှင့် ဇွန်လအတွင်း အပြီးစိုက်ရန်၊ စကမြေပဲကို သြဂုတ်လ (၁၅) ရက်ထက်   နောက်မကျဘဲ စိုက်ပျိုးရန်နှင့် ဆောင်းမြေပဲကို စက်တင်ဘာလလယ်မှစ၍ နိုဝင်ဘာ(၁၅) ရက်ထက် နောက်ကျဘဲ အစိုဓါတ် မိစေရန်   စောနိုင်သမျှ စောစွာစိုက်ပျိုးပါ။

စိုက်စနစ်

ပင်ထောင်မြေပဲကို တန်းကြား (၁၂-၂၅) လက်မ၊ ပင်ကြား (၄) လက်မနှင့် ပင်ပြန့်မြေပဲကို တန်းကြား (၁၈) လက်မ၊ ပင်ကြား (၆) လက်မ စိုက်ပျိုးပါ။ စိုက်ကြောင်းအတိမ်အနက် (၁.၅-၂)လက်မထက် မနက်စေဘဲ အစိုဓါတ်မိအောင် စိုက်ပျိုးပါ။ အထူးသဖြင့် မြေတွင်းအစိုဓါတ် လက်ကျန်ဖြင့် စိုက်ပျိုးရသော ဆောင်းမြေပဲသီးနှံ တွင် မျိုးစေ့နှင့် မြေမှုန်ထိတွေ့မှု များနိုင်သမျှ များစေရန် ကြမ်းတုံးဖြင့် စနစ်တကျဖုံးအုပ်ပါ။

သွင်းအားစုထည့်သွင်းအသုံးပြုခြင်း

တစ်ဧကလျှင် နွားချေး (သို့) မြေဆွေးလှည်း (၅-၁၀) စီးနှုန်း၊ ယူရီးယား (၂၈-၅၆) ပေါင်၊ တီစူပါ (၈၄-၁၁၂) ပေါင်နှင့် ပိုတက်ရှိ (၂၈)   ပေါင်နှုန်းကို စိုက်ထယ်ရေးပြင်ချိန်တွင် ထည့်ပေးပါ။ တစ်ဧကလျှင် လချေးမှုန့်မြေသြဇာ (၂၀၀-၂၅၀) ပေါင်နငန်းကို မြေခံ (သို့)   နောက်ဆုံးကြားလိုက်ချိန်တွင် မြေတွင်းအစိုဓါတ် ရှိချိန်တွင် အပင်ခြေတွင် ထည့်ပေးပါ။ပဲဖြစ်ဖု ဇီဝမြေသြဇာ တစ်ထုပ်ကို တစ်ဧကစာ မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။

အပင်ပြုစုစောင့်ရှောက်ခြင်း

ပန်းဖြိုင်ချိန်တွင် ပေါင်းမြက်ရှင်းပါက မြေပဲပွင့်များကို ထိခိုက်နိုင်ခြင်းကြောင့် စိုက်ပြီး (၃၀-၃၅) ရက်အတွင်း ပေါင်းမြက်များကို အပြောင် ရှင်းထားပါ။ အထက်စွယ်များကို အတောင့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပန်းဖြိုင်ချိန်မှစ၍ နောက်ပိုင်းကာလတွင် ဘောင်တင်ခြင်း မပြုလုပ် ရပါ။ စွယ်ချချိန်နှင့် အဆံဖြည့်တင်းချိန်များဖြစ်သော အပင်သက်တမ်း (၄၅-၇၅) ရက်သားအတွင်း အစိုဓါတ်လိုအပ်ပါက ရေသွင်းပေးပါ။

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း

အပင်ငယ်စဉ် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုမျးား ကျရောက်ပါက ပင်လုံးပြန့်ထိတွေ့ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းနှိမ်နှင်းပါ။ ဖိုးလမင်း ကျိုင်းနှင့် ခြများကျရောက်တတ်ပါက ပင်လုံးပြန့်ထိတွေ့ပိုးသတ်ဆေးခဲ တစ်မျိုးမျိုးကို စိုက်ချိန်တွင် စိုက်ကြောင်းအတွင်း ထည့်ပေးပါ။   မြစ်ပုပ်၊ ခါးရိ၊ အစေ့ပုပ်ရောဂါများမှ ကာကွယ်ရန် မျိုးစေ့ကို သင့်တော်သည့် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။ ရွက်ပြောက်   ရောဂါ ကျရောက်တတ်သော ဒေသများတွင် သင့်တော်သည့် မှိုသတ်ဆေးဖြင့် ကာကွယ်နှိမ်နှင်းပါ။

စနစ်တကျနှုတ်သိမ်းခြင်း

မြေပဲပင် သက်တမ်းပြည့်ချိန် အရွက်များရင့်ဝါလာပါက နှုတ်သိမ်းရပါမည်။ ရိတ်သိမ်းချိန်တွင် မြေကြပ်ပါက အလေအလွင့်နည်းစေရန် ဓားကွင်းတိုက်၍ နှုတ်သိမ်းပါ။ ရိတ်သိမ်းပြီး မြေပဲတောင့်များကို နေလှန်းအခြောက်ခံပါ။ မျိုးအဖြစ် သိုလှောင်မည်ဆိုပါက မြေပဲတောင့် များကို နေရောင်အောက်တွင် တိုက်ရိုက်မလှန်းဘဲ အရိပ်အသင့်အတင့်ရသော နေရာတွင် ခပ်ပါးပါးဖြန့်၍ အစိုဓါတ် (၆-၉%) အထိ ရရှိအောင် အခြောက်ခံပြီး လေလုံစွာ သိုလှောင်သိမ်းဆည်းပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post မြေပဲသီးနှံစိုက်ပျိုးရေး နည်းစနစ်ကောင်းများ appeared first on Myanmar Farmers' Portal.


တောင်သူကိုယ်တိုင် တပိုင်တနိုင် စပါးမျိုးသန့် မွေးမြူ စိုက်ပျိုးခြင်းနည်းပညာ

$
0
0

၁။ ခေါင်နှံရွေးချယ်ခြင်း

က။ အခြေခံအရ မျိုးသန့်စင်သည့် စပါးခင်းကို ရွေးချယ်ပါ။

ခ။ ရိတ်သိမ်းခါနီး စပါးခင်းမှ ခေါင်နှံ (၂၀၀) ကို သိမ်းဆည်းပါ။ အနှံ (၂၀၀) မှ အလံရွက်များ ဖယ်ရှား၍ ကြိုးစည်းပါ။ သေချာစွာ   ခြောက်သွေ့ အောင် နေလှန်းပြီး ပိုးမွှား၊ ကြွက် ၊ ရာသီဥတု ဖျက်ဆီး၍ မပျက်စေရန် သိမ်းဆည်းပါ။

ဂ။ ပျိုးထောင်ရာတွင် ခေါင်နှံ (၂၀၀) မှ အရွယ်အကြီးဆုံးအောင်စေ့အများဆုံး ရောဂါအကင်းဆုံး ခေါင်နှံ (၁၀၀) ကို ထပ်မံရွေးချယ် ပျိုးထောင်ပါ။

၂။ ပျိုးဘောင်ပြုလုပ်ခြင်း၊ ပျိုးထောင်ခြင်း

က။ (၃၀) ပေအကျယ်ရှိ ပျိုးဘောင်ကို စနစ်တကျပြုပြင်ဆောင်ရွက်ပါ။

  • ဘောင်အမြင့်ကို (၄) လက်မမှ ရာသီဥတုအခြေအနေ/ရေနေ ရေထိုင် အပေါ်မူတည်၍ ချိန်ဆပြုလုပ်ပါ။
  • ခေါင်နှံ (၁၀၀) အတွက် ဘောင်အရှည် (၁၀) ပေခန့်သာ လိုအပ်ပါသည်။
  • ထို့ကြောင့် ပျိုးဘောင်ကို စိတ်ကြိုက် ပြုပြင်ဆောင်ရွက်ပါ။

ခ။ ဘောင်ပေါ်တွင် (၄) လက်မစီခြား၍ (၁/၂) လက်မအနက် စိုက်မြောင်း(၅၀) မြောင်းအရာ ပေးပါ။

  • (၂×၁) လက်မ သစ်သားချောင်းဖြင့် တဖက်စီဖိ၍ စိုက်မြောင်းပြုလုပ်နိုင်ပါသည်။

ဂ။ ခေါင်နှံ (၂) နှံအား စိုက်မြောင်းတစ်ခုစီအတွင်း အရိုးထိပ်ခြင်း ဆိုင်၍ချပါ။

ဃ။ ခေါင်နှံများကို သမန်းမြေ/နွားချေးမြေဆွေး/စက်ဖွဲပြာဖြင့် အသာအယာပြန်ဖုံးပေးပါ။

င။ ရေကို ဘောင်အတွင်း ထိန်းထားပေးပါ။

စ။ ပိုးမွှားကာကွယ်ခြင်း၊ ပေါင်းနှုတ်ခြင်းတို့ကို လိုအပ်ပါက ဆောင်ရွက်ပေးပါ။

၃။ စိုက်ကွက်ရွေးချယ်ခြင်း/ပျိုးနှုတ်/စိုက်ပျိုးခြင်း

က။ မျိုးသန့်စိုက်ကွက်ရွေးချယ်ရာတွင် ယခင်စပါးစိုက်ခင်းမှ မျိုးကြမ်း၊ မျိးကွဲမျိုးစေ့များ ကင်စင်းသည့် စိုက်ကွက်ကို ရွေးချယ်ပါ။ မျိုးကွဲနှင့် ပေါင်းမြက်များ ကင်းစင်အောင် ပြုလုပ်ပေးပါ။

ခ။ အခြားမျိုးမတူ စိုက်ခင်းများနှင့် (၁၀) ပေ အနည်းဆုံးခွာ၍ မျိုးပွား စိုက်ကွက်မြေကို ရွေးချယ်ပါ။

ဂ။ သိပ္ပံနည်းကျ စိုက်စနစ် အသုံးပြုစိုက်ပျိုးသည့် စိုက်ခင်းပြင်ဆင်မှုအတိုင်း မြေပြုပြင်ပါ။

ဃ။ (၂၀-၂၅) ရက်တွင် ခေါင်နှံတစ်နှံမှ အသန်စွမ်းဆုံးပျိုးပင် (၃၀-၃၅) ရွေးနှုတ်ပြီး ပျိုးတစ်စည်းနှုန်းစည်းပါ။ (ခေါင်နှံတစ်နှ့မှာ ပျိုးစည်းတစ်စီးစည်းရန်)

င။ ပျိုးတစ်စည်းလျှင် ကောက်တန်းတစ်တန်းစီ စိုက်ပါ။ (မျိုးကွဲအနှံပါလာပါက အလွယ်တကူဖယ်ရှားပစ်ရန်)

စ။ ကောက်တန်းတစ်တန်းလျှင် ကောက်ကွက် (၃၀) စိုက်ပါ။

ဆ။ ကောက်ကွက်တစ်ခုလျှင် အသန်စွမ်းဆုံး ပျိုးပင် (၁-၂) ပင် စိုက်ပျိုးပါ။

ဇ။ ကောက်ကွက်၏ ပင်ကြား၊ တန်းကြား (၁၀×၁၀) လက်မခြားစိုက်ပါ။

စ်။ ခေါင်နှံ (၁၀၀) မှ စိုက်တန်း (၁၀၀) စိုက်ခြင်းဖြင့် ကောက်ကွက် (၃၀၀၀) အတွက် စိုက်ဧရိယာ (၀.၀၅) ဧကခန့် လိုအပ်ပါမည်။

(အလျား ၈၃ ပေ × အနှံ ၂၅ ပေ စိုက်ကွက်သာ လိုမည်။)

၎။ မျိုးသန့်စိုက်ခင်းထိန်းသိမ်းခြင်း

  • သိပ္ပံနည်းကျ စိုက်ပျိုးနည်း (၁၄) ချက်နှင့်အညီ လိုက်နာ ကျငိ့သုံးစိုက်ပျိုးပါ။

၅။ မျိုးသန့်ရွေးချယ်ခြင်း

က။ မျိုးသန့်စင်မှုရှိ/မရှိကို စိုက်ပျိုးပြီး အပင်ပွားစည်းချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်တို့တွင်  ကြည့်ရှု့ရပါမည်။

ခ။ ကြည့်ရှု့ရာတွင် စိုက်ထားသည့်အတန်းလိုက် တစတန်းချင်းစီကို ကြည့်ရှု့စစ်ဆေးရပါမည်။

ဂ။ အပင်ပုံသဏ္ဍန် လုံးဝမတူညီသည့် အတန်းများတွေ့ရှိပါက ထိုအတန်းလိုက်ကို နှုတ်ပယ်ရမည်ဖြစ်ပါသည်။

ဃ။ ရင့်မှည့်ချိန်တွင် မျိုးကွဲနှုတ်ပယ်ခြင်း အဓိကဆောင်ရွက်ရပါမည်။ မျိုးကွဲနှုတ်ပယ်ရာတွင် အောက်ဖော်ပြပါ အပင်လက္ခဏာများအား တွေ့ရှိပါက နှုတ်ပယ်ရန် လိုအပ်ပါသည်။

  • စိုက်ခင်းအတွင်း ရင့်မှည့်မှု စောလွန်း/နောက်ကျလွန်းသည့် အပင်များ
  • နှံ အတိုအရှည် သိသိသာသာ ကွဲပြားနေသည့်အပင်များ။
  • စပါးလုံး အရွယ်အစားနှင့်အမျိုးအစား မတူညီသော အပင်များ။
  • စပါးခွံရောင် မတူညီသောအပင်များ။
  • စပါးစေ့တွင် အမြီးပါ/မပါ ၊ အမြီးပါလျှင် အတိုအရှည်မတူညီသောအပင်များ။

၆။ မျိုးသန့်စိုက်ကွက်ရိတ်သိမ်းခြင်း

က။ ခေါင်နှံဖြင့် စိုက်ပျိုးထားသည့် မျိုးသန့်စိုက်ကွက် (၀.၀၅) ခန့်ကို သီးခြားရိတ်သိမ်း၊ ချွေလှေ့၊ အခြောက်ခံ၍ မျိုးအဖြစ် စနစ်တကျသိုလှောင်ပါ။

ခ။ နောက်တစ်ရာသီ ခေါင်နှံရွေးချယ်မည့် စိုက်ကွက်အတွက် မျိုးစေ့ကို ယခု ခေါင်နှံမျိုးပွားစိုက်ကွက်ထဲမှ အကောင်းဆုံး ခေါင်နှံ (၂၀၀) ရွေးချယ်၍ ရိတ်သိမ်းထားပါ။

ဂ။ ခေါင်နှံ(၁၀၀) မျိုးပွား စိုက်ကွက်မှ မျိုးသန့်စပါး (၃-၄) တင်းရပါမည်။

၇။ မျိုးသန့်ဆက်လက်ပွားများခြင်း

၁။ ခေါင်နှံ (၁၀၀) မျိုးပွားကွက်မှ ရရှိသည့် မျိုးစေ့ (၄) တင်းကို (၈) ဧကအထိ မျိုးသန့်ပွား စိုက်ခင်းများအဖြစ် စိုက်ပျိုးနိုင်ပြီး ထွက်ရှိလာသော မျိုးသန့်မျိုးစေ့များဖြင့် နောက်တစ်ရာသီတွင် စိုက်ဧကများစွာတိုးချဲ့စိုက်ပျိုး နိုင်မည်ြ့ဖစ်ပါသည်။

၂။ နှစ်စဉ် ခေါင်နှံများကို ယခုကဲ့သို့ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် မျိုးကောင်းမျိုးသန့်များကို နှစ်စဉ်အသုံးပြု စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။

၃။ ခေါင်နှံမျိုးပွား စိုက်ခင်းမှ ရရှိသော မျိုးသန့်မျိုးစေ့များဖြင့် တစ်ရာသီအတွင်း မိမိလယ်ဧကများကို အပြည့်အ၀ စိုက်ပျိုးလိုပါက ခေါင်နှံကို အချိုးကျတိုးချဲ့စိုက်ပျိုးနိုင်ရန် စုဆောင်းရန်လိုအပ်မည်ဖြစ်ပါသည်။

(ဥပမာ- စနစ်ပုံဇယားဖြင့် ဖော်ပြထားပါမည်)

ခေါင်နှံ စိုက်ဧက မျိုးစေ့အကွက် မျိုးစေ့ထုတ်ဧက မျိုးသန့်စပါးတင်း
၁၀၀ ၀.၀၅ ၈၀၀
၅၀၀ ၀.၂၅ ၂၀ ၄၀ ၄၀၀၀
၁၀၀၀ ၀.၅ ၄၀ ၈၀ ၈၀၀၀
၂၀၀၀ ၁. ၈၀ ၁၆၀ ၁၆၀၀၀

 

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

The post တောင်သူကိုယ်တိုင် တပိုင်တနိုင် စပါးမျိုးသန့် မွေးမြူ စိုက်ပျိုးခြင်းနည်းပညာ appeared first on Myanmar Farmers' Portal.

ပဲမျိုးစုံသီးနှံမျိုးအလိုက် အထွက်တိုးနှုန်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ (ပထမပိုင်း)

$
0
0

နိဒါန်း

မတ်ပဲသည် မြန်မာနိုင်ငံ၏ အရေးကြီးသည့် ဆောင်းသီးနှံတစ်ခုဖြစ်ပါသည်။ မတ်ပဲကို အောက်မြန်မာပြည်တွင် စပါးရိတ်သိမ်းပြီး သီးထပ် သီးနှံအဖြစ်လည်းကောင်း၊ မြစ်ရေကျချိန်တွင် ကိုင်းကျွန်းများတွင်လည်းကောင်း၊ စိုက်ပျိုးကြသည်။ အထက်မြန်မာပြည်  ဒေသများဖြစ် သည့် စစ်ကိုင်းတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ မတ်ပဲစိုက်ဧရိယာ၏ (၉၀%) ကို အောက်မြန်မာပြည်တွင် စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသည့် ဒေသများမှာ ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းတို့ဖြစ်ပါသည်။ မတ်ပဲကို ပြည်တွင်းစားသုံးရန်နှင့် အဓိကပြည်ပတင်ပို့   ရောင်းချရန် စိုက်ပျိုးပါသည်။ မတ်ပဲသည် နိုင်ငံတကာဝယ်လိုအားများသည့် သီးနှံဖြစ်ပါသည်။ မြန်မာနိုင်ငံမှ မတ်ပဲ ၂၀၁၂-၂၀၁၃ ခုနှစ် စိုက်ပျိုးမှုများမှာ ၂၇၃၇၂၁၃ ထိ စိုက်ပျိုးနိုင်ခဲ့ပါသည်။

ရာသီဥတုလိုအပ်ချက်

မတ်ပဲသည် ပူနွေး၍ခြောက်သွေ့သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ အပူချိန်မြင့်မားခြင်းကို ခံနိုင်ရည် ရှိပါသည်။ အများအားဖြင့်   နေရောင်ခြည်ကောင်းစွာရရှိ၍ အပူချိန် (၂၅ ဒီဂရီ မှ ၃၅ ဒီဂရီစင်တီဂရိတ်) အကြား ရှိသည့် ဒေသများတွင် စိုက်ပျိုးကြသည်။ ရေငတ် ဒဏ်ခံနိုင်ရည်ရှိ၍ တစ်နှစ်ပျှမ်းမျှမိုးရေချိန် ၃၆ လက်မ အောက်ရွာသွန်းသည့် ဒေသများတွင် ဖြစ်ထွန်းပါသည်။ မိုးများသောဒေသများတွင် မူ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြသည်။ ပင်လယ်ရေမျက်နှာပြင်ထက်အမြင့် (၆၀၀၀) ပေအထိ စိုက်ပျိုးနိုင်ပါသည်။ မတ်ပဲအများစု သည် နေ့တာတိုပင်ဖြစ်ကြပါသည်။ ပန်းပွင့်ခြင်းသည် နေ့တာနှင့် အပူချိန်နှစ်မျိုးလုံး တုန့်ပြန်မှုရှိကြပါသည်။ ပန်းပွင့်ချိန်မိုးရွာခြင်းသည် အထွက်နှုန်းကို ထိခိုက်စေပါသည်။

  • ၀တ်မှုန်ကူးခြင်း

စိုက်ပျိုးပြီး (၄) ပတ်မှ (၆) ပတ်အကြာတွင် ပန်းစတင်ပွင့်ပါသည်။ မပွင့်မီညနေဘက်တွင် အငုံအဆင့် နှင့်ပင် ၀တ်မှုန်ရင့်၍ ၀တ်မှုန်ကူးပြီး မျိုးအောင်သည်။ လုံးဝပင်တည်း ၀တ်မှုန်ကူးခြင်းဖြစ်၍ သဘာဝအတိုင်း လုံးဝပင်ခြားဝတ်မှုန်မကူးပေ။ မပွင့်အာပဲ မျိုးတည်သော ပန်းပွင့် (၄၂)% ရှိသည်။

  • အပူချိန်

ပုံမှန်ပျှမ်းမျှအနိမ့်ဆုံး (၇.၈) ဒီဂရီစင်တီဂရိတ်နှင့် အမြင့်ဆုံး (၂၇.၈) ဒီဂရိတ်စင်တီဂရိတ် အတွင်းတွင် ဖြစ်ထွန်းပါသည်။ သို့သော် အပင်   ပေါက်ချိန်တွင် (၁၈) ဒီဂရီစင်တီဂရိတ် ထက်မနိမ့်သင့်ပေ။ အပင်သက်တမ်းတစ်လျှောက် (၂၀-၃၀) ဒီဂရီစင်တီဂရိတ်တွင် အကောင်းဆုံး   ဖြစ်ပါသည်။ မိုးရေချိန်၊ အပူချိန်များအရ မြန်မာနိုင်ငံမြေပြန့်နှင့် အောက်ပိုင်းဒေသအားလုံးတွင် မတ်ပဲကို မိုးနှောင်းနှင့် ဆောင်းဦးတွင်သာ စိုက်ပျိုးပြီး ဆောင်းနှောင်း၊ နွေဦးတွင် ရိတ်သိမ်းရန် အသင့်ဆုံးဖြစ်ပါသည်။

မြန်မာပြည်တွင် ရေဆင်း (၄) မျိုးကဲ့သို့မျိုးများသည် လင်းတာတုံ့ပြန်မှုမရှိသဖြင့် ပန်းပွင့်ချိန်နှင့် ရိတ်သိမ်းချိန်တွင် အပူချိန်မြင့်လွန်းခြင်းနှင့် မိုးများလွန်းခြင်းမရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။

၎။ မြေအမျိုးအစား

မတ်ပဲစိုက်ပျိုးမည့်မြေသည် မြေသားနု၍ ရေမ၀ပ်သောမြေကို ရွေးချယ်သင့်သည်။ စနယ်မြေစေးမျိုးကို ကြိုက်နှစ်သက်၍ အသင့်တော်ဆုံး အထွက်နှုန်းရရှိနိုင်သည်။ မြေနီသို့မဟုတ် သဲသမမြေ၊ လယ်မြေကဲ့သို့ မြေအမျိုးအစားတွင် စိုက်ပျိုးနိုင်သည်။ မတ်ပဲကို စပါးပြီး လယ်မြေ   နှင့် မြစ်ရေကျပြီး နုန်းသမမြေတို့တွင် အများဆုံး စိုက်ပျိုးကြသည်။ အသင့်တော်ဆုံး မြေအချဉ်ငံဓါတ်မှာ pH ၅.၈ မှ ၆.၅ ဖြစ်ပါသည်။   မြေအချဉ်အငံဓါတ် ၅.၅ ထက်လျော့နည်းပါက အပင်ဖြစ်ထွန်းမှု အားနည်းပါသည်။ ဆားပေါက်မြေနှင့် ထုံးဓါတ်ကဲသည့် မြေတို့တွင် မစိုက်ပျိုးသင့်ပါ။

၅။ စိုက်ပျိုးလျှက်ရှိသောမျိုးများ

တောင်သူအများဆုံး စိုက်ပျိုးလျှက်ရှိသောမျိုးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထောက်ခံထားသည့် မျိုးကောင်းမျိုးသန့် များနှင့် ဒေသအထွက်ကောင်းမျိုးများကို စိုက်ပျိုးကြသည်။ အဆိုပါမျိုးများ၏ အရည်အသွေးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အမည် အသက်ရက် အစေ့၁၀၀အလေးချိန် အထွက်နှုန်း တင်း/ဧက အစေ့ အရောင် စိုက်ပျိုးရန်သင့်တော်သည့်ဒေသများ
ရေဆင်း – ၂ ၇၀-၇၅ ၄.၅-၅ ၂၅-၃၀ နက် ပဲခူးရှေ့၊ပဲခူးနောက်၊မကွေး၊ မန္တလေး၊ရခိုင်၊ ရန်ကုန်၊ရှမ်းတော င် ၊ဧရာဝတီ၊(မိုးနှောင်း)
ရေဆင်း – ၄ ၆၀-၆၅ ၄.၅ ၂၀-၂၅ နက် မကွေး၊ ရခိုင်၊ ဧရာဝတီ
ပုလဲထွန်း ၉၀-၉၅ ၅.၅-၅.၇ ၂၈-၃၀ နက် ဧရာဝတီ
ရေဆင်း – ၆ ၉၀-96 ၅.၅-၅.၉ ၃၀-၄၀ နက်ပြောင် မန္တလေး (မိုးနှောင်း)
မင်းလှလုံးကြီး၊ မိုးညိုလုံးကြီး၊ ဟင်္သာတလုံးကြီး၊ မင်းလှထွန်း ၈၃ ၅.၀၉ ၁၅-Sep နက် (မွဲ) ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ ပဲခူးအနောက် (မိုးနှောင်း)

မတ်ပဲတစ်ဧက တင်း (၂၀) ရရှိရန် မတ်ပဲစေ့ပေါင်း တစ်ဧကသိန်း(၁၃၀) ကျော် ရရှိရန်လိုအပ်သဖြင့် တစ်တင်းတွင် အစေ့ပေါင်း (၆) သိန်း ခွဲကျော်ခန့်ရှိရမည် ဖြစ်ပါသည်။ ထိုသို့ရရှိရန် တစ်ဧက ရိတ်သိမ်းပင်ပေါင်း (၁၃၀၀၀၀) ရှိရန် တစ်ပင်ပါသီးတောင့် (၂၀) ရရှိရန် တစ်တောင့်လျှင် အောင့်စေ့ (၅) စေ့မှ (၆) စေ့ရှိပြီး အစေ့ (၁၀၀) အလေးချိန် (၄-၅) ဂရမ်ရှိရန် လိုအပ်ပါသည်။ အပင် (၃၀၀၀၀)ခန့်   လျော့ပါက တစ်ဧက(၅) တင်းခန့် လျော့နည်းနိုင်ပါသည်။

မစိုက်ပျိုးမီ အပင်ပေါက်နှုန်းအား စမ်းသပ်ပြီး အပင်ပေါက်ရာခိုင်နှုန်း (၉၀) ရှိသော မျိုးကို အသုံးပြုရန် လိုအပ်ပါသည်။ အတန်းလိုက် စိုက်ခင်းတွင် တစ်ဧကပျှမ်းမျှ (၆-၈) ပြည်နှုန်းအား လည်းကောင်း၊ ကြဲပက်သည့် စိုက်ခင်းတွင် တစ်ဧကပျှမ်းမျှ (၁၂) ပြည်နှုန်းသုံးစွဲပါ။ မိမိဒေသအတွင်း အပင်ငယ်စဉ် ပျက်စီးဆုံးရှုံးနိုင်သော ပမာဏအား ထည့်သွင်းစဉ်းစား၍ တစ်ဧက ရိတ်သိမ်းပင် (၁၃၀၀၀၀) ရရှိရန် လိုအပ်သဖြင့် အပင်ပေါက်စုံရန် လိုအပ်ပါသည်။ အပင်ပေါက်စုံရန်အတွက် အစိုဓါတ်မီရန် စိုက်ချိန်မှန်ဖို့လိုအပ်ပါသည်။

၇။ မတ်ပဲသီးနှံပုံစံ

မတ်ပဲသီးနှံအား စစ်ကိုင်းတိုင်းတွင် မိုးရာသီတွင်လည်း စိုက်ပျိုးကြပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် ဆောင်းရာသီ စပါးအပြီး သီးထပ် အဖြစိစိုက်ပျိုးကြသည်။ စပါးပြီး သီးထပ်စိုက်ပျိုးမည်ဖြစ်ပါက မိုးစပါးအား အောက်တိုဘာလကုန်ရိတ်နိုင်သည့် သတ်လတ်စပါးမျိုးကို စိုက်ရမည်။ စပါးရိတ်သည့်အခါ အောက်ခြေပြတ်ရိတ်၍ ခြေနင်းခံနိုင်သောမြေအခြေအနေတွင် စိုက်ပျိုးရန်သင့်တော်သော အခြေအနေ   ဖြစ်ပါသည်။ မြေကို လက်ဖြင့် ဆုပ်ကြည့်လျှင် မြေလုံးမကွဲသော အခြေအနေသည် အစိုဓါတ် အနေတော် ဖြစ်ပါသည်။

၈။ စိုက်ပျိုးနည်းစနစ်

မတ်ပဲကို အများအားဖြင့် စပါးသီးထပ်(သို့) ရေလိုက်ကြဲပက်စိုက်ပျိုးခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးလေ့ရှိသည်။ အတန်း လိုက် စိုက်ပျိုးခြင်းသည် အထွက်နှုန်းပိုမိုကောင်းမွန်စေပါသည်။ မတ်ပဲကို အစိုဓါတ်နှင့် စောစောအပင်ပေါက်စေရန် ရေလိုက်ကြဲစနစ်၊ ဓားခုတ်ဖုံးစနစ်၊ ထွန်ရေးဖြင့် စိုက်သောစနစ်(ထွန်ပဲစနစ်) တို့ဖြင့် စိုက်ပျိုးလေ့ရှိပါသည်။

၉။ မတ်ပဲစိုက်ဧကများ

မတ်ပဲစိုက်ဧကများ နှစ်စဉ်တိုးတက်လျှက် ရှိပါသည်။ နှစ်အလိုက်မတ်ပဲစိုက်ဧကမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စဉ် ခုနှစ် စိုက်ဧက
၁။ ၂၀၁၀ – ၂၀၁၁ ၂၆၀၆၆၄၂
၂။ ၂၀၁၁ – ၂၀၁၂ ၂၆၉၃၉၀၆.
၃။ ၂၀၁၂ – ၂၀၁၃ ၂၇၃၇၂၁၃
၎။ ၂၀၁၃ – ၂၀၁၄(ရည်မှန်း) ၂၆၁၂၃၄၈

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post ပဲမျိုးစုံသီးနှံမျိုးအလိုက် အထွက်တိုးနှုန်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ (ပထမပိုင်း) appeared first on Myanmar Farmers' Portal.

ပဲမျိုးစုံသီးနှံမျိုးအလိုက် အထွက်တိုးနှုန်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ (ဒုတိယပိုင်း)

$
0
0

၁၀။ မတ်ပဲစားသုံးမှုနှင့် ပြည်ပဈေးကွက်အခြေအနေ

မတ်ပဲကို ပြည်တွင်းတွင် ပဲပင်ပေါက်၊ ပဲဟင်း၊ ပရာကြော်၊ ပါပရာ၊ တိုရှည်၊ ပဲမုန့်တို့ ပြုလုပ်၍ စားသုံးကြသော်လည်း အများအားဖြင့်   ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုအတွက် စိုက်ပျိုးထုတ်လုပ်ခြင်း ဖြစ်ပါသည်။ မတ်ပဲပြည်ပသို့ တင်ပို့ရောင်းချမှုအခြေအနေမှာ   အောက်ပါအတိုင်း ဖြစ်ပါသည်။

စိုက်ပျိုးခြင်း ၀၁ ရက်                        – မတ်ပဲမျိုးစေ့များကို နာရီဝက်ခန့်ရေစိမ်ပြီး ပဲမြစ်ဖုဇီဝမြေသြဇာ တစ်ထုပ်နှင့် အပင်အစိပ်အကျဲ ညီအောင် မျိုးစေ့ကို ကြဲပြီးပြီးချင်း ကြမ်းဖြင့် နှစ်ပြန်အုပ်ပေးပါက အစိုဓါတ်လုံလောက်စွာရရှိ၍ အပင်ပေါက်ညီညာပြီး လိုအပ်သော အပင်ဦးရေရရှိနိုင်ပါသည်။ အတန်းလိုက်စိုက်မည်ဆိုပါက စိုက်ကြောင်းပေး၊မျိုးစေ့ချပြီးကြမ်းပြန်အုပ်ပေး ရပါမည်။ကြဲပက်မည်ဆိုပါက ညနေပိုင်းတွင် ကြဲပက်ရန်သင့်တော်ပြီးလက်ဆညီအောင်ကြဲပက်ရန်လိုအပ်ပါသည်။

– အပင်ညှိုးသေနှင့် အခြားရောဂါများ မကျရောက်အောင် မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်၍ စိုက်ပျိုးပါ။

– အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းရန် ထယ်ရေးအတွင်း မျိုးစေ့အတိမ်အနက် (၁-၂) လက်အတွင်း ရအောင်စိုက်ပါ။

– အပင်စပေါက်သည်။

စိုက်ပျိုးခြင်း ၀၄ ရက်                        – အပင်ပေါက်စုံသည်။

၁၀ ရက်                                      -အပင်ငယ်စဉ် လှေး၊ ကျိုင်း၊ ပျ၊ မွှားပင့်ကူနီ၊ ပင်စည်ထိုးယင်တို့ ကာကွယ်ရန်ပင်လုံးပြန့် သတ္တိရှိသော   ဆေးတစ်မျိုးမျိုးကို တစ်ဧကလျှင် သတ်မှတ်နှုန်း ဖျန်းပါ။

၁၅ ရက်                                      – ညှိုးသေရောဂါကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ဖျန်းပါ။

 

စိုက်ပျိုးခြင်း ၁၅-၂၅ ရက်                   – ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် N,P,K နှင့် အနည်းလိုအာဟာရဓါတ်များ ပါဝင်သော ရွက်ဖျန်းမြေသြဇာများတွင် နိုက်ထရိုဂျင် အချိုးများသည့် သင့်တော်သောရွက်ဖျန်းမြေသြဇာ တစ်မျိုးမျိုးကို (၁၅) ရက်ခြား၍  နှစ်ကြိမ်ပက် ဖျန်းပါ။

-ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။

-သီးကိုင်းဖူးလေးများ စတင်နိုးကြားလာသည်။ ထိုအချိန်တွင် အစိုဓါတ်မပျက်စေရန်၊ အာဟာရဓာတ် မချို့တဲံရန်၊ ပိုးမွှားရောဂါ မကျရောက်ရန် ဂရုပြုရမည်။

စိုက်ပျိုးခြင်း ၃၀-၃၅ ရက်                 – ၃၅ ရက်ခန့်တွင် ကိုင်းဖျားပန်းဖူးကလေးများ ဖြစ်ပေါ်သည်။ ပန်းဖူးပေါ်ပြီး တစ်ပတ်အကြာ ပန်းစ ပွင့်သည်။ ၄၅ ရက်သားမှ ၆၀ ရက်အတွင်း ပန်းဖြိုင်ဖြိုင်ပွင့်၍ ပွင့်အားကောင်း အသီးတောင့်များရန် N,P,K အချိုးပါသော ရွက်ဖျန်း   မြေသြဇာများတွင် ဖော့စဖရပ်နှင့် ပိုတက်ဆီယမ် ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းမြေသြဇာကို (၁၅) ရက်ခြားနှစ်ကြိမ်ဖျန်းပါ။ (သို့) ရေတစ်ဂါလံတွင် ယူရီးယား (၄.၅) ဇွန်းနှင့် လက်ချားတစ်ဇွန်းရော၍ တစ်ဧကလျှင် ဂါလံ (၂၀) ဖျန်းပါ။

စိုက်ပျိုးခြင်း ၃၅-၆၀ ရက်                   – ရွက်ဖောက်၊ လှေး၊ ကျိုင်း၊ ရွက်စားငမြှောင်တောင်၊ ပင်စည်ထိုးယင်၊ ပျပိုး၊ သရစ်၊ ထွာကောင်စိမ်း၊ ရွက်စုံစားခူဝါ၊ ပွင့်ထွေး ရွက်ကပ်သီးလုံးဖောက်ပိုးစသည်နှင့် ယင်ဖြူကြောင့် ဖြစ်သော အ၀ါရောင်မိုဇိတ်ဗိုင်းရပ်စ်ရောဂါများ မကျရောက်   စေရန် (၁၅) ရက်သားမှ (၆၀) ရက်သားအထိ (၁၅) ရက်တစ်ကြိမ် ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို အလှည့်ကျ ပက်ဖျန်းပါ။

-သီးနှံသက်တမ်းတလျှောက်လုံး ပင်ညှိုးရောဂါ၊ ဖားဥမှို ရောဂါ၊ သံချေးရောဂါ၊ ဆာကိုစပိုးရား ရွက်ခြောက်ရောဂါ၊ မှည့်ပျောက်စွန်းရောဂါ၊ ဗိုင်းရပ်စ်မိုဇိတ်ရောဂါ၊ စသည့်ရောဂါများကျရောက်တတ်၍ မှိုသတ်ဆေးများမှ ရောဂါနှင့် သင့်တော်သည့် ဆေးတစ်မျိုးမျိုးကို (၁၅) ရက် တစ်ကြိမ် လှည့်ကျ(၄) ကြိမ် ဖျန်းပါ။

စိုက်ပျိုးခြင်း ၆၀-၇၀ ရက်                   – စေ့အဆံတည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုးနှင့် ထိပ်ပုပ်ရောဂါကို ဂရုပြုပါ။ ပန်းပွင့်သန္ဓေအောင်ပြီး ပဲတောင့်ကလေးများ ဖြစ်ပေါ်လာသည်။ တဖြည်းဖြည်းပဲတောင့်အတွင်းပဲစေ့လေးများ ဖြစ်ပေါ်သည်။ ပဲစေ့လေးများ  ပြည့်တင်းကြီးထွား ချိန် ဖြစ်၍ တစ်ပင်လုံး ချက်လုပ်သော  အစာ၏ (၆၀)% ကိုအစေ့အောင်မြင်ရန် အသုံးချရ၍ အစာအလိုအပ်ဆုံး ဖြစ်သည်။ ထိုအချိန်တွင် အစာချက်နှုန်းရန် အရွက်များ စိမ်းစိုကျန်းမာနေရန် အရေးကြီးသည်။ အာဟာရနှင့် အစိုဓါတ်မပျက်ရန် အရေးကြီးပါသည်။

ရိတ်သိမ်းခြင်း ၇၅-၁၀၀ ရက်               – မတ်ပဲမျိုးနှင့် ပတ်ဝန်းကျင်ရာသီဥတု ထိန်းသိမ်းစောင့် ရှောက်မှုအပေါ် မူတည်၍ (၇၅-၁၀၀) ရက်အတွင်း ရင့်မှည့်လေ့ရှိကြသည်။ အရွက်များ ၀ါခြောက်ပြီး အတောင့်များ၏ (၇၅-၈၅)% အနက်ရောင်သို့ ပြောင်း၍ ခြောက်သွေ့ချိန် တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီး နှစ်နေသုံးနေလှမ်း၍ ချွေလှေ့သန့်စင်ပါ။ နေလှမ်းပြီး အစိုဓါတ် (၈-၉)% ရှိချိန်တွင် သိုလှောင်ပါ။

 

စဉ် ခုနှစ် တင်ပို့သည့်ပမာဏ (၀၀၀) မ/တန် တန်ဖိုး U$ သန်းပေါင်း
၁။ ၂၀၁၀-၂၀၁၁ ၄၆၃.၉၁၃ ၄၅၈.၁၉၁
၂။ ၂၀၁၁-၂၀၁၂ ၅၉၉.၅၃၂ ၄၇၂.၆၃၂
၃။ ၂၀၁၂-၂၀၁၃ ၆၅၈ ၃၈၂.၃၉၇

၁၁။ နိဂုံး

မတ်ပဲသည် ပြည်တွင်းတွင် အသင့်အတင့်သော စားသုံးပြီး  ပြည်ပ(အဓိကအားဖြင့်အိန္ဒိယ) သို့ တင်ပို့ရောင်းချလျှက်ရှိပြီး  နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးသော ပဲသီးနှံတစ်ခုဖြစ်ပါသည်။ မတ်ပဲအထွက်တိုးအောင် စိုက်ပျိုးလာနိုင်တာနှင့်အမျှ တောင်သူများဝင်ငွေတိုးတက် ၍ လူနေမှုအဆင့်မြင့်မားလာနိုင်မည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

မတ်ပဲသီးနှံ တစ်ဧကတင်း (၂၀) ထွက်ရှိရေးဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်

ရက်စွဲ                                                            အကြောင်းအရာ

ကြိုတင်ပြင်ဆင်ခြင်း                – တစ်ဧကနွားချေးသဘာဝမြေသြဇာ ၁၀၀-၁၅၀ တင်းနေရာနှံ့အောင်ချပါ။

(မြေယာပြုပြင်ခြင်း)                – နွားထယ်(သို့) ထွန်စက်ကြီးဖြင့် ထယ်တစ်စပ် (သို့) နှစ်စပ်ထိုးပါ။

-ထယ်စာခဲခေါင်းဖေးအောင် နှစ်နေသုံးနေလှမ်းပြီးနောက် မြေခံမြေသြဇာယူရီးယား ၈ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည်၊ ဂျစ်ပဆမ် ၂၀ ပြည်ကို ရောမွှေ ကြဲပက်ပါ။ ထို့နောက် ထွန်ရေးသင့်တင့်စွာ ညက်အောင်ထွန်နှစ်စပ်မွှေပေးပါ။

-မြေကောင်းမြေမွသောဒေသများတွင် စပါးရိုးပြတ်တိုအောင် ရိတ်၍ ပထမ ဦးစွာ  မတ်ပဲမျိုးစေ့ကြဲပက်ပြီး ကွန်ဒေါင်းထွန် (Rotavator) နှင့် နှစ်စပ်မောင်း၍ ကြမ်းတုန်းရိုက်ပြီး စိုက်ပျိုးရပါမည်။

– မြေစေးမြေမာသော စိုက်ခင်းများတွင် ပထမဦးစွာ နွားထယ် (သို့) ထွန်စက် ကြီးဖြင့် ထယ်တစ်စပ်မောင်း၍ ထွန်တစ်စပ် ခြေပြီး မျိုးစေ့ကြဲပက်ကာ နွားထွန် (သို့) ကွန်ဒေါင်းထွန် (Rotavator) ဖြင့် တစ်စပ်ထွန်မွှေ၍ ကြမ်းတုန်းရိုက် စိုက်ပျိုးရပါမည်။ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းများကို မြေ၏အခြေအနေပေါ်မူတည်၍ လိုအပ်သလို ဆောင်ရွက်ရပါမည်။

မျိုးစုဆောင်းခြင်း           မျိုးအဖြစ်ေ၇ဆင်းစိုက်ပျိုးရေးသုတေသနမှ ထောက်ခံထုတ်ဝေထားသည့် ရေဆင်း(၂)၊ ရေဆင်း(၄)၊ ရေဆင်း(၆) ၊ ပုလဲထွန်း စသည့်မျိုးကောင်းမျိုးသန့်များ (သို့) မိမိဒေသတွင် စိုက်ပျိုးဖြစ်ထွန်းနေသော မျိုးများရှိပါက မျိုးသန့်အဖြစ်ဆောင်ရွက်၍ မျိုးအဖြစ် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

-တစ်ဧကရိတ်သိမ်းအပင် (၁၃၀၀၀၀) ရရှိရန် အတန်းလိုက်စိုက်ပါက တန်းကြား )၁၂)လက်မ ပင်ကြား (၄) လက်မ ထားပြီး မျိုးစေ့နှုန်း (၆-၈) ပြည်နှုန်းသုံးပါ။ ကြဲပက်ပါက မျိုးစေ့(၁၂) ပြည်နှုန်း သုံးပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post ပဲမျိုးစုံသီးနှံမျိုးအလိုက် အထွက်တိုးနှုန်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ (ဒုတိယပိုင်း) appeared first on Myanmar Farmers' Portal.

ရေတက်၊ ရေကျနှင့် ရေလွှမ်းနစ်မြှပ်သောနေရာများအတွက် သင့်လျော်သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ(ပထမပိုင်း)

$
0
0

၁။ သင့်လျော်သောစပါးမျိုးရွေးချယ်ခြင်း

စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သောရေမြှပ်ခံစပါးမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးပါ။

ရေတက်၊ ရေကျ၊ ရေလွှမ်းနစ်မြှပ်သောနေရာများအတွက် အသင့်တော်ဆုံးစပါးမျိုးများ

စပါးမျိုးအမည် သက်တမ်း(ရက်) ဘောင်အမြင့် (ပေ) အမိုင်လို့စ်ပါဝင်မှု(%) စပါးမျိုးအုပ်စု အထွက်နှုန်း(တင်း) ထူးခြားသောလက္ခဏာများ
ရေမြှပ်ခံစပါး(၁) (ဆ၀ါနာဆပ်  ၁) ၁၄၃ ၃.၃ ၂၄. လက်ရွေးစင် ၈၀-၁၂၈ ရေမြှပ်ခံ
ရေမြှပ်ခံစပါး(၂) (ဘီအာ ၁၁ – ဆပ် ၁) ၁၄၈ ၃.၆ ၃၀.၂ ငစိန် ၈၀-၁၂၀ ရေမြှပ်ခံ
ရွှေပြည်တန် ၁၃၆ ၃.၉ ၃၃.၂ ဧည့်မထ ၈၀-၁၂၀ ရေမြှပ်ခံ/ရေငတ်ခံ
ရွှေတဆုပ် နိုဝင်ဘာ ပထမအပတ် ပန်းပွင့် ၄.၉ ၂၂-၉ ဧည့်မထ ၇၀-၁၀၀ ဆားငံခံ၊ရေမြှပ်နေသည့်အခြေအနေတွင်မျိုးညှောင့်ပေါက်နိုင်
နှံစား အောက်တိုဘာတတိယအပတ် ပန်းပွင့် ၅.၁ ၂၅-၇ လက်ရွေးစင် ၄၀-၆၀ ရေမြှပ်ခံဒေသစပါး

 

၂။ ပျိုးဘောင်စိုက်ပျိုးခြင်း

  • ဒေသအလိုက် ရေတက်ရေကျ မှတ်တမ်းများအရ စိုက်ခင်းရေလွှမ်းချိန်နှင့် ရွေ့ပြောင်းစိုက်ချိန် မတိုက်ဆိုင်စေရန် ပျိုးထောင်ချိန်ကို ချိန်ဆပျိုးထောင်ပါ။
  • ပျိုးခင်းနေရာကို မြင့်သော၊ ရေမမြှပ်သော၊ သွင်းရေအတွက်ရေချိုအရင်းအမြစ်နှင့် နှီးသော ၊ လမ်းမီးရောင်နှင့်ဝေးသော၊    ရောဂါနှင့် ပေါင်းမြက်တို့ ကင်းစင်သော ၊ မြေဆီသြဇာထက်သန်သော မြေနေရာကို ရွေးချယ်ပါ။
  • အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့များကို ပြာတီးသန့်စင်၍ ဆားရည်စိမ် ရွေးချယ်ပြီးမှ အသုံးပြုပါ။
  • မျိုးစေ့အား ၁ ရက် ရေစိမ်ပြီးမှ (၁) ရက် သို့ (၂) ရက် ၊ စာပါးစပ်ပြုချိန်အထိ မျိုးအုပ်ပါ။
  • မျိုးစေ့မချမီ၂-၃ ရက်အလိုတွင် ပျိုးဘောင်ပြင်ဆင်ပါ။
  • တစ်ဧကစိုက်ခင်းအတွက် မျိုးစေ့ (၈) ပြည်မှ တစ်တင်းနှင့် ပျိုးဘောင်ဧရိယာ ၀.၁ ဧက ( စိမ့်မြောင်းမြေဧရိယာမပါ) လိုအပ်ပါသည်။
  • မြေပြင်ချိန်တွင် ပျိုးခင်း ၀.၁ ဧကအတွက် မြေဆွေး(သို့) နွားချေးဆွေးလှည်းတစ်စီးည ညီညာစွာထည့် ပါ။
  • ၃ ပေခြားတိုင်း၁ ပေ(သို့) ၁ ပေခွဲ အကျယ် စိမ့်မြောင်း တစ်ကြောင်းဖော်ပါ။
  • ပျိုးဘောင်မြေမျက်နှာပြင်ကို ညီညာအောင်ညှိပါ။
  • ပျိုးဘောင်ဧရိယာ ၀.၁ ဧကအတွင် ၁၅ ပေပတ်လည် (N 15, P2O2 15းK2O 15) ကွန်ပေါင်းမြေသြဇာ ၄ ပြည် နို့ဆီဘူး ၂ဘူး ညီညာစွာထည့်ပါ.
  • အညှောင့်ဖောက်ထားသော မျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ ခပ်ကြဲကြဲချပြီး (ပျိုးသက် ၃၅ မှ ၄၀ ရက်သားအတွက် ၃ပေ ပတ်လည် ပျိုးဘောင်ပေါ်တွင် မျိုးစေ့ နို့ဆီဘူး၊ ၁ဘူးခွဲနှုန်း) မြေဆွေး/နွားချေူမေ့ဆွေး/စပါးခွံဖွဲပြာ ခပ်ပါးပါးဖုံးအုပ်ပါ။
  • ပျိုးဘောင်ကို အမြဲစိုအောင် ရေထိန်းထားပါ။ ပျိုးကြဲပြီး ၅-၇ ရက်မှ စ၍ ပျိုးသက်တမ်းတစ်လျှောက် အပင်အမြင့်ပေါ်မူတည်၍   ရေခပ်ပါးပါးထား၍ ရေသွင်းရေထုတ်ပြုလုပ်ပါ။
  • လိုအပ်ပါက ပိုးမွှားရောဂါကို စနစ်တကျကာကွယ်နှိမ်နှင်းပါ။ ပျိုးမနုတ်မီ ၇-၁၀ ရက်ခန့်အလိုတွင် ပျိုးဘောင်ဧရိယာ ၀.၁ ဧက အတွက် ယူရီးယားဓာတ်မြေသြဇာ ၄ ပြည် နို့ဆီဘူး ၂ ဘူး ရေဖျော်လောင်း (သို့) ကြဲပက်ကျွေးပါ။
  • ရွေ့ပြောင်းမစိုက်မီပျိုးဘောင်ကို ပေါင်းကင်းစင်အောင် ဆောင်ရွက်ပါ။
  • ပျိုးနုတ်ခံနီးအချိန်တွင် ရေပေးသွင်းပေးခြင်းဖြင့် ပျိုးနုတ်ရလွယ်ကူစေပြီး ပျိုးပင်များ ဒဏ်ရာရမှု သက်သာစေသည်။
  • ပျိုးနုတ်ရာတွင် အမြစ်များမပျက်ရန် သတိထားရမည်။

၃။ စိုက်ခင်းမြေပြင်ခြင်း

  • စပါးပြောင်းရွေ့မစိုက်ခင် ၁ လခန့် ကြိုတင်၍ မြေပြင်ပါ။
  • မိုးရွာပြီး (သို့) လုံလောက်သည့်အစိုဓာတ်ရရှိချိန်တွင် ထယ်အနက် ၆-၈ လက်မခန့် ထယ်ထိုးပါ။
  • ထယ်ထိုပြီးတစ်ပတ်အကြာတွင် ထွန် ၂ စပ်မွှေပါ။
  • ဒုတိယကြိမ်ထွန်မွှေပြီးတစ်ပတ်ခန့် (သို့) ပြောင်းရွေ့မစိုက်မီ ၁ ရက်အလိုတွင် နောက်ဆုံးအကြိမ် ထွန် (၂) စပ်မွှေပါ။
  • နောက်ဆုံး ထွန် (၂) စပ်၏ကြားတွင် မြေခံမြေသြဇာကို ညီညာစွာ ကြဲပက်ပါ။
  • ကြမ်းတုံးရိုက်၍င မြေကို ညီညာအောင် ညှိပါ။

၎။ စိုက်စနစ်

(က) ရွေ့ပြောင်းစိုက်ပျိုးခြင်း

– သက်လတ်စပါးမျိုးများအတွက် ပျိုးသက် ၃၀ ရက်သား ရေမြှပ်မည်ဆိုလျှင် ၃၅ ရက်သား စိုက်ပါ။

– သက်ကြီးစပါးမျိုးများအတွက် ပျိုးသက် ၃၅-၄၀ ရက်သား၊ ရေမြှပ်မည်ဆိုလျှင် ၄၅ ရက်သားစိုက်ပါ။

– မြေခံမြေသြဇာမထည့်သွင်းမီနှင့် ရွေ့ပြောင်းမစိုက်မီ အချိန်တို့တွင် ကွင်းအတွင်းမှ ရေထုတ်ပါ။

– ရေအလွန်နက်၍ ကွင်းအတွင်းမှ ရေမထုတ်နိုင်မှသားလျှင် စူးထိုး၍ စိုက်ပါ။

– ပျိုးနုတ်ပြီး တစ်ရက်အတွင်း ရွေ့ပြောင်းစိုက်ပျိုးပါ။

– ပျိုးပင်အမြင့်သည် စိုက်ခင်းအတွင်းရှိ ရေမျက်နှာပြင်ထက် ပိုမြင့်နေပေသည်။

– ကောက်လွတ်တစ်ကွက်လျှင် ပျိုးပင်လက်ဆ ၂-၄ ပင်သုံး၍ သမန်းအတွင်းသို့ ၁-၁၅ လက်မထက် ပိုမနက်စေဘဲ စိုက်ပျိုးပါ။

– တန်းကြား ပင်ကြားကို ၈ လက်မ× ၆ လက်မ (သို့) ၈ လက်မ× ၈ လက်မဖြင့် စိုက်ပျိုးပါ။

– စိုက်ပြီးတစ်ပတ်အတွင်း ကောက်ပင်ဖာပါ။

(ခ) အစိုသမန်းပြင်တွင် တိုက်ရိုက်အစေ့ချခြင်း

– ကောင်းမွန်သော မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ မျိုးစေ့နှုန်းထားမှာ တစ်ဧကလျှင် ဒေသမျိုးများအတွက် ၁ တင်းနှုန်းနှင့် အထွက်ကောင်း မျိုးများအတွက် ၁ တင်းနှုန်းနှင့် အထွက်ကောင်းမျိုးများအတွက် ၁ တင်းခွဲနှုန်း အသုံးပြုပါ။

– မျိုးစေ့အား ၂၄ နာရီ ရေစိမ်၍မျိုးညှောင့်ထွက်အောင် ၄၈ မှ ၇၂ နာရီမျိုးအုပ်ပါ။ သမန်းစားခြင်းမှ သက်သာရန် ဖြစ်ပါသည်.

– အပင်သက်တမ်း (၂၅-၃၀) ရက် နောက်ပိုင်းတွင် ရေလွှမ်းဒဏ်ကိုပို၍ ခံနိုင်ရည်ရှိခြင်းကြောင့် စိုက်ချိန်ကို လိုအပ်သလို ချိန်ဆစိုက်ပျိုး ပါ။

– ကြဲပက်စိုက်ပျိုးရာတွင် သမန်းကောင်းအောင် ပြုပြင်ပြီး ရေထုတ်ပြီးစ (သို့) ရေစပ်အခြေအနေတွင် စိုက်ပျိုးပါ။

– မျိုးစေ့ချ ကိရိယာအသုံးပြု စိုက်ပျိုးရာတွင် သမန်းပြင်ညီညာအောင် ပြုလုပ်ပါ။ စာပါးစပ်ပြု မျိုးစေ့များကို အသုံးပြု၍ တစ်ဧကလျှင် မျိုးစေ့တစ်တင်းနှုန်း အသုံးပြု၍ မျိုးစေ့ချကိရိယာကို ချိန်ညှိ စိုက်ပျိုးပါ။

၅။ မြေသြဇာကျွေးခြင်း

အသုံးပြုရမည့်အချိန် တစ်ဧကအတွက်မြေသြဇာနှုန်းထား
မြေပြင်ချိန် တီစူပါ ၁/၄ အိတ်မှ ၁/၂ အိတ် (၁၂.၅ မှ ၂၅ ကီလို) ပိုတက်ရှ် ၁/၄ အိတ်မှ ၁/၂ အိတ် (၁၂.၅ မှ ၂၅ ကီလို)
အပင်ပွားစည်းချိန် (သို့) ရေမြှပ်နေပါက ရေကျပြီး ၇ ရက်အကြာ * ယူရီးယား ၁/၂ အိတ် (၂၅ ကီလို) ပိုတက်ရှ် ၁/၄ အိတ်(၁၂.၅ ကီလို)
ပထမအကြိမ်ထည့်ပြီး ၁၅ – ၂၀ ရက် ယူရီးယား ၁/၄ အိတ် (၁၂.၅ ကီလို)
ဖုံးတုံးလုံးတုံးအတိုင်မီ ၅-၆ ရက်အလို ယူရီးယား ၁/၄ အိတ် (၁၂.၅ ကီလို) ပိုတက်ရှ် ၁/၄ အိတ်မှ ၁/၂ အိတ် (၁.၂၅ မှ ၂၅ကီလို)

The post ရေတက်၊ ရေကျနှင့် ရေလွှမ်းနစ်မြှပ်သောနေရာများအတွက် သင့်လျော်သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ(ပထမပိုင်း) appeared first on Myanmar Farmers' Portal.

ရေတက်၊ ရေကျနှင့် ရေလွှမ်းနစ်မြှပ်သော နေရာများအတွက် သင့်လျော်သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ(ဒုတိယပိုင်း)

$
0
0

၆။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း

  • တာရိုး၊တမံနှင့် ရေသွင်းရေထုတ် ရေတံခါးများကို တစ်ကွင်းတစ်စပ်အတွင်းရှိ တောင်သူများပူးပေါင်း၍ တစ်နိုင်တစ်ပိုင်  ပြုလုပ်၊   ပြင်ဆင် မွမ်းမံပါ။
  • ရေသွင်း၊ ရေထုတ်လွယ်ကူစေရန် လယ်လယ်ကြားမြောင်းများ ပြုလုပ်ပါ။
  • ရေစီမံခန့်ခွဲမှုကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။
  • ကန်သင်းများကို ခိုင်ခန့်အောင်ပြုလုပ်ပြီး ကြွက်တွင်းများ မရှိစေရန် ဂရုစိုက်ပါ။
  • ရေလွှမ်းနေစဉ်အတွင်း ဒီရေကျချိန်တွင် ကွင်းအတွင်းမှ ရေထုတ်ပါ။ မရိတ်မီ ၂ ပတ်အလိုတွင် ရေဖောက်ထုတ်ပါ။

၇။ ပေါင်းမြက်ကာကွယ်နှိမ်နှင်းခြင်း

  • မြေကိုပေါင်းကင်းစင်အောင် ထယ်ထိုးထွန်ယက်ပါ။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် မြေပြင်ချိန်တွင် ပေါင်းမြက်များ စုံလင်အောင်   ပေါက်ပါစေ၊ မြေကို ၇-၁၀ ရက်ခြား၍ ထယ်ထိုးထွန်မွှေပါ။
  • ရွေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။
  • အတန်းလိုက်စိုက်ပါက ရေထုတ်ပြီး သမန်းနိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။
  • ပေါင်းနှိမ်နင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက်အတိုင်မီ အပြီးဆောင်ရွက်ပါ။
  • ရေလွှမ်းနစ်မြှပ်သော နေရာအများစုတွင် ပေါင်းပြဿနာကျရောက်မှု နည်းသော်လည်း တိုက်ရိုက်အစေ့ချစနစ်ကို အသုံးပြုပြီး   ပေါင်းမြက်ဆိုးရွားစွာ ကျရောက်လေ့ရှိပါက ပေါင်းအမျိုးအစားပေါ် မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို   ဆေးညွှန်းတွင် ပါဝင်သော ညွှန်ကြားချက်များနှင့် ထောက်ခံနှုန်းထားအတိုင်း စနစ်တကျအသုံးပြုပါ။ ဥပမာ -အဓိက ကျရောက်သော ပေါင်းအမျိုးအစားသည် မြက်နှင့် မြက်မုံညင်းမျိုးရင်းများ ဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။
ပေါင်းသတ်ဆေးအမည် တစ်ဧကအတွက် ဆေးနှုန်းထား အသုံးပြုရမည့်အချိန်
ပေါင်းပင်မပေါက်မီ အသုံးပြုရသော ပေါင်းသတ်ဆေး Pretilachlor + safener ၁၅၀-၃၀၀ ml EC a.i စပါးစိုက်ပြီး (၃) ရက်အကြာ
ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေး Fenoxaprop+Ethoxy Sulfuron ၃၁ ml EC a.i စပါးစိုက်ပြီး ၁၀-၂၀ ရက်အကြာ
ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေး Bispyribic-sodium ၅-၈ ml SL a.i စပါးစိုက်ပြီး ၁၄-၂၂ ရက်အကြာ

 

၈။ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း

  • ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ/မရှိကို အမြဲမပြတ်ကွင်းဆင်း၊ကင်းထောက် စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။
  • စပါးပင်ဖြစ်ထွန်းမှု အစောပိုင်းကာလ (၃၀-၄၀) ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ဖျက်ဆီးမှု ဖြစ်ပေါ်ပါက စပါးပင် မှ ပြန်လည်အစားထိုးရှင်သန်နိုင်ပါသည်။
  • ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။
  • ကြွက်ကြောင့် သီးနှံလေလွင့်မှု ဆုံးရှုံးမှုနည်းစေရန်

(၁) ပတ်ဝန်းပျင် သီးနှံခင်းများနှင့် စိုက်ချိန်/ရိတ်ချိန် ညီအောင်ဆောင်ရွက်ပါ။

(၂) စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်များကင်းစင်အောင် ရှင်းလင်းပါ။

(၃) ကြွက်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို သားမပေါက်ခင်အချိန်တွင် လက်ဦးမှုရယူနှိမ်နင်းရန်အတွက် စစိုက်ချိန်တွင် တစ်ကြိမ် သီးနှံမပေါ်ခင်တွင်တစ်ကြိမ် မဖြစ်မနေဆောင်ရွက်သင့်ပါသည်။

(၄) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကျင်းများတူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အားဖြင့် ခြောက်လှန့်ဖန်းဆီးခြင်း ကြွက်ကာပစ္စည်းများ အသုံးပြုခြင်း၊ ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ်နင်းခြင်း (Trap Barrier System) ကြွက်တို့၏ သားရဲကောင်များ မွေးမြူခြင်း၊ ကြွက်မုဆိုးများ၏ အကူအညီရာူ၍ ကြွက်ဖန်းခြင်း၊ ကြွက်ဆေးချခြင်း လုပ်ငန်းများကို လုထုလှုပ်ရှားမှု အသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဆောင်ရွက်သင့်ပါသည်။

၉။ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းလွန်နည်းစနစ်များ

  • မောင်းညိုချိန် (စပါးအနှံ၏ ၈၀-၈၅ % ရင့်မှည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။
  • ၂-၃ ရက် နေဖြင့် အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံ ကိရိယာ အသုံးပြုပြီး အပူချိန် ၄၃ ဒီဂရီစတင်တီဂရိတ်ခန့် ထားင၍ အခြောက်ခံပါ။
  • ကွန်ကရစ်တလင်း(သို့) မိုးကာခင်းတွင် နေလှန်းပါက အထူ ၂ လက်မထက်မပိုဘဲ ခပ်ပါးပါးလှန်းပါ။ ခြောက်သွေ့မှု ညီညာစေရန် နာရီဝက်ခြားတစ်ကြိမ် အထက်အောက် လှန်ပေးပါ။
  • မြင့်မားသော အပူချိန် (၅၄-၄ ဒီဂရီစင်တီဂရိတ်နှင့်အထက် ) တွင် အခြောက်မခံသင့်ပေ။
  • စပါးစေ့အစိုဓာတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့် စပါးအတွက် ၁၄% ထားရှိရန် လိုအပ်ပါသည်။
  • မျိုးစေ့များကို သန့်စင်ပြီး လေလုံစွာပိတ်ထားနိုင်သော ပုံး၊ ပေပါ၊ အိတ်စသည့် ပစ္စည်းများ (ဥပမာ ဟာမက်တစ်အိတ် ) ထဲသို့ ထည့်သွင်းပါ။
  • ထို့နောက် လေ၀င်လေထွက်ကောင်းပြီး ပိုးမွှား၊ ကြွက်၊ ငှက်တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တကျသိုလှောင်ပါ။
  • စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သော စပါးစေ့များကို ချက်ချင်း သန့်စင်ဖယ်ရှားပါ။
  • သိုလှောင်ရုံကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post ရေတက်၊ ရေကျနှင့် ရေလွှမ်းနစ်မြှပ်သော နေရာများအတွက် သင့်လျော်သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ(ဒုတိယပိုင်း) appeared first on Myanmar Farmers' Portal.

နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်ကောင်းများ

$
0
0

ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်၊သီးညှပ်ပုံစံအမျိုးမျိုးဖြင့် မိုးဆောင်းရာသီမရွေး၊ မျိုးစေ့ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်   သော သီးနှံဖြစ်ပါသည်။ တစ်ဧက ပင်တိုင်အထွက်နှုန်း တင်း(၅၀) နှင့် အထက်ထွက်ရှိစေရန် အထူးအထွက်တိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးပါက တစ်ဧကမှ ဆီပိဿာ အများဆုံး(ဆီပိဿာ၂၀၀ အထိ) ရရှိနိုင်သော ဆီထွက်သီးနှံဖြစ်ပါသည်။ ၂၀၁၁-၂၀၁၂ ခုနှစ်၊ စိုက်ပျိုးထုတ်လုပ်မှုအရ ဆီထွက်သီးနှံစုစုပေါင်းစိုက်ဧက၏ (၁၇) ရာခိုင်နှုန်းမှာ နေကြာစိုက်ဧရိယာဖြစ်ပြီး အောက်ဖော်ပြပါ စိုက်ပျိုးရေး နည်းစနစ်ကောင်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း

မြေချဉ်ငံဓါတ် (၅.၅-၈) အတွင်းရှိသော အစိုဓါတ် ထိန်းနိုင်သည့် နုန်းဆန်မြေ၊ သဲနုန်းမြေများတွင် ဖြစ်ထွန်းပြီး မြေဆီသြဇာထက်သန်   သော မြေမျိုးကို နှစ်သက်ပါသည်။ ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ပြုပြင်ရန်နှင့် စိုက်ခင်း မြေမျက်နှာပြင် ညီညာစေရေး အလေးထားဆောင်ရွက်ပါ။

မျိုး

ဒေသနှင့် ကိုက်ညီဖြစ်ထွန်းမည့် အထွက်ကောင်းမျိုးများအား ရွေးချယ်အသုံးပြုရန်နှင့် စိုက်ပျိုးသင့်သည့် အထွက်ကောင်းမျိုးများမှာ   အောက်ပါအတိုင်း ဖြစ်ပါသည်။

မျိုးအမည် အသက်ရက် အထွက်နှုန်း(တင်း/ဧက) ထူးခြားချက်
ရေဆင်းစပ်မျိုး(၁) ၈၀-၈၅ ၈၀ အထွက်ကောင်း၊ရွက်ခြောက်ရောဂါဒဏ်ခံနိုင်
ဆင်း ရွှေကြာ – ၂ ၈၀-၈၅ ၆၀  
ဆင်း ရွှေကြာ – ၃ ၈၀-၈၅ ၆၀  

 

အပင်ပေါက် (၈၀%) အထက်ရှိသော မျိုးစေ့များကို တစ်ဧကလျှင် (၄) ပြည်နှုန်းနှင့် ရေဆင်းစပ်မျိုး (၁) အတွက် (၃) ကီလို (၃) ပြည်နှုန်း အသုံးပြု စိုက်ပျိုးပါ။

စိုက်ချိန်

မိုးရာသီတွင် မေ၊ဇွန် နှင့် ဆောင်းရာသီတွင် စက်တင်ဘာ၊ အောက်တိုဘာလများတွင် စိုက်ပျိုးပါ။

စိုက်စနစ်

တစ်ဧကသတ်မှတ် အပင်ဦးရေ (၂၉၀၀၀) ၀င်ဆန့်စေရန် တန်းကြား (၂) ပေ၊ ပင်ကြား(၉) လက်မ ဖြင့် တစ်ကျင်းလျှင် မျိုးစေ့(၂) စေ့နှုန်း စိုက်ပျိုးပါ။

စိုက်ကြောင်းအတိမ်အနက်

အပင်ပေါက်သေချာစေရန် မြေတွင်း အစိုဓါတ်လုံလောက်ချိန်တွင် မျိုးစေ့နှင့် မြေမှုန့် ထိကပ်စေပြီး မြေတွင်းအနက် (၁.၅-၂) လက်မထက် မနက်စေဘဲ စနစ်တကျစိုက်ပျိုးပါ။

သွင်းအားစုထည့်သွင်းအသုံးပြုခြင်း

တစ်ဧကလျှင် နွားချေး (သို့) မြေဆွေးလှည်း(၅-၁၀) စီး၊ယူရီးယား (၁၁၂) ပေါင်၊ တီစူပါ (၅၆) ပေါင် နှင့် ပိုတက်ရှိ (၅၆) ပေါင်နှုန်းကို စိုက်ထယ်ရေးပြင်ချိန်တွင် ထည့်ပါ။ အဖူးဝင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား (၅၆) ပေါင်နှုန်း ထပ်မံထည့်ပေးပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း

အပင်သက်တမ်း (၁၅) ရက် (သို့) အရွက် (၄.၆) ရွက်ရှိချိန်တွင်  တစ်ကျင်းလျှင် သန်စွမ်းသော တစ်ပင်ချန်၍ သားခွဲခြင်းလုပ်ငန်းအပြီး   ဆောင်ရွက်ပါ။ အပင်ငယ်စဉ်တွင် ပေါင်းမြက်များနှင့် ယှဉ်ပြိုင်နိုင်မှု အားနည်းခြင်းကြောင့် အပင်သက်တမ်း (၄၀)ရက် သားအတွင်း ကြားထွန်လိုက်ခြင်း၊ ပေါင်းရှင်းခြင်း လုပ်ငန်းများကို လိုအပ်သလိုဆောင်ရွက်ပါ။ အပင်ယိုင်လဲမှု မဖြစ်စေရန် အဖူးစတင်ဝင်ချိန် ယူရီးယား ဓာတ်မြေ သြဇာ ထည့်ပြီး ဘောင်တင်ပေးပါ။ အစိုဓါတ် လိုအပ်ပါက အဖူး(၇၅) ရာနှုန်းနှင့် ပန်း(၇၅) ရာနှုန်းပွင့်ချိန်များတွင်  ရေသွင်းပေး ပါ။ ရေမ၀ပ်အောင် ဂရုစိုက်ပါ။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း

စိုက်ချိန်တွင် ရောဂါပိုးမွှားကျရောက် ဖျက်ဆီးမှုမှကာကွယ်ရန် မျိုးစေ့များကို သင့်တော်သည့် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ် စိုက်ပျိုး ရန်နှင့် မြေတွင်းပိုးသတ်ဆေးတစ်မျိုးမျိုးကို သန်မှတ်နှုန်းထားများ အတိုင်း စိုက်ချိန်တွင် စိုက်ကြောင်းအတွင်း ညီညာစွာ ထည့်ပေးပါ။ ပန်းမပွင့်မီ ပိုးမွှားရောဂါများကို စနစ်တကျကာကွယ်နှိမ်နင်းပါ။ ပန်းပွင့်ချိန်တွင် ပိုးသတ်ဆေးဖျန်းပါက ၀တ်မှုန်ကူးမည့် ပျားများကို ထိခိုက်နိုင်ပါသည်။

စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း

အလေအလွင့်နည်းစေရန် နေကြာပွင့်၏ ပွင့်ခေါင်းနောက်ပိုင်းဝါလာပြီး ပွင့်ခံရွက်အုံ အညိုရောင်သမ်းလာသော အချိန်တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီး အပွင့်များအား တစ်ပွင့်နှင့်တစ်ပွင့် မထပ်စေဘဲ တလင်းတွင် (၂-၃) ရက် နေလှန်းအခြောက်ခံပါ။ အပွင့်များကို (၁) ရက် (၁) ကြိမ် အထက်အောက်လှန်ပေးပါ။ နေကြာစေ့များကို စက်(သို့)တုတ်ဖြင့် ရိုက်၍ခြွေပါ။ မျိုးအဖြစ် အသုံးပြုမည်ဆိုပါက လက်ဖြင့်သော် လည်းကောင်း၊ စက်ဖြင့်သော်လည်းကောင်း ခြွေပြီး အစေ့တွင်း အစိုဓါတ်(၅-၆) ရာနှုန်းအထိ ရရှိအောင် အခြောက်ခံပြီးမှ လေလုံစွာ သိုလှောင်သိမ်းဆည်းပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်ကောင်းများ appeared first on Myanmar Farmers' Portal.

နေကြာသီးနှံ စိုက်ပျိုးရေး နည်းစနစ်ကောင်းများ

$
0
0

ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်၊သီးညှပ်ပုံစံအမျိုးမျိုးဖြင့် မိုးဆောင်းရာသီမရွေး၊ မျိုးစေ့ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်   သော သီးနှံဖြစ်ပါသည်။ တစ်ဧက ပင်တိုင်အထွက်နှုန်း တင်း(၅၀) နှင့် အထက်ထွက်ရှိစေရန် အထူးအထွက်တိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးပါက တစ်ဧကမှ ဆီပိဿာ အများဆုံး(ဆီပိဿာ၂၀၀ အထိ) ရရှိနိုင်သော ဆီထွက်သီးနှံဖြစ်ပါသည်။ ၂၀၁၁-၂၀၁၂ ခုနှစ်၊ စိုက်ပျိုးထုတ်လုပ်မှုအရ ဆီထွက်သီးနှံစုစုပေါင်းစိုက်ဧက၏ (၁၇) ရာခိုင်နှုန်းမှာ နေကြာစိုက်ဧရိယာဖြစ်ပြီး အောက်ဖော်ပြပါ စိုက်ပျိုးရေး နည်းစနစ်ကောင်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း

မြေချဉ်ငံဓါတ် (၅.၅-၈) အတွင်းရှိသော အစိုဓါတ် ထိန်းနိုင်သည့် နုန်းဆန်မြေ၊ သဲနုန်းမြေများတွင် ဖြစ်ထွန်းပြီး မြေဆီသြဇာ ထက်သန်   သော မြေမျိုးကို နှစ်သက်ပါသည်။ ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ပြုပြင်ရန်နှင့် စိုက်ခင်း မြေမျက်နှာပြင် ညီညာစေရေး အလေး ထားဆောင်ရွက်ပါ။

မျိုး

ဒေသနှင့် ကိုက်ညီဖြစ်ထွန်းမည့် အထွက်ကောင်းမျိုးများအား ရွေးချယ်အသုံးပြုရန်နှင့် စိုက်ပျိုးသင့်သည့် အထွက်ကောင်းမျိုးများမှာ   အောက်ပါအတိုင်း ဖြစ်ပါသည်။

မျိုးအမည် အသက်ရက် အထွက်နှုန်း(တင်း/ဧက) ထူးခြားချက်
ရေဆင်းစပ်မျိုး(၁) ၈၀-၈၅ ၈၀ အထွက်ကောင်း၊ရွက်ခြောက်ရောဂါဒဏ်ခံနိုင်
ဆင်း ရွှေကြာ – ၂ ၈၀-၈၅ ၆၀  
ဆင်း ရွှေကြာ – ၃ ၈၀-၈၅ ၆၀  

 

အပင်ပေါက် (၈၀%) အထက်ရှိသော မျိုးစေ့များကို တစ်ဧကလျှင် (၄) ပြည်နှုန်းနှင့် ရေဆင်းစပ်မျိုး (၁) အတွက် (၃) ကီလို (၃) ပြည်နှုန်း အသုံးပြု စိုက်ပျိုးပါ။

စိုက်ချိန်

မိုးရာသီတွင် မေ၊ဇွန် နှင့် ဆောင်းရာသီတွင် စက်တင်ဘာ၊ အောက်တိုဘာလများတွင် စိုက်ပျိုးပါ။

စိုက်စနစ်

တစ်ဧကသတ်မှတ် အပင်ဦးရေ (၂၉၀၀၀) ၀င်ဆန့်စေရန် တန်းကြား (၂) ပေ၊ ပင်ကြား(၉) လက်မ ဖြင့် တစ်ကျင်းလျှင် မျိုးစေ့(၂) စေ့နှုန်း စိုက်ပျိုးပါ။

စိုက်ကြောင်းအတိမ်အနက်

အပင်ပေါက်သေချာစေရန် မြေတွင်း အစိုဓါတ်လုံလောက်ချိန်တွင် မျိုးစေ့နှင့် မြေမှုန့် ထိကပ်စေပြီး မြေတွင်းအနက် (၁.၅-၂) လက်မထက် မနက်စေဘဲ စနစ်တကျစိုက်ပျိုးပါ။

သွင်းအားစုထည့်သွင်းအသုံးပြုခြင်း

တစ်ဧကလျှင် နွားချေး (သို့) မြေဆွေးလှည်း(၅-၁၀) စီး၊ယူရီးယား (၁၁၂) ပေါင်၊ တီစူပါ (၅၆) ပေါင် နှင့် ပိုတက်ရှိ (၅၆) ပေါင်နှုန်းကို စိုက်ထယ်ရေးပြင်ချိန်တွင် ထည့်ပါ။ အဖူးဝင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား (၅၆) ပေါင်နှုန်း ထပ်မံထည့်ပေးပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း

အပင်သက်တမ်း (၁၅) ရက် (သို့) အရွက် (၄.၆) ရွက်ရှိချိန်တွင်  တစ်ကျင်းလျှင် သန်စွမ်းသော တစ်ပင်ချန်၍ သားခွဲခြင်းလုပ်ငန်း အပြီး   ဆောင်ရွက်ပါ။ အပင်ငယ်စဉ်တွင် ပေါင်းမြက်များနှင့် ယှဉ်ပြိုင်နိုင်မှု အားနည်းခြင်းကြောင့် အပင်သက်တမ်း (၄၀)ရက် သားအတွင်း ကြားထွန်လိုက်ခြင်း၊ ပေါင်းရှင်းခြင်း လုပ်ငန်းများကို လိုအပ်သလိုဆောင်ရွက်ပါ။ အပင်ယိုင်လဲမှု မဖြစ်စေရန် အဖူးစတင်ဝင်ချိန် ယူရီးယား ဓာတ်မြေ သြဇာ ထည့်ပြီး ဘောင်တင်ပေးပါ။ အစိုဓါတ် လိုအပ်ပါက အဖူး(၇၅) ရာနှုန်းနှင့် ပန်း(၇၅) ရာနှုန်း ပွင့်ချိန်များတွင် ရေသွင်းပေး ပါ။ ရေမ၀ပ်အောင် ဂရုစိုက်ပါ။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း

စိုက်ချိန်တွင် ရောဂါပိုးမွှားကျရောက် ဖျက်ဆီးမှုမှကာကွယ်ရန် မျိုးစေ့များကို သင့်တော်သည့် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုး ရန်နှင့် မြေတွင်းပိုးသတ်ဆေးတစ်မျိုးမျိုးကို သန်မှတ်နှုန်းထားများ အတိုင်း စိုက်ချိန်တွင် စိုက်ကြောင်းအတွင်း ညီညာစွာ ထည့်ပေးပါ။ ပန်းမပွင့်မီ ပိုးမွှားရောဂါများကို စနစ်တကျကာကွယ်နှိမ်နင်းပါ။ ပန်းပွင့်ချိန်တွင် ပိုးသတ်ဆေးဖျန်းပါက ၀တ်မှုန်ကူးမည့် ပျားများကို ထိခိုက်နိုင်ပါသည်။

စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း

အလေအလွင့်နည်းစေရန် နေကြာပွင့်၏ ပွင့်ခေါင်းနောက်ပိုင်းဝါလာပြီး ပွင့်ခံရွက်အုံ အညိုရောင်သမ်းလာသော အချိန်တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီး အပွင့်များအား တစ်ပွင့်နှင့်တစ်ပွင့် မထပ်စေဘဲ တလင်းတွင် (၂-၃) ရက် နေလှန်းအခြောက်ခံပါ။ အပွင့်များကို (၁) ရက် (၁) ကြိမ် အထက်အောက်လှန်ပေးပါ။ နေကြာစေ့များကို စက်(သို့)တုတ်ဖြင့် ရိုက်၍ခြွေပါ။ မျိုးအဖြစ် အသုံးပြုမည်ဆိုပါက လက်ဖြင့်သော် လည်းကောင်း၊ စက်ဖြင့်သော်လည်းကောင်း ခြွေပြီး အစေ့တွင်း အစိုဓါတ်(၅-၆) ရာနှုန်းအထိ ရရှိအောင် အခြောက်ခံပြီးမှ လေလုံစွာ သိုလှောင်သိမ်းဆည်းပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post နေကြာသီးနှံ စိုက်ပျိုးရေး နည်းစနစ်ကောင်းများ appeared first on Myanmar Farmers' Portal.


ရွက်ပြန့်ပေါင်းပင် (အပိုင်း –၃)

$
0
0

ဗေဒါ (Water Hyacinth, Water Orchid)

တွေ့ရှိနိုင်သည့်နေရာများ – လယ်စပါးခင်း။

စပါးစိုက်ပျိုးသောနည်းလမ်း – ပျိုးထောင်ကောက်စိုက်ခင်းများတွင် အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများထက် ပိုမိုတွေ့ရှိရသည်။

အပင်ကြီးထွားမှုအလေ့အထ – ရေတွင်ပေါလောမျော၍ပေါက်သည်။ ရေစပ်စပ်ရှိသော နေရာတွင် အမြစ်တွယ်သည်။

အစိုဓါတ် – စွတ်စိုသောအခြေအနေမှ ရေလွှမ်းသည်အထိပေါက်ရောက်နိုင်သည်။ ရေနေပေါင်းတစ်မျိုး ဖြစ်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – စပါးပင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းနည်းသည်မှ အသင့်အတင့်ရှိသည်။အပင်အစောပိုင်း ကြီးထွားချိန်တွင် စပါးပင်နှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းအားကြီးသည်။ အခြားရေနေပေါင်းပင်များ ထက်စပါးပင် နှင့် လွန်စွာယှဉ်ပြိုင်ပေါက်ရောက်နိုင်သည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – မသိရှိရသေးပါ။

စိုက်ပျိုးမှုနည်းလမ်းများဖြင့်နှိမ်နင်းခြင်း – ရေသွင်းရေထုတ်ခြင်းနှင့် ပေါင်းရောက်မှု နည်းနေသေးသည့် အချိန်တွင် လက်ပေါင်းလိုက်၍ နှိမ်နှင်းနိုင်သည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – ပေါင်းသတ်ဆေးရည်ဒဏ်ခံနိုင်ရည်မရှိပါ။

သက်တမ်း -နှစ်ရှည်ခံပင်ဖြစ်သည်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၀.၁) မီလီဂရမ်လေးသည်။

မျိုးပွားခြင်း – မြေပေါ်ထူကဲပင်စည်များနှင့် အပင်အစိတ်အပိုင်းများဖြင့် မျိုးပွားသည်။ အစေ့မှပေါက်လာသော အပင်ငယ်များဖြင့်လည်း ပွားများသည်။

အစေ့ငုပ်ခြင်း – အစေ့ငုပ်ခြင်းအမျိုးမျိုးတွေ့ရသည်။ အစေ့ငုပ်မှုမရှိခြင်းမှ နှစ်ပေါင်းများစွာအစေ့ငုပ်နေနိုင်သည့် အခြေအနေအထိ အမျိုးမျိုးတွေ့ရသည်။

ပန်းပွင့် – အပြာရောင်မှ ခရမ်းရောင်အပွင့်များဖြစ်သည်။

အလင်းရောင် – နေရောင်ခြည်ကို ကြိုက်နှစ်သက်သည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ (၁၆၀၀) အထိ ပေါက်ရောက်သည်။

မှတ်ချက် – ကမ္ဘာပေါ်တံင် အဆိုးရွားဆုံးပေါင်းပင်တစ်မျိုးဖြစ်သည်။ မျိုးစေ့များသည် (၁၅) နှစ်နှင့်အထက် ရှင်သန်နေနိုင်သည်။ ၎င်းအပင် များ၏ရေငွေ့ပြန်မှုကြောင့် ရေဆုံးရှုံးမှု ကြီးမားစေသည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေရှ်၊ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊လာအို၊မလေး၊ မြန်မာ၊ နီပေါ၊ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သိရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

ရေကန်စွန်း (Swampy Morningglory Water Spinach)

တွေ့ရှိနိုင်သည့်နေရာများ – လယ်စပါး။

စိုက်ပျိုးသောနည်းလမ်း – ပျိုးကောက်ထောင် စိုက်ခင်းတံင် အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများထက်ပို၍တွေ့ရတတ်သည်။

အပင်ကြီးထွားမှုအလေ့အထ – ရေတွင်ပေါက်သည့် နွယ်တစ်မျိုးဖြစ်သည်။ နေရာကျယ်ပြန့်စွာ ဖြန့်ကျက်၍ ပေါက်သည်။ ကိုင်းဖြာမှုများ သည်။

အစိုဓါတ် – ရေတွင်ပေါက်ရောက်သော ပေါင်းပင်ဖြစ်သည်။ စွတ်စိုနေသော အခြေအနေမှ ရေလွှမ်းနေသောအခြေအနေတွင်   ပေါက်ရောက်တတ်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – စပါးပင်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းအားနည်းသည်။ အပင်ကြီးထွားမှုအစောပိုင်းကာလများ တွင် ယှဉ်ပြိုင်နိုင်မှု စွမ်းအားကောင်းသည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – စပါးစေ့နှင့် ရောနှောပါဝင်နိုင်သည်။

စိုက်ပျိုးနည်းမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – အပင်ဆစ်ကြားမှ အမြစ်ပြန်ထွက်၍ပေါက်ရောက်ရှင်သန်နိုင် သည်။၎င်းအပိုင်းကိုလက်ဖြင့် ဖယ်ရှားနိုင်သည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – မသိရှိရသေးပါ။

သက်တမ်း – နှစ်ရှည်ခံနွယ်ပင်မျိုး ဖြစ်သည်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၃၆) မီလီဂရမ်ရှိသည်။

မျိုးပွားခြင်း – အစေ့နှင့် မြေလျှောက်ပင်စည်။(အပင်ပိုင်း) အားဖြင့် မျိုးပွားသည်။

ပန်းပွင့်ချိန် – အပင်ပေါက်သည်မှ (၄၅) ရက်မှ (၆၀) ရက်အကြာတွင် ပန်းစပွင့်သည်။

အစေ့ငုပ်ခြင်း – အစေ့ငုပ်ခြင်းရှိသည်။ အစေ့ခွံ ဖယ်ရှားခြင်းဖြင့် အစေ့ငုပ်းခြင်းကို ချေဖျောက်နိုင်သည်။

ပန်းပွင့် – အဖြူရောင်မှ နို့နှစ်ရောင်(သို့) မရမ်းရောင် ရှိသည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ (၁၂၀၀) အထိပေါက်ပွားနိုင်သည်။

အလင်းရောင် – နေရောင်ခြည်ကို ကြိုက်နှစ်သက်သည်။

မှတ်ချက် – လူအများစားသုံးသော အပင်ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် Kand Kond အဖြစ် လူသိများသည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေ့ရှိ၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊  ကိုရီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

ရေကညွတ် (Creeping Water Primrose)

တွေ့ရှိနိုင်သည့်နေရာများ – လယ်စပါးခင်း။

စပါးစိုက်ပျိုးသောနည်းလမ်း – ပျိုးထောင်ကောက်စိုက်ခင်းများတွင် အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများထက် ပိုမိုတွေ့ရှိရသည်။

အပင်ကြီးထွားမှုအလေ့အထ – သစ်ပျော့ပင်မျိုးဖြစ်သည်။ ရေပေါ်ပေါ်၍လည်းကောင်း၊ မြေပေါ်တွင် အမြစ်စွဲ၍ တွားသွား၍လည်းကောင်း   ပေါက်သည်။ (၀.၅) မီတာအထိ ရှည်လျားသည်။

အစိုဓါတ် – ရေတွင်ပေါက်ရောက်သော ပေါင်းပင်မျိုးဖြစ်သည်။ မြေဆီလွှာစိုစွတ်သည်မှ ရေလွှမ်းနေသည်အထိ ပေါက်ပွားနိုင်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – စပါးပင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းနည်းသည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – မသိရှိရသေးပါ။

စိုက်ပျိုးမှုနည်းလမ်းများဖြင့်နှိမ်နင်းခြင်း – လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နှင်းနိုင်သည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – ခံနိုင်ရည်မရှိ။

သက်တမ်း -နှစ်ရှည်ခံပင်ဖြစ်သည်။

မျိုးပွားခြင်း – မျိုးစေ့အားဖြင့်လည်းကောင်း၊ အပင်အစိတ်အပိုင်းအားဖြင့်လည်းကောင်း၊ မြေပေါ်ထူးကဲ ပင်စည်အားဖြင့် လည်းကောင်း မျိုးပွားနိုင်သည်။

အစေ့ငုပ်ခြင်း – မသိရှိရသေးပါ။

ပန်းပွင့် – အဖြူရောင်မှ အ၀ါရောင်အထိ ရှိသည်။

အလင်းရောင် – နေရောင်ခြည်ကို ကြိုက်နှစ်သက်သည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ (၁၆၀၀) အတွင်း ပေါက်ရောက်သည်။

အလင်းရောင် – လောင်းရိပ်အနည်းငယ်ရခြင်းမှ နေရောင်ကောင်းစွာရရှိသည်အထိ ပေါက်ရောက်နိုင်သည်။

မှတ်ချက် – ရေစီးရေလာပိတ်ဆို့စေသည်။ ရေတွင်ပါဝင်သော အောက်ဆီဂျင်ဓာတ်ကို လျော့ပါးစေသည်။ ကျွဲ၊ နွားများအတွက် အန္တရာယ်ဖြစ်စေသည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊လာအို၊မလေး၊ မြန်မာ၊ နီပေါ ဖိလစ်ပိုင်၊ သိရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

လယ်လေးညှင်း၊ ပေါင်းလေးညှင်း (Longfruited Primrose willow)

တွေ့ရှိနိုင်သည့်နေရာများ – လယ်စပါခင်း။

စိုက်ပျိုးသောနည်းလမ်း – အစိုအေစ့ကို တိုက်ရိုက်ချ စိုက်ခင်းများ၊ ပျိုးထောင်ကောက်စိုက်ခင်းများတွင် တွေ့ရတတ်သည်။

အပင်ကြီးထွားမှုအလေ့အထ – သစ်ပျော့ပင်မျိုးဖြစ်သည်။ ထောင်မတ်၍ ပေါက်သည်။ ကိုင်းဖြာမှုများသည်။ (၁.၅) မီတာအထိ မြင့်သည်။

အစိုဓါတ် – မြေဆီလွှာစွတ်စိုသည့် အခြေအနေမှ စိုထိုင်းသည့် အခြေအနေတွင်ပေါက်ရောက်သည်။ L.adsundens မျိုးများထက်   ခြောက်သွေ့သောနေရာတွင် ပိုမိုပေါက်ရောက်နိုင်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – စပါးပင်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းအားမြင့်သည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – စပါးစေ့နှင့် ရောနှောပါဝင်နိုင်သည်။

စိုက်ပျိုးနည်းမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – အပင်ကြီးထွားမှုအစောပိုင်းကာလတွင် ရေလွှမ်းထားခြင်းသည် အလွန်ထိရောက်သော နည်းဖြစ်သည်။ လက်ပေါင်းလိုက်နိုင်သည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – မသိရှိရသေးပါ။

သက်တမ်း – နှစ်ရှည်ခံပင် ဖြစ်သည်။

မျိုးပွားခြင်း – မျိုးစေ့နှင့် အပင်အပိုင်းပြတ်များနှင့် မျိုးပွားနိုင်သည်။

အစေ့ငုပ်ခြင်း – အစေ့ငုပ်ခြင်းအနည်းငယ် (သို့) မရှိပါ။ အပင်ပေါက်ရန် အလင်းလိုသည်။

ပန်းပွင့် – ပန်းပွင့်သည်အ၀ါရောင်ရှိသည်။ ပွင့်ချပ် (၄) ခုပါရှိပြီး တစ်ခုချင်းစီသည် (၁၀) လက်မရှည်သည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ (၁၅၀၀) အထိပေါက်ရောက်နိုင်သည်။

အလင်းရောင် – လောင်းရိပ်အနည်းငယ်ရသည်မှ နေရောင်ခြည်ကောင်းစွာရရှိသည်အထိ အပင်ပေါက်ရောက် နိုင်သည်။

မှတ်ချက် – ဓာတ်မြေသြဇာတုန့်ပြန်မှု ရှိသည်။ အစေ့ရွက်အောက်ထွက်စအနီရောင်ရှီသည်။ အပင်ပေါက်တစ်ခုလုံးသည် နီရောင် သန်းသော အသွင်ရှိသည်။

ဆင်တူသောမျိုးစိတ်များ – Ludwigia hyssopifolis (G.Don) Exell ပန်းပွင့်များလည်း ပွင့်ချပ်(၄) ခုပါပြီး တစ်ခုချင်းသည် (၃-၅) မမ ရှည်လျားသည်။ အာရှဒေသတွင် ကျယ်ပြန့်စွာတွေ့ရသည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေ့ရှိ၊ ကမ္ဘောဒီးယား၊ ဂျပန်၊၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ လာအို၊  မလေးရှား၊ မြန်မာ၊ နီပေါ၊  ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

 

 

The post ရွက်ပြန့်ပေါင်းပင် (အပိုင်း – ၃) appeared first on Myanmar Farmers' Portal.

ရွက်ပြန့်ပေါင်းပင် (အပိုင်း –၄)

$
0
0

မှိုနတို(Water Clover)

တွေ့ရှိနိုင်သည့်နေရာများ – လယ်စပါးခင်း။

စပါးစိုက်ပျိုးသောနည်းလမ်း – ပျိုးထောင်ကောက်စိုက်ခင်းများ၊ အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများတွင် ပေါက်ရောက်တတ်သည်။

အပင်ကြီးထွားမှုအလေ့အထ – ပန်းပွင့်အုပ်စုဝင်ဖြစ်သည်။ အမွှေးအါသော တွားသွားမြေအောက်ပင်စည် ဖြစ်ပါသည်။ အရွက်များထောင်မတ်၍ ရေပေါ်ပေါလောပေါ်တတ်သည်။

အစိုဓါတ် – ရေတွင်ပေါက်ပွားသောပေါင်းပင်မျိုးဖြစ်သည်။ မြေဆီလွှာစိုစွတ်နေသည့် အခြေအနေမှ ရေလွှမ်းနေသော အခြေအနေ အထိ ပေါက်ပွားနိုင်သည်။

အပင်ပေါက်ချိန် – ကောက်စိုက်ပြီး ပထမ (၁၀) ရက်နောက်ပိုင်းတွင် အပင်ပေါက်တတ်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – စပါးပင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းအသင့်အတင့်ရှိသည်။ သို့သော် အပင်ကြီးထွားမှု အစော ပိုင်းကာလတွင် စပါးပင်နှင့် အဟာရများကို ရယူယှဉ်ပြိုင်မှု ပြင်းထန်ကြီးမားသည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – စပါးစေ့များနှင့် ရောနှောပါဝင်မှု မရှိသလောက်ဖြစ်သည်။

စိုက်ပျိုးမှုနည်းလမ်းများဖြင့်နှိမ်နင်းခြင်း – အနည်းဆုံးသမန်းပြင်ပါ။ စပါးရိတ်သိမ်းပြီးနောက် အခြောက်ထယ်ထိုခြင်းဖြင့်လည်းကောင်း   မြေလျောက်ပင်စည်များကို ခြောက်သွေ့သွားစေသည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – ခံနိုင်ရည်မရှိ။

သက်တမ်း -နှစ်ရှည်ခံပင်ဖြစ်သည်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – ပေါင်းစေ့များသည် အလွန်သေးငယ်သည်။ချိန်တွယ်၍ မရနိုင်ပါ။

မျိုးပွားခြင်း – စပိုး(အလွန်သေးငယ်သော မျိုစေ့) မြေအောက်အစာသိုလှောင် ပင်စည်နှင့် ပင်စည်ပိုင်းဖြတ် များဖြင့် မျိုးပွားသည်။

အလင်းရောင် – နေရောင်ခြည်ကို ကြိုက်နှစ်သက်သည်။

မှတ်ချက် – ရွက်မွှာ(၄) ခု ထွက်ရှိသော ပုံသဏ္ဍန်မှာ ထူးခြားသည်။ ရေအနက်ပေါ်မူတည်ပြီး အပင်မြင့်တက်သည်။ မျက်နှာပြင်များထက် တွင် ပင်စည်သည် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေရှ်၊ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊လာအို၊မလေး၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ သိရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

ထိကရုံး( Gaint Sensitive Plant)

တွေ့ရှိနိုင်သည့်နေရာများ – ယာခင်းများတွင် တွေ့ရသည်။

စိုက်ပျိုးသောနည်းလမ်း – အခြောက်တိုက်ရိုက်အစေ့ချ စိုက်စပါးခင်းများတွင် တွေ့ရသည်။

အပင်ကြီးထွားမှုအလေ့အထ – မြေတွင် ကပ်ပေါက်သည်မှ ထောင်မတ်၍ပေါက်သော ခြုံပင်မျိုးဖြစ်သည်။ ကိုင်းဖြာမှုများသည်။ ၂ မီတာ အထိရှည်သည်။

အစိုဓါတ် – မြေဆီလွှာခြောက်သွေ့နေသည့်အခြေအနေမှ အစိုဓါတ်ရှိသည့် အထိပေါက်ပွားနိုင်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – စပါးပင်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းအားအသင့်အတင့်ရှိသည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – မသိရှိရသေးပါ။

စိုက်ပျိုးနည်းမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – အပင်ပေါက်များကို ရိတ်ဖြတ်ခြင်း သို့မဟုတ် မီးရှို့ခြင်း သို့မဟုတ် လက်ပေါင်းလိုက်ခြင်းကို   ပြုလုပ်နိုင်ပါသည်။ အပင်ကြီးထွားမှု အစောပိုင်းကာလတွင် ရေသွင်း၊ လွှမ်းထားခြင်းဖြင့် နှိမ်နှင်းနိုင်သည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – ခံနိုင်ရည်မရှိ။

သက်တမ်း – နှစ်ရှည်ခံပင်ဖြစ်သည်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၆) မီလီဂရမ်ရှိသည်။

မျိုးပွားခြင်း – မျိုးစေ့အားဖြင့် မျိုးပွားသည်။

အစေ့ငုပ်ခြင်း – အစေ့ငုပ်ခြင်းရှိသည်။ အစေ့ငုပ်ချိန်ရှည်လျားသည်။ အစေ့သည်မာကျောသဖြင့် အစေ့ငုပ်ချိန် ကာလကြာချိန်အတွင်း မျိုးစေ့ရှင်သန်နေနိုင်ခြင်း ဖြစ်သည်။ အပူပေးခြင်းဖြင့် အစေ့ငုပ်ခြင်းကို ချေဖျောက်နိုင် သည်။

ပန်းပွင့် – ပန်းပွင့်သည် အနီရောင်သန်းသော မရမ်းရောင်မှ အဖြူရောင်ထိ ရှိသည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ (၁၂၀၀) အထိပေါက်ရောက်နိုင်သည်။

အလင်းရောင် – နေရောင်ခြည်ကို ကြိုက်နှစ်သက်သည်။ လောင်းရိပ်အနည်းငယ် ကျမှုဒဏ်ကိုခံနိုင်ရည်ရှိသည်။

မှတ်ချက် – မြေဆီလွှာကို မြေသြဇာထက်သန်စေသည်။ (ပဲပင်များကဲ့သို့) အပင်ကြီးထွားမှု အစောပိုင်းကာလများတွင် ကြီးထွားနှုန်း အလွန်မြန်သည်။ အပင်တစ်ပင်ချင်းမှ ကြီးမားသော ဧရိယာကို ဖုံးလွှမ်းနိုင်သည်ထိ ပြန့်ပွားမှုရှိသည်။ ကျွဲ၊ နွားများအတွက် အန္တရာယ် ရှိသော အပင်ဖြစ်သည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေ့ရှိ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

ကတောက်ဆတ်/ ပိတောက်ဆတ် (Monochoria , Pickerel Weed)

တွေ့ရှိနိုင်သည့်နေရာများ – လယ်စပါးခင်း၊ လယ်မြေများ။

စပါးစိုက်ပျိုးသောနည်းလမ်း – ပျိုးထောင်ကောက်စိုက်ခင်းများတွင် အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများထက် ပိုမိုတွေ့ရှိရသည်။

အပင်ကြီးထွားမှုအလေ့အထ – သစ်ပျော့ပင်မျိုးဖြစ်သည်။ ထောင်မတ်၍ပေါက်သည်။ အမွှေးများမပါရှိဘဲ ရွှန်းစိုသော အပင်ဖြစ်သည်။ (၀.၅) မီတာ အထိ ရှည်သည်။

အစိုဓါတ် – ရေတွင်ပေါက်ရောက်သော ပေါင်းပင်မျိုးဖြစ်သည်။ မြေဆီလွှာ စိုစွတ်နေသည့် အခြေအနေမှ ရေ၀ပ်၊ ရေလွှမ်းနေသော အပင်ဖြစ်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – အပင်ငယ်စဉ်တွင် သိပ်သည်းမှုကြီးမားစွာဖြင့် ပေါက်ပွားတတ်ပြီး စပါးပင်နှင့် ယှဉ်ပြိုင် နိုင်မှုစွမ်းရည် အသင့် အတင့် ရှိသည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – စပါးစေ့များတွင် ရောနှောပါဝင်မှု ရှိသည်။

စိုက်ပျိုးမှုနည်းလမ်းများဖြင့်နှိမ်နင်းခြင်း – ပေါင်းအပေါက်ခံပြီး ပြန်လည်မြေပြင်သော စနစ်ဖြင့် နှိမ်နှင်းနိုင်သည်။ လက်ပေါင်းလိုက်ခြင်းဖြင့်   နှိမ်နှင်းနိုင်သည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – ကိုးရီးယားနိုင်ငံတွင် ALS ဟန့်တာပစ္စည်းဖြင့် ခံနိုင်ရည်ရှိကြောင်း တွေ့ရသည်။

သက်တမ်း -နှစ်ရှည်ခံပင်ဖြစ်သည်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၀.၇) မီလီဂရမ်ရှိသည်။

မျိုးပွားခြင်း – အစေ့အားဖြင့် မျိုးပွားသည်။ မြေပေါ်ထူးကဲပင်စည်အားဖြင့်လည်း မျိုးပွားနိုင်သည်။

အစေ့ငုပ်ခြင်း – အစေ့အညှောင့်ပေါက်ရန် လေမဲ့ကာလကြာရှည်ရန် လိုအပ်ပါသည်။

ပန်းပွင့် – အပြာရောင်ဖျော့မှ အပြာရင့်ရောင်အထိ ရှိသည်။

အလင်းရောင် – နေရောင်ခြည်ကို ကြိုက်နှစ်သက်သည်။

မှတ်ချက် – အလင်းရောင်အပြည့်အ၀ရရှိသောအခြေအနေတွင် အပင်ပေါက်မှု အကောင်းဆုံးဖြစ်သည်။ တစ်နှစ်ပတ်လုံးတွေ့ရသည်။ လူများ စားသုံးလေ့ရှိသောအပင်ဖြစ်သည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေရှ်၊ဘူတန်၊  ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊လာအို၊မလေး၊ မြန်မာ၊ နီပေါ ၊ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သိရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

ရေဆလပ် (Water Lettuce)

တွေ့ရှိနိုင်သည့်နေရာများ – လယ်မြေတွင် တွေ့ရသည်။

စိုက်ပျိုးသောနည်းလမ်း – ကောက်စိုက်စနစ်၊ စိုက်ခင်းများတွင် အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများထက် ပိုတွေ့ရသည်။

အပင်ကြီးထွားမှုအလေ့အထ – သစ်ပျော့ပင်မျိုးဖြစ်သည်။ ထောင်မတ်၍ ပေါက်သည်။ ကိုင်းဖြာမှုများသည်။ (၁.၅) မီတာအထိ မြင့်သည်။

အစိုဓါတ် – မြေဆီလွှာတွင် အစိုဓါတရှိနေသည့် အခြေအနေမှ ရေ၀ပ်၊ ရေလွှမ်းနေသော အခြေအနေအထိ ပေါက်ပွားနိုင်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – စပါးပင်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းအား နည်းသည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – မရှိသလောက်ဖြစ်သည်။

စိုက်ပျိုးနည်းမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – ရေသွင်း၊ ရေထုတ် ပြုလုပ်ခြင်း အပင်ပိုင်းကို ဖယ်ရှယးခြင်းဖြင့်  နှိမ်နှင်းနိုင်သည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – ခံနိုင်ရည်မရှိ။

သက်တမ်း – နှစ်ရှည်ခံပင် ဖြစ်သည်။

မျိုးပွားခြင်း – အပင်ငယ်များနှင့် မျိုးစေ့များဖြင့် ပွားများသည်။

ရင့်မှည့်ချိန် – မြေပေါ်ထူးကဲပင်စည်မှ အရွက်(၅-၆) ရွက် ထွက်သောအဆင့်တွင် ရင့်မှည့်သည်။ ရင့်မှည့်ရန် အပင်ပေါက်သည်မှ (၁၂၀) ကြာသည်။

အစေ့ငုပ်ခြင်း – အစေ့ငုပ်ခြင်း ရှိသည်။ အစေ့ငုပ်ရန် ရေဖုံးနေသော အချိန်ကာလ ကြာကြာ လိုအပ်သည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ (၁၀၀၀) အထိ ပေါက်ရောက်နိုင်သည်။

အလင်းရောင် – နေရောင်ခြည်ကို နှစ်သက်သည်။

မှတ်ချက် – ရေဖုံးထားချိန်တွင်ပင် အစေ့များ အပင်ပေါက်နိုင်သည်။ ရေမလွှမ်းထားသော အခြေအနေတွင် လည်းကောင်း သက်တမ်း ရှည်စွာ ရှင်သန်နိုင်သည်။ အအေးဒဏ်မခံနိုင်ပါ။ သို့ဖြစ်ပါ

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေ့ရှိ၊ ကမ္ဘောဒီးယား၊တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ လာအို၊  မလေးရှား၊ မြန်မာ၊ နီပေါ၊ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

 

The post ရွက်ပြန့်ပေါင်းပင် (အပိုင်း – ၄) appeared first on Myanmar Farmers' Portal.

ရွက်⁠ပြန့်⁠ပေါင်းပင်

$
0
0

နေပင်(Sola Pith Plant)

တွေ့ရှိနိုင်သည့်နေရာများ – လယ်စပါးခင်း။

စပါးစိုက်ပျိုးသောနည်းလမ်း – အခြောက်အစေ့တိုက်ရိုက်ချ စိုက်ခင်းများတွင် အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများထက် ပိုမိုပေါက်ရောက်သည်။

အပင်ကြီးထွားမှုအလေ့အထ – အထက်သို့ ထောင်မတ်၍ ပေါက်သည်။ ကိုင်းဖြာမှုများသည်။ အပင်အမြင့် သည်(၂) မီတာအထိ ရှည်လျားသည်။

အစိုဓါတ် – မြေဆီလွှာတွင် အစိုဓါတ်ရှိချိန်မှ စ၍ စိုစွတ်နေသော အခြေအနေအထိပေါက်ရောက်နိုင်သည်။ ရေနေပေါင်းပင်ဖြစ်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – မှတ်တမ်းမရှိပါ။

စပါးစေ့တွင်ရောနှောပါဝင်မှု – မသိရှိရသေးပါ။

စိုက်ပျိုးမှုနည်းလမ်းများဖြင့်နှိမ်နင်းခြင်း – ထယ်ထိုးထွန်မွှေခြင်းအားဖြင့် လည်းကောင်း၊ ဓာတ်မြေသြဇာ အကြိမ်ကြိမ်ခွဲကကျွေးခြင်းဖြင့် လည်ကောင်းပေါက်ရောက်မှု လျော့နည်းစေနိုင်ပါသည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – မသိရှိရသေးပါ။

သက်တမ်း – နှစ်ရှည်ခံပင်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၃၆) မီလီဂရမ်ရှိသည်။

မျိုးပွားခြင်း – မျိုးစေ့အားဖြင့် မျိုးပြန့်ပွားသည်။

အစေ့ငုပ်ခြင်း – အစေ့ငုပ်ကာလတိုတောင်းသည်။

ပန်းပွင့် – အ၀ါနုရောင်မှ အ၀ါရောင်ရှိသည်။ ပန်းပွင့်များ၏အရွယ်အစားမှ သေးငယ်သည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ (၁၅၀၀) အထိပေါက်ရောက်သည်။

အလင်းရောင် – နေရောင်ခြည်ရရှိပါက ပိုမိုပေါက်ပွားနိုင်သည်။

မှတ်ချက် – C3 အပင်ဖြစ်သည်။ A.indica မျိုးထက်ပိုမိုကျယ်ပြန့်စွာ ပေါက်ရောက်သည်။ မြေသြဇာထက်သန် သောမြေကို ပိုမိုနှစ်သက် သည်။ အိန္ဒိယနိုင်ငံတွင် ဤပေါင်းပင်၏အူတိုင်ကို အပူ(သို့) လျှပ်ကာပစ္စည်းအဖြစ်ထုတ်ကုန်အမြောက်အများတွင် အသုံးပြုသည်။ သစ်စိမ်းမြေသြဇာ (သို့) မြေဖုံးပင်များ အဖြစ် အသုံးဝင်သည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ သိရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

နေပင်(Indian Joint Vetch)

တွေ့ရှိနိုင်သည့်နေရာများ – လယ်မြေ၊ ယာမြေ။

စိုက်ပျိုးသောနည်းလမ်း – အစိုအစေ့တိုက်ရိုက်စိုက်စနစ်ထက်အခြောက်အစေ့ တိုက်ရိုက်စိုက်စနစ်တွင် ပိုမိုတွေ့ရသည်။

အပင်ကြီးထွားမှုအလေ့အထ – (၁.၂) မီတာအထိ ရှည်သည်။ ကိုင်းဆက်ဖြာထွက်မှု များသည်။ အပင် ထောင်မတ်သည်။

အစိုဓါတ် – အစိုဓါတ်ရှိသည်မှ စိုစွတ်သည်အထိ။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – အသင့်အတင့်။

စပါးစေ့တွင်ရောနှောပါဝင်မှု – ရှိသည်။

စိုက်ပျိုးနည်းမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – မြေဆီသြဇာထက်သန်ရန် ပြုပြင်ခြင်း၊ အပင်ငယ်ချိန် လက်ပေါင်း လိုက်ခြင်း (သို့) ကြားထွန် လိုက်ခြင်း။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – မသိရှိရသေးပါ။

သက်တမ်း – နှစ်ရှည်ခံပင်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၇.၃) မီလီဂရမ်ရှိသည်။

မျိုးပွားခြင်း – မျိုးစေ့အားဖြင့် မျိုးပြန့်ပွားသည်။

အစေ့ငုပ်ခြင်း – သိသာစွာအစေ့ငုပ်ခြင်းရှိသည်။။

ပန်းပွင့် – အ၀ါနုရောင်၊ တစ်ခါတစ်ရံ မရမ်းရောင်သန်းနေသည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ (၁၀၀) အထိပေါက်ရောက်သည်။

အလင်းရောင် – နေရောင်ခြည် ကောင်းစွာရရှိရန် လိုသည်။

မှတ်ချက် – သီးတောင့်များသည် ပဲမျိုးရင်းဝင်အပင်များအနက် သိသာစွာထင်ရှားသည်။ အနီရောင်စဉ်တန်း သည် အစေ့များ အညှောက်ပေါက်ခြင်းကို ဟန့်တားနိုင်သည်။ တိရစ္ဆာန်အစာအဖြစ် ကျွေးနိုင်သည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေ့ရှိ၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

ကရင်မပန်းဖူး/ခွေးသေးပန်းပင် (Tropic Ageratum, Goat Weed)

တွေ့ရှိနိုင်သည့်နေရာများ – ယာမြေ။

စပါးစိုက်ပျိုးသောနည်းလမ်း – တိုက်ရိုက်အခြောက်အစေ့သိုက်စနစ်တွင် တွေ့ရသည်။

အပင်ကြီးထွားမှုအလေ့အထ – အပင်အမြင့် (၁.၂) မီတာအထိရှည်လျားသည်။ ထောင်မတ်၍ ပေါက်သည်။ ခြုံသဏ္ဍန်ရှိသည်။

အစိုဓါတ် – အစိုဓါတ်ရှိသည်မှ ခြောက်သွေ့သည်အထိ ပေါက်ရောက်နိုင်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – အသင့်အတင့်ရှိသည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – မသိရှိရသေးပါ။

စိုက်ပျိုးမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – စောစောရိတ်ဖြတ်ခြင်း(သို့) လက်ပေါင်းလိုက်ခြင်း၊ ကြားထွန်တိမ်တိမ် လိုက်ခြင်း။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – မသိရှိရသေးပါ။

သက်တမ်း – တစ်နှစ်ခံပင်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၀ယ၁) မီလီဂရမ်ရှိပါသည်။

မျိုးပွားခြင်း – မျိုးစေ့အားဖြင့် မျိုးပြန့်ပွားသည်။

ရင့်မှည့်ချိန် – လျင်မြန်စွာ ပန်းပွင့်ပြီး သက်တမ်းကာလတိုသည်။ (၂ လခန့်)

အစေ့ငုပ်ခြင်း – ပေါင်းစေ့ (၅၀%) ခန့်မှာ ချက်ချင်းအပင် ပေါက်နိုင်သည်။ အစေ့အညှောင့်ပေါက်ရန် အလင်းရောင် လိုအပ်သည်။

ပန်းပွင့် – အဖြူရောင်မှ မရမ်းဖျော့ရောင် (သို့) အပြာရောင် ဖျော့ဖျော့ရှိသည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ(၃၀၀၀) အထိ ပေါက်ရောက်သည်။

အလင်းရောင် – လောင်းရိပ်ကျမှုဒဏ် ခံနိုင်သည်။

မှတ်ချက် – ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော အပင်ကြီးထွားမှုအလေ့အထရှိသည်။ တစ်ရာသီလုံးအစေ့မှ အပင်ပေါက်နိုင်သည်။ ဓါတ်မြေသြဇာတုန့်ပြန်မှုရှိသည်။ ကုန်းမြင့်ပိုင်းကို ပိုမိုနှစ်သက်သည်။ ကျွဲ၊ နွားတိရစ္ဆာန်များအတွက် အဆိပ်ဖြစ်စေသည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေ့ရှိ၊ ဘူတန်၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

ပုစွန်စာ ( Sessile Joy Weed)

တွေ့ရှိနိုင်သည့်နေရာများ – လယ်စပါးခင်း၊ ယာသီးနှံခင်းများတွင် တွေ့နိုင်သည်။

စပါးစိုက်ပျိုးသောနည်းလမ်း – အခြောက်အစေ့တိုက်ရိုက်စိုက်ခင်းများတွင် အစိုအစေ့တိုက်ရိုက်စိုက်ခင်းများ ထက် ပိုမိုပေါက်ရောက်သည်။

အပင်ကြီးထွားမှုအလေ့အထ – မြေတွင်ကပ်၍လည်းကောင်း၊ တွားသွား၍လည်းကောင်းပေါက်ရောက်နိုင်သည်။ ထောင်မတ်နေသော ကိုင်းခဲါများစွာကိုလည်း တွေ့ရတတ်သည်။ (၁) မီတာအထိ ရှည်လျားသည်။

အစိုဓါတ် – စွတ်စိုသောအခြေအနေမှ အစိုဓါတ်ရှိနေသည့်အခြေအနေအထိ ပေါက်ပွားနိုင်သည်။ ရေတွင် ပေါက်ပွားရှင်သန်ခြင်းထက်  ကုန်းပေါ်တွင်ပေါက်ရောက်ခြင်းကို ပိုမိုတွေ့ရှိရသ်ည။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား

စပါးပင်နှင့် ယှဉ်ပြိုင်ပေါက်ရောက်မှုစွမ်းအား အသင့်အတင့်ရှိသည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – မသိရှိရသေးပါ။

စိုက်ပျိုးမှုနည်းလမ်းများဖြင့် နှိမ်နင်းခြင်း –ေ၇ဖုံးလွှမ်းခြင်းဖြင့် ပေါင်းပင်များကို နှိမ်နှင်းနိုင်သည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – မသိရှိရသေးပါ။

သက်တမ်း – နှစ်ရှည်ခံပင်ဖြစ်သည်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၀.၅) မီလီဂရမ်ရှိသည်။

မျိုးပွားခြင်း – မျိုးစေ့အားဖြင့်လည်းကောင်း၊ မြေလျှောက်ပင်စည်အဆစ်များမှလည်းကောင်းပေါက်ပွားနိုင်သည်။ ပင်စည်အပိုင်းအပြတ်များမှ လည်း မျိုးပွားနိုင်သည်။

ရင့်မှည့်ချိန် – မသိရှိရသေးပါ။

အစေ့ငုပ်ခြင်း – မသိရှီရသေးပါ။

ပန်းပွင့် – အဖြူရောင်(သို့) ပန်းနုရောင်သမ်းသည်။ အလွန်သေးငယ်သည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ(၂၆၅၀) အထိ ပေါက်ရောက်နိုင်သည်။

အလင်းရောင် – နေရောင်ခြည် ကျရောက်မှုကို ကြိုက်နှစ်သက်သည်။

မှတ်ချက် – C3 ဖြစ်သည်။ တစ်ခါတစ်ရံ လူ၏အစားအစာအဖြစ် စားသုံးနိုင်သည်။

တွေ့ရှိရသည့်နိုင်ငံများ- ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

 

 

The post ရွက်⁠ပြန့်⁠ပေါင်းပင် appeared first on Myanmar Farmers' Portal.

ရွက်⁠ပြန့်⁠ပေါင်းပင် (အပိုင်း – ၂)

$
0
0

ဟင်းနုနွယ်ဆူးပေါက် (Spiny Amaranth)

တွေ့ရှိနိုင်သည့်နေရာများ – ယာမြေ။

စပါးစိုက်ပျိုးသောနည်းလမ်း – အခြောက်အစေ့တိုက်ရိုက်စိုက်စနစ်တွင် တွေ့ရသည်။

အပင်ကြီးထွားမှုအလေ့အထ – ထောင်မတ်၍ပေါက်သည်။ ကိုင်းဖြာမှုများညပီး ကြားဖူးများမှ ထွက်သောချွန်ထက်သည့် ဆူးများပါရှိသည်။ (၁) မီတာအထိ ရှည်လျားသည်။

အစိုဓါတ် –  အစိုဓါတ်ရှိချိန်တွင် ပေါက်သည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – ယှဉ်ပြိုင်နိုင်မှုအသင့်အတင့် ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြင့်မားသည်။

စပါးစေ့တွင် ရောနှောပါဝင်မှု – မသိရှိရသေးပါ။

စိုက်ပျိုးမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – ဆူးများမထွက်မီအစောပိုင်းကာလတွင် လက်ပေါင်းလိုက်သင့်သည်။ သို့မဟုတ် ကြားထွန် လိုက်နိုင်သည်။ ရေလွှမ်းထားခြင်းဖြင့် အပင်ကြီးထွားမှုကို နှိမ်နှင်းထားနိုင်သည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – မသိရှိရသေးပါ။

သက်တမ်း – တစ်နှစ်ခံပင်ဖြစ်သည်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၀ယ၂) မီလီဂရမ်ရှိသည်။

မျိုးပွားခြင်း – မျိုးစေ့အားဖြင့် ပွားသည်။

ရင့်မှည့်ချိန် – မသိရှိရသေးပါ။

အစေ့ငုပ်ခြင်း – အစေ့ငုပ်ခြင်း အမျိုးမျိုးတွေ့ရသည်။ အစေ့ငုပ်ခြင်းလုံးဝမရှိသည့်အခြေအနေမှ အစေ့ငုပ်ချိန် (၄) လအထိ ရှိသည်။ အစေ့နေသက်တမ်းကြာသည်။ အစေ့အညှောက်ပေါက်ရန် အလင်းရောင်မလိုပါ။

ပန်းပွင့် – အစိမ်းဖျော့ရောင်တွင် မရမ်းဖျော့ရောင်သန်းသည်။

ပင်လယ်ရေမျက်နှာပြင် -မီတာ(၁၈၀၀) အထိ ပေါက်ရောက်နိုင်သည်။

အလင်းရောင် – လောင်းရိပ်ဒဏ် ခံနိုင်ရည်မရှိပါ။ နေရောင်ခြည်ကို နှစ်သက်သည်။

မှတ်ချက် – ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံးသော ပေါင်းပင်တစ်မျိုးဖြစ်သည်။ C4 အပင်မျိုးဖြစ်သည်။ မြင့်မားသော အပူချိန်နှင်  မြေသြဇာ ထက်သန်သောမြေကို ပိုမိုနှစ်သက်သည်။ တစ်ခါတစ်ရ့လူတို့၏ အစာအဖြစ်စားသုံးလေ့ရှိ သောအပင်ဖြစ်သည်။ အပင်ငယ်များသည် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် အဆိပ်ဖြစ်စေ နိုင်သည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂလားဒေ့ရှိ၊ ဘူတန်၊ တရုတ်၊ အင်ဒိုနီရှား၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

ဝက်ကျွတ်(၁) (Tropical Spiderwort။ Wondering Jew)

တွေ့ရှိနိုင်သည့်နေရာများ – လယ်မြေများနှင့် ယာမြေများတွင် တွေ့ရသည်။

စပါးစိုက်သောနည်းလမ်း –  အခြောက်အစေ့တိုက်ရိုက်စိုက်၊ စပါးခင်းများတွင် အစိုအစေ့တိုက်ရိုက်စိုက်ခင်းများ ထက်ပို၍ တွေ့ရသည်။

အပင်ကြီးထွားမှုအလေ့အထ – သစ်နုပင် အပင်ပျော့မျိုးအမျိုးအစားဖြစ်သည်။ အပင်အမြင့် (၁) မီတာအထိ ရှည်သည်။

အစိုဓါတ် – အစိုဓါတ်ရှိသော အခြေအနေမှ စိုစွတ်သော အခြေအနေတွင် ပေါက်သည်။ C.diffusa ထက်ခြောက်သွေ့မှု ပိုခံနိုင်သည်။

အပင်ပေါက်ချိန် – (၁၀-၁၂) ရက်ကြာသည်။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – အသင့်အတင့် ယှဉ်ပြိုင်နိုင်သည်။

စပါးစေ့တွင် ရောနှောပါဝင်မှု – မသိရှိရသေးပါ။

စိုက်ပျိုးမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – ရေလွှမ်းခြင်း၊ လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နှင်းနိုင်သည်။ ပေါင်းလိုက်ကိရိယာ သုံး၍ နှိမ်နှင်းရာ တွင် ပင်စည်ပိုင်းများမှ အမြစ်ထွက်၍ အပင်သစ်ပေါက်နိုင်ပါသည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – မသိရှိရသေးပါ။

သက်တန်း – နှစ်ရှည်ခံပင်ဖြစ်သည်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၂.၀) မီလီဂရမ်ရှိသည်။

မျိုးပွားခြင်း – မျိုးစေ့အားဖြင့်လည်းကောင်း၊ မြေလျှောက်ပင်စည်အဆစ်များမှလည်းကောင်း မျိုးပွားသည်။

ရင့်မှည့်ချိန် – မြေပေါ်ပွင့်များသည် အပင်ပေါက်သည်မှ (၃၅) ရက်အကြာတွင် ပန်းပွင့်၍ မြေအောက်အစာသိုလှောင် ပင်စည်မှ ပန်းပွင့်ရန် (၄၂) ရက်ကြာပါသည်။

အစေ့ငုပ်ခြင်း – အစေ့ငုပ်ခြင်းရှိသည်။ ဗီဇအလျောက် အစေ့ငုပ်ခြင်းဖြစ်သည်။

ပန်းပွင့် – မြေပေါ်ပွင့်သည် အပြာရောင် (သို့) မရမ်းရောင်ရှိပြီး ၊ မြေအောက်ပင်စည်မှ အပွင့်သည် အဖြူရောင်သမ်းသည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ(၂၀၀) အထိ ပေါက်ရောက်နိုင်သည်။

အလင်းရောင် – နေရောင်ခြည်ကို ကြိုက်နှစ်သက်သည်။ လောင်းရိပ်ဒဏ်ကို အနည်းငယ်ခံနိုင်ရည်ရှိသည်။

မှတ်ချက် – အလင်းရောင်အပြည်အ၀ရရှိပါက အစေ့ပေါက်ရန် အကောင်းဆုံးဖြစ်သည်။ ပေါင်သတ်ဆေးဒဏ် အတော်အတန်ခံနိုင်ရည် ရှိသည်။ သမပိုင်းဇုန်တွင် တစ်နှစ်ခံအပင်အဖြစ် တွေ့ရသည်။ မြေသြဇာကောင်းသော မြေတွင် ပိုမိုပေါက်သည်။ အပင်တစ်ပင်မှ ကျယ်ပြန့်သောဧရိယာအထိ ပွားများ ဖု့းလွှမ်းသွားနိုင်သည်။ လူများ အစားအစာအဖြစ်လည်းကောင်း၊ တိရစ္ဆာန်အစာအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။

တွေ့ရှိရသည့်နိုင်ငံများ  – ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဂျပန်။

ဝက်ကျွတ်(၂) ၊မျှစ်ချို

တွေ့ရှိနိုင်သည့်နေရာများ – ယာမြေများတွင် တွေ့ရသည်။

စပါးစိုက်ပျိုးသောနည်းလမ်း – တိုက်ရိုက်အခြောက်အစေ့ချ စပါးခင်းများတွင် အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများထက် ပို၍ရှင်သန်ပေါက် ပွားနိုင်သည်။

အပ်ငကြီးထွားမှုအလေ့အထ – ကျွတ်ဆတ်သည်။ အပင်ပျော့မျိုးဖြစ်သည်။ မြေတွင် တွားသွား၍လည်ကောင်း၊ တစ်နေရာတည်းမှ ကိုင်းဖြာ၍၊ ထောင်မတ်၍လည်းကောင်း ပေါက်သည်။ အပင်အမြင့် (၁) မီတာ ရှည်သည်။

အစိုဓါတ် – စိုစွတ်သောမြေတွင် ပေါက်နိုင်သည်။ ရေလွှမ်းဓဏ် မခံနိုင်ပါ။

ယှဉ်ပြိုင်နိုင်မှုစွမ်းအား – အသင့်အတင့်မှ စွမ်းအားဖြင့်သည်ထိ ယှဉ်ပြိုင်နိုင်သည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – ရှိသည်။

စိုက်ပျိုးမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – အပင်၏အစောပိုင်းကာလတွင် အဆက်မပြတ် ရေလွှမ်းခြင်းဖြင့် နှိမ်နျင်းနိုင်သည်။ အပင်ပိုင်း   ပြတ်များမှ အမြစ်ပြန်ထွက်ပြီး အပင်ပေါက်နိုင်သဖြင့် လက်ပေါင်းလိုက်ခြင်း၊စက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နှင်းရန် ခက်ခဲသည်။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုမှတ်တမ်း – အမေရိကန်နိုင်ငံတွင် Synthetic အောင်ဆင်ဆေးများကို ခံနိုင်ရည် ရှိကြောင်း  တွေ့ရ သည်။

သက်တမ်း – နှစ်ရှည်ခံပင် ဖြစ်ပါသည်။

ပေါင်းမျိုးစေ့တစ်စေ့၏ အလေးချိန် – (၁၁.၅) မီလီဂရမ် ရှိသည်။

မျိုးပွားခြင်း – မြေလျှောက်ပင်စည်အဆစ်များမှလည်းကောင်း၊ မျိုးစေ့များဖြင့်လည်းကောင်း မျိုးပွားသည်။ ရင့်မှည့်ချိန်အစေ့ငုပ်ခြင်း – သဘာဝအလျှောက်ဗီဇပါသော အစေ့ငုပ်ခြင်းရှိသည့်။ မြင့်မားသောအပူချိန်တွင် ထားပါက အစေ့ငုပ်ခြင်းကို ချေဖျက်နိုင်သည်။

ပန်းပွင့် – ပန်းပွင့်မှ အပြာရောင် ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ(၂၀၀၀) အထိပေါက်ရောက်နိုင်သည်။

အလင်းရောင် – လောင်းရိပ်ဒဏ်ခံနိုင်သည်။

မှတ်ချက် – စပါးခင်းများတွင် C.ben ထက်ပို၍တွေ့ရသည် ပေါင်းသတ်ဆေးဒဏ်အတော်အတန်ခံနိုင်သည်။ ကွင်းထဲတွင် အခြေအနေ အမျိုးမျိုးတွင် ခံနိုင်ရည်ရှိပြီး ကြာရှည်စွာစွဲမြဲပေါက်ရောက်တတ်သည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကိုရီးယား၊လာအို၊ မြန်မာ၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

ကြိတ်မှန် (False Daisy)

တွေ့ရှိနိုင်သည့်နေရာများ – လယ်မြေ၊ယာမြေ။

စပါးစိုက်ပျိုးသောနည်းလမ်း – အခြောက်အစေ့တိုက်ရိုက်စိုက်ခင်းတွင် အစိုအစေ့တိုက်ရိုက်စိုက်ခင်းထက် ပို၍ တွေ့ရသည်။

အပင်ကြီးထွားမှုအလေ့အထ – သစ်နုပင်အမျိုးအစားဖြစ်သည်။ မြေမှာကပ်၍လည်းကောင်း၊ ထောင်မတ်၍လည်းကောင်း ပေါက်ရောက်သည်။ ကိုင်းဖြာမှုများသည် အပင်အမြင့် (၁) မီတာအထိ ရှိသည်။

အစိုဓါတ် – စွတ်စိုသောအခြေအနေမှ အစိုဓါတ်ရှိသောအခြေအနေတွင် ပေါက်ရောက်သည်။

ယှဉ်ပြိုင်နိုင်မငစွမ်းအား – အနည်းငယ်မှ အတော်အသင့်ရှိသည်။

စပါးစေ့တွင်ရောနှောပါဝင်မှု – ရှိပါသည်။

စိုက်ပျိုးမှုနည်းလမ်းများဖြင့် နှိမ်နှင်းခြင်း – ကြားထွန်လိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နှင်းနိုင်သည်။ အပင်ငယ်စဉ် ပေါင်းရှင်းခြင်း ၊ ဖြတ်ခြင်းတို့ လုပ်ပေးရမည်။ မြေဆီထက်သန်ရန် ပြုပြင်ပေးပါ။

ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမငမှတ်တမ်း – မှတ်တမ်းမရှိပါ။

သက်တမ်း – တစ်နျစ်ခံပင်။

ပေါင်းမျိုးစေ့တစ်စေ့၏အလေးချိန် – (၀.၄) မီလီဂရမ်။

မျိုးပွားခြင်း – မျိုးစေ့အားဖြင့် မျိုးပွားသည်။

ရင့်မှည့်ချိန် – (၄၂) ရက်ကြာသည်။

အစေ့ငုပ်ခြင်း – မရှိပါ။

အလင်းရောင် – အစေ့အညှောက်ပေါက်ရန် အလင်းရောင်လိုသည်။

ပန်းပွင့် – အဖြူရောင်(သို့) နို့နှစ်ရောင်ရှိသည်။

ပင်လယ်ရေမျက်နှာပြင် – မီတာ(၂၀၀၀) အထိ ပေါက်ရောက်နိုင်သည်။

မှတ်ချက် – အစေ့မြေအောက်အနက်ရောက်ပါက အပင်မပေါက်နိုင်ပါ။ C3 အပင်အမျိုးအစညးဖြစ်သည်။ ဆားဒဏ်ခံနိုင်ရည် ရှိသည်။ ကွင်းစပ်များတွင် မကြာခဏ တွေ့ရသည်။ Butachlor ပေါင်းသတ်ဆေးကို အတော်အသင့်ခံနိုင်သည်။

တွေ့ရှိရသည့်နိုင်ငံများ – ဘင်္ဂားဒေ့ရှိ၊ ဘူတန်၊ တရုတ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ မြန်မာ၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

 

The post ရွက်⁠ပြန့်⁠ပေါင်းပင် (အပိုင်း – ၂) appeared first on Myanmar Farmers' Portal.

နှမ်းသီးနှံတွင် လအလိုက်ကျရောက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နှင်းနည်းများ

$
0
0

(၁) နှမ်းဖြုတ်ပိုး (Sesamum Jassid)

ကျရောက်သည့်အချိန်

မိုးနှမ်းတွင် မိုးဦးဇွန်လတွင် ကျရောက်လေ့ရှိပါသည်။

ဖျက်ဆီးပုံလက္ခဏာ

အကောင်ငယ်နှင့်အကောင်ကြီးများပါ အရွက်များ၏ အောက်မျက်နှာပြင်တွင်နေသည်။ ဖြုတ်ပိုးစုပ်စားမှုကြောင့် အပင်ကို ထိခိုက်ပျက်စီး မှုမရှိသော်လည်း နှမ်းဖိုဖြစ်စေသော ရောဂါဖြစ်စေသက်ရှိကို သယ်ဆောင်သောကြောင့် နှမ်းဖိုရောဂါဖြစ်၍ နှမ်းအထွက်ကို ထိခိုက်စေပါသည်။

ဘ၀စက်ဝန်း

ဥများကို ရွက်ညှာထိပ်၊ ရွက်ကြောကြားတွင် အုသည်။ တစ်ခါအုလျှင် (၂၀၀) ခန့်အုသည်။ ဥမှအကောင်ငယ်များ ပေါက်လာပြီး အရွက် ကိုစုပ်စားသည်။ ဥဘ၀တွင် (၈-၉) ရက်၊ ပိုးလောက်ကောင်ဘ၀တွင် (၁၃-၁၅) ရက် အကောင်ကြီးဘ၀တွင် (၈-၁၂) ရက် ကြာသည်။

ကာကွယ်နှိမ်နှင်းနည်း

(၁)     အရွက်တစ်ရွက်ပေါ်တွင် အကောင်(၆) ကောင်တွေ့ပါက ထိတွေ့ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်းပါ။

(၂)     စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။ လိုအပ်ပါက သီးလှည့်စိုက်ပါ။

(၃)     ဂေါ်ချို ၇၀% ရေဖျော်ဆေးမှုန့် ၃၂ ဂရမ်ကို နှမ်းမျိုးစေ့ ၃၀ ကီလိုဂရမ်နှင့် ရော၍စိုက်ပါ။ (မျိုးစေ့တစ်ပြည်လျှင် ဂေါ်ချိုဆေးမှုန့် (၂) ဇွန်းမှ (၃) ဇွန်းခန့်ဖြင့် လူးနယ်စိုက်ပါ။

 

(၂) နှမ်းရွက်လိပ်ပိုး (Sesamum Leaf Roller of Leaf and Caterpillar)

ကျရောက်သည့်အချိန်

မိုးနှမ်းစိုက်ခင်းများတွင် မိုးပြတ်သောဇူလိုင်လတွင် ကျရောက်လေ့ရှိပြီး ဆောင်းနှမ်းများ ရာသီအစောပိုင်းတွင် ကျရောက်တတ်ပါသည်။

ဖျက်ဆီးပုံလက္ခဏာ

နှမ်းတစ်မျိုးတည်းတွင်သာကျသည်။ နှမ်းသီးတောင့်မပေါ်မီ ဥမှပေါက်သော လောက်ကောင်သည် အပင်ထိပ်ရှိ အရွက်နုများကို စားသည်။ တစ်ခါတစ်ရံ ပင်စည်နှင့် အသီးထဲသို့ ထိုးဖောက်စားသည်။ နောက်ဆုံးအဆင့်တွင် ပိုးချည်မျှင်ဖြင့် စုချည်ပြီး အတွင်းတွင်စားပြီး အသီး အပွင့်များကို ဖျက်ဆီးကြသည်။ ပြင်းထန်စွာကျရောက်ပါက အပင်ထိပ်ရှိအရွက်များ လောင်ကျွမ်းသွားသည်ကို တွေ့ရှိပါသည်။ အသီးပေါ် လာကအသီးထဲတွင် စားသောက် ဖျက်ဆီး၍ အထွက်နှုန်းကို ထိခိုက်နိုင်သည်။

ဘ၀စက်ဝန်း

ဥများကို တစ်လုံးခြင်းအုသည်။  အမတစ်ကောင်သည် ဥ(၂၀၀)ခန့် အုနိုင်သည်။ ဥမှပေါက်ပြီး ပိုးလောက်ကောင် မှာအစတွင် ချည်မျှင် မထုတ်သေးဘဲ အစာစားပြီးမှ ထုတ်သည်။ လက်ဖြင့်တို့လိုက်ပါက တွဲလောင်းခိုနေတတ် သည်။ ဥဘ၀တွင် (၄-၅) ရက် ၊ပိုးလောက်   ကောက်ဘ၀တွင် (၂-၃) ပတ်၊ ရုပ်ဖုံးဘ၀တွင် (၁)ပတ်ခန့် ကြာသည်။

ကာကွယ်နှိမ်နင်းနည်း

(၁)     ပိုးကျသောအရွက်များကို ဖယ်ရှားမီးရှို့ပစ်ပါ။

(၂)     ၆ ပေခြားနှမ်းစိုက်ခင်းတွင် တစ်ပင်လျှင် ပိုးလောက်ကောင်(၁) ကောင်တွေ့ပါက ထိတွေ့ပိုးသတ်ဆေးဖြင့် ပက်ဖျန်းနှိမ်နင်းပါ။

(၃) နှမ်းသီလုံးဖောက်ပိုး (Bollworm)

ကျရောက်သည့်အချိန်

နှမ်းစိုက်ချိန်ရာသီတလျှောက်လုံးတွင် ကျရောက်ဖျက်ဆီးပါသည်။

ဖျက်ဆီးပုံလက္ခဏာ

ပေါက်ကာစလောက်ကောက်သည် နှမ်းသီးနုတောင့်များအတွင်း စားသောက်ဖျက်ဆီးလေ့ရှိပါသည်။ လောက်ကောက်အရွယ် အစားကြီး ထွားလာသောအခါ အခြားနှမ်းသီးတောင့်များအတွင်သို့ ထိုးဖောက်၍ စားသောက်သည်။ အသီးများ ဆက်လက်မကြီးထွားဘဲ နှမ်းသီး အတွင်းသားများ ပျက်ဆီးနေသည်။

ဘ၀စက်ဝန်း

ဥများကို နှမ်းရွက်၊ အညွန့်၊ အသီးများတွင် တစ်လုံးစီအုသည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်သည် အရွက်၊ အသီးများကို စားသောက်ပြီး နောက်ဆု့းအဆင့်တွင် မြေကြီးထဲဆင်း၍ ရုပ်ဖုံးပြုလုပ်သည်။ ဥဘ၀တွင် (၃-၅) ရက် ၊ ပိုးလောက်ကောင်ဘ၀တွင် (၁၅-၂၀) ရက်၊ ရုပ်ဖုံးဘ၀တွင် (၁၀) ရက်ကြာသည်။

ကာကွယ်နှိမ်နင်းနည်း

(၁)     ဥများ၊ အကောင်များကို တွေ့ပါက ကောက်ယူဖျက်ဆီးပစ်ပါ။

(၂)     နှမ်းပွင့်၊ နှမ်းရွက်များပေါ်တွင် ဥများကိုစတင်တွေ့ပါက (သို့မဟုတ်) နှမ်းတစ်ပင်လုံးရှိ အသီးများ၏ ၅% ပျက်ဆီးနေပါက ထိတွေ့ ပိုးသတ်ဆေး (သို့) ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။

(၃)     စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်း၊ မြက်များကို ရှင်းလင်းပါ။ လိုအပ်က သီးလှည့်စနစ်ကျင့်သုံးခြင်းဖြင့် ပိုးဦးရေကို လျော့နည်းစေသည်။

(၄)     မြေကြီးထဲတွင် ရုပ်ဖုံးများရှိနေတတ်သဖြင့် ထယ်ရေးထွန်ရေးညက်ရန် လိုအပ်ပါသည်။

(၄) နှမ်းဖလံ (Death’s Head Moth)

ကျရောက်သည့်အချိန်

မိုးဦးကျစဇွန်လမှ အောက်တိုဘာလထိ ကျရောက်တတ်ပါသည်။

ဖျက်ဆီးပုံလက္ခဏာ

ဥမှပေါက်စလောက်ကောင်မှ နောက်ဆုံးဆင့်လောက်ကောင်ထိ အရွက်များကို ကိုက်ဖြတ်စားသောက်လေ့ရှိ ပါသည်။ တစ်ခါတစ်ရံ ရွက်ရိုးသာ ကျန်ခဲ့သည်။

ဘ၀စက်ဝန်း

ဥများကို အရွက်ပေါ်တွင်အုသည်။ ပိုးလောက်ကောင်သည် အရွက်ပေါ်တွင် စားသောက်ပြီး မြေကြီးထဲဆင်း၍ ရုပ်ဖုံးလုပ်သည်။ ဥဘ၀ တွင် (၅-၁၀) ရက်၊ ပိုးလောက်ကောင်ဘ၀တွင် (၁၄-၂၁) ရက်ာကာသည်။

ကာကွယ်နှိမ်နင်းနည်း

(၁)     နှမ်းပင်တန်း (၉) ပေအကွာတွင် တစ်ကောင်တွေ့ပါက ထိတွေ့ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ပါ။

(၅) ရွက်စုံစားခူဝါ (Common Hairy Caterpillar)

ကျရောက်သည့်အချိန်

နှမ်းပင်သက်တမ်းတစ်လျှောက်လုံးတွင် ကျရောက်တတ်သည်။

ဖျက်ဆီးပုံလက္ခဏာ

တစ်ချို့နှစ်တွင်သာမညဖြစ်၍ တချို့နှစ်တွင် ဆိုးရွားစွာကျရောက်တတ်သည်။ ဥမှပေါက်ခါစ ပိုးလောက်ကောင်သည် အရွက်ကိုဖြစ်စား သည်။ အရွက်မှာ အစိမ်းရောင်ပျောက်ပြီး ၀ါကုန်သည်။ ပိုးလောက်ကောင်ကြီးများသည် အရွက်များကို ကိုက်ဖြတ်စားသဖြင့် အရွက်များ စုတ်ပြတ်နေပြီး အချို့အရွက်များမှာ ရိုးတံသာကျန်သည်။ အရွက်ပေါ်တွင် ပိုးမစင်များကို တွေ့နိုင်သည်။

ဘ၀စက်ဝန်း

ဥများကို အစုလိုက်အရွက်ပေးတွင်အုသည်။ ဥဘ၀တွင် (၄-၅) ရက်၊ ပိုးလောက်ကောင်ဘ၀တွင် (၂၁) ရက် ၊ ပိုးရုပ်ဖုံးဘ၀တွင် (၇) ရက်ကြာသည်။ ပိုးရုပ်ဖုံးကို မြေကြီးထဲတွင် ပြုလုပ်သည်။

ကာကွယ်နှိမ်နင်းနည်း

(၁)     အရွက်ပေါ်တွင် ဥအစုလိုက်တွေ့ပါက ဖျက်ဆီးပစ်ပါ။

(၂)     ပထမအဆင့် ပိုးလောက်ကောင်များ အပင်(၁၂)ပင်တွင် (၅၀) ကျော်တွေ့ပါက (သို့မဟုတ်) ဒုတိယအဆင့် ပိုးလောက်လောင် အပင်(၁၂) ပင်တွင် (၃၀) ကျော်တွေ့ပါက ထိတွေ့ပိုးသတ်ဆေးတစ်မျိုးမျိုး ဖြင့် ပက်ဖျန်းကာကွယ်နိုင်သည်။

(၆) နှမ်းကျိုင်းနက် (Sesamum Black Beetle)

ကျရောက်သည့်အချိန်

မိုးနှမ်းများတွင် ဇွန်လမှ စက်တင်ဘာလအတွင်းကျရောက်လေ့ရှိသည်။

ဖျက်ဆီးပုံလက္ခဏာ

ကျိုင်းကောင်ကြီး အရွက်များကို ကိုက်စားသည်။ အရွက်သားများကုန်ပြီး အရိုးသာကျန်ခဲ့သည်။ ညပိုင်းတွင် ထွက်စားလေ့ရှိသည်။ အရွက် များကို တိတိကျကျကိုက်သည်။ အရွက်သေးလျှင် အရွက်ဘေးနားတွင် အကွင်းလိုက်ပြတ်နေသည်။

ဘ၀စက်ဝန်း

အကောင်ကြီးများသည် အပင်များပေါ်တွင် စားသောက်ရင်းမိတ်လိုက်၍ အုချိန်တန်လျှင်မြေကြီးထဲဝင်အုသည်။ ဥမှပေါက်သော ပိုးလောက်ကောင်များသည် မြေဆွေးကို စားသောက်၏။ စက်တင်ဘာလလောက်တွင် စားသောက်ညပီး ဆောင်းအောင်း၏။ မတ်၊ ဧပြီတွင် ရုပ်ဖုံးဖြစ်ညပီး မေ၊ ဇါန် တွင် မြေကြီးထဲမှ ထွက်လာသည်။ တစ်နှစ်လျှင် တစ်သားမှ နှစ်သားထိ မျိုးဆက်သည်။

ကာကွယ်နှိမ်နင်းနည်း

(၁)     အကောင်ကြီးများကို လက်ကိုင်ပိုက်ဖြင့် ဖမ်းယူဖျက်ဆီးပစ်ပါ။

(၂)     အရွက်များကို ကိုက်ဖြတ်ခံရမှုများပြားပါက ထိတွေ့ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းပါ။

(၇) နှမ်းစေ့စုပ်ဂျပိုး ( Sesamum Seed Bug)

 ကျရောက်သည့်အချိန်

နှမ်းသီးချိန်ထိ ရိတ်သိမ်းခြွေလှေ့ချိန်အထိ။

ဖျက်ဆီးပုံလက္ခဏာ

များစွာသော အရွယ်ရောက်ကောင်ကြီးများသည် နှမ်းသီး (Sesamum Seed) များကို စုပေါင်းစုပ်စားကြပြီး နှမ်းနယ်လှေ့သည့်အချိန်ထိ ဆက်လက်ဖျက်ဆီးသည်။ အချို့မှာ နှမ်းသိုလှောင်ခန်းထိ ဆက်လက်ဖျက်ဆီး သည်။

ဘ၀စက်ဝန်း

ဂျပိုးမသည် အသီးပေါ်တွင် ဥအစုလိုက်အုချပြီး ဘ၀သက်တမ်းတစ်လျှောက်(၃၀၀) မှ (၃၅၀) ထိ ဥလေ့ရှိသည်။ ဥမှပေါက်သော ပိုးလောက်ကောင်များသည် စုဝေးစားသောက်ကြသည်။ အကောင်ကြီးများမှ အဆောင်ပါ၍တစ်ပင်မှ တစ်ပင်သို့ ကူးလူးပျံသန်းနိုင်သည်။ ဥဘ၀တွင် (၇) ရက်၊ ပိုးလောက်ကောင်ဘသတွင် (၂၁) ရက်၊ အကောင်ကြီးဘ၀တွင် (၂) လကြာသည်။

ကာကွယ်နှိမ်နှင်းနည်း

(၁)     ဥအစုများကို ရှာဖွေဖျက်ဆီးပစ်ပါ။

(၂)     ပိုးလောက်ကောင်နှင့် အကောင်ကြီးများသည် စုသေးနေသဖြင့် ရေပုံး (သို့) ရေခွက်အတွင်းသို့ အကိုင်းကို လှုပ်ခါချ၍ ဖျက်ဆီးပစ် ပါ။

(၃)     နှမ်းစည်းများကို ရိုက်ခါချ၍ နှမ်းစေ့များကိုချွေလှေ့နေစဉ် ထွက်ကျလာသော နှမ်းစေ့စုပ်ဂျပိုးများကို တံမြက်လှည်းစုဆောင်ပြီး   မြေမြှပ်ပစ်ပါ။

(၄)     စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းပစ်ပါ။

(၅)     တမာပိုးသတ်ဆေး ၃၅% ရေဖျော်ဆေးရည်(၄၅-၆၀) စီစီကို ရေ(၁) ဂါလံတွင် ရောစပ်၍ ပက်ဖျန်းပါ။

 

Source by – လယ်/ဆည်

 

The post နှမ်းသီးနှံတွင် လအလိုက်ကျရောက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နှင်းနည်းများ appeared first on Myanmar Farmers' Portal.

Viewing all 691 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>