Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live
ဘိုင်အိုစူပါရွက်ဖျန်းမြေသြဇာရည် (Bio Super Foliar Fertilizer)
$
0
0
ဇီဝစူပါအရွက်ဖြန်းမြေသြဇာ (Bio Super Foliar Fertilizer) ဆိုသည်မှာ မြေပဲဖက်၊ နှမ်းဖက်များ ကိုအချဉ်ဖောက်ခြင်း (Fermentation) နည်းကိုအခြေခံ၍ ထုတ်လုပ်ထားသော အဓိကနှင့်အနည်း လိုအာဟာရဓါတ် များပါဝင်သောရွက်ဖျန်းမြေသြဇာရည်ဖြစ်ပါသည်။ ဗဟို စိုက်ပျိုးရေးသုတေသန ၊ရေဆင်းတွင် ၁၉၉၂-၁၉၉၃  ခုနှစ်မှစတင်၍သုတေသနပြုလုပ်ခဲ့ပြီး ၁၉၉၄-၁၉၉၅ ခုနှစ်တွင် စတင်ထုတ်လုပ်   ဖြန့် ဖြူးခဲ့ပါသည်။
ပါဝင်သည့်အာဟာရဓါတ်များ
နိုင်ထရိုဂျင်ဓါတ်                    ၃၀%             သွပ်ဓါတ်                   ၀.၀၁%
ဖော့စဖော့ရပ်ဓါတ်                  ၄                 သံဓါတ်                     ၀.၂၀%
ပိုတက်ဓါတ်                         ၇                 ကြေးနီဓါတ်                ၀.၀၂%
မဂ္ဂနီစီယမ်ဓါတ်                     ၀.၀၂%          မင်းဂနိစ်ဓါတ်              ၀.၀၂%
ကန့် ဓါတ်                           ၀.၀၁%          ဘိုရွန်ဓါတ်                           ၀.၀၁%
မော်လစ်ဒီနမ်ဓါတ်            ၀.၁၀%
  • အသုံးပြုနိုင်သည့် သီးနှံစိုက်ပျိုးသီးနှံပင်အားလုံး အသုံးပြုနိုင်သည်။ အထူးသဖြင့် ပဲမျိုးစုံသီးနှံအတွက် ဇီဝစူပါမြေဇာသည် ပိုမိုသင့်   တော်ကောင်းမွန်သည်။
  • အသုံးပြုရန်နှုန်းထား – စိုက်ပျိုးသီးနှံများအားလုံး တစ်ဧကတစ်ကြိမ်လျှင် (၅၀၀)စီစီဝင် တစ်ပုလင်းနှုန်းဖြင့် (၃-၅) ကြိမ်အထိပက်  ဖျန်းပေးရန်ဖြစ်ပါသည်။
  • အသုံးပြုနည်း
  • ၅၀၀ စီစီဝင်တစ်ပုလင်းသည် တစ်ဧက၊ တစ်ကြိမ်ဖျန်းရန် လုံလောက်သည်။
  • မြေသြဇာရည်ပုလင်းကို ကောင်းစွာလှုပ်၍ အချင်အတွယ်ပါသောအဖုံးဖြင့် (၂၅)စီစီ ချင်တွယ်ပြီး ရေတစ်ဂါလံနှုန်းနှင့်ရောပါ။
  • သီးနှံပင်အရွက်၏ အပေါ်နှင့်အောက် မျက်နှာနှစ်ဖက်စလုံးပေါ်သို့ ဖျန်းပေးပါ။
  • မြေသြဇာရည်ကို စိုက်ပြီး (၂) ပါတ်မှ ပန်းမပွင့်မီကြား (၃-၅) ကြိမ်ထိမနက်ပိုင်း (သို့ ) ညနေပိုင်း တွင်ဖျန်းပေး ပါ။
မှတ်ချက် – ပဲမျိုးစုံသီးနှံများတွင် စိုက်ပြီး (၂)ပါတ်မှ သီးကင်းဝင်ချိန်အထိမနက်ပိုင်း(သို့ )ညနေပိုင်းတွင်ဖျန်း ပေးနိုင်ပါသည်။
မြေသြဇာရည်ဖျန်းပြီး (၃) နာရီအတွင်းမိုးရွာပါက ထပ်မံ၍ဖျန်းပေးရန်လိုပါသည်။
သုံးစွဲနေကျပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ရော၍အသုံးပြုနိုင်ပါသည်။
အကျိုးကျေးဇူး
သုံးစွဲရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာခြင်း။
သယ်ယူကိုင်တွယ်စရိတ် သက်သာသဖြင့် ဝေးလံဒေသမှတောင်သူများ အတွက်ပိုမိုအကျိုးရှိစေခြင်း။
သီးနှံများ အထွက်ပိုလာခြင်း။
ဓါတ်မြေသြဇာချွေတာသုံးစွဲခြင်း အကျိုးကျေးဇူးများရရှိစေပါသည်။
Source by – လယ်/ဆည်
The post ဘိုင်အိုစူပါရွက်ဖျန်းမြေသြဇာရည် (Bio Super Foliar Fertilizer) appeared first on Myanmar Farmers' Portal.
သီးနှံဘေးထွက်ပစ္စည်းများ
$
0
0
သီးနှံဘေးထွက်ပစ္စည်းများဖြစ်သော ကောက်ရိုး၊ နှမ်းရိုး၊ နေကြာရိုး၊ ပြောင်းရိုး၊ပဲစင်းငုံများကို အထက်မြန်မာပြည်  အချို့သော တိုင်းပြည် များတွင် များပြားစွာစုပုံပြီး အလေအလွင့်သဘောမျိုးထားရှိကြောင်း တွေ့ရသည်။
ကောက်ရိုး၊ ပဲရိုး၊ပဲစင်းငုံရိုးများကိုနွားစာအဖြင့်လည်းကောင်း၊ ထင်းအဖြင့်လည်းကောင်း ပြန်လည်အသုံးပြုလေ့ရှိသော်လည်း နှမ်းရိုး ၊ နေကြာရိုးများကိုမူ အလေအလွင့် သဘောမျိုး စုပုံထားလေ့ရှိပါသည်။ အထူးသဖြင့်  နှမ်းရိုးနှင့် နွားစာအပြင် ပိုလျှံသော သီးနှံဘေးထွက် ပစ္စည်းများကို ဖြတ်စငယ်အဖြင့် ဆင်း၍ သီးနှံစိုက်မြေတွင် ထည့်သွင်းပေးခြင်းအားဖြင့် မြေတွင် ပိုတက်စီယမ်ဓာတ်များစွာ ရရှိပြီး   မြေသားအခြေအနေ တိုးတက်ကောင်းမွန်ကာ အပင်အတွက် အဓိကလိုအပ်သော အာဟာရဓာတ်များ ရရှိနိုင်ကြောင်း တွေ့ရှိရပါမည်။ သိုဖြစ်၍ အဆိုပါသီးနှံဘေးထွက်ပစ္စည်းများ ရရှိနိုင်မည့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း အတွင်းရှိ တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာစီ စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြုလုပ်နည်း
  • သီးနှံဘေးထွက်ပစ္စည်းများဖြစ်သော နှမ်းရိုးနှင့် နွားစာအပြင် ပိုလျံသော ပဲရိုး၊ ကောက်ရိုး၊နေကြာရိုး စသည်များကို  နွားစာစဉ်း သည့် ခြေနင်း နွားစာဖြတ်စက်ဖြင့် (၂-၃) လက်မ ဖြတ်စအရွယ်များစင်းပါ။
  • ကျိုးကျေစေရန် အခြားသောနည်းလမ်း (ဥပမာ-နွားကျွဲနင်းခြေခြင်း၊ လမ်းများတွင်ခင်းခြင်း)များဖြင့် လုပ်နိုင်ပါသည်။
  • မြေတွင်းသို့ မြေပြုပြင်ချိန်တွင် ထယ်ထိုး၊ ထွန်မွှေပြီး တိုက်ရိုက်ထည့်ပေး၍ ဆွေမြေ့ကြေပျက်စေရပါမည်။
  • သီးထပ်စိုက်သောနေရာတွင် ပဲ၊ နွေစပါး၊ နှမ်းရိုးဖြတ်များကို မြေသွင်းသို့ထယ်ထိုး၊ ထွန်မွှေ၍ ထည့်ပေးခြင်း (သို့) နွေစပါးတွင် စပါးပင်တန်းကြား၌ နှမ်းပင်ရိုးအလိုက်ထည့်သွင်းပေးနိုင်ပါသည်။ နှမိးရိုးများသည် ခြောက်သွေ့ကြွပ်ဆတ်နေသဖြင့် ထည့်သွင်းရ လွယ်ကူပါသည်။
  • ကောက်ရိုးများကို စပါးရိတ်သိမ်းပြီး အောက်တိုဘာ၊ နိုဝင်ဘာလတွင်မြေတွင်း (၄-၅) လက်မ အနက်တွင်းသို့ ထယ်ထိုးထည့်   ပေးရပါမည်။
ရရှိမည့်အကျိုးကျေးဇူး
  • နှမ်းရိုးကို မြေတွင်းသို့ ထည့်သွင်းပေးခြင်းအားဖြင့်မြေတွင် ပိုတက်စီယမ်များ ရရှိနိုင်မည်။
  • အရွက်များအစိမ်းရင့်ရောင်သို့ ပြောင်းလဲပြီး အစာချက်နိုင်ကာ အပင်အတွက် အာဟာရဓါတ် ပိုမိုရရှိစေနိုင်မည်။
  • ကောက်ရိုးများကို လယ်မြေတွင်းသို့ ထယ်ထိုးထွန်မွှေ၍ ပြန်လည်ထည့်ပေးခြင်းအားဖြင့် ယင်းမြေသည်-
  • ကောက်ရိုးရှိ ကာဘွန် (၃၅-၅၅)% အထိကြေပျက်စေပြီး အပင်မှ စားသုံးနိုင်စေခြင်း။
  • ကောက်ရိုးတွင်ပါဝင်သော ပိုတက်ဆီင်္ရန်နှင့် ဖော့စရပ်ဓါတ်များကို အပင်မှ ပြန်လည်အသုံးပြုနိုင်ခြင်း။
  • မြေတွင်းအော်ဂဲနစ်ပစ္စည်းပါဝင်မှု တိုးတက်လာခြင်း။
  • တောင်သူလယ်သမားတိုင်းအလွယ်တကူလုပ်ဆောင်နိုင်သော နည်းဖြစ်ပြီးကုန်ကျစရိတ်သက်သာစေပါသည်။
Source by – လယ်/မြေ
The post သီးနှံဘေးထွက်ပစ္စည်းများ appeared first on Myanmar Farmers' Portal.
တိရိစ္ဆာန်စွန့်ပစ်ပစ္စည်း နွားချေး
$
0
0
နွားချေးစနစ်တကျ သိုလှောင်နည်း
  • အကျယ် (၁၁)ပေ ပတ်လည်ရှိသည့် ရေမ၀ပ်သည့် မြေနေရာတစ်ခု ရွေးပါ။
  • ယင်းပတ်ပတ်လည်တွင် ရေမ၀ပ်စေရန် (၆) လက်မအနက် (၆) လက်မအကျယ် မြောင်းပတ်ပတ်လည် တူးပါ။
  • အပူပိုင်းဒေသတွင် ၂ပေ× ၁၀ပေ× ၁၀ပေ ကျင်းတိမ်တူး၍ သုံးနိုင်ပါသည်။
  • ယင်းနေရာအားနေဒဏ် မိုးဒဏ်မှ ကာကွယ်ရန်အတွက် ယာယီအမိုးငယ်တစ်ခု ပြုလုပ်ပေးပါ။ မိုများလွန်းပါက အရိပ်ကောင်းသော သစ်ပင်ရိပ်အောက်တွင် ပြုလုပ်နိုင်ပါသည်။
  • နွားများသိပ်သည့် တင်းကုပ်မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်၊ အမှိုက်၊ ကောက်ရိုး၊ ရိုးပြတ်၊မြက်ခြောက်၊ ကောက်မှော်ရရာ တို့ကို အခင်းအဖြင့်ခင်းထား၍ ညဖက်တွင်နွားများကို သိပ်ပေးပါ။
  • တင်းကုပ်ရှင်းလင်းစဉ် နွားများမှ စွန့်ပစ်သောမစင်၊ ကျင်ငယ်ရည်နှင့် ရောနှောနေသောအမှိုက်များနှင့်မြေသားအနည်းငယ်ကို စုဆောင်းရောနှောပါ။
  • ယင်းအမှိုက်များကို သိုလ်လှောင်သည့် မြေနေရာပေါ်တွင် (၆)လက်မထုခန့်ရှိ အလွှာအဖြင့်ဖြန့်ပေးပါ။
  • တီစူပါ၊ ကျောက်မှုန့်၊ လချေးမှုန့်ရရာကို နို့ဆီဗူးတစ်ဘူးခန့် ပါးပါးဖြူးထည့်နိုင်ပါက ပိုကောင်းမွန်ပါသည်။
  • ဤနည်းဖြင့် နွားချေးများကို နှစ်ပတ်လည် စုဆောင်းသွားနိုင်ပါသည်။
  • အကယ်၍ နွားချေးပုံ ထုထည်ကြီးမားလာပါက ဘေးပတ်လည်မှ ယာယီအကာအရံများ ပြုလုပ်ရန် လိုအပ်ပါသည်။
  • အစိုဓါတ်နှင့် အာဟာရဓါတ်များ အငွေ့ပြန်ပျောက်ဆုံးမှု လျော့နည်းစေရန်၊ အပေါ်ဆုံးအလွှာပေါ်တွင် အမှိုက်သစ်ရွက်ခြောက်၊ ထန်းရွက်ခြောက်၊ ကျူဖြာ၊ ၀ါးထရံစသည်တို့ဖြင့်အုပ်ထားပေးပါ။
သုံးစွဲနည်း
  • စနစ်တကျသိုလှောင်ထားသော နွားချေးကို အသုံးမပြုမီ အထက်အောက်သမအောင်ရောမွှေပါ။
  • တစ်ဧကလျှင် နွားလှည်း (၅-၁၀) စီခန့် မြေပြုပြင်ချိန်တွင် ထည့်သွင်းသုံးစွဲ၍ မည်သည့်သီးနှံမဆို စိုက်ပျိုးနိုင်ပါသည်။
  • နွားချေးများထည့်ပြီးပါက ချက်ချင်းမြေဖြင့် ဖုံးအုပ်ပေးထားရန် လိုအပ်ပါသည်။
  • တခြားသော ဓါတ်မြေသြဇာများနှင့်အတူ ရောနှော၍လည်း ထည့်သွင်းနိုင်ပါသည်။
  • ကောင်းစွာဆွေးမြေ့ကြေပျက်သော နွားချေးများကိုသာ ထည့်သွင်းသုံးစွဲပါ။
အာနိသင်နှင့် အကျိုးသက်ရောက်မှု
       စနစ်တကျသိုလှောင်ထားသော နွားချေးဆွေးမြေသြဇာတွင် အောက်ပါဓါတ်ပစ္စည်းများပါဝင်ပါသည်။
အပင်အဟာရ                                ပါဝင်မှုရာခိုင်နှုန်း
နိုက်ထရိုဂျင်                                          ၁.၄%
ဖော့စပရပ်                                            ၂.၁%
ပိုတက်စီယမ်                                         ၁.၃%
ကယ်စီယမ်                                           ၂.၆%
မဂ္ဂနီစီယမ်                                            ၀.၂%
ဆာလဖာ                                              ၁.၆%
အော်ဂဲနစ်ကာဘွန်                                  ၁၉.၇%
အကျိုးကျေးဇူး
        အပင်အဓိက အာဟာရဓါတ်များအပြင် အော်ဂဲနစ်ကာဘွန်ပါဝင်မှုကြောင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို ပိုမိုတိုးတက်ကောင်းမွန်   စေ၍ အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
  • စေးသောမြေကို ပွလာစေခြင်း။
  • သဲဆန်သောမြေကို စေးထန်လာစေခြင်း။
  • အစိုဓာတ်ထိန်းသိမ်းမှုကောင်းခြင်း။
  • လေ၀င်လေထွက် ကောင်းခြင်း။
  • အပူအအေးမျှတစေခြင်း။
  • အာဟာရဓာတ်များကို ကာလရှည်ကြာစွာ တစိမ့်စိမ့်ထုတ်ပေးခြင်းတို့ ဖြစ်ပါသည်။
Source by – လယ်/ဆည်
The post တိရိစ္ဆာန်စွန့်ပစ်ပစ္စည်း နွားချေး appeared first on Myanmar Farmers' Portal.
အဇိုလာခေါ် ရေကျောက်ခက်ဇီဝမြေသြဇာ
$
0
0
အဇိုလာသည် သဘာဝမြေသြဇာထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော ရေမှော်(Aquatic term) တစ်မျိုးဖြစ်ပါသည်။ ဂရိဘာသာအရ (agro) ဆိုသည်မှာ ခြောက်သွေ့ခြင်းဟုအဓိပ္ပါယ်ရပြီး (Ollyo) ဆိုသည်မှာ သေကြေပျက်စီးခြင်းဟု အဓိပ္ပါယ်ရသော စာလုံးနှစ်လုံးအား   ပေါင်းစပ်ပြီး (Azolla) ဟုအမည်ရသည်။
ရေခြောက်လျှင် (သို့) အပူချိန်များလျှင် သေကြေပျတ်စီးတတ်သည့် ရေမှော်ပင်တမျိုးဖြစ်သည်။
ရေကျောက်ခက်သည် သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်သော ရေမှော်ပင်များဖြစ်ပြီး စပါးခင်းတွင်စပါးနှင့်တပြိုင်တည်း စိုက်ပျိုးပွားများ နိုင်ပြီး ယင်းအပင်ငယ်များအတွင်း၌ သဘာဝအလျောက်ရှိသော Anabaema  azollae ခေါ်စိမ်းပြာရေညှိများသည် လေထဲမှနိုက်ထရိုဂျင် ဓါတ်ကိုဖမ်းယူပြီး သဟဇီဝပြုလုပ်၍ နေကြသည်။ ရေကျောက်ခက်သည် သာမာန်အားဖြင့် အစိမ်းရောင်ရှိပြီး ပုံသဏ္ဍမှာတြိဂံပုံ ရှိတတ်ပါ သည်။ ရေပေါ်တွင် အချပ်လိုက်ပေါလောပေါက်ပြီး အမြစ်မှာရေထဲသို့ တွဲကျနေသည်။
အရွယ်မှာ (၀.၂၅ မှ ၀.၅) လက်မခန့်ထိ ရှိတတ်ပါသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသောမျိုးစိတ်မှာ Azolla pinnata မျိုးစိတ်ဖြစ်ပါသည်။   နေရာအများအပြားတွင် တွေ့ရသော်လည်း အေးမြသောဒေသတွင် ပိုမိုပွားများနိုင်ကြပါသည်။ ရေထိအပူချိန် (၃၀)ဒီဂရီစင်တီဂရိတ် အထက်တွင် အစိမ်းရောင်မှအနီရောင်သို့ ပြောင်းလာတတ်ပြီး ပွားများမှုနှုန်းကျဆင်းတတ်ပါသည်။ ရေ၏အပူချိန် (၂၃)ဒီဂရီစင်တီဂရိတ် တွင် ပွားများမှု အကောင်းဆုံးဖြစ်ပါသည်။ ရေကျောက်ခက်ပွားများရန်နှင့် နိုက်ထရိုဂျင်ဖမ်းချုပ်ရန် အဓိကလိုအပ်သော အဟာရဓါတ်မှာ   ဖော့စဖိတ်ဓါတ်ဖြစ်ပါသည်။ ပွားများရာနေရာတွင် ဖော့စဖိတ်ချို့တဲ့ပါက အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းသွားတတ်ပါသည်။
ရေကျောက်ခက်သည် လေထဲမှ နိုက်ထရိုဂျင်ဓါတ်ကို ဖမ်းချုပ်နိုင်သဖြင့် ရေကျောက်ခက်အစိုတွင် နိုက်ထရိုဂျင် (၀.၂) ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။ ၄င်းအပြင် ရေကျောက်ခက်တွင် သစ်ဆွေးဓါတ် (၄၈) ရာခိုင်နှုန်း ပါဝင်ပါသည်။ရေကျောက်ခက်အစို (၁)တန်အား မြေမြှုပ်   ပေးပါက အနည်းဆုံးနိုက်ထရိုဂျင် (၄)ပေါင်ရရှိနိုင်ပါသည်။
ရေကျောက်ခက်သည် ကြိုက်နှစ်သက်သော အပူချိန်၊ အလင်းရောင်နှင့် အာဟာရဓါတ်များရရှိပါက (၇)ရက်တပါတ်အတွင်း (၂)ဆပွား များနိုင်ပါသည်။ တစ်ဧကလျှင် ရေကျောက်ခက်(၂)တန်နှုန်း ထည့်ပေးပါက (၂)ပါတ်အတွင်း အစိုအလေးချိန် (၈)တန်အထိ ရရှိစေပြီး   နိုက်ထရိုဂျင် (၁၆)ပေါင် (သို့) ယူရီးယား (၃၅)ပေါင်နှင့် ညီမျှသောနိုက်ထရိုဂျင်ဓာတ်အပြင် သစ်ဆွေးဓါတ်လည်း ရရှိစေပါသည်။   ရေကျောက်ခက်ကို စပါးစိုက်ပျိုးရေးတွင် အသုံးပြုခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် (၁၂)ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် (၁၄)ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် (၁၈)ရာခိုင်နှုန်း အထွက်တိုးစေကြောင်း လေ့လာသိရှိရပါသည်။မြန်မာနိုင်ငံတွင်လည်း ၁၉၇၉ခုနှစ်မှ ၁၉၈၆ခုနှစ် စမ်းသပ်ခဲ့သော သုတေသနများအရ ကျောက်ခက်(၂)တန်နှုန်းအထိ တိုးစေကြောင်း တွေ့ရှိရပါသည်
မျိုးပွားခြင်း
  • ရေကန်ငယ်ဖြင့် စတင်ပွားများခြင်း
  • ၂၀ ပေပတ်လည်အရွယ် ရေကန်၊လယ်ကွက်၊ ရေမြောင်းတို့တွင် ရေ(၆)လက်မအထိရေဖြည့်ပါ။
  • တီစူပါမြေသြဇာ တစ်ဧက(၁၀)ပေါင်နှုန်း ကန်အတွင်းကြဲထည့်ပေးပါ။
  • စုဆောင်းရရှိသော ရေကျောက်ခက်အား (၉)စတုရန်းပေလျှင် ရေကျောက်ခက်အစို (၁)ပေါင်နှုန်းဖြင့် ရေပေါ်သို့ ကြဲထည့်ပေးပါ။ (ဥပမာ-၂၀ ပေပတ်လည်ရေကန်တွင် စတင်မွေးပါက ရေကျောက်ခက်အစို (၄၄)ပေါင် ထည့်မွေးပါ။)
  • ရေ၏အပူချိန် (၃၀)ဒီဂရီစင်တီဂရိတ်ထက်မကျော်ပါက တစ်ပါတ်အတွင်းနှစ်ဆပွားလာမည်ဖြစ်ပါသည်။ (၈၀-၁၀၀ပေါင်ထိ ရလာမည် ဖြစ်ပါသည်။)
  • ရေကျောက်ခက် အရောင်နီလာပါက တီစူပါတစ်ဧက (၁၀)ပေါင်နှုန်းကြဲထည့်ပေးပါ။
Source by – လယ်/ဆည်
-လယ်ကွက်များတွင် မွေးမြူခြင်း
  • တစ်ဧကလျှင် ရေကျောက်ခက်အစို(၂)တန်နှုန်း ထည့်ပေးနိုင်ရန်အတွက် စတင်မွေးမြူရန် (၀.၃)ဧက အရွယ်လယ်ကွက်လိုပါသည်။
  • (၀.၃) ဧက အရွယ်လယ်ကွက်အားပထမ (၃၀)ပေပတ်လည် အရွယ် ၀ါးလုံးဖြင့်ကန့်၍အကွက်ပြုလုပ်ပါ။
  • ရေ (၆)လက်မအထိ ရေသွင်းပေးပါ။ (ရေပေါတွင် ၀ါးလုံများပေါလောပေါ်လာပြီး ၃၀ပေ×၃၀ပေ အရွယ် ရေကျောက်ခက်မွေးရန် အကွက်ငယ်ရရှိမည်။)
  • တစ်ဧကလျှင် တီစူပါ (၁၀)ပေါင်နှုန်းထည့်ပေးပါ။
  • (၉) စတုရန်းပေအကျယ်ရှိလျှင် ရေကျောက်ခက် (၁)ပေါင်နှုန်းထည့်မွေးပါ။
(၃၀ပေ×၃၀.၈ပေ)အရွယ်အကွက်အတွက် ရေကျောက်ခက်အစို (၁၀၀)ပေါင်နှုန်း ထည့်မွေးပါ။
  • တစ်ပါတ်အကြာတွင် ရေကျောက်လတ် (၂၀၀)ပေါင် ရရှိနိုင်သည်။
  • ထို့ကြောင့် နောက်ထပ်(၃၀ပေ×၃၀ပေ)အရွယ် ၀ါးလုံးဖြင့်အကန့်ထပ်လုပ်ပါ။
  • မူလ (၃၀ပေ×၃၀ပေ) အကွက်တွင် ရေကျောက်ခက် (၁၀၀)ပေါင်ချိန်ထားပြီး နောက်ထပ်လုပ်သော
(၃၀ပေ×၃၀ပေ) အကွက်တွင် ပွားလာသောရေကျောက်ခက် (၂၀၀) ပေါင်ထဲမှာ တစ်ဝတ်(၁၀၀)ပေါင်
ခွဲထည့်ပြီးပွားပေးပါ။
  • နောက်တစ်ပါတ်အကြာတွင် (၃၀ပေ×၃၀ပေ) (၂)ကန်စလုံးမှ တစ်ကန်လျှင် (၂၀၀)ပေါင်စီ ဖြစ်လာမည်။
  • ထို့နောက် (၃၀ပေ×၃၀ပေ) တစ်ကန်စီမှ တစ်ကန်လျှင် (၁၀၀)ပေါင်စီခွဲယူလျှင် ရေကျောက်ခက် (၂၀၀)ပေါင် ထပ်ပွားရန်ရရှိပြီး ယင်း(၂၀၀)ပေါင် ပွားရန်အတွက် ( ၆၀ပေ×၃၀ပေ) အရွယ်ဝါးလုံးအကန့် ထပ်လုပ်ပြီး ထည့်သွင်းပွားယူပါ။
  • ဤသို့အားဖြင့် တတိယအပါတ်အတွင် (၆၀×၆၀) အရွယ် ထပ်မံ၍ပွားယူပါ။
  • ရေကျောက်ခက်အစို (၁၀၀) ပေါင်မှ စတင်ပွားပြီး (၅) ပတ်ခန့်ကြာလျှင် ရေကျောက်ခက်အစို (၂) တန် အနည်းဆုံးရရှိနိုင်ပြီး တစ်ဧကတွင် ထည့်သွင်းအသုံးပြုရန် လုံလောက်သော ပမာဏ ရရှိစေပါသည်။
အသုံးပြုနည်း
  • ရေကျောက်ခက်အသုံးပြုမည့် စပါးခင်းတွင် မြေခံအဖြစ် တီစူပါ ထည့်သွင်းထားပါက ထပ်မံထည့်ရန် မလိုပါ။ မြေခံတွင် တီစူပါ မထည့်ရသေးပါက တီစူပါ တစ်ဓက (၁၀) ပေါင်နှုန်းအား ရေကျောက်ခက် ပွားများစဉ် ကာလအတွင် တစ်ပါတ်တစ်ကြိမ် ကြဲထည့်ပေးပါ။
  • စပါးစိုက်မည့်အကွက်အား မြေမပြင်မီရေသွင်း၍ ကြိုင်မွေးမြူထားနိုင်သည်။ (သို့မဟုတ်) စပါးစိုက်ပြီး အပင်လှန်ချိန်တွင်ရေကျောက်ခက် အစိုတစ်ဧက (၂) တန်နှုန်း ကြဲချပေးပါ။
  • စပါးခင်းအား ရေအနည်းဆုံး (၃) လက်မခန့် ရှိနေစေရန် ထိမ်းထားပေးပါ။
  • တစ်ကွက်လုံး ရေကျောက်ခက်ပွားများ ပြည့်လာပါက ရေထုတ်ပြီး ကြားလိုက်ကိရိယာဖြင့် ရေကျောက် ခက်များအား မြေမြှုပ်၍ ပေးပါ။
  • ၃-၅ ရက်ခန့် ပုပ်အောင်ထားပြီး ရေပြန်သွင်းပါ။
  • အကွက်အတွင်း ကျန်ရှိနေသော ရေကျောက်ခက်များမှ ရေပြန်သွင်းပေးသောအခါ ပြန်ပွားလာပါမည်။ အကွက်ပြည့်လာတိုင်း ရေထုတ်ပြီး ကြားလိုက်ကိရိယာဖြင့် သမန်းနှိုးမြေမြှုပ်၍ ပေးပါ။ သက်တမ်းအတွင်း (၃) ကြိမ်အထိ မြေမြှုပ်၍ ပေးပါ။
  • အတန်းလိုက် စိုက်စနစ်အတွက်သာ အသုံးပြုရန် အဆင်ပြေပြီး ကြဲပက်စိုက်စနစ်အတွက် မြေတွင်းမြှုပ်ပေးရန် ခက်ခဲသဖြင့် အသုံးမပြုသင့်ပါ။
The post အဇိုလာခေါ် ရေကျောက်ခက်ဇီဝမြေသြဇာ appeared first on Myanmar Farmers' Portal.
ထရိုင်ခိုဒါးမားမှို (Trichoderma)
$
0
0
ထရိုင်ခိုဒါးမားသည် ကပ်ပါးမှို ( Mycoparasite) တစ်မျိုးဖြစ်ပြီး သီးနှံမြေဆောင်မှိုရောဂါတစ်ချို့ကိုကာကွယ်နှိမ်နင်းနိုင်ရန် မြေဆွေးပုံများ လျှင်မြန်စွာဆွေးမြေ့စေရန် ထိရောက်စွာအသုံးပြုနိုင်သော အကျိုးပြုမှိုတစ်မျိုးလည်းဖြစ်ပါသည်။ လက်ရှိအသုံးပြုနေသော မှိုမျိုးစိတ်မှာ (Trichoderma harzianum) ဖြစ်ပြီး ယင်းမှာ Celluloytic enzyme တစ်မျိုးထုတ်ကာ မြေဆွေးပုံများမှာပါဝင်သော Cellulose ဓါတ်ပေါင်းများကိုချေဖျက်နိုင်သဖြင့် မြေဆွေးပုံများလျှင်မြန်စွာ ဆွေးမြေ့မှုကိုအထောက်အကူပြုစေနိုင်ပါသည်။ ၁၉၉၁ ခုနှစ်မှ စတင်၍ (၃၀၀) ဂရမ် အထုပ်ငယ်များအဖြစ် ထုတ်လုပ်ဖြန်ဖြူးလျက်ရှိပါသည်။
အသုံးပြုနည်း
  • အပင်ရောဂါ ကာကွယ်နှိမ်နင်းရန်
  • ပျိုးအို၊ ပျိုးထုပ်များတွင် မှိုမျိုး (၁)ဆ၊ ဆန်ဖွဲနု (၄)ဆ၊ မြေကြီး (၁၀)ဆရော၍ စိုက်ပျိုးပါ။
  • ပျိုးဘောင်တွင် အသုံးပြုပါက (၃)ပေပတ်လည်အကျယ်တွင် မှိုမျိုးတစ်ထုပ်နှုန်းအား ဆန်ဖွဲနု (၄)ဆနှင့်ရော၍ပျိုးဘောင်မြေတွင် ထည့်သွင်းပေးပါ။
  • ညှိုးသေရောဂါကျတတ်သော အကွက်များ၌ တစ်ဧကလျှင် မှိုမျိုးထုပ်(၃)ထုပ်အား ဆန်ဖွဲနု(၄)ဆ နှင့်ရော၍ကြဲပက်မွှေကာစိုက်ပျိုးပါ။
  • မျိုးစေ့ (၁) ကီလိုဂရမ်လျှင် ထရိုင်ခိုဒါးမားမှိုမျိုး (၅၀) ဂရမ်နှင့် လုးနယ်စိုက်ပျိုးနိုင်သည်။
  • ပြောင်းရွှေ့စိုက်သည့် အပင်များတွင် ထရိုင်ခိုဒါးမားမှိုကို တစ်ပင်လျှင် (၂၀-၅၀) ဂရမ်ထည့်၍စိုက်ပါ။
  • ရောဂါကျသောအပင်များ၌ (၃)ပေ ပတ်လည်တွင် မှိုမျိုးတစ်ထုပ်နှုန်းအား ဆန်ဖွဲနု (၄)ဆနှင့်ရောပြီး အပေါ်ယံမြေ (၆)လက်မတွင် သမအောင်ရောမွှေပါ။ အပေါ်မှကောက်ရိုး၊ သစ်ရွက်၊မြက် စသည်ပြန်ဖုံးပေးထားပါ။
မြေဆွေးပြုလုပ်ရာတွင် အသုံးပြုနည်း
  • ၂၀ ပေ × ၂၀ ပေ× ၃ပေ မြေဆွေးပုံတစ်ပုံလျှင် (၃၀၀) ဂရမ် အထုပ် (၂၀) ထုပ် လိုအပ်ပါသည်။
  • မြေဆွေးပုံတွင် ပိုမိုဆွေးမြေ့စေရန် အီးအမ်ဖျော်ရည် (သို့) အီးအမ်ဘိုကာရှီဖြင့် တွဲဖက်အသုံးပြုပါကထရိုင်ခိုဒါးမားမှိုလိုအပ်ချက်ကို ထက်ဝက်လျော့ချသံုးနိုင်သည်။
  • သီးနှံများရိတ်သိမ်းပြီး စပါးရိုးပြတ်များ၊ အပင်အကြွင်းအကျန်များ လျင်မြန်စွာဆွေးမြေ့စေရန် တစ်ဧကလျှင် (၃၀၀)ဂရမ် မှိုမျိုးထုပ် (၃)ထုပ်အား ဆန်ဖွဲနု(၄)ဆနှင့်ရော၍ ကြဲပက်ပြီး ထွန်ဖြင့်ဖုံးပေးပါ။ထရိုင်ခိုဒါးမားမှိုမထည့်မီ တစ်ဧကလျှင်ပုလဲမြေသြဇာ (၅၀) ကျပ်သားခန့်ကို ရေဖျော်၍ကြိုတင်ဖျန်းပေးပါက ဆွေးမြေ့မှို ပိုမိုမြန်စေပါသည်။
ကာကွယ်နိုင်သောရောဂါများ
  • ယာသီးနှံများ၊ ဥယာဉ်ခြံသီးနှံများနှင့် နှစ်ရှည်ပင်များတွင် မြေဆောင်ရောဂါဖြစ်မှို (Soilbornl fungus) များဖြစ်သည့်
  • Sclerotium ကြောင့်ဖြစ်သော ခါးရိရောဂါများ။
  • Rhizoctonia ကြောင့်ဖြစ်သော မြေဆွေးရောဂါများ။
  • Pythium ကြောင့်ဖြစ်သော ညှိုးသေရောဂါများ။
  • Fusarium ကြောင့်ဖြစ်သော ညှိုးသေရောဂါများ။
  • Aspergillus ကြောင့်ဖြစ်သော ပင်းရင်းပုပ်ရောဂါများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
အကျိုးကျေးဇူး
  • လယ်ယာဘေးထွက်ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများအားမြေဆွေး ပြုလုပ်ရာတွင်အသုံးပြုခြင်းဖြင့် မြေဆွေးပြုလုပ်ခြင်းလုပ်ငန်းအား အထောက်အကူရစေခြင်းဖြင့် မြန်မြန်ဆွေးစေခြင်း။
  • အဆိပ်အတောက်ဖြစ်ခြင်း၊ ဓါတ်ကြွင်းအာနိသင်မရှိခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိခြင်း။လူနှင့်တိရိစ္ဆာန်တို့အား   ဘေးဥပါဒ်ဖြစ်ခြင်းမှ ကင်းဝေးစေခြင်း။
  • သီးနှံမြေဆောင်ရောဂါအချို့အား ထိရောက်စွာ ကာကွယ်နိုင်သဖြင့် ရောဂါကြောင့် ပျက်စီးဆုံးရုံးမှုမှကာကွယ်နိုင်ခြင်း။
Source by – လယ်/ဆည်
The post ထရိုင်ခိုဒါးမားမှို (Trichoderma) appeared first on Myanmar Farmers' Portal.
ပဲတီစိမ်းတွင် ကျ⁠ရောက်⁠သော⁠ရောဂါများ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
$
0
0
ဖားဥမှိုစွဲရောဂါ ( Powdery mildew )
ရောဂါလက္ခဏာများ
စေ့ရွက်စုံပေါ်လာချိန်မှစ၍ ရင့်မှည့်ခါနီးအထိ အချိန်မရွေးကျရောက်နိုင်သည်။ မိုးနှောင်း၊ ဆောင်းဦးအပူချိန်လျော့ချိန် ပတ်ဝန်းကျင် အစိုဓါတ်( လေထုစိုထိုင်းစ) နည်းချိန်တွင် ရောဂါအကျများသည်။ အပင်ပေါက်စတွင် ပြင်းထန်စွာကျပါက ပြန်၍နလံထူရန် ခဲယဉ်းသည်။   ရောဂါပြင်းလျှင် အရွက်များ စောစောဆွေးမြေ့ကုန်သည်။ ရောဂါမပြင်းလျှင် အရွက်မျက်နှာပြင်တွင် အညိုရောင် အနာကွက်ပြောက်များ   တွေ့ရသ်ည။ မိုးလယ်စိုက်ပဲတီစိမ်းတွင် အကျများသည်။ ရောဂါကျသော သီးနှံခင်းလေညာတွင်ရှိပါက မှိုမျိုးစေ့များ လေနှင့်လွင့်ပါ၍ ပို၍ရောဂါ ဖြစ်လွယ်သည်။
ကာကွယ်နှိမ်နင်းနည်း
  • ခံနိုင်ရည်ရှိသောမျိုးကို ရှာစိုက်ပါ။ (ဒေသခံ အလုံးသေးမျိုးများသည် ခံနိုင်ရည်ရှိပါသည်။)
  • လေညာတွင် အခြားပဲတီစိမ်းနှင့် ပဲခင်းများရှိပါက လေညာဘက်တွင် အရပ်မြင့်သော အခြားသီးနှံပင်များ တန်းစိုက်ထားပါ။
  • အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန အတွေ့အကြုံအရ ပြောင်းဖူးနှင့် ညှပ်မစိုက်ပါနှင့်။
  • Benomyl ဆေး (၀.၁၅) ဂရမ်ကို ရေ (၁/၄) ဂါလံ( တစ်လီတာ) နှင့်ဖျော်၍ တစ်ဧကလျှင် (၁/၂) ဂါလံနှင့် လုံလောက်ရန် (ULV)   ဆေးဖျန်းကိရိယာဖြင့် ဖျန်းပေးပါ။ အပင်ပေါက်စ (၂-၄) ရက်အတွင်းနှင့် (၁၅) ရက်သားတွင် တစ်ကြိမ်စီ ဖျန်းပေးပါ။
ပဲတီစိမ်း ရွက်ပြောက်ရောဂါ ( Cercospora Leaf spot)
ရောဂါလက္ခဏာများ
အရွက်ပေါ်တွင် ကွက်၍သေနေသော အနာရောဂါကွက်မှာ အတွင်းဆုံးတွင် ဖြူဖျောဖျော့အရောင်ရှိ၍ ဘေးမှညိုဝါရောင်ပတ်ထားသော အညိုကွက်များ ဖြစ်လာသည်။ ရောဂါမှိုသည် ရွက်ရိုးတံ၊ ပင်သည်ရိုးတံ နှင့် အသီးပေါ်တွင်လည်း ကျတတ်သည်။ ရောဂါကွက်များဆက်ပြီး တစ်ရွက်လုံး ၀ါညိုမဲခြောက်သွားနိုင်သည်။ မိုးရာသီနှင့် မိုးလယ်မှာ အဖြစ်များသည်။ ပဲလွမ်း၊ မြေပဲ၊ ပဲပုပ်များတွင် ကျသောရောဂါနှင့် မကွာခြားလှချေ။
အရှေ့တောင်အာရှ မိုးရာသီစိုက် ပဲတီစိမ်းတွင် ကြီးစွာသော အဟန့်အတား ဖြစ်ပါသည်။ ခြောက်သွေ့သွားလျှင် ရောဂါအကျ သက်သာ သွားသည်။ ရောဂါဖြစ်လျှင် အထွက်နှုန်းထက်ဝက်ခန့် ကျသွားနိုင်သည်။ အစေ့ရွက်ဖြစ်ပေါ်စ ပျိုးပင်တွင် စဖြစ်တတ်သည်။
ကာကွယ်နှိမ်နင်းနည်း
  • ခံနိုင်ရည်ရှိသော မျိုးကို ရှာစိုက်ပါ။
  • ဖားဥမှိုရောဂါကဲ့သို့ပင် မှိုသတ်ဆေး (Benomyl) ဆေးဖြင့် ပက်ဖျန်းနှိမ်နင်းပါ။
  • လေဆောင်ရောဂါဖြစ်၍ လေညာတွင် ရောဂါရှိအခင်းများ ရှိပါက လေကာပင်တန်းအနေဖြင့် အမြန်ကြီးလွယ်သော ညံပင်၊ ဘောစ ကိုင်းပင်များ စိုက်၍ ထားပါ။
Source by – လယ်/ဆည်
The post ပဲတီစိမ်းတွင် ကျ⁠ရောက်⁠သော⁠ရောဂါများ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.
ကျေးရွာအမှိုက် လယ်ယာမြေရတနာသိုက် (Rural Composting)
$
0
0
 ကျေးရွာအမှိုက် လယ်ယာမြေရတနာသိုက် ပြုလုပ်ခြင်းဆိုသည်မှာကျးလက်ဒေသမှ ထွက်ရှိသောအမှိုက်သရိုက်၊ ပေါင်းပင်၊ လယ်ယာ   မြေမှသီးနှံအကြွင်းအကျန်စသည့် အားလုံးတို့ကိုတောင်သူတစ်ဦးချင်းသော်လည်း ၊ အများစုပေါင်း၍သော်လည်း၊ အီးအမ်အရည် (သို့) အီးအမ်ဘိုကာရှီ၊ ထရိုင်ခိုဒါးမားမှုတို့ကို အသုံးပြုဆွေးမြေ့စေပြီး သဘာဝမြေသြဇာ အီးအမ်မြေဆွေးအဖြစ် ပြန်လည်အသုံးပြုခြင်းဖြစ်ပါ သည်။
လုပ်ကိုင်ဆောင်ရွက်နည်း
ကျေးရွာအမှိုက်၊ လယ်ယာမြေရတနာသိုက်ကို နည်းလမ်းနှစ်သွယ်နှင့်ပြုလုပ်နိုင်ပါသည်။
(က) တောင်သူတစ်ဦးချင်းပြုလုပ်ခြင်း (၂၀ပေ × ၂၀ပေ × ၃ပေ)အရွယ်
 (၂၀ပေ×၂၀ပေ×၃၀ပေ) အရွယ် မြေဆွေးပြုလုပ်ရန် စပါး(၁၀)ဧကမှအထက်စိုက်ပျိုးသော တောင်သူများ ဆောင်ရွက်နိုင်သည်။
လိုအပ်သောကုန်ကြမ်းများ
(၁) ကောက်ရိုး/အမှိုက်သရိုက်/ပေါင်းပင်များ- ၁၀တန်  (စပါးတစ်ဧကမှ ကောက်ရိုးတစ်တန် ပျမ်းမျှထွက်နိုင်ပါသည်။)
(၂) ထုံးမှုန့် (၁)တင်း
(၃) ထရိုင်ခိုဒါးမားမှို(၃၀၀) ဂရမ်အထုပ်(၁၀)ထုပ်
(၄) ဖွဲနု (၃)ပြည်
(၅) အီးအမ်ဖျော်ရည် (သို့) အီးအမ်ဘိုကာရှီ (၄၂)ပေါင်
(၆) နွားချေးလှည်းတစ်စီး
(၇) နုန်းမြေလှည်းတစ်စည်း
မြေဆွေးပုံပြုလုပ်နည်း
(၁) ၂၀ပေ× ၂၀ပေ အရွယ်မြေကွက်တွင် ပတ်လည်မှ ၀ါး (သို့) သစ်သားငုတ် ၃ ၁/၂ပေထိစိုက်ပါ။ အတွင်းမှ ၀ါးကဒ်များ ကပ်ရုံကာရန်   ပေးပါ။
(၂) မြေဆွေးပုံအောက်တွင် ကောက်ရိုး/ပေါင်းပင်စသည်တို့ကို (၆လက်မ)ထုရအောင် ပြန်ထည့်ပေးပါ။ ဖိကြပ်စေရန် လူဖြင့်နင်းပေးပါ။ ၂၀ပေ×၂၀ပေအရွယ်တွင် ကောက်ရိုး(၆လက်မ) ထုရစေရန် ကောက်ရိုးအလေးချိန် အနည်းဆုံး (၁.၇)တန်ခန့်လိုသည်။
(၃) ၆လက်မ တစ်လွှာပေါ်မှ ထုံးမှုန့် (၃)ပြည်ကိုဖြူးထည့်ပါ။
(၄) ထုံမှုန့်အလွှာပေါ်မှ ထရိုင်ခိုဒါးမား (၁ ၁/၂)ထုပ်အားညီညာစွာဖြူးထည့်ပါ။
(၅) ထရိုင်ခိုဒါးမားမှိုလွှာပေါ်မှ  ဖွဲနုနို့ဆီဗူး(၄)လုံးကိုဖြူးထည့်ပါ။
(၆) ဖွဲနုအလွှာပေါ်မှ ဘိုကာရှီအမှုန့်(၇)ပေါင်ကိုဖြူးထည့်ပါ။
(၇) ယင်းအလွှာအပေါ်မှ နွားချေးလှည်းတစ်စီး၏ (၆)ပုံ (၁)ပုံ အားဖြည့်ထည့်ပါ။
(၈) နွားချေးလွှာပေါ်မှ နုန်းမြေလှည်း (၂)စီးပမာဏ၏ (၆)ပုံ (၁)ပုံအား ဖြုးထည့်ပေးပါ။
(၉) အပေါ်ဆုံးမှ ရေ (သို့) အီးအမ်ဖျော်ရည် ဖျန်ပေးပါ။ အကယ်၍ဖွဲနုလွှာပေါ်တွင် အီးအမ်ဘိုကာရှီတစ်မျိုးမျိုး(၇)ပေါင်ထည့်ပေးထားပါက အပေါ်ဆုံးမှ ရေရိုးရိုးသာ ဖျန်းပေးပါ။ အကယ်၍ အီးအမ်ဘိုကာရှီကို အသုံးမပြုခဲ့ပါက အပေါ်ဆုံးမှ ရေရိုးရိုးအစား အီးအမ်ဖျော်ရည်ကို (၁း၁၀၀)ဆ ရေထပ်ရောပြီး ကုန်ကြမ်းပစ္စည်းများတွင် အစိုဓါတ် (၆၀%) ရအောင်ထည့်ဖျန်းပေးပါ။ ကုန်ကြမ်းပစ္စည်းများအား လက်နှင့် ဆုပ်ကြည့်လျှင် လက်ကြားသို့ ရေစတင်စိမ့်လာလျှင်အစိုဓါတ်အနေတော်ဖြစ်ပါသည်။ ဤအဆင့်သည် မြေဆွေးတစ်လွှာပုံခြင်း ပြီးဆုံး ပါသည်။
(၁၀) ယင်းပမာဏ (၆လက်မ) အလွှာပေါ်မှ အထက်ဖော်ပြပါ အဆင့်များအတိုင်း(၅)လွှာထပ်၍ ပုံပေးပါ။ မြေဆွေးတစ်ပုံလျှင် စုစုပေါင်း (၆)လွှာရအောင် ပုံပေးပါ။
(၁၁) မိုးရာသီ၊မိုးများလွန်းပါက အပေါ်ဆုံးမှ ပလပ်စတစ်ဖြင့် ဖုံးအုပ်ထားပေးပါ။
(၁၂) နွေရာသီပူလွန်းပါက အစိုဓါတ်မခြောက်စေရန် ရေထပ်ဖျန်းပေးပါ။
(၁၃) တစ်လအကြာတွင် ဆွေးမြေ့မှုမြန်စေရန် ကုန်ကြမ်းများကို အထက်အောက်လှန်ပေးပါ။
(၁၄) စတင်ပုံပြီး (၃)လခန့်ကြာလျှင် အသုံးပြုနိုင်သည့်မြေဆွေးရရှိသည်။
(၁၅) (၂၀ပေ×၂၀ပေ×၃ပေ) အရွယ် မြေဆွေးပုံမှ မြေဆွေး(၅)တန်အထိ ရရှိနိုင်ပြီး တစ်ဧကတစ်တန်နှုန်း အသုံးပြုပါက (၅)ဧကစာ   မြေဆွေးရရှိနိုင်ပါသည်။
(၁၆) မိုးရာသီတွင် ရေမ၀ပ်စေရန် ပတ်လည်မှ ရေနှုတ်မြောင်းတူးထားပေးရန် လိုပါသည်။
မှတ်ချက်-(၁၀ပေ×၁၀ပေ×၂၁/၂ပေ) အရွယ်မြေဆွေးပုံအား တောင်သူတစ်ဦးချင်း ပြုလုပ်လိုပါက ဇယားတွင်ဖော်ပြထားသော လိုအပ် မည့်ကုန်ကြမ်းနှင့် ကောက်ရိုးများအား စုဆောင်းပြီး အထက်ဖေါ်ပြပါမြေဆွေးပြုလုပ်နည်းအတိုင်း (၆)လွှာပုံ၍ ပြုလုပ်နိုင်သည်။ စုစုပေါင်း လိုအပ်သော ကုန်ကြမ်းများအားလည်း (၆လက်မ) တစ်လွှာစာအတွက် ၁/၆စီ မျှဝေအသုံးပြုသွားရန်ဖြစ်ပါသည်။
အသုံးပြုနည်း
  • ရတနာသိုက်မှ ထွက်ရှိသောမြေဆွေးအား သီးနှံအားလုံးတွင်သုံးနိုင်သည်။
  • မြေဆွေးအားမစိုက်မီ (၇-၁၀) ရက်ကြိုတင်ထည့်ပေးပါ။
  • မိုးကောင်းသောက်၊ဆည်ရေသောက်ဒေသများတွင် တစ်ဧက(၃-၅)တနအထိ အသုံးပြုနိုင်ပါသည်။
  • မိုးနည်းဒေသများတွင် တစ်ဧက (၂-၃)တန်နှုန်းပြုလုပ်ပါ။
  • စပါးသီးနှံတွင် အီးအမ်ဖျော်ရည် (၆၀)လီတာ၊ အီးအမ်ဘိုကာရှီ(၂၀)ပေါင်တို့နှင့် တွဲဖက်၍ မြေဆွေး(၁)တန်နှုန်း အသုံးပြုနိုင် ပါသည်။
 အကျိုးကျေးဇူး
  • လယ်ယာစွန့်ပစ်ပစ္စည်းများမှ မြေဆွေးအားလုံး ပြုလုပ်သုံးသဖြင့် စိုက်ကွက် သန့်ရှင်းစေခြင်း။ (field sanitation)
  • စိုက်ကွက်အတွင်း လျှော့ပါးသွားသော အပင်အာဟာရဓါတ်များ အလိုလျှောက်ပြန်လည် ဖြည့်တင်းခြင်း (Soil Fertity Maintenance)
  • ဓါတ်မြေသြဇာ လိုအပ်မှုကို အလိုအလျှောက် သက်သာစေခြင်း (Fertilizer Saving)
ကျေးရွာအလိုက် လယ်မြေရတနာသိုက်အား မိမိစပါးစိုက်ဧကပေါ်မူတည်၍ ထွက်ရှိမည့် ကောက်ရိုးပမာဏပေါ် မူတည်၍ ထွက်ရှိမည့် တစ်ဦးချင်း (သို့) ၂-၃ ဦး စပ်တူ (သို့) ၁၀ ဦးစပ်စသည်ဖြင့် အပုံအရွယ်အမျိုးမျိုးဖြင့် ပြုလုပ်သွားနိုင်သည်။
မြေဆွေးပုံပြုလုပ်ရန် အနည်းဆုံး လိုအပ်မည့် စိုက်ဧရိယာ စုဆောင်းရမည့် ကောက်ရိုး၊ လိုအပ်မည့် ကုန်ကြမ်းပစ္စည်းများ ၊ ရရှိနိုင်မည့်   မြေဆွေး၊ အသုံးပြုနိုင်မည့် ဧရိယာတို့ကို ခန့်မှန်းနိုင်ရန် အောက်တွင် ဇယားဖြင့် ဖော်ပြထားပါသည်။
စဉ် အကြောင်းအရာ မြေဆွေးပုံအရွယ်အစား
၁၀ပေ×၂၅ပေ×၃ ပေ ၂၀ပေ×၂၀ပေ×၃ပေ ၁၀ပေ×၁၀ပေ×၂ပေခွဲ
၁။ အနည်းဆုံရှိမည့် စပါးစိုက်ဧက ၆၀ ဧက ၁၀ ဧက ၂ ဧက
၂။ စုဆောင်းရမည့် ကောက်ရိုး၊ ပေါင်းမြက် ၆၇ တန် ၁၀ တန် ၂ တန်
၃။ လိုအပ်သောအခြားကုန်ကြမ်းများ
(က) ထုံးမှုန့် ၆ တင်း ၁ တင်း ၃ ပြည်
(ခ) ထရိုင်ခိုဒါးမားမှို ၃၀၀ ဂရမ် (၆၀) ထုပ် ၁၀ ထုပ် ၂ ထုပ်
(ဂ) ဖွဲနု ၁၈ ပြည် ၃ ပြည် နို့ဆီဗူး ၆ လုံး
(ဃ) အီးအမ်ဖော်ရည်(သို့) ဘိုကာရှီအမှုန့် ၂၇၀ ပေါင် ၄၀ ပေါင် ၉ ပေါင်
(င) နွားချေး လှည်း (၆) စီး လှည်း (၁) စီး ၃ တင်း
(စ) နုန်းမြေ လှည်း (၁၂) စီး လှည်း (၂) စီး ၆ တင်း
၎။ ရရှိနိုင်မည့်မြေဆွေး ၃၀ တန် ၅ တန် ၁ တန်
၅။ အသုံးပြုနိုင်မည့်ဧက ၃၀ ဧက ၅ ဧက ၁ ဧက
Source by – လယ်/ဆည်
The post ကျေးရွာအမှိုက် လယ်ယာမြေရတနာသိုက် (Rural Composting) appeared first on Myanmar Farmers' Portal.
ပဲပုပ်စိုက်ပျိုးနည်း
$
0
0
မြန်မာအမည်    – ပဲပုပ်
အင်္ဂလိပ်အမည် – SOY BEAN
သိပ္ပံအမည်      – Glycine max
ရာသီဥတု
ပူဆွေးပြီး နေ့တာတိုရာသီကြိုက်သည်။ နေ့စဉ်ပျမ်းမျှအပူချိန် (၃၀)ဒီဂရီစင်တီဂရိတ်ရရှိပါက၊ ကောင်းစွာဖြစ်ထွန်းသည်။ မိုးရေချိန် (၂၄) မှ (၆၀) လက်မအတွင်းရရှိသည်။
ယခုအခါမျိုးမွေးမြူရေးလုပ်ငန်းကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့သဖြင့် နေရာဒေသအနှံ့၊စိုက်ပျိုးလျက်ရှိသည်။ နေ့တာ (၁၂)နာရီနှင့် (၁၆) နာရီကြားရရှိနိုင်ပါက ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၉၀၀၀)ထိ စိုက်ပျိုးနိုင်သည်။
မြေအမျိုးအစား
ရေစီးရေကောင်းသော အစိုဓါတ်ထိန်နိုင်သည့် မြေဖြစ်ပါက သဲနုန်းမြေမှ မြေစေးအထိစိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် ပီအိပ်(ခ်ျ)၊ ၅.၆ မှ ၇ အတွင်းရှိသောမြေသည် အကောင်းဆုံးဖြစ်သည်။ ပီအိပ်ခ်ျ ၅.၅ထက်နည်းပါက ထုံးထည့်၍မြေပြုပြင်ပေးရသည်။
မြေပြုပြင်ခြင်း
ထယ်နက်နက်တစ်စပ်၊ ထွန်(၂)စပ်မှ (၃)စပ်မွှေပြီး ထယ်ခဲကြေအောင်ဆောင်ရွက်မှ ထယ်ရေးကောင်းရရှိသည်။ထယ်ရေးမညီပဲ ထယ်စာခဲကြီးများရှိပါက မျိုးစေ့အနက်တိမ်လွန်းမှု၊ နက်လွန်းမှုတို့ကြောင့် အပင်ပေါက်ညံ့သည်။
စိုက်သင့်သည့်မျိုး
ဒေသအထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်သည်။ မျိုးစေ့အပင်ပေါက်စမ်းသပ်ပြီးမှစိုက်ရသည်။ ပင်ကြားတန်းကြား အကွာအဝေးပေါ် မူတည်၍ တစ်ဧကမျိုးစေ့ (၁၂)ပြည်မှ တစ်တင်းခန့်သုံးရသည်။ (၈၅) ရာခိုင်နှုန်းအထက် အပင်ပေါက်နှုန်းရှိမှမျိုးစေ့အဖြင့်သုံးရမည်။ သက်လျင်မျိုး (၇၅ မှ ၈၄)ရက်၊ သက်လက်မျိုး (၈၅ မှ ၉၄)ရက်၊ သက်ကြီးမျိုး (၉၅ မှ ၁၀၀)ရက်ရှိသည်။ ပဲပုပ်သည်နေ့တာတုန့်ပြန်မှုများ သဖြင့် မိမိဒေသ၊ ရေမြေရာသီဥတုနှင့် ကိုက်ညီသောအထွက်ကောင်းမျိုးကို ရွေးချယ်စိုက်ရမည်။
စိုက်ပျိုးသင့်သည့်အချိန်
        ဒေသ                  ကာလ                 စိုက်ချိန်                        ရိတ်သိမ်းချိန်
ရှမ်းပြည်နယ်               မိုးကြို                      ဇန်-ဖေ                     ဧပြီ-မေ
မိုးဦး                        မေ-ဇွန်                     သြ-စက်
မိုးလယ်                    သြ-စက်                   နို-ဖေ
မြန်မာနိုင်ငံ                  မိုးဦး                        မေ-ဇွန်                     သြ-စက်
(အလယ်ပိုင်း)             မိုးလယ်                    သြ-စက်                   နို-ဖေ
မိုးနှောင်း                   အောက်-နို                 ဇန်-ဖေ
မြန်မာနိုင်ငံ                  မိုးနှောင်း                   စက်-အောက်             ဒီ-ဇန်
(အောက်ပိုင်း)
သဘာဝမြေသြဇာ
 မြေပြုပြင်မထွန်ယက်မီတစ်ဧက၊ နွားချေးလှည်း (၆) စီးထည့်ပါ။ အီးအမ်ဘိုကာရှီအပါအ၀င် သဘာဝမြေဆွေးများတွဲဖက် အသုံးပြုနိုင် သည်။
ဓာတ်မြေသြဇာ
 နောက်ဆုံးထယ်ရေးပြုပြင်ချိန်တွင်၊တစ်ဧက ယူရီးယား (၂၈)ပေါင်၊ တီစူပါ (၅၆)ပေါင်မှ (၈၄)ပေါင်၊ ပိုတက်ရှ်(၅၆)ပေါင်၊   ကျောက်မှုန့်   မြေသြဇာ (၁၀၀)ပေါင်၊ ဇီဖာမြေသြဇာ (၃)ပေါင်ထည့်ရမည်။ မျိုးစေ့တစ်တင်းကို ရေအနည်းငယ်ဆွတ်၍ အမိုးနီယမ်မိုလီဘီဒိတ် (၃၆၀) ဂရမ်ဖြင့် လူးနယ်ပြီးစိုက်သင့်သည်။
ရေတစ်ဂါလံလျှင် ယူရီးယားထမင်းစားဇွန်း (၄)ဇွန်းခွဲနငန်းရော၍ တစ်ဧက (၂၀ မှ ၂၅) ဂါလံအထိ ပန်းမပွင့်မီ (၂) ပတ်သားမှစ၍ တစ်ပတ်ခြားတစ်ကြိမ်၊သီးတောင့်စုံချိန်တိုင်အောင် ပက်ဖျန်းပေးရသည်။
ပဲမြစ်ဖုဇီဝမြေသြဇာ
တစ်ဧက၊ လတ်ဆက်သည့် ပဲမြစ်ဖုဇီဝမြေသြဇာအနည်းဆုံး တစ်ထုပ်သုံးရသည်။ ပဲမြစ်ဖုမြေသြဇာနှင့် မျိုးစေ့ကိုအအေးခံထားသည့် ထမင်းရေကျဲကျဲ ငှက်ပျောဖူး(၁)ပုလင်းခန့်ဖြင့် သေချာစွာလူးနယ်ရမည်။ ထို့နောက်ရရှိသောမျိုးစေ့များကိုအရိပ်အောက်တွင် အခြောက်ခံ   ပြီးမှစိုက်ရမည်။ စိုက်ပြီးလျှင်ပြီးခြင်း မျိုးစေ့များကို ကြမ်းရိုက်ဖုံးရမည်။
ရွက်ဖျန်းမြေသြဇာ
 မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်လုပ်သည့် ဇီဝစူပါရွက်ဖျန်းမြေသြဇာရေကို တစ်ဧက၊ တစ်ပုလင်းမဖြစ်မနေသုံးရမည်။ ပုလင်းအဖုံး တစ်ခွက်ကိုရေတစ်ဂါလံနှင့် ရော၍ပတ်ဖျန်းနိုင်သည်။
 ပင်ကြား၊ တန်းကြား အကွာအဝေး
စိုက်ချိန် အပင်ပုံစံ ပင်ကြား (လက်မ) တန်းကြား (လက်မ) အပင်ဦးရေ
မိုးရာသီ ကိုင်းဖြာမျိုး၊ ၃၀ ၂.၅ မှ ၃ (၇) သောသ်းမှ (၁) သိန်း
မိုးရာသီ တစ်ပင်တိုင်မျိုး ၂၀ ၂.၅ မှ ၃ (၁) သိန်းမှ (၁.၃) သိန်း
ခြောက်သွေ့ရာသီ ကိုင်းဖြာမျိုး၊ ၂၀ ၂.၅ မှ ၃ (၁) သိန်းမှ (၁.၃) သိန်း
ခြောက်သွေ့ရာသီ ကိုင်းဖြာမျိုး၊ ၁၀ ၂.၅ မှ ၃ (၂) သိန်းမှ (၂.၆) သိန်း
ပဲပုပ်တွင် မျိုးစေ့ဆောင် မှိုရောဂါများစွာရှိသဖြင့်၊ မစိုက်မီ မှိုသတ်ဆေး၊ ပဲမြစ်ဖုဇီဝမြေသြဇာတို့ဖြင့် လူးနယ်စိုက်ရမည်။
သီးထပ်စိုက်ပျိုးခြင်း
ပဲပုပ်ကို အောက်ဖော်ပြပါအတိုင်း သီးထပ်သီးနှံပုံစံများဖြင့် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဆည်ရေ သောက်ဒေသတွင် စပါးအခြေခံပြီး သီးထပ်စိုက်ပျိုးရာတွင် ဖေဖော်ဝါရီလမှ မေလအထိ နွေစပါး၊ ဇွန်လမှ စက်တင်ဘာလအတွင် မိုးစပါး၊ နိုဝင်ဘာလတွင် ပဲပုပ်သီးထပ် စိုက်ပျိုးနိုင်သည်။
နွေစပါး မိုးစပါး ပဲပုပ်
ဖေဖော်ဝါရီ – မေ ဇွန် – စက်တင်ဘာ နိုဝင်ဘာ – ဇန်န၀ါရီ
မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးကောင်းသောက်ဒေသတွင် မိုးဦး (ဇွန် – ဇူလိုင်လ) များတွင် မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်းစသည့် ယာယီသီးနှံများ စိုက်ပျိုးပြီး သြဂုတ်၊ စက်တင်ဘာလတွင် သက်လျင်စပါး၊ စိုက်ပျိုးကာ နိုဝင်ဘာလတွင် ပဲပုပ်တစ်သီးထပ်မံ စိုက်ပျိုးနိုင်သည်။
မိုးဦးမတ်ပဲ       ပဲတီစိမ်း – နှမ်း စပါးသက်လျင် ပဲပုပ်
ဇွန် – ဇူလိုင် သြဂုတ် နိုဝင်ဘာ
မြန်မာနိုင်ငံအောက်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်ရေကျချိန် ကိုင်းကျွန်းမြေများတွင် လယ်မြေများတွင် လယ်သီးထပ်အဖြစ် စိုက်နိုင် သကဲ့သို့ သီးနှံပုံစံအမျိုးမျိုးတွင် ပဲပုပ်ကို ထည့်သွင်းစိုက်ပျိုးနိုင်သည်။
ဇွန် ဇူလိုင် သြ စက် အောက် နို ဒီ ဇန် ဖေ မတ်
ဟင်းသီးဟင်းရွက် ကိုင်း/ကျွန်း     ပဲပုပ်   ရေသွင်းနှမ်း  
    ရေမြှုပ်ချိန်     ပဲပုပ်   ရေသွင်းပြောင်း  
          ပဲပုပ် ရေသွင်းဟင်းသီးဟင်းရွက်  
          ပဲပုပ် ရေသွင်းနွေစပါး  
          ပဲပုပ် မြေတွင်းကျန်အစိုဓါတ်ဖြင့်မတ်ပဲ  
          ပဲပုပ်        
မြန်မာနိုင်ငံအောက်ပိုင်း လယ်မြေများတွင် လယ်သီးထပ်အဖြစ် စိုက်ပျိုးနိုင်သည်။
သီးညှပ်စိုက်ပျိုးခြင်း
 ပဲပုပ်ကို ၀ါ၊ပြောင်းဖူး၊ နှံစားပြောင်း၊ ပဲစင်းငုံ စသည့်သီးနှံများဖြင့် သီးညှပ်စိုက်ပျိုးရာတွင် ၀ါ၊ ပြောင်းဖူး၊ နှံစားပြောင်းတို့ကို (၃)ပေ တန်းကြားစိုက်၍ အလယ်တွင်ပဲပုပ်တစ်တန်းစိုက်ပါ။ ပဲစင်းငုံ (၂)တန်းကို (၆)ပေခြားပြီး ကြားတွင် ပဲပုပ်(၃)တန်းကို တစ်တန်းနှင့် တစ်တန်း တစ်ပေခွဲခြားစိုက်ပါ။
လယ်မြေတွင်စိုက်ပျိုးခြင်း
(ထယ်ရေးမဲ့ စိုက်စနစ်)
နိုဝင်ဘာလလယ်ထက် စိုက်ချိန်နောက်မကျပါက ထယ်ရေးမဲ့စိုက်သည်။ ရိုးပြတ်ငုတ်အခြေတွင်၊ ပေါက်ပြား၊ လက်ထိုးတူးရွင်း (Jet type pamter) တို့ကို သုံး၍ စိုက်ကျင်းပြုလုပ်ကာ မျိုးစေ့ချစိုက်ရသည်။ စိုက်ကျင်းကို မြေဆွေး၊ ဖွဲပြာတို့ဖုံးအုပ်ပေးထားသည်။
(ရေလိုက်ကြဲစနစ်)
သက်ကြီးစပါးစိုက်လယ်များတွင် အောင်ရေထုတ်ပြီး၊ စပါးမရိတ်သိမ်းမီ မြေအစိုဓာတ် ဗျိုင်းနင်းခံနိုင်ချိန်တွင် ကြဲပတ်စိုက်ပျိုးသည်။ဤသို့ ကြဲပတ်စိုက်ပျိုးရာတွင်အစေ့သေးမျိုးများကို စိုက်ပျိုးသင့်သည်။
(ခုတ်ဖုန်းစိုက်စနစ်)
သက်လျင်၊ သက်လက်စပါး စိုက်သည့်လယ်မြေများတွင် အောင်ရေထုတ်ပြီး မြေအစိုဓါတ် လူနင်းခံနိုင်ချန်တွင် ကြဲပက်စိုက်ရသည်။ စပါးစိုက်ပြီးပါက ရိုးပြတ်များကို ဓါးဖြင့်ခုတ်၍ မြေတွင်ဖုံးအုပ်ပေးရသည်။
(ထွန်ခင်းစိုက်စနစ်)
သက်လျင်စပါး စိုက်ခင်းများတွင် အစိုဓါတ်အပြည့်အ၀ရှိပါက၊ထယ်ထိုး၊ ထွန်မွှေပြီး၊ စိုက်ထယ်ရေးကောင်းအောင်  ပြုလုပ်၍ကြဲပတ်၍   ဖြစ်စေ စိုက်ကြောင်းဆွဲ၍ဖြစ်စေ စိုက်ပျိုးနိုင်သည်။
ရှမ်းပြည်နယ်တွင် မိုးဦးသီးနှံ၊ မိုးဦးသီးနှံအဖြစ်လည်းကောင်း၊ အခြားသီးနှံများနှင့်သီးထပ်အဖြင့်လည်းကောင်း စိုက်ပျိုးနိုင်သည်။
ပေါင်းမြက်နှိမ်နင်းခြင်း
စိုက်ပြီးတစ်လမှ (၄၅)ရက်ကြား မဖြစ်မနေပေါင်းရှင်းရမည်။
ရေသွင်းခြင်း
မိုးကြိုနှင့် နွေစိုက်ခင်းများတွင် ပန်းပွင့်ချိန် (၁)ကြိမ်၊ သီးတောင့်ပြည့်ချိန် (၁)ချိန် စုစုပေါင်း ရေ(၂)ကြိမ်သွင်းရမည်။ မိုးစိုက်ဖြစ်ပါကလည်း စိုက်ပြီးမိုးပြတ်ချိန်ကြာလျှင်ဖြစ်စေ၊ စောစောမိုးကုန်သွားလျှင်ဖြစ်စေ၊ အပင်သက်တမ်းတစ်လလျှောက်ရေသွင်းရမည်။
ပိုးမွှားရောဂါနှင့် ကာကွယ်ကုသနည်း
ပဲပုပ်တွင် ဖျက်ဆီးမှုများစေသည် ပိုးမွှားမှာ ပင်စည်ထိုးယင်ကောင် (Bean stem fly)၊ သီးစုပ်ဂျပိုး (Green stink bug) စက်ပြောက် သီးလုံးပေါက်ပိုးတို့ဖြစ်သည်။ အဓိကအပင်ရောဂါမှာ မျိုးစေ့ဆောင်မှုရောဂါဖြစ်သည်။ ပိုးမွှားရောဂါကျရောက်မှု နည်းပါးရန် အလေ့ကျပင် များကို ရှင်းလင်းဖယ်ရှားပါ။ ပင်စည်ထိုးယင်ကောင်ကာကွယ်ရန်၊ ပဲပုပ်ပျိုးစေ့တစ်တင်းလျှင် လာဆဒ်(၂၅၀)စီစီနှုန်းနှင့် လူးနယ်စိုက်ပါ။
သီးစုပ်ဂျပိုးကျရောက်ပါက၊ ပင်လုံးပြန့် ပိုးသက်ဆေးဖျန်းပါ။ စက်ပြောက်သီးလုံးပေါက်ပိုးကျပါက အင်ဒိုဆာလဖန်နှင့် တမာပိုးသတ်ဆေး တို့ကို ပက်ဖျန်းပါ။ သံချေးမှိုရောဂါကျလျှင် အထွက်အများဆုံးထိခိုက်၍ မင်ကိုဇော့ဆေး၊ ဒက်ကိုနိုင်ဆေး၊ အင်ဗေးစသည့်မှိုသတ်ဆေးများ ပက်ဖျန်းပါ။ သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပါ။
ရိတ်သိမ်းနယ်လှေ့မျိုးသိုလှောင်ခြင်း
သီးထောင့်များ အ၀ါရောင်ပြောင်း၍ (၉၅)ရာခိုင်နှုန်း ရင့်မှည့်ပြီး အစေ့တွင် အစိုဓာတ် (၁၃ မှ ၁၄) ရာခိုင်နှုန်း ရှိလျှင် စတင်ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန်စောပါက လုံးပိန်၊လုံးညှပ်နှင့် အစိမ်းရောင်အစေ့များရရှိပြီး အထွက်နှင့် အရည်အသွေးကျသည်။ ရိတ်သိမ်းပြီးအပင်များကို တလင်းတွင် (၃ မှ ၄)ရက်ခန့်နေလှမ်းပြီး၊ တုတ်နှင့်ဖြစ်စေ၊ ချွေစက်ဖြင့်ဖြစ်စေ၊ အစေ့ချွေ၍ဖြစ်စေ၊ အစေ့ချွေရသည်။
ဤသို့ဆောင်ရွက်ရာတွင်မျိုးစေ့အပေါ်ယံ အခွံကွဲအက်မသွားစေရန် ဂရုပြုရမည်။ မျိုးအဖြစ်သိုလှောင်မည်ဆိုပါက အစေ့တွင်း အစိုဓာတ် (၉ မှ ၁၀) ရာခိုင်နှုန်းအထိ ရောက်အောင် ဆက်လက်နေလှမ်းပြီးမှ သိုလှောင်ရပါမည်။
The post ပဲပုပ်စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
တီကောင်မွေးမြူခြင်း၊ တီကောင်စွန့်ပစ်မြေသြဇာထုတ်လုပ်ခြင်းနှင့် တီကောင်စွန့်ပစ်မြေသြဇာ၏ သုံးစွဲခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ
$
0
0
နိဒါန်း
ကျွန်ုပ်တို့ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသောလူသားတို့သည် ရှေးယခင်က သဘာဝအတိုင်းပေါက်ရောက်သော သီးနှံများကိုပါသာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ဆွတ်ယူစားသုံးခဲ့ကြရာမှ နောက်ပိုင်းလူဦးရေများပြားလာခြင်းနှင့် အသိဥာဏ်ရင့်ကျက်လာသည်နှင့် အမျှ လယ်ယာမြေများဖော်ထုတ်ကာ စိုက်ပျိုးထုတ်လုပ်ရေးသို့ပြောင်းလဲလာခဲ့ကြပါသည်။
အဆိုပါလယ်ယာမြေများ၊ ဥယာဉ်ခြံမြေများသည်ကြိမ်ဖန်များစွာ စိုက်ပျိုးထုတ်လုပ်ခဲ့ခြင်းကြောင့် မြေဆီသြဇာများခန်းခြောက်ကာ   မြေဆီလွှာပျက်ဆီးလုနီးပါးသို့ ဆိုက်ရောက်ခဲ့ရပါသည်။ ထိုသို့မြေဆီသြဇာဓါတ်နည်းပါးသော လယ်မြေများအား လိုအပ်သော အဟာရ ဓါတ်များ ရရှိစေရန် ဓါတ်မြေသြဇာများထည့်သွင်း၍ အသုံးပြုခဲ့ကြပါသည်။ အချိန်ကြာလာသည်နှင့်အမျှ အဆိုပါမြေယာများမှာလည်း ဓါတ်မြေသြဇာထည့်သွင်းသောလည်း အကျိုးမရှိသောလယ်မြေများအဖြစ် ပေါ်ထွက်လာမည် ဖြစ်ပါသည်။
ထို့ကြောင့် စိုက်ပျိုးရေးပညာရှင်များသည် အဆိုပါပျတ်ဆီးလုဖြစ်နေသော လယ်ယာမြေများအား ပြန်လည်အသုံးချနိုင်စေရန် နည်းလမ်း   ပေါင်းများစွာအား လက်တွေ့သုတေသနပြုလုပ်လျှက်ရှိရာ သုတေသနဆောင်ရွက်ချက်များထဲမှ လက်တွေ့အသုံးချရန် လွယ်ကူပြီး ကုန်ကျစရိတ်လည်းနည်းပါးသော တောင်သူလယ်သမားတိုင်း ဆောင်ရွက်နိုင်သည့်သဘာဝမြေသြဇာ ထုတ်လုပ်နိုင်သည့် နည်းလမ်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါသည်။
အဆိုပါနည်းလမ်းကား တီကောင်လေးများအားမွေးမြူပြီး သဘာဝမြေသြဇာထုတ်လုပ်သုံးစွဲကာ ပျက်ဆီးနေသောလယ်မြေများ၊ ပျက်ဆီး လုနီးပါးဖြစ်သော လယ်မြေများအတွင်း ထည့်သွင်းအသုံးချခဲ့ခြင်းဖြစ်ပါသည်။ တီကျစ်စာမြေဆွေးသုံးစွဲခဲ့သော လယ်ယာမြေများသည်   မြေဆီသြဇာပြန်လည်ထက်သန်စေကာ လူတို့စားသုံးမည့်သီးနှံမျိုးစုံကို ပြန်လည်စိုက်ပျိုးလာနိုင်ပြီ ဖြစ်ပါသည်။
လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေတွင် လုပ်ကိုင်လျှက်ရှိသော တောင်သူလယ်သမားများအတွက် ယင်းရှာဖွေတွေ့ရှိချက်သည် သတင်း   ကောင်းတစ်ခုဖြစ်သလို တောင်သူလယ်သမားတိုင်း အကုန်အကျအနည်းဆုံးဖြင့် လွယ်လွယ်ကူကူဆောင်ရွက်နိုင်သည့် ကိုယ်ပိုင် သဘာဝမြေသြဇာထုတ်လုပ်ခြင်း နည်းလမ်းကောင်းတစ်ခုဖြင့် ရပ်တည်လျှက်ရှိနေပါသည်။
ရည်ရွယ်ချက်
(က) တောင်သူလယ်သမားတိုင်း လွယ်လွယ်ကူကူနှင့် စရိတ်အသက်သာဆုံး ထုတ်လုပ်သုံးစွဲနိုင်စေရန်။
(ခ) လူနှင့်ပတ်ဝန်းကျင်အတွက် အန္တရာယ်ကင်းပြီး သီးနှံမျိုးစုံတွင်ထည့်သွင်းအသုံးပြုနိုင်သည့် သဘာဝမြေသြဇာကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲတတ်လာစေရန်။
(ဂ) သဘာဝမြေသြဇာဖြစ်သည့် တီကျစ်စာမြေဆွေးကို အသုံးပြုပြီး ဓါတုကင်းလွတ်သီးနှံများစိုက်ပျိုးဖြစ်ထွန်းကာ သီးနှံအရည်အသွေးနှင့်   ဈေးနှုန်းပိုမိုမြင့်မားစွာရရှိလာစေရန်။
(ဃ) တီကျစ်စာမြေဆွေးနှင့် သဘာဝမြေသြဇာများဖြင့်သာ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအား ပြည်တွင်းဈေးကွက်နှင့် ပြည်ပ   ဈေးကွက်သို့ပါ တိုးချဲ့တင်ပို့သွားနိုင်ရန်။
(င) ဓါတ်မြေသြဇာများ သုံးစွဲမှုအား သိသိသာသာလျော့ချစိုက်ပျိုးသွားနိုင်စေရန်။
တောင်သူလယ်သမားတိုင်းထုတ်လုပ်သုံးစွဲသင့်သည့် သဘာဝမြေသြဇာ (သို့) တီကျစ်စာမြေဆွေး
စိုက်ပျိုးရေးကို အခြေခံ၍ လုပ်ကိုင်စားသောက်ကြသော တောင်သူလယ်သမားများနှင့် တီကျစ်စာမြေဆွေးသည် အသစ်အဆန်းမဟုတ်ပါ။ သို့ရာတွင် တီကျစ်စာမြေဆွေး၏ အကျိုးရှိပုံ၊ များများစားစား ထုတ်လုပ်သုံးစွဲနိုင်ပုံတို့ ကိုသာ သိရှိသူနည်းပါးခဲ့ရခြင်း ဖြစ်ပါသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ဓါတုဗေဒါဓါတ်မြေသြဇာများ ထည့်သွင်းစိုက်ပျိုးထားသည့် သီးနှံများစားသုံးမှုမှ သဘာဝမြေဆွေးဖြင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများကိုသာ ရွေးချယ်စားသုံးလာပါသည်။ ထိုသို့ရွေးချယ်စားသုံးလာရခြင်းမှာလည်း ဓါတုဗေဒဓါတ်မြေသြဇာ များဖြင့် စိုက်ပျိုးထားသည့် သီးနှံများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်သာ ဖြစ်ပါသည်။ ထို့ပြင် ဓါတုဗေဒပိုးသတ်ဆေးများ၏ ဓါတ်ကြွင်း အာနိသင်များကြောင့်လည်း ဓာတုကင်းလွတ်သီးနှံများကို ဈေးကောင်းပေး၍ ၀ယ်ယူသုံးစွဲလာခဲ့ကြပါသည်။ ယခုအခါ သဘာဝမြေသြဇာ များကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် နည်းအမျိုးမျိုး ရှာဖွေဖော်ထုတ်သုံးစွဲလာခဲ့ကြရာ ကုန်ကျစရိတ်အနည်းဆုံးဖြင့် လွယ်ကူစွာ ထုတ်လုပ်နိုင် သည့် တီကျစ်စာမြေဆွေးထုတ်လုပ်ခြင်းလုပ်ငန်းကိုလည်း ရှေ့တန်းတင်၍ ဆောင်ရွက်လာကြောင်း တွေ့ရှိနေရပါသည်။ ထို့အတွက်   ကြောင့် တောင်သူလယ်သမားတိုင်း ထုတ်လုပ်သုံးစွဲသင့်သည့် သဘာဝမြေသြဇာပင် ဖြစ်လာပါတော့သည်။
တီကျစ်စာမြေဆွေးထုတ်လုပ်ခြင်းနှင့် ပြုလုပ်နည်းအဆင့်ဆင့်
တီကျစ်မြေဆွေးဆိုသည်မှာ တီကောက်ကလေးများက သဘာဝအလျှောက် မြေကြီး၊ သစ်ရွက်များ၊ သစ်ပင်အကြွင်းအကျန်များ၊  နွားချေး များ၊လယ်ယာစွန့်ပစ်ပစ္စည်းများကို စားသုံး၍ ပြန်လည်စွန့်ပစ်ထုတ်လိုက်သည့် ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပါသည်။ တီကျစ်စာမြေဆွေး သည် သဘာဝအလျှောက် တီကောက်ကလေးများ စားသုံးပြီး စွန့်ပစ်ပစ္စည်းများအား စုဆောင်းထုတ်လုပ်နိုင်သော်လည်း လူတို့ဖန်တီး   ပေးထားသော ပတ်ဝန်းကျင်တွင် တီကောင်ကလေးများကို ပွားများစေကာ မြေဆွေးထုတ်လုပ်သောနည်းက ပိုမိုအသုံးဝင်စေပါသည်။
တောင်သူလယ်သမားတိုင်း လက်တွေ့လုပ်ကိုင်နိုင်ရန်အတွက် စဉ်းစားမည်ဆိုလျှင် စရိတ်နည်းပြီး လွယ်ကူစွာ ဆောင်ရွက်နိုင်သည့် ပလပ်စတစ်အစ၊ အသုံးပြုပြီး ၀ါးဖရိန်ဖြင့်တည်ဆောက်မည့် တီကျစ်စာမြေဆွေးထုတ်လုပ်မည့် လုပ်ငန်းစဉ်အား ဆောင်ရွက်သင့်ပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် လိုအပ်မည့်ပစ္စည်းများမှာ ၀ါးလုံး၊ သွပ်နန်းကြိုး(သို့) အုန်းဆံကြိုး၊ ပလပ်စတစ် (အထူ) ၊ ရေဖျန်းပုံး စသည်တို့ သည် အဓိကကစ္စည်းများ ဖြစ်ပါသည်။
ပြုလုပ်နည်းအဆင့်ဆင့်
ပထမဦးစွာ  အလျား ၁၀ပေ x အနံ ၄ပေ x အမြင့်၃ပေအရွယ် ဝါးဖရိန်တခုဖြစ်အောင် ဆောင်ရွက်ရပါမည်။  အဆိုပါဖရိန်အား ခိုင်ခန့် မှု ရှိအောင်အခေါင်းပိတ်ဝါး (ဝါးယား) များဖြတ်တောက်ပြီးသုံးစွဲသင့်ပါသည်။ ခိုင်ခန့် ပြီးသော ဝါးဖရိန်အတွင်းပလပ်စတစ်အထူစအား ကန်အတွင်းဂွင်ကျဖြစ်စေရန် အောက်ခြေခင်းခြင်း၊ ဘေးကာခြင်းအားဆောင်ရွက်ရပါမည်။
၎င်းပလက်စတစ်ကန်အတွင်းသို့  မြေကြီးနှင့်နွားချေး/ကြက်ချေးများဖြည့်တင်းရပါမည်။ ထို့ နောက် သစ်ရွက်အပိုင်းအစများ ၊စားကြွင်း စားကျန်များ၊ ပေါင်းမြက်များနှင့်လယ်ယာစွန့်ပစ်ပစ္စည်းများအား ထည့်သွင်းရပါမည်။ အစိုဓါတ်ရရှိစေရန်အတွက် ရေဖျန်းပေးရပါမည်။   ရေဖျန်းရာတွင် ထည့်သွင်းထားသောပစ္စည်းများစိုစွတ်နေရုံလောက်ပဲဖြစ်ပြီး ရေမြှုပ်နေစေရန်အထိ ရေမဖျန်းသင့်ပါ။
ပလပ်စတစ်ကန်တွင်းရှိ ထည့်သွင်းထားသောပစ္စည်းများ ဆွေးမြေ့စေရန် ၄ရက်မှ ၅ရက်အထိစောင့်ရပါမည်။ ပြီးလျှင် ပလပ်စတစ်ကန် အတွင်းသို့  တီကျစ်စာမြေဆွေး ထုတ်လုပ်ပေးနိုင်သည့် တီကောင် (၁၀၀၀)ခန့်  ထည့်ပေးရပါမည်။ အပေါ်မှဂုံနီအိတ်ခွံအဟောင်းများ၊ ဓနိရွက်များ၊ သက်ကယ်ရွက်များဖြင့် ဖုံးအုပ်ထားရပါမည်။လုပ်ငန်းဖြစ်စဉ်တစ်ခုလုံးအတွက် (၃) လခန့် သာကြာပြီး အညိုရောင်တီ ကျစ်စာမြေဆွေးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
သစ်ရွက်၊ ပေါင်းမြက်များနှင့်စွန့် ပစ်ပစ္စည်းများအား တစ်ပတ်လျှင်တစ်ခါ ထည့်လျှင်လုံလောက်ပါသည်။
ရေကိုတော့ နေ့စဉ်သင့်လျှော်နှုန်းထားအတိုင်း ပတ်ဖျန်းသင့်ပါသည်။
ဝါးဖြင့်တည်ဆောက်ထားသော ပလပ်စတစ်ကန်ဖြင့် တီကျစ်စာမြေဆွေးထုတ်လုပ်သည့်လုပ်ငန်းသည် ပွင့်လင့်းရာသီတွင် သစ်ပင်ရိပ်/ အဆောက်အဦးအရိပ်များကိုအသုံးပြုနိုင်ပါသည်။ သို့ ရာတွင်မိုးရာသီရောက်ရှိလာလျှင် ပလပ်စတစ်ကန်အတွင်း ဝင်ရောက်လာမည့် မိုးရေများကြောင့် ကန်အတွင်းရေများပြည့်လျှံကာမြေသြဇာ ထုတ်လုပ်မည့်တီကောင်များ သေဆုံးသွားနိုင်သည်ကိုသတိပြုရပါမည်။
မိုးရာသီတွင်ပလပ်စတစ်ကန်အတွင်းသို့ မိုးရေများ မဝင်ရောက်နိုင်စေရန် အမိုးတဲတည်ဆောက်ရမည်ဖြစ်ပါသည်။ အမိုးတဲကို အပေါ်မှ ပလပ်စတစ်အထူစ(သို့ ) ဓနိ/ သက်ကယ်များသုံးစွဲပြီး ဆောင်ရွက်နိုင်ပါသည်။ ထို့ ပြင် အထူးသတိပြုရမည့်အချက်မှာ မိုးရာသီတွင် တီကျစ်စာမြေဆွေးထုတ်လုပ်မည့် ကန်ထဲသို့ အောက်ရေများစီးစိမ့်မဝင်နိုင်စေရန်အတွက် ရေလွတ်ရာကုန်းမြင့်ပေါ်တွင် တည်ဆောက် ထားရမည်ဖြစ်ပါသည်။
တီကျစ်စာမြေဆွေးထုတ်လုပ်သည့် ပလပ်စတစ်အောက်ခြေတွင် တစ်ပေခန့် ရှိသည့် ဝါးလုံးပြွန်တစ်ချောင်း တပ်ဆင်ထားရပါမည်။ အဆို ပါဝါးလုံးသည် ပလပ်စတစ်ကန်အတွင်းထိုးသွင်းထားရာ၎င်းဘေးပတ်လည်မှ တီကျစ်စာမြေဆွေးအရည်များပြင်ပသို့  ထွက်မသွားစေရန် ရွှံ့စေးဖြင့်ခိုင်ခန့် အောင် ဖိကပ်ထားရပါမည်။ ထွက်ရှိလာသည့် တီကျစ်စာမြေဆွေးအရည်များအား သင့်တော်သည့်မြေအိုး/ ပလပ်စတစ် ပုံးများဖြင့် ထည့်သွင်းစုဆောင်းထားရှိနိုင်ပါသည်။
တီကောင်စွန့်ပစ်မြေသြဇာနှင့် အရည်ထုတ်ယူခြင်း
၃လခန့် ကြာလျှင် ၎င်းပလပ်စတစ်ကန်မှတီကောင်စွန့် ပစ်မြေသြဇာများကို ထုတ်ယူရရှိနိုင်ပါသည်။ တွေ့ ရှိချက်များအရ လစဉ်မြေသြဇာ များမထုတ်ယူမီရေဖျန်းခြင်းကို ၂ရက်၊ ၃ရက်ဖြတ်လိုက်ပါက တီကောင်လေးများ ကန်အောက်ခြေသို့ ရောက်ရှိကာ အပေါ်ပိုင်းတွင်ရှိသော   မြေသြဇာများကို ထုတ်ယူနိုင်ပါသည်။
တီကျစ်စာမြေဆွေး ထုတ်လုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ
၁. တီကောင်များကြောင့် မြေကွက်များ/လယ်ယာမြေများတွင် မူလရှိရင်းစွဲ မြေသြဇာများအပြင် တီကောင်ပြုပြင်ဆောင်ရွက်ခြင်းကြောင့် ပိုမိုထက်သန်လာစေခြင်း။
၂. ထွန်ယက်စိုက်ပျိုးရန် မသင့်တော်လောက်အောင် ပျက်စီးနေသောမြေများအားပြန်လည်စိုက်ပျိုးနို င်အောင်  ဆောင်ရွက်နိုင်ခြင်း။
၃. တီကောင်များ သေဆုံးခြင်းကြောင့် ၎င်းတို့၏ ရုပ်ကြွင်းများဖြင့်လည်းကောင်း မြေသြဇာဆီထက်သန်စေခြင်း။  (တစ်ဧကလျှင် တီကောင် ၅သိန်းခန့် ရှိ)
၎. တီကောင်များသည် အမျိုးအစားအလိုက် မြေမျက်နှာပြင်အထက်မှအောက်၊ အောက်မှအထက်သို့  အပြန်အလှန်သွားလာကျက် စားဖြင့် မြေဆီလွှာအလိုက်မြေသြဇာထက်သန်မှုကို မျှခြေဖြစ်စေခြင်း။
၅. မျိုးပွားမှုနှုန်းလျှင်မြန်စွာဖြစ်ပေါ်စေခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းမှုအား အချိန်တိုအတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း။
၆. တီကောင်စွန့် ပစ်မြေဆွေးများအား လေ့လာချက်အရ အရေးကြီးသောမြေချဉ်ငံသည် PH 7 ဝန်းကျင်တွင် ရှိသဖြင့် အပင်များရှင်သန်မှု အတွက်များစွာ အထောက်အကူဖြစ်စေခြင်း။
၇. တီကောင်စွန့် ပစ်မြေဆွေးအား သုံးစွဲခြင်းဖြင့် ဓါတုပစ္စည်းကင်းလွတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများထုတ်လုပ်နိုင်ခြင်း၊ သီးနှံများ ဈေးကောင်းရနိုင်ခြင်း၊ သီးနှံများ အရသာပိုမိုကောင်းမွန်ခြင်း။
၈. တီကောင်စွန့်ပစ်မြေဆွေးဆောင်ရွက်ရာတွင် အရင်းအနှီးနည်းပါးခြင်း၊ တောင်သူတိုင်းဆောင်ရွက်နိုင်ခြင်း။
၉. တောင်သူများထုတ်လုပ်သုံးစွဲမှု တိုးတက်ကျယ်ပြန့်လာသည့်အချိန်တွင် ဓါတုမြေသြဇာသုံးစွဲမှုလျော့ပါးလာ ပြီး နိုင်ငံခြားသုံးငွေများ များစွာ သက်သာလာစေနိုင်ပါသည်။
Source by – လယ်/ဆည်
The post တီကောင်မွေးမြူခြင်း၊ တီကောင်စွန့်ပစ်မြေသြဇာထုတ်လုပ်ခြင်းနှင့် တီကောင်စွန့်ပစ်မြေသြဇာ၏ သုံးစွဲခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ appeared first on Myanmar Farmers' Portal.
သစ်သီးဝလံ⁠နှင့် ဟင်းသီးဟင်းရွက်များ၏ အရည်အ⁠သွေးပျက်စီး⁠စေသည့် အဓိကအေ⁠ကြာင်းရင်းများ
$
0
0
သီးနှံအုပ်စု သီးနှံမျိုးစိတ် အရည်အသွေးပျက်စီးမှု အဓိကအကြောင်းရင်း
ဥစားသီးနှံ ခါကျက်ဥ၊ သကြားမုန်လာ၊ ခူးဆွတ်ချိန်ထိခိုက်ဒဏ်ရာရမှု၊ အူခေါင်းပွခြင်း။
  ကြက်သွန်နီ အညှောင်ထွက်ခြင်း၊ရေဓါတ်ဆုံးရှုံးမှုမြန်ခြင်း။
  ကြက်သွန်ဖြူ အညှောင့်ထွက်ခြင်း၊ ရေဓါတ်ဆုံးရှုံးမှုမြန်ခြင်း။
ရွက်စားသီးနှံအုပ်စု ဆလပ်ရွက်/ဂေါ်ဖီထုပ်  ရေဓါတ်ဆုံးရှုံးမှုမြန်ခြင်း။ အသက်ရှုနှုန်းမြင့်မားခြင်း၊
    ပုပ်သိုး ဆွေးမြေ့လွယ်ခြင်း၊ အရောင်မညီခြင်း၊
    ပိုးထိုးခြင်း။
  ဘရိုကိုလီ/ပန်းဂေါ်ဖီ ခူးဆွတ်ချိန်မမှန်ကန်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊
    အထုပ်ဝါခြင်း၊ပိုးထိုးခြင်း။
အသီးစားသီးနှံအုပ်စု သခွား၊ငရုပ်ချို သိုလှောင်ခန်းအပူချိန်၊ သတ်မှတ်ချက် ၂မှ ၅ဒီဂရီ
    စင်တီဂရိတ်ထက်နိမ့်ပါက Chilling Injury အအေးနာ
    မှုဖြစ်ပေါ်လာခြင်း။
  ရုံးပတီ အရင့်လွန်ခြင်း၊ခူးဆွတ်ချိန်မမှန်ကန်ခြင်း။
  ခရမ်းချဉ် ထိခိုက်ဒဏ်ရာရခြင်း၊ အီသလင်းထွက်နှုန်းမြင့်မားခြင်း။
သစ်သီးများ သခွားမွှေး အမှည့်လိုခြင်း၊ခူးဆွတ်ချိန်မမှန်ကန်ခြင်း။
  ငှက်ပျော သိုလှောင်ခန်းအပူချိန်၊သတ်မှတ်ချက် ၁၃ဒီဂရီစင်တီ
    ဂရိတ်အောက်နိမ့်ပါက Chilling Injury ဖြစ်ပေါ်လာခြင်း။
    မှဲ့ပြောက်စွန်းဖြစ်ပေါ်ခြင်း။
  ရှောက်/သံပုရာ ရေဓါတ်ဆုံရှုံးခြင်း၊ ထိပ်ပုပ်ခြင်း။
  သရက် အာဟာရများပြောင်းလဲယိုယွင်းခြင်း၊အစေးလောင်ခြင်း၊
    အရောင်မညီကွက်ကြားဖြစ်ခြင်း၊မှဲ့ပြောက်စွန်းခြင်း၊
  စပျစ် အညှာကြွေခြင်း၊ မှိုရောဂါကျရောက်ခြင်း။
The post သစ်သီးဝလံ⁠နှင့် ဟင်းသီးဟင်းရွက်များ၏ အရည်အ⁠သွေးပျက်စီး⁠စေသည့် အဓိကအေ⁠ကြာင်းရင်းများ appeared first on Myanmar Farmers' Portal.
ဒိုချက်ကင်းသဘာဝေ⁠မြ⁠သြဇာ ⁠ပြုလုပ်သုံးစွဲနည်း
$
0
0
ဒိုချက်ကင်းအမျိုးအစားများ
၁။ ဒိုချက်ကင်းဆိုသည်မှာ ဂျပန်အသုံးအနှုန်းဖြစ်ပါသည်။ အင်တီဂရန့်မိုက္ကရိုအော်ဂဲနစ်ဆန်ဟုခေါ်ပါသည်။ ဒိုချက်ကင်းဆိုသည်မှာ မိမိဒေသတွင်ရှိသော အနုဇီဝပိုးများကိုမွေးမြူအသုံးပြုထားသည့် သဘာဝမြေသြဇာကို ခေါ်ပါသည်။ဒိုချက်ကင်းသည် သဘာဝ သစ်တောမြေ၀ါးရုံတောမြေများတွင် ရှိပါသည်။ သစ်ရွက် (သို့မဟုတ်) ၀ါးရွက်များ (၁-၂) နှစ်အကြာရွက်ကြွေချထားပြီး ယင်းသစ်ရွက် များဆွေးမြေ့၍ ရောနှောသွားသော မြေဖြစ်ပါသည်။ သစ်ပင်၊ ၀ါးပင်အရွက်များဆွေးမြေ့နေသော မြေမျိုးတွင် ဒိုချက်ကင်း ရှိပါသည်။ တစ်နည်းအားဖြင့် သစ်ပင်အောက်၊ ၀ါးရုံအောက်များတွင် ဒိုချက်ကင်း ရှိပါသည်။ ဒိုချက်ကင်းပြုလုပ်ရာတွင် အဆင့်နှစ်ဆင့် ရှိပါသည်။
(က) ဒိုချက်ကင်းမွေမြူခြင်း၊
(ခ) ဒိုချက်ကင်အသုံးပြုပြီး သဘာဝမြေသြဇာပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။
(က) ဒိုချက်ကင်းမွေးမြူခြင်း
ဝါးရုံတောအောက်များတွင် ကြွေနေသောသက်တမ်း (၁-၂) နှစ်ခန့်ရှိ ၀ါးရွက်ကြွေများမှ အချို့ဝါးရွက်များမှာ ဆွေးနေပြီး အချို့မှာဆွေးမြေ့ စပြုနေပါသည်။ ထိုဝါးရွက်များကို ဖယ်ပြီး အပေါ်ယံမြေဆီလွှာ (၆) လက်မခန့်ကို အချင်း (၂.၅) ပေ(သို့) (၃) ပေခန့်အ၀ိုင်း တူဆွချေမွရမည်။ရေတစ်ပုံးခန့် (သို့မဟုတ်) ရေ (၃-၄) ဂါလံခန့်ကို တင်လဲရည်တစ်ပုလင်းနှင့် ရောစပ်ထားရမည်။ ၎င်းနောက်ဖွဲနုကို   မြေကြီးနှင့်ဆတူရော၍ ပေါက်ပြားနှင့် မွှေရပါမည်။ ဖွဲနုအနည်းအများကို မျက်မှန်ဖြင့်ချိန်ဆပါက လုံလောက်ပါသည်။ အဓိကမှာ ရေ ထည့်ရာတွင် အနည်းလွန်းမများလွန်းရန် လိုအပ်ပါသည်။ ဖွဲနုရောထားသည့်မြေတွင် တင်လဲရည်နှင့် ရေရောစပ်ထားတာကို ထည့်၍ နယ်ရပါမည်။ အကယ်၍ တင်လဲရည်မရနိုင်ပါက ကြံသကာ(၅၀) ကျပ်သားခန့်ကို ရေဖြင့် ပြစ်ပြစ်ကျို၍ အသုံးပြုနိုင်ပါသည်။
ရေ(၆၀)%ခန့် ထည့်ရမည်ဆိုသော်လည်း မိုးတွင်းကာလ ရေစိုနေပါက မလိုအပ်ပါ။ မြေခြောက်လျှင် ရေများများ ထည့်ရပါမည်။ လက်နှင့် ဆုပ်ကြည့်ပြီး ရေများလက်ကြားမှ ထွက်လာလျှင် ရေများသည့်အဆင့် ရောက်ပြီ ဖြစ်ပါသည်။ လက်နှင့်ဆုပ်လိုက်၍ မရလျှင်ရေနည်း ပါသည်။  ၎င်းကြားထဲမှ ချိန်ဆပြီး တင်လဲရည်နှင့်ရောစပ်ထား သည့်အရည်ကို ထည့်ရပါမည်။ သမသွားသည့်အခါ ၀ါးရွက်များနှင့်   ပြန်ဖုံးကာ မြွေရေခွံအိတ်စများနှင့် ဖုံး၍ (၃) ညအိပ်ထားရပါမည်။ မိုးတွင်းအချိန်တွင် မိုးရေမ၀င်စေရန် ဂရုစိုက်ရ မည်ဖြစ်ပါသည်။ (၃) ညအိပ်ထားပြီး (၄) ရက်မြောက်တွင် ဒိုချက်ကင်းကို ရရှိပါမည်။ ဖုံးအုပ်ထားသည့် မြွေအရေခွံအိတ်နှင့် ၀ါးရွက်များကို ထည့်ပြီး လှန် ကြည့်သောအခါတွင် အဖြူရောင်မှိုဒိုချက်ကင်းများ တက်နေသည်ကို တွေ့ရပါမည်။ လက်နှင့်စမ်းကြည့်လျှင် အပူချိန် (၆၀ံ-၇၀ံ) စင်တီဂရိတ် ရှိသည်ကို တွေ့ရပါသည်။ အနံချိုမွှေး၍စူးရှပါက ကောင်းမွန်သည့် ဒိုချက်ကင်း ဖြစ်ပါသည်။ ယင်းဒိုချက်ကင်းကို ကျုံး၍ အိတ်ထဲသို့ ထည့်ယူ ထားရပါမည်။ ဒိုချက်ကင်းရရှိပြီးနောက် ဒုတိယအဆင့်အနေဖြင့် သဘာဝမြေသြဇာပြုလုပ်ခြင်း ဖြစ်ပါသည်။
(ခ) ဒိုချက်ကင်းအသုံးပြုပြီး သဘာဝမြေသြဇာပြုလုပ်ခြင်း
ဒိုချက်ကင်းအသုံးပြု၍ သဘာဝမြေသြဇာပြုလုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ –
(၁) နွားချေး၊ ၀က်ချေး
(၂) ကောက်ရိုး
(ဂ) စပါးခွံတို့ ဖြစ်ပါသည်။
ပထမဦးစွာ စပါးခွံကို ခြောက်ပေပတ်လည်ခန့်နှင့် အမြင့် (၆) လက်မရှိအောင် မြေပေါ်မှာ ဖြန့်ခင်းရပါမည်။ ယင်းနောက်ရေဖြန်းပေးပါ။ စပါးခွံပေါ်သို့ နွားချေးတိရစ္ဆာန်ချေးများကို (၆) လက်မထုခန့် ဖြန့်ခင်းပေးပါ။ နွားချေးပေါ်တွင် ပထမဆင့် (၁) မွေးမြူပြီး သိမ်းဆည်းထား သည့် ဒိုချက်ကင်းကို လက်နှင့် ဆယ်ဆုပန်ခန့် ဖြူးပေးရပါမည်။ ၎င်းနောက် ရေဖြန်းပေးပါ။ နွားချေးပေါ်တွင် ကောက်ရိုး (သို့မဟုတ်)   ပြောင်းဖူးရိုး (သို့) ပေါင်းမြက်စသည်တို့ကို ဖြန့်ခင်းပါ။ယင်းနောက် ပိပြားစေရန် လူဖြင့်နင်းပေးရန် လိုအပ်ပါသည်။ ပြီးလျှင် ရေဖြန်းပါ။ ၎င်း (၃) လွှာကို (၁) ထပ်ဟု ခေါ်လေ့ရှိပါသည်။ အထပ် (၁) ထပ်စီတွင် ရေဖြန်းပေးရမည် ဖြစ်ပါသည်။ သုံးသော ပစ္စည်း၏ အစို အခြောက်ပေါ်မူတည်၍ ရေအနည်းအများလိုအပ်ပါသည်။ ပျမ်းမျှခြင်း အထပ် (၄-၅) ထပ်ရှိ မြေသြဇာ တစ်ပုံပြီးသည်အထိ ရေတစ်ပိသာ  ခန့်လိုအပ်ပါသည်။
မြေသြဇာပုံပြုလုပ်ရာတွင် နွေရာသီတွင် သစ်ပင်ရိပ်အောက်တွင် ပြုလုပ်ပေးရပါသည်။ နေပူလျှင် ဒိုချက်ကင်းသည် အလုပ်မလုပ်ပါ။ မပြန့်ပွားနိုင်ပါ။ မိုးတွင်းတွင် မိုးရေမ၀င်အောင် ဖုံးအုပ်ထားရန် (သို့မဟုတ်) အမိုးအောက်တွင် လုပ်ရန် လိုအပ်ပါသည်။ ဤသို့ အထပ် (၄-၅) ထပ်၊ အမြင့် (၅) ပေခွဲ၊ (၆) ပေခန့် ရောက်အောင် ပုံလေ့ရှိပါသည်။ နောက်ဆုံးအထပ်အပေါ် စပါးခွံနှင့် ဖုံးအုပ်ထားရပါသည်။ ဖုံးအုပ်ထားသော မြေသြဇာပုံသည် (၃-၄) ရက်တွင် ဓါတ်ပြုစပြုနေပြီဖြစ်၍ အတွင်းသို့ နှိုက်ကြည့်ပါက အလွန်ပူနေသည်ကို တွေ့ရပါ သည်။ (၆၀-၇၀) ဒီဂရီစင်တီဂရိတ်အထိ ရှိနေပါသည်။ ဤကဲ့သို့ ပူနေခြင်းသည် တဖြည်းဖြည်းလျော့လာပြီး (၃-၄) ပတ်ကြာလျှင် မပူတော့ပါ။ အပုံပြောင်းပုံရာတွင် လက်ရှိမြေသြဇာပုံအပြင် နှုတ်ခမ်းသားများကို အတွင်းဘက်ပိုင်း ရောက်အောင် ပုံပေးရမည်ဖြစ် ပါသည်။ (၆) လက်မမှ (၈) လက်မထုဖြန့်ခင်းလိုက်၊ ရေလောင်းလိုက် လုပ်ပေးရပါမည်။ အပုံပြောင်း ပြီးပါက ပြန်လည်ဓါတ်ပြုနေ၍ (၃-၄) ရက်အကြာတွင် ပြန်ပူနေသည်ကို တွေ့ရပါမည်။
နောက်ထပ် (၃-၄) ပတ်ကြာလျှင် အပူချိန်မရှိတော့သည့်အခါ တစ်ခါထပ်ပြီးအပုံပြောင်းပေးပါ။ နှစ်ခါအပုံပြောင်းပြီး နောက်ထပ် (၃-၄) ပတ်ကြာသည့်အခါ ဒိုချက်ကင်းသဘာဝမြေသြဇာကို ရရှိသည်ဖြစ်ပါသည်။ ဒိုချက်ကင်းသဘာဝမြေသြဇာဖြစ်သောအခါ အပူချိန် မရှိတော့ပါ။ တိရိစ္ဆာစွန့်ပစ်ပစ္စည်းများသည်လည်း အနံ့လုံဝမရှိတော့ပါ။ ယခင်ဖြူးပေးထားသော ဒိုချက်ကင်းမှိုများသည် မြေသြဇာ တစ်ပုံလုံးပြန့်သွားပြီး စိုက်ခင်းများတွင် ဒိုချက်ကင်းမြေသြဇာကိုထည့်သုံးခြင်းအားဖြင့်ဒိုချက်ကင်းပိုးများသည် ပြန့်ပွားများသည်ဖြစ်ပါသည်။ ယင်းတို့သည့်ကြွေကျနေသော သစ်ရွက်များကို ဆွေးမြေ့စေပြီး အပင်၏အာဟာရအဖြစ် စားသုံးနိုင်ရန်ပြုလုပ်ပေးပါသည်။
မြေအတွင် လေ၀င်/လေထွက်၊ ရေ၀င်/ရေထွက် ကောင်းအောင်လည်းပြုလုပ်ပေးပါသည်။ ထို့ကြောင့် စိုက်ပြိုးရေးအတွက် အလွန် အသုံးဝင်ပါသည်။ သဘာဝသစ်တောမြေ နှင့်ယာမြေများ နှိုင်းယှဉ်ကြည့်လျှင် သစ်တောမြေများ ပိုကောင်းသည်ကို လက်ခံကြပါသည်။ အဓိကကွာခြားချက်မှာ သဘာဝသစ်တောမြေများတွင် ဒိုချက်ကင်းပိုးများ ပေါက်ပွားကြွယ်ဝနေသောကြောင့်ဖြစ်ပါသည်။
ဒိုင်ချက်ကင်းမြေသြဇာ ကို စိုက်ပျိုးရေးတွင်သာမက မွေးမြူရေးတွင်လည်းအသုံးပြုနိုင်ပါသည်။ ၀က်မွေးမြူမည်ဆိုလျှင်ဒိုင်ချက်    ကင်းမြေသြဇာ (၅၀)%နှင့် လွှစာမှုန့်(၅၀)% ရောပြီး (၂)ပေခွဲမှ (၃)ပေ အနက်တူးထားသည့် မြေကျင်းထဲတွင် အခင်းအဖြစ်ဖြည့်ထည့်ရပါမည်။  ယင်းအပေါ်တွင်ဝက်မွေးမြူမည်ဆိုပါက အနံ့ဆိုးလုံးဝမထွက်ပါ။ ရောဂါဒဏ်လည်းခံနိုင်ပြီး အစာကျွေးနှုန်းသက်သာစေပါသည်။ ကြက်မွေးမြူရန်အတွက် (၁)ပေခွဲခန့်အောက်မှ ခင်းပေးလျှင်လုံလောက်ပါသည်။ ဒိုင်ချက်ကင်းသည် မိမိဒေသတွင်းရှိ အပေါ်ယံမြေဆွေးကိုယူ၍ မွေးမြူခြင်းဖြစ်သောကြောင့် မိမိဒေသနှင့်လိုက်လျောညီထွေစွာနေထိုင်နိုင်၍ မိမိရာသီဥတုနှင့် ကိုက်ညီပြီး ဖြစ်ပါသည်။ မိမိယာမြေ၊ စိုက်ခင်းမြေအတွင်းတွင် အလွယ်တကူ နေထိုင်ပြန့်ပွာနိုင်သည်။
ဥပမာ- ရှမ်းပြည်အတွက် ရှမ်းပြည်မှ မြေဆွေး၊ အပူချိန်ဒေသအတွက် အပူပိုင်းဒေသမှ မြေဆွေးကိုသုံး၍မွေးမြူနိုင်ပါသည်။ ဒိုင်ချက်ကင်း ပိုးမွေးမြူပြီး မြေသြဇာပြုလုပ်ရာတွင်လည်း မိမိဒေသထွက်လယ်ယာ၊စွန့်ပစ်ပစ္စည်းများနှင့် စရိတ်စက အကုန်အကျသက်သာ စွာဖြင့် လုပ်ဆောင်နိုင်ပါသည်။ ယင်းမြေသြဇာကိုအသုံးပြုမည်ဆိုပါက များစွာအကျိုးကျေးဇူးရှိကြောင်းတွေ့ရှိပြီးဖြစ်ပါသည်။ သစ်တော ပျိုးဥယျဉ်များတွင် ပျိုးပင်ကငယ်များကိုဒိုချက်ကင်းမြေသြဇာနှင့် မြေကြီး (၅၀)% ရောစပ်၍စမ်းသက်သုံးစွဲပျိုးထောင်ရာတွင် အောင်မြင် သန်စွမ်းသောပျိုးပင်များကို တွေ့ရှိရပါသည်။
Source by – လယ်/ဆည်
The post ဒိုချက်ကင်းသဘာဝေ⁠မြ⁠သြဇာ ⁠ပြုလုပ်သုံးစွဲနည်း appeared first on Myanmar Farmers' Portal.
ေ⁠မြပဲသီး⁠နှံအထွက်⁠နှုန်းတိုးရန် စိုက်ပျိုးနည်း
$
0
0
မြေပဲသီးနှံသည် ဆီထွက်သီးနှံများအနက် စားသုံးဆီ ဖူလုံရေးအတွက် အဓိကအရေးကြီးသည့်သီးနှံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်နှစ်စဉ် (၁.၆)သန်း မှ(၁.၈)သန်းထိ စိုက်ပျိုးသောသီးနှံဖြစ်ပြီး ဆီဖူလုံမှု၏ ၃၆% ထိထုတ်လုပ်ပေးပါသည်။ မြေပဲသီးနှံကိုမိုးရာသီနှင့်ဆောင်းရာသီ   အပြင် မိုးနည်းပါးသောဒေသများတွင် စကမြေပဲအဖြစ် စိုက်ပျိုးလျှက်ရှိပါသည်။
ရာသီဥတု
မြေပဲသီးနှံသည် သမနွေးပိုင်းသီးနှံ (Sub tropical Crop) ဖြစ်၍ အလင်းရောင်နှင့်အပူချိန်လိုအပ်ပါသည်။ သင့်တော်သည့် အပူချိန်မှာ ၂၅ံCမှ ၃၀ံC ရှိပြီး မိုးရေချိန် (၂၀”-၆၀”) အတွင်း ရွာသွန်းသောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။
မြေအမျိုးအစား
အစိုဓါတ် ထိမ်းသိမ်းနိုင်သော နှုန်းမြေ၊ သဲနှုန်းမြေ၊ နှုန်းစနယ်မြေ၊ ကိုင်းကျွန်းမြေတို့တွင် ဖြစ်ထွန်းပါသည်။ မြေချဉ်ငံဓါတ် ၆-၆.၅ သည် အကောင်းဆုံးဖြစ်၍ မြေချဉ်ငံဓါတ် ၅.၅အောက် မြေမျိုးတွင် စိုက်ပျိုးရန်မသင့်ပါ။
မြေပဲသီးနှံအထွက်နှုန်းတိုးစေရန်ဆောင်ရွက်ရမည့်နည်းလမ်းများ
(၁) မြေပဲသီးနှံအထွက်ကောင်းမျိုးများကို ရွေးချယ်အသုံးပြုရန်နှင့် အရည်အသွေးကောင်းမွန်၍ ပင်ပေါက်ရာခိုင်နှုန်း ၈၀% အထက်ရှိသော မျိုးစေ့ကို အသုံးပြုရမည်။
(၂) မစိုက်ပျိုးမီတစ်ပတ်အလိုတွင် အစေ့ထုတ်ပြီး သေးလွန်းကြီးလွန်းသော မျိုးစေ့များကိုဖယ်ပြီး အသုံးပြုရမည်။
(၃) စိုက်ခင်းကို ပေါင်းမြက်များ ပြောင်စင်၍ ညီညာစေရန်အတွက် ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင် မြေပြုပြင်ရမည်။   အောက်မြန်မာနိုင်ငံမိုးရာသီ လယ်မြေများတွင် ဘောင်တင်၍ စိုက်ပျိုးခြင်းကို ဆောင်ရွက်ရန် လိုအပ်ပါသည်။
(၄) မိုးမြေပဲကို ဇွန်လကုန်တွင်လည်းကောင်း၊ ဆောင်းမြေပဲကို စက်တင်ဘာလလယ်မှ နိုဝင်ဘာလလယ်အထိလည်းကောင်း စကမြေပဲ ကို သြဂုတ်လ (၁၅) ရက်အတွင်း အပြီးစိုက်ပျိုးပါ။
(၅) မြေပဲသီးနှံသည် မြေချဉ်ငံဓါတ် ၅.၅ အောက်ရှိ မြေမျိုးတွင် စိုက်ပျိုးပါက အထွက်နှုန်း မြင့်မားစွာ မရရှိ၍ မြေချဉ်ငံဓါတ် ၅.၅ အထက်ရှိ   မြေအမျိုးအစားများတွင် စိုက်ပျိုးရမည်။
(၆) ပင်ထောင်မြေပဲ အထွက်ကောင်း မျိုးများဖြစ်သည့် ဆင်းပဒေသာ – ၅၊ ဆင်းပဒေသာ – ၆၊ ဆင်းပဒေသာ – ၇၊ မကွေး – ၁၁၊ ၊ မကွေး – ၁၅ မျိုးများကို ရွေးချယ်အသုံးပြုရန်နှင့် ပင်ပြန့်မြေပဲကို ကျောင်းကုန်းမျိုးအား အသုံးပြုပါ။
(၇) မျိုးစေ့ကို Thiram, Daconil, Homi မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။
(၈) စိုက်ချိန်တွင် မျိုးစေ့အား ပဲမြစ်ဖု ဇီဝမြေသြဇာ တစ်ဧက တစ်ပေါင်နှုန်းဖြင့် လူးနယ်စိုက်ပျိုးပါ။
(၉) ပင်ထောင်မြေပဲမျိုး တန်းကြား ၁၅’’ ၊ ပင်ကြား ၄’’ ထား၍ လည်းကောင်း ပင်ပြန့်မြေပဲမျိုးအား တန်းကြား ၁၈’’ ၊ ပင်ကြား ၄” ထား၍ လည်းကောင်း စိုက်ပျိုးပါ။
(၁၀) ပင်ထောင်မြေပဲကို ပင်စည်မကြီးမှ တိုက်ရိုက်ထွက်သည့် ဘေးကိုင်း (၄) ကိုင်း အနည်းဆုံး ရရှိအောင်နှင့် ရိတ်သိမ်းချိန်တွင်        တစ်ဧက အပင်ဦးရေ (၁) သိန်း ရရှိအောင် ဆောင်ရွက်ပါ။
(၁၁) မျိုးစေ့ချရာတွင် စိုက်ကြောင်းအတိမ်အနက်သည် အလွန်အရေးကြီး၍ မြေအနက် (၁၁/၂’’) မှ (၂’’) အတွင်း အစိုဓါတ်လုံလောက်စွာ ရရှိနိုင်မည့် အတိမ်အနက်တွင် စိုက်ပါ။
(၁၂) သဘာဝမြေသြဇာ တစ်ဧက လှည်း (၅-၁၀) စီနှုန်း ထည့်ပေးပါ။
(၁၃) ဓါတ်မြေသြဇာကို တစ်ဧက ပုလဲ (၂၈) ပေါင်၊ တီစူပါ (၈၄) ပေါင်၊ ပိုတက်ရှ် (၂၈) ပေါင်၊ လချေး (Gypsum) (၂၀၀) ပေါင် ထည့်သွင်း သုံးစွဲပါ။ ဓါတ်မြေသြဇာကို မြေပြင်ချိန်တွင် ထည့်သွင်းပြီး လချေးကို မြေပဲစိုက်ပြီး (၄၅) ရက်သားတွင် ထည့်သွင်းသုံးစွဲပါ။
(၁၄) မြေပဲစိုက်ပြီး (၄၅) ရက်သားအတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။
(၁၅) မြေပဲအပင် ဖြစ်ထွန်းချိန် အသက်ရက် (၂၅-၄၅) အတွင်း ရေလိုအပ်မှု မရှိစေရန်နှင့် အဆံဖြည့်ချိန်ဖြစ် သော (၇၀-၉၀) ရက်သား အတွင်း ရေလိုအပ်မှု မရှိစေရန် ဆောင်ရွက်ပါ။
(၁၆) ရွက်လိပ်ရွက်ကပ်၊ ပျ နှင့် ဖြုတ်စိမ်းများကို ကာကွယ်နှိမ်နင်းပါ။
(၁၇) ရွက်ပြောက်ရောဂါနှင့် ခါးရိရောဂါအတွက် မှိုသတ်ဆေးများ သုံး၍ ကာကွယ်ပါ။
(၁၈) မြေပဲပင်ညှိုးလာပြီး အရွက်များဝါလာချိန် ရင့်မှည့်သော အတောင့် ၇၀% ရှိချိန်တွင် ရိတ်သိမ်းပါ။
(၁၉) မြေပဲရိတ်သိမ်းချိန်တွင် မြေပဲအတောင့် အစိုဓါတ် (၄၀-၅၀%) ရှိ၍ ခြောက်သွေ့အောင် (၃-၄) ရက် နေလှန်းပြီး ခူးဆွတ်ယူပါ။
(၂၀) သိုလှောင်ရာတွင် မြေပဲတောင့် အစိုဓါတ် (၇-၈%) ထိသာရှိရန်အတွင် နေလှန်းပြီး သံပုံး(သို့) ပလပ်စတစ်အိတ်တို့ဖြင့် သိုလှောင်ပါ။
Source by – လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
The postေ⁠မြပဲသီး⁠နှံအထွက်⁠နှုန်းတိုးရန် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ငွေမိုးမှို၊ ငွေနှင်းမှို နှင့် ပြည်သာယာမှိုစိုက်ပျိုးနည်း
$
0
0
ကောက်ရိုးမှိုကိုအသုံးပြု၍ ဆယ်လိုဖိန်း ပလပ်စတစ်အိပ် (Cellophane bag) ဖြင့်စိုက်ပျိုးနည်း
၁။ ကောက်ရိုး၊ ရိုးပြတ်ကို (၂-၄)လက်မ အရှည်ဖြတ်တောက်ပြီး ရေ၀အောင်ဖျန်းပေးပါ။
၂။ အလျား (၅)ပေ၊ အနံ (၅)ပေ၊ အမြင့် (၁ ၁/၂)ပေ ရှိအလျားပုံပြုလုပ်ပါ။
၃။ တမံသလင်းပေါ်တွင် ဇယားကိုချ၍ ရေဖျန်းထားသောကောက်ရိုးများကိုထည့်ပြီး ခြေဖြင့်နင်းသိပ်ပေးပါ။ အမြင့် (၃-၅)ပေရှိအောင်   ပြုလုပ်ပေးပါ။
၎။ (၄)ရက်ကြာလျှင် ဇယားကို မ၊ ချွတ်၍ နေရာပြောင်းပြီးရိုးပြတ်စတို့ကို အထက်အောက်လှန်ကာ၊ ဇယားတွင် ပြန်ဖြည့်ထည့်၍ ဖိသိပ်   ပေးပါ။
၅။ နောက် (၄)ရက်ကြာပါက ၊  အသုံးပြုရန် အဆင်သင့်ဖြစ်လာပါမည်။ ၄င်းကောက်ရိုးဖြတ်စများကိုအောက်ခြေနှုတ်ခမ်းများ အတွင်း ဖက်သို့ ခေါက်ထားသောပလပ်စတစ်အိပ်ထဲတွင် (၆၀)ကျပ်သားခန့်ထည့်ပြီး အိပ်ကိုတွန့်ခေါက်မနေစေပဲ တင်းကြပ်စွာ ဖိသိပ်ပေးပါ။
၆။ ထို့နောက် ပလပ်စတစ်ကော်လာများစွပ်ပြီး၊ ပလပ်စတစ်အိပ်နှုတ်ခမ်းကိုအပြင်သို့လှန်ချ၍ တင်းကြပ်အော်ဆွဲပြီးသရေကွင်းဖြင့် ချည်နှောင်ပေးပါ။
၇။ က်ာလာဝကို ဂွမ်းဖြင့် မချောင်မကြပ်ပိတ်၍ ပလပ်စတစ်ခွက်ဖြင့် အပေါ်မှ စွပ်အုပ်ပေးပါ။ သို့မဟုတ် စက္ကူပလပ်စတစ်စတို့ဖြင့် လုံခြုံစွာ ဖုံးအုပ်ချည်နှောင်ပေးပါ။
၈။ သံစည်ပိုင်း ပေါင်းအိုးတွင် အထုပ်များကို သပ်ယပ်စွာ စီတန်း၍ဆင့်ထည့်ပြီး သုံးနာရီကြာပီးအပူပေး၍ ပေါင်းပါ။
၉။ အထုပ်များကို သန့်ရှင်း၍ လေလုံသော အခန်းတွင်အအေးခံပြီးမှိုမျိုးထည့်သွင်းပါ။
၁၀။ မှိုမျိုးထည့်ပြီး အထုပ်များကို သီးသန့်အခန်းတစ်ခန်းတွင်အခန်းအပူချိန်အတိုင်းထားပါ။ (၃)ပါတ်ကြာပါက အဖြူရောင်မှိုမြင်များ   ပြည့်လာပါမည်။
၁၁။ အိပ်အတွင်းမှိုမျှင်ပြည့်လာပြီးနောက် အိပ်ပတ်ပတ်လည်တွင် ခပ်စောင်းစောင်း သို့မဟုတ် ကြက်ခြေခတ်သဏ္ဍန်(၄-၆)ချက်ခန့်ခွဲပါ။
၁၂။ တနေ့ရေ(၃)ကြိမ်စိုရွှဲအောင်ပတ်ဖျန်းပါ။ တပတ်ကြာလျှင်မှိုပွင့်ထွက်လာပါမည်။
၁၃။ မှိုတထုပ်မှ မှို (၁၅-၂၀) ကျပ်သား ထွက်နိုင်ပါသည်။
လွှစာကိုအသုံးပြု၍ ဆယ်လိုဖိန်း ပလပ်စတစ်အိပ် (Cellophane bag) ဖြင့် စိုက်ပျိုးနည်း
၁။ မျိုးပွားစာများကိုအလေးချိန်အားဖြင့် အောက်ပါအတိုင်းရောစပ်ပါ။
သစ်ပွလွှစာ      –         ၁၀၀    ရာခိုင်နှုန်း
ဆန်ဖွဲနု           –         ၅-၁၀   ရာခိုင်နှုန်း
ဆားခါး           –         ၀.၂     ရာခိုင်နှုန်း
အစိုဓါတ်         –         ၆၅-၇၅ ရာခိုင်နှုန်း
တို့ကိုနှံ့စပ်အောင်ရောမွှေပါ။
၂။ အောက်ခြေနှုတ်ခမ်းများအတွင်းဖက်သို့ ခေါက်ထားသော ပလပ်စတစ်အိပ်များကို (၆၀)ကျပ်သားနှုန်းထည့်၍ အိပ်ကိုတွန့်ခေါက်မနေ   စေပဲ၊ တင်းကျပ်စွာ ဖိသိပ်ပေးပါ။
၃။ ပလပ်စတစ်ကော်လာများစွပ်ပြီး ပလပ်စတစ်အိပ်နှုတ်ခမ်းများကို အပေါ်သို့လှန်ချ၍ တင်းကြပ်အောင်ဆွဲပြီး သားရေကွင်းဖြင့် ချည်နှောင်ပါ။
၎။ တဖတ်တွင် အချင်း(၁)လက်မရှိပြီး တဖတ်ချွန်ထပ်ပုံသဏ္ဍန် သစ်သားချောင်းဖြင့် အိပ်၏ အောက်ခြေအထိ အပေါက်ဖော်ပေးပါ။
၅။ ကော်လာဝကို ဂွမ်းဖြင့်မချောင်မကြပ်ပိတ်၍ ပလပ်စတစ်ခွက်ဖြင့် အပေါ်မှ စွပ်အုပ်ပေးပါ။ သို့မဟုတ် စက္ကူ ပလပ်စတစ်စတို့ဖြင့် လုံခြုံစွာ ဖုံအုပ်ချည်နှောင်ပေးပါ။
၆။ သံစည်ဝိုင်း ပေါင်းအိုးတွင် အထုပ်များကို သန့်ရှင်းသပ်ယပ်စွာ စီတန်းဆင့်ထည့်ပြီး (၃)နာရီကြာ မီးအပူပေး၍ ပေါင်းပါ။
၇။ အထုပ်များကို သန့်ရှင်း၍ လေလုံသောအခန်းတွင် အအေးခံပြီး မှိုမျိုးကို ထည့်သွင်းပါ။
၈။ မှိုမျိုးထည့်ပြီး အထုပ်များကို သီးသန့် အခန်းတခန်းတွင် အခန်းအပူချိန် အတိုင်းထားပါ။ (၃) ပါတ်ကြာပါက ၊ အဖြူရောင် မှိုမျှင်များ   ပြည့်လာပါမည်။
၉။ အိပ်အတွင်း မှိုမျှင်ပြည့်လာပြီးနောက် အိမ်ပတ်လည်တွင် ခပ်စောင်းစောင်း သို့မဟုတ် ကြက်ခြေခတ်သဏ္ဍန် (၄-၆) ချက်ခန့် ခွဲပါ။
၁၀။ တနေ့ ရေ (၃) ကြိမ် စိုရွဲအောင် ဖျန်းပေးပါ။ တပါတ်ကြာလျှင် မှိုပွင့် ထွက်လာပါမည်။
၁၁။ မှိုတထုပ်မှ မှို (၁၅-၂၀) ကျပ်သား ထွက်ရှိနိုင်ပါမည်။
Source by – လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း
The post ငွေမိုးမှို၊ ငွေနှင်းမှို နှင့် ပြည်သာယာမှိုစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ထူး⁠ခြား⁠သော ဆင်းပ⁠ဒေသာေ⁠မြပဲမျိုးများ၏ အရည်အ⁠သွေး လက္ခဏာများ
$
0
0
ဆင်းပဒေသာ (၅)
၁။ အိန္ဒိယနိုင်ငံ ICRISAT မှ ရရှိသော (ICGV – ၈၇၁၆၀) မျိုးမှ မွေးမြူရွေးချယ်ခဲ့သော အထွက်ကောင်း မြေပဲမျိုး ဖြစ်ပါသည်။
၂။ ပင်ထောင်မြေပဲမျိုးဖြစ်၍ အပင်သက်တမ်း (၁၀၅-၁၂၀) ရက် ရှိပါသည်။
၃။ အစေ့အရောင် ပန်းရောင်ဖြစ်ပြီး အဆံဆီထွက် (၆၈%) ရှိ၍ စေ့ (၁၀၀) အလေးချိန် (၃၆-၄၀) ဂရမ် ရှိပါသည်။
၎။ ဆင်းပဒေသာ – ၅ မြေပဲမျိုး၏ အတောင့်မှာ အရွယ်အစားကြီးပြီး အကြောထင်ရှားပါသည်။
၅။ ရွက်ပြောက်ရောဂါဒဏ် အတောင်အသင့်ခံနိုင်ရည်ရှိပြီး သံချေးရောဂါ ခံနိုင်ရည်ရှိပါသည်။
၆။ ရွက်ကပ်ပိုးဒဏ်ကို အတော်အသင့် ခံနိုင်ရည်ရှိပါသည်။
၇။ မြေကောင်းကြိုက်ပြီး မိုးများဒဏ်ခံနိုင်ကာ (၆၀-၈၀) တင်းထွက် ရှိနိုင်သောမျိုး ဖြစ်ပါသည်။
၈။ မိုးမြေပဲအဖြစ် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စိုက်ပျိုးသင့်ပါသည်။
ဆင်းပဒေသာ (၆)
၁။ ဗဟိုစိုက်ပျိုးရေး သုတေသနမှ ၁၉၉၇ တွင် (YZG.91026) မှ မျိုးစိပ်မွေးမြူပြီး ရေငတ်ဒဏ်ခံ မြေပဲမျိုး ဖြစ်ပါသည်။
၂။ ပင်ထောင်မြေပဲမျိုးဖြစ်၍ အပင်သက်တမ်း ( ၁၀၅-၁၁၅) ရက် ရှိပါသည်။
၃။ အစေ့အရောင် ပန်းရောင်ဖြစ်ပြီး အဆံအဆီထွက် (၇၄%) ရှိ၍ အစေ့ (၁၀၀) အလေးချိန် (၄၀) ဂရမ် ရှိပါသည်။
၎။ အတောင့်အရွယ်သေး၍ နှုတ်သီး ထင်ရှားပါသည်။
၅။ ရောဂါနှင့် ရွက်လိပ်ပိုးဒဏ် အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။
၆။ တစ်ဧကလျှင် (၆၅-၇၅) တင်း ထွက်ရှိနိုင်သည်။
၇။ ရေငတ်ဒဏ်ခံနိုင်ပြီး သဲဆန်သော အစိုဓါတ်နည်းသော မြေတို့တွင် ဖြစ်ထွန်း၍ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်း အလယ်ပိုင်းတို့တွင် စိုက်ပျိုးသင့်သော မျိုးဖြစ်ပါသည်။
ဆင်းပဒေသာ (၇)
၁။ အိန္ဒိယနိုင်ငံ ICRISAT မှ ရရှိသော ( ICGV – ၉၃၃၈၂) မျိုးမှ မွေးမြူရွေးချယ်ခဲ့သော သက်လျှင်မြေပဲမျိုး ဖြစ်ပါသည်။
၂။ ပင်ထောင်မြေပဲမျိုးဖြစ်၍ အပင်သက်တမ်း (၉၀-၉၅) ရက် ရှိပါသည်။
၃။ တစ်ပင်ပါ အောင်စေ့ (၂၅-၃၀) ထိ ရှိပါသည်။
၎။ အစေ့အရောင် ပန်းရောင်ဖြစ်ပြီး အဆံဆီထွက် (၇၄%) ရှိ၍ အစေ့ (၁၀၀) အလေးချိန် (၄၁) ဂရမ် ရှိပါသည်။
၅။ ဆင်းပဒေသာ (၇) မြေပဲမျိုး၏ အတောင့်မှာ အလတ်စားဖြစ်ပြီး အကြောအသင့်အတင့် ရှိပါသည်။
၆။ တစ်ဧက (၁၀၀-၁၂၀) ထင်းထိ ထွက်ရှိနိုင်ပါသည်။
၇။ ရွက်ပြောက်ရောဂါဒဏ်နှင့် ရွက်လိပ်ပိုးဒဏ်ကို အတော်အသင့် ခံနိုင်ရည် ရှိပါသည်။
၈။ မြေကောင်းသောကြောင့် ကိုင်း၊ကျွန်းမြေများတွင် အများဆုံး စိုက်ပျိုးသင့်ပြီး မိုးမြေပဲအဖြစ် မြေဆီလွှာထက်သန်သော မြေတို့တွင်   ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
Source by – လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
The post ထူး⁠ခြား⁠သော ဆင်းပ⁠ဒေသာေ⁠မြပဲမျိုးများ၏ အရည်အ⁠သွေး လက္ခဏာများ appeared first on Myanmar Farmers' Portal.
ကော်ဖီသီးနှံအထွက်တိုးရေး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
$
0
0
 ကော်ဖီသီးနှံအထွက်တိုးရေး အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
၁။ ပျိုးပင်၏ ပထမဆုံး ကိုင်းဖြာထွက်စ၊ ပျိုးသက်အားဖြင့် ( ၁၂ ) လမှ ( ၁၆ ) လသားအရွယ်ရောဂါကင်းသော ပျိုးပင်များကိုသာ စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပါ။
၂။ အရိပ်ပင်အတွက် လိုအပ်သလို ပုံသွင်းပြုပြင်နိုင်သော ဘောစကိုင်းကဲ့သို့ အပင်မျိုးကို သုံးပါ၊ ကော်ဖီပင် ( ၂ ) တန်းတွင် အရိပ်ပင် ( ၁ ) တန်း စနစ်ဖြင့် စိုက်ပါ။ မိုးရာသီတွင် အရိပ်ပင်တိုင်းကို အလယ်ကိုင်းတစ်ကိုင်းသာချန်ပြီး ခုတ်ပေးပါ။
၃။ စိုက်ကျင်းကို ( ၂ပေ× ၂ပေ× ၂ပေ) အရွယ်တူးပါ၊ စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေး ( ၈ ) ပြည်နှင့်စူပါဖော့စဖိတ်ဟင်းစားဇွန်း ( ၂ ) ဇွန်းကို အပေါ်ယံ မြေသားနှင့် သမအောင် ရော၍ ထည့်ပါ။
၎။ စိုက်စနစ်ကို ( ၈ ပေ× ၈ပေ ) –( ၆× ၈ပေ ) စနစ်ကို ရေ၊ မြေ ဒေသအမျိုးအစားအလိုက် သုံးနိုင်ပါတယ်။
၅။ စိုက်ကျင်းများတွင် နွားချေးဆွေး သတ်မှတ်နှုန်းအတိုင်း ထည့်လျှင် ( ၂ ) နှစ်သားအထိ လုံလောက် နိုင်ပါသည်။
၆။ အပင် ( ၃ ) နှစ်သားမှ စတင်၍ တစ်ပင်လျှင် ပုလဲ ဓာတ်မြေသြဇာ နို့ဆီဗူး ( ၁ ) ဗူး၊ တီစူပါ ( ၁ ) ဗူး နှင့် ပိုတက် ၁ ဗူးခွဲနှုန်း ထည့်ပါ။ အနည်းဆုံး မေလတွင် တစ်ကြိမ်၊ သြဂုတ်၊ စက်တင်ဘာလတွင် တစ်ကြိမ် ( ၂ ) ကြိမ်ခွဲထည့်ပါ။
၇။ စိုက်ခင်းသစ်များတွင် အောက်ပါအတိုင်း ကိုင်းဖြတ် ပြုပြင်ပေးပါ။
( က ) အကိုင်းများကို အရင်းဘက်တွင် ( ၉ ) လက်မအထိ အရွက် များ ရှင်းပေးပါ။
( ခ ) မြေနှင့်ထိနေသော အကိုင်းများကို ဖြတ်ပေးပါ။
( ဂ ) ဒုတိယ အကိုင်းများကို ထွက်လာတိုင်းဖြတ်ပေးပါ၊ သီးကိုင်း ဖြစ်ပါက အဖျားတွင် ဒုတိယအကိုင်းငယ် ( ၂ ) ခုကို မဖြတ်ပဲ ချန်ထားပါ။
( ဃ ) အသီးကိုင်း တစ်ကိုင်းမှ ( ၂ ) နှစ်သား အသီးခံယူပါ၊ ဒုတိယ အသီးဆွတ်ခူးပြီးချိန်တွင် အရင်းမှ ဖြတ်ပစ်ပါ။
( င ) အပင်အမြင့် ( ၆ ) ပေတွင် ခေါင်ညွန့်ြ့ဖတ်ပေးပါ။
၈။ စိုက်ခင်းဟောင်းများတွင် အောက်ပါအတိုင်း ကိုင်ဖြတ် ပြုပြင်ပေးပါ။
( က )   အောက်ဆုံးဖြာထွက်သော အကိုင်းမြေပြင်မှ အမြင့် ( ၄ ) ပေရှိချိန်တွင် ပင်စည်အခြေဘက်မှ ထွက်သော သားတက်များကို   မွေးထားပါ။
( ခ ) သားတက်များ တစ်နှစ်သား ( ၁၈ ) လက်မ အမြင့်တွင် ပင်စည်ကို ဖြတ်ပေးပါ။ သားတက်များ မရှိသောဘက်တွင် မျက်နှာစောင်း ထားပြီး ဖြတ်ပါ။ သားတက်များအနက်၊ အသန်ဆုံး ( ၂ ) တက်ကို ချန်ပြီး ကျန်သားတက်များကို အရင်းမှ ဖြတ်ပေးပါ။
( ဂ ) သားတက်များ ( ၂ ) နှစ် အရွယ်တွင် အသီးခံယူနိုင်သော ကိုင်းမအရွယ်ရောက်သည်။
( ဃ ) ကိုင်းမကြီး ( ၂ ) ကိုင်းပေါ်တွင် ဒုတိယ အကိုင်းထိ အသီးခံယူနိုင်သည်။ ဒုတိယအကိုင်းပေါ်တွင် ( ၃ ) ဆစ်ထိသာ အသီးခံပါ။
( င ) ကိုင်းမကြီး ( ၂ ) ခုမှ အတွင်းဘက်သို့ ဖြာထွက်ပြီး ယှက်နေသော အကိုင်းများကို ရှင်းပေးပါ။
( စ ) ကိုင်းမကြီးများကို အောက်ဆုံးကိုင်းဖြာသည့် နေရာမှ ( ၅ ) ပေ အမြင့်တွင် ခေါင်ညွန့် ဖြတ်ပေးပါ။
( ဆ ) ကိုင်းမကြီးများကို ( ၄ ) နှစ်မှ ( ၅ ) နှစ်ထိ အသီးခံယူနိုင်သည်။
( ဇ ) ကိုင်းမကြီးများကို ( ၃ ) နှစ်မြောက် အသီးခံယူသောနှစ်တွင် အောက်ဘက် ပင်စည်မှ ထွက်လာမည့် သားတက်များကို မွေးထားပါ။
( ဈ ) ( ၄ ) နှစ်မြောက် အသီးခံယူချိန်တွင် ကိုင်းမကြီး ( ၂ ) ခုအနက်၊ ( ၁ ) ခုကို အရင်းမှ ဖြတ်ပေးပါ။ ဖြတ်ရာတွင် အပြင်ဘက်သို့   စောင်းဖြတ်ပါ။ ထိုအချိန်တွင် မွေးထားသောသားတက်များ ( ၁ ) နှစ်သားရှိပြီ ဖြစ်၍ အသန်မာဆုံး သားတက် ( ၂ ) ခုကိုချန်လျက် ကျန် သားတက်များကို ဖြတ် ပစ်ပါ။
( ည ) ကျန်ကိုင်းမကြီးမှ ( ၅ ) နှစ်မြောက် အသီးကိုခံယူပါ၊ ထိုအချိန်တွင်မွေးထားသော သားတက် ( ၂ ) ခုမှာ ( ၂ ) နှစ်သားအရွယ်   ရောက်ရှိပြီ ဖြစ်သည်။ ( ဋ ) မွေးထားသော သားတက်သစ်များမှ ( ၃ ) နှစ်သားတွင် ကိုင်မအရွယ် ရောက်ရှိပြီး အသီးစတင်ခံယူနိုင် သည်။
(ဌ ) ယင်းနည်းအတိုင်း သားတက်သစ်များမွေးခြင်း၊ ကိုင်းမ ဟောင်းများဖြတ်ပေးခြင်းနှင့် သီးကိုင်းများ ပြုစုခြင်းတို့ကို ဆက်လက်ဆောင် ရွက်ပါ။
( ဍ ) ကိုင်းမများ၊ သားတက်များကို ဖြတ်ပြီးလျှင်ဖြတ်ရာကို ဘော်းဒိုဆေးရည်သုတ်လိမ်းပါ။
၉။ မိုးတွင်းတွင် အခါအားလျော်စွာ ပေါင်းရှင်းပါ။
၁၀။ မိုးကုန်သည်နှင့်တစ်ပြိုင်နက်၊ အပင်တန်းကြားတွင် မြက်ခြောက် ကောက်ရိုးများဖုံးအုပ်လျက် အစိုဓာတ်ထိန်းပေးပါ။ ရနိုင်ပါက ( ၄ ) လက်မခန့်ထူအောင် ဖုံးအုပ်ပေးပါ။
The post ကော်ဖီသီးနှံအထွက်တိုးရေး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ appeared first on Myanmar Farmers' Portal.
⁠ကော်ဖီစိုက်ပျိုးနည်း (အပိုင်း-၁)
$
0
0
အင်္ဂလိပ်အမည်    …..   Coffee
ရူပဗေဒ          ………  Cofea spp.
မျိုးရင်းအမည်   ………  Rubiaccae
၁။ ကော်ဖီမျိုးများ
ရူပဗေဒလက္ခဏာကွဲပြားခြားနားချက်များအရ Coffee Arabica မျိုး C.liberica မျိုးနှင့် C.excelsa မျိုးဟူ၍(၄)မျိုးရှိသည်။ မြန်မာနိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင်အထက်မြင့် အလိုက်ဖြစ်ထွန်းမှုအခြေအနေပေါ်မူတူ၍ ကုန်းမြင့်ကော်ဖီမျိုးနှင့် မြေနိမ့်ကော်ဖီမျိုးဟူ၍ (၂)မျိုးခွဲ ထားပါသည်။
ကုန်းမြင့်မျိုးများမှာ C.arabica မျိုးများဖြစ်ပြီး မြေနိမ့်ကော်ဖီမျိုးများမှာ အများအားဖြင့် C.robusta နှင့် C.liberica မျိုးများဖြစ်ပါသည်။ ကုန်းမြင့်ကော်ဖီမျိုးများမှာ အများအားဖြင့် C.robusta နှင့် C.liberica မျိုးများဖြစ်ပါသည်။
ကုန်းမြင့် ကော်ဖီမျိုးများမှာပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၇၀၀)မှ (၅၄၀၀)အတွင်း ဖြစ်ထွန်းပြီး မြေနိမ့် ကော်ဖီမျိုးများမှာ ပင်လယ်   ရေမျက်နှာပြင်မှ အထက်ပေ(၂၇၀၀)အထိအတွင်း ဖြစ်ထွန်းသည်။
၂။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့်ဒေသ
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် အကြီးအကျယ်စိုက်ပျိုးကြသည်။ ကယားပြည် နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်းအနည်းငယ်စီ စိုက်ပျိုးကြသည်။
မြေနိမ့်ကော်ဖီမျိုးများကို ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ တနလာင်္ရီတိုင်းများတွင်စိုက်ပျိုးဖြစ်ထွန်းပါသည်။
မှတ်ချက်။        ။ ကော်ဖီမျိုး(၄)မျိုး၏ ရူပဗေဒလက္ခဏာကွဲပြားခြားနားချက်များကို နောက်ဆက်တွဲ(၂)ဖြင့်ဖော်ပြထားပါသည်။
၃။ မြေနေရာ ရွေးချယ်ခြင်း
ကော်ဖီစိုက်ခင်းမြေနေရာသည် ရေစီးဆင်းမှုကောင်းမွန်သည့်ပြန့်ပြူးညီညာသောမြေနေရာဖြစ်သင့်ပါသည်။
တောင်စောင်းများတွင်စိုက်ပျိုးပါက ဆင်ခြေလျှော(၁၀ မှ ၁၅)ရာခိုင်နှုန်းသာရှိသင့်ပြီးတော်စောင်းရှည်လျားပါက (၃၅)ရာခိုင်နှုန်း ထိစိုက် ပျိုးနိုင်ပါသည်။တောင်စောင်းမတ်စောက်လွန်းပါက ကွန်တိုနှင့် လှေကားတစ်များဖော်ထုတ်စိုက်သင့်ပါသည်။
၃။ မြေအမျိုးအစား
အပေါ်ယံမြေသားနက်ပြီး သစ်ဆွေးဓာတ်ကြွယ်ဝသော မြေမျိုးသည်အသင့်တော်ဆုံးဖြစ်ပါသည်။လေ၀င်လေထွက်ကောင်းမွန်ပြီး   ရေမ၀ပ်သောအခြေအနေရှိရန်လိုအပ်ပါသည်။ မြေအချဉ်ငံဓာတ် pH(၇)အောက်တွင်စိုက်ပျိုးဖြစ်ထွန်းသော်လည်းPH(၄.၅) မှ (၅.၅) အတွင်းမှာအကောင်းဆုံးဖြစ်ပါသည်။
၅။ ရာသီဥတု
အကြမ်းအားဖြင့်တစ်နှစ်ပတ်လုံး ညီမျှစွာမိုးရွာသွန်းသည့်အေးမြသောရာသီဥတုကိုနှစ်သက်ပါသည်။ အစိုဓာတ် (၇၈ မှ ၈၅ရာခိုင်နှုန်း) အပူချိန်(၁၃ မှ ၂၆)ဒီဂရီစင်တီဂရိတ်နှင့် တစ်နှစ်မိုးရေချိန် (၁၉၀၀ မှ ၂၀၀၀)မီလီမီတာ ရှိရန်လိုအပ်ပါသည်။ ကော်ဖီသည် လင်းတာကို ကြိုက်ပ်သဖြင့်တစ်ရက် (၁၃)နာရီထက် ကျော်သည့်ဒေသများတွင်သီးပွင့်မှုမရှိသဖြင့် လင်းတာတိုဗေဒများတွင်သာစိုက်ပျိုးဖြစ်ထွန်းနိုင် ပါသည်။
၆။ မျိုးစေ့ခံယူရေးနှင့် ပြုပြင်ခြင်း
မိျုးစေ့ခံယူမည့်အမိပင်သည် သက်တမ်း(၆)နှစ်မှ(၈)နှစ်ခန့်ရှိပြီး အပင်ရှင်သန်ကြီးထွားမှုအသီးတင်မှုနှင့် အပင်ပုံသဏ္ဍန်စသည့် လက္ခဏာ များကောင်းမွန်သော အပင်များကို ရွေးချယ်ဆွတ်ခူးရပ်မည်။
ဆွတ်ခူးပြီးသည့် အသီးများကို ရေစည်ပိုင်းတွင်ထည့်၍ရေစိမ့်ပြီး ရေပေါ်နေသော အပင်မပေါက်နိုင်သည့် အသီးညံ့များကိုဖယ်ပစ်ရမည်။   ရွေးချယ်ထားသောအသီးများကို အခွံချွတ်၍ အချဉ်ပေါက်စေရန်၊တစ်ညခန့်ရေစိမ်ထားရမည်။ နောက်တနေ့တွင်ရိနေသော အသီးခွံနှင့် အသီးများကို အသားများကိုရေဖြင့်စင်အောင်ဆေးကြောဖယ်ရှားပစ်ရသည်။ ဆေးကြောပြီးအစေ့များကို အရိပ်အောက်တွင် (၁၀)ရက် ကြာခန့်  လေသလပ်အခြောက်ခံရသည်။ အစိုဓါတ် ရာခိုင်နှုန်း(၁၅ မှ ၁၈)ကျန်သည်အထိအခြောက်ခံရသည်။ မျိုးစေ့များကို ဆွတ်ခူး   ပြုပြင်ပြီးမကြာမီ အချိန်အတွင်းစိုက်ပျိုးသင့်သည်။ သို့ရာတွင်ပြာဖြင့်လူးနယ်၍ ခြောက်သွေ့သောနေရာတွင်သိုလှောင်ခြင်းဖြင့် အချိန် ကာလအတန်ကြာသည်အထိ အပင်ပေါက်နှုန်းများစွာ မကျဆင်းအောင် ထိန်းသိမ်းနိုင်ပါသည်။
The post ⁠ကော်ဖီစိုက်ပျိုးနည်း (အပိုင်း-၁) appeared first on Myanmar Farmers' Portal.
⁠ကော်ဖီစိုက်ပျိုးနည်း အပိုင်း(၂)
$
0
0
၇။ ပျိုးထောင်ခြင်း
(က) မျိုးစေ့လိုအပ်ချက်
မျိုးစေ့ပျိုးထောင်ရာတွင် အပင်မပေါက်မည့် မျိုးစေ့များ၊ အပင်ဖာထေးရန် လိုအပ်ချက်များအတွက် မျိုးစေ့ လိုအပ်ချက်ထက် ၅၀% ခန့် အပို   ဆောင်း၍ ပျိုးထောင်ရပါသည်။
(ခ) ပျိုးဘောင်ပြုပြင်ခြင်း
ပျိုးဘောင်များကို အလျား (၂၅) ပေပ၊ အနွ(၄) ပေ အမြင့် (၁) ပေ အရွယ်ဖြင့်၊ တစ်ဘောင်နှင့် တစ်ဘောင် (၁) ပေခြား၍ ဖော်ရမည်၊ ပျိုးဘောင်တစ်ဘောင်လျှင် နွားချေးဆွေး (၂) တင်း၊ သဲနုန်း (၁) တင်းနှင့် ဆူပါဖော့စဖိတ် နို့ဆီဗူး (၂) လုံး နှုန်းထည့်ပေးလျက် ကောင်းစွာ သမစေရန် ရောပြီး မျက်နှာပြင်ညီအောင် ညှိထားရမည်။ မျိုးစေ့များ အပင်ပေါက်လွယ်ကူ လျှင်မြန်စေရန်အတွက် ပျိုးဘောင်မျက်နှာပြင်ပေါ် တွင် သဲလွှာအထူ (၁) လက်မခန့် ခင်းထားရမည်။
(ဂ) မျိုးစေ့ချခြင်း
ညီညာသော ပျိုးဘောင်မျက်နှာပြင်တွင် ကော်ဖီစေ့များကို တစ်တန်းနှင့်တစ်တန်း (၆) လ်မခြားချက် တစ်စေ့နှင့် တစ်စေ့ (၂) လက်မခြား၍ ချပေးရပါသည်။ မျိုးစေ့များကို အစေ့ခွံမချွတ်ဘဲ စိုက်ပျိုးခြင်းထက် အစေ့ခွံချွတ်ပြီး စိုက်ပျိုးပါက အပင်ပေါက် ပိုမိုမြန်ပါသည်။ မျိုးစေ့ချရာတွင် ပျိုးဘောင်များ၏ အပေါ်ယံသဲလွှာပေါ်တွင် မျိုးစေ့များကို မှောက်လျက်အနေအထားဖြင့် ၁/၄ လက်မခန့် နစ်မြှုပ်ပြီး၊ သဲဖြင့်ပြန်ဖုံးပေးရ သည်။  ယင်းပေါ်တွင် မြက်ခြောက်(သို့) ကောက်ရိုးကို မထူမပါးထပ်မံဖုံးပေးပြီး ၊ ရေ၀အောင် လောင်းပေးရသည်။
(ဃ) ပျိုးခင်းပြုစုခြင်း
ပျိုးခင်းကို သဘာဝ သစ်ပင်ကြီးများ အရိပ်အောက် သို့မဟုတ် (၆.၀ မှ ၈၀%) အရိပ်ရမည့် ရိပ်ကြဲစင်အောက်တွင် ပြုလုပ်ရမည်။   ရေလောင်း ခြင်းကို မြေအစိုဓါတ် အခြေအနေကို ကြည့်၍ (၂) ရက်ခြား သို့မဟုတ် (၁) ပတ်ခြား လောင်းပေးရမည်။ ရာသီဥတု အခြေ အနေအလိုက် အရိပ်အစိပ် အကြဲကို ပြုပြင်ပေး ရမည်။ ပေါင်းမြက်ကို အခါအားလျော်စွာ ရှင်းပေးရမည်။
၈။ ပျိုးပင်ငယ်ပြောင်းရွေ့ခြင်း
ပျိုးထောင်ပြီး (၁) လမှ (၁ ၁/၂) လခန့်ကြာသောအခါတွင် ၊ အပင်စတင်ပေါက်သည်။ ပျိုးပင်ကလေးများ၊ မူမှန် ရွက်ဆိုင်(၂) စုံ (အရွက်လေးရွက်) ရှိချိန်တွင် (၇×၄) လက်မအရွယ် ပလပ်စတစ်အိတ်များတွင် ပြောင်းရွေ့ စိုက်ပျိုးရသည်။ ရေစီးဆင်းရန်အတွက် အိတ် ၏ အခြေဘက်တွင် အပေါက်ငယ်များ တစ်ဘက် (၄ မှ ၅) ပေါက် ဖောက်ပေးရသည်။
ပလပ်စစတစ်အိတ်များအတွင်း ပျိုးပင်ငယ်များ၊ ဘေးအကိုင်းစတင်ဖြာထွက်စအချိန်  ပျိုးပင်အသက်အားဖြင့် (၁၂) လမှ (၁၆) လအတွင်း  အမြဲစိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးနိုင်သည်။ ပျိုးပင်ငယ်စဉ် အရိပ်စိပ်စိပ်လိုအပ် သော်လည်း ပျိုးပင်အရွယ်ကြီးလာသည်နှင့်အမျှ ရှည်မျောမျော ဖြစ်မသွားအောင် တဖြည်းဖြည်း အရိပ်ဖွင့်ပေးရသည်။ စိုက်ခင်းသို့ မပြောင်းရွေ့မီတစ်လခန့် ကြိုတင်၍ ရေကို တဖြည်း   ဖြည်း လျော့လောင်းလျက်၊ တစ်ပတ်ခန့်အလိုတွင် လုံးဝဖြတ်တောက်ပေးရသည်။
စိုက်ခင်းပြုပြင်ခြင်း
တောခုတ်၊ ကျွန်းခွေ၊ မြေယာ ရှင်းလင်းဖြင်း၊ စိုက်ကျင်းတူးဖော်ခြင်း စသည့်လုပ်ငန်းများကို မိုးဦးကျစိုက်ချိန် မတိုင်မီ (၃) လခန့် ကြိုတင်   ဆောင်ရွက်ထားရသည်။ စိုက်ကျင်းကို (၂×၂×၂) ပေအရွယ် တူးဖော်ရသည်။ တူးဖော်ရာတွင် အပေါ်ယံမြေသား ( Top Soil) ကို ကျင်း၏တဘက်၊ အောက်ခံမြေသား (Sub Soil) ကို ကျင်း၏အခြားတဘက် သီးခြားစီ စုပုံထားရသည်။ မိုးဦးမကျမီ တစ်လခန့်အလိုတွင် အပေါ်ယံမြေသားနှင့် တစ်ကျင်းလျှင် နွားချေးမြေဆွေး(၄) ပြည်၊ စူပါဖော့စဖိတ် ဟင်းစားဇွန်း (၂) ဇွန်းနှုန်းဖြင့် သမအောင် ရောလျက် ကျင်းထဲသို့ ပထမထည့်ပြီး၊ အောက်ခံ မြေသားကို အပေါ်မှ ဖြည့်ထည့်ေ့းရသည်။ မိုးဦးတစ်ကြိမ် နှစ်ကြိမ် ကျပြီးနောက် မြေကျွံကျသွား   သော ကျင်းများကို မြေဆွေးဖြင့် ထပ်ဖြည့်ပေးရသည်။
ကော်ဖီပင်တစ်ဧကတွင် စိုက်ပျိုးသင့်သည့် အပင်အရေအတွက်မှာ စိုက်ခင်းမြေသြဇာထက်သန်မှု၊ စိုက်ပျိုးမည့် မျိုးနှင့် အသုံးပြုမည့် အပင်ပုံသွင်းစနစ်ပေါ်မူတည်၍ အမျိုးမျိုး ကွဲပြားပါသည်။ မြန်မာပြည်တွင် ကုန်းမြင့် ကော်ဖီမျိုးများနှင့် မြေနိမ့်ကော်ဖီမျိုးများ၏ စိုက်ပျိုးသင့် သည့်တန်းကြားအပင်အကွာအဝေး တစ်ဧက ၀င်ဆန့်သည့် အပင်အရေအတွက်တို့ကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည်။
             စိုက်စနစ် (တန်းကြား×ပင်ကြား) ပေ တစ်ဧက၀င်ဆန့်အပင်အ   ရေ အတွက်
ကုန်းမြင့်ကော်ဖီ ၈×၆ ၉၀၇
၈×၈ ၆၈၀
၁၀×၈ ၅၄၄
မြေနိမ့်ကော်ဖီ ၁၀×၁၀ ၄၃၅
၁၃×၁၀ ၃၃၅
၁၃×၁၃ ၂၅၇
၁၀။ စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးခြင်း
ကော်ဖီပျိုးပင်များကို ဘေးကိုင်းစတင်ဖြာထွက်စအချိန်တွင် စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးရသည်။ သက်တမ်း အားဖြင့် ပျိုးထောင်သည်မှ (၁၂) လမှ (၁၆) လသားအရွယ် ဖြစ်ပါသည်။ မိုးဦးကျ၊ မေ၊ ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးသည်။ စိုက်ပျိုးရာတွင် ပလပ်စတစ်အိတ်ကို   မြေလုံးမပျက်အောင် ခွဲထုတ်ပြီး စိုက်ကျင်းအလယ်တည့် တည့်တွင် ချစိုက်ရသည်။ ပျိုးပင်မြေလုံး၏ မျက်နှာပြင်နှင့် စိုက်ကျင်းမြေသား မျက်နှာပြင်တညီတည်းရှိရန် လိုအပ်သည်။ စိုက်ကျင်းအတွင်း နစ်မြှုပ်လွန်းပါက ၊ နစ်မြှုပ်နေသော ပင်စည်ပိုင်းမှ သားတက်များ ထွက်လာ ပြီး အပင်ပွားများ ဖြစ်ပေါ်ထာတတ်သည်။ မြေပေါ်ပေါ်လွန်းပါက အမြစ်များလေ၊ နေရောင်ခြည်နှင့် ထိတွေ့ပြီး အပင်ကြီးထွားမှု   နှောင့်နှေးတတ်သည်။
The post ⁠ကော်ဖီစိုက်ပျိုးနည်း အပိုင်း(၂) appeared first on Myanmar Farmers' Portal.
⁠ရေဆင်းပဲစဉ်းငုံမျိုးများစိုက်ပျိုးနည်းစနစ်
$
0
0
၁။ အပင်ပေါက်ရာခိုင်နှုန်း (၈၅-၉၀)နှင့်အထက်ရှိသော ပဲစဉ်းငုံမျိုးများကိုအသုံးပြုပါ။
၂။ အပင်ဦးရေအပြည့်အ၀ရရှိရန် အပင်ပေါက်အရွယ်မှစ၍ အပင်(၁)လသားအတွင်း မြေတွင်းအောက်ပိုးကျရောက်ဖျက်ဆီးခြင်းမှ ကာကွယ်ရန်ဆေးရွက်ကြီးမှုန့် (သို့) တမာကြိတ်ဖတ်အားတစ်ဧကလျှင် (၂၂၄)ပေါင်နှုန်းမြေပြင်ချိန်၌ထည့်၍ ထွန်ယက်စိုက်ပျိုးပါ။
၃။ စိုက်ပျိုးချိန်တွင် ပဲမြစ်ဖုဇီဝမြေသြဇာ တစ်ဧကတစ်ထုပ်နှုန်းမျိုးစေ့နှင့် လူးနယ်စိုက်ပျိုးပါ။
၎။ အမြင့်ဆုံးအထွက်ရရှိရန် တီစူပါမြေသြဇာတစ်ဧက(၅၆)ပေါင်နှုန်းမြေခံစိုက်ပျိုးပါ။
၅။ သက်လတ်နှင့် သက်ကြီးပဲစဉ်းငုံမျိုးများကို မေလနှင့်ဇွန်လအတွင်းပင်ကြား၊တန်းကြား၊ အကွာအဝေး (၄.၅ပေ × ၁ပေ)ထား၍ အပင် ဦးရေတစ်ဧက (၉၆၈၀)ရရှိအောင် စိုက်ပျိုးပါ။စိုက်ချိန်နောက်ကျလျှင်ပင်ကြား၊ တန်းကြားအကွာအဝေး(၃ပေ × ၁ပေ)ဖြင့်တစ်ဧကအပင် ဦးရေ (၁၄၅၂၀)ရရှိအောင်စိုက်ပျိုးသင့်ပြီး သြဂုတ်လအထိစိုက်ပျိုးနိုင်ပါသည်။
၆။ အပင်ပေါက်စုံချိန်မှ ပန်းပွင့်သည်အထိ ပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပါ။
၇။ အပင် (၂)ပတ်သားမှစ၍ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်ထိ ရွက်ဖျန်းမြေသြဇာ (ရေတစ်ဂါလံလျှင် ယူရီးယားထမင်းစားဇွန်း ၄.၅ဇွန်း၊ လက်ချားမှုန့် ၁ဇွန်း) နှင့်ရော၍ နှစ်ပတ်တစ်ကြိမ်ဖျန်းပါ။
၈။ ပွင့်ဖူးစတင်သည့်အချိန်တွင် ပွင့်ထွေး၊ရွက်ထွေးပိုးကျရောက်တတ်သဖြင့်တမာစေ့မှုန့်ဖော်ရည် (သို့) စိမ့်ပျံ့အာနိသင်ရှိသောပိုးသတ်   ဆေးတစ်မျိုးမျိုးဖြင့် သတ်မှတ်ထားသောနှုန်းအတိုင်းနှစ်ပတ်တစ်ကြိမ်ဖျန်းပေးပါ။
၉။ သီးထောင့်စတင်ဖြစ်ပေါ်ချိန်မှ အစေ့အဆံတည်သည့်အချိန်ထိတစ်ပင်လျှင် သီးလုံးဖောက်ပိုးလောက်ကောင် (၅)ကောင်(သို့) အ၀ါဖျော့ရောင်ဥလုံး (၅)လုံးတွေ့ရှိပါက စိမ့်ပျံ့အာနိသင်ရှိသောပိုးသတ်ဆေးနှင့် ထိသေအာနိသင်ရှိသော ပိုးသတ်ဆေးတို့အားသတ် မှတ်ထားသောနှုန်းထားအတိုင်းတလှည့်စီဖျန်းပေးပါ။
၁၀။ သီးထောင့်အားလုံး၏ (၈၀-၉၀%)ရင့်မှည့်ချိန်တွင် ခုတ်သိမ်းပါ။
The post ⁠ရေဆင်းပဲစဉ်းငုံမျိုးများစိုက်ပျိုးနည်းစနစ် appeared first on Myanmar Farmers' Portal.
ပန်းဂျုံသီး⁠နှံ စိုက်ပျိုးနည်း
$
0
0
ပန်းဂျုံ
မျိုးရင်း – Polygonaceae
မျိုးစု – Fagopyrum esculentum
စိုက်ပျိုးသည့်ဒေသများ
– တရုတ်၊ ရုရှား၊ ယူကရိန်း၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု ပိုလန်၊ ဂျပန်၊ သြစတေးလျ၊နယူးဇီလန်၊ နီပေါ။
– မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ကုန်းဒေသများ
လက်ရှိစိုက်ပျိုးသည့် မျိုးများ
၁။ တရုတ်မျိုးများ – ပန်းနုရောင်ပွင့်သည်။ ၁ တင်းလျှင် ၁၆-၁၈ ကီလိုဂရမ် ရှိသည်။
၂။ ဂျပန် Boton မျိုး – အဖြူရောင်ပွင့်သည်။
၃။ ဂျပန် Sinano(1) – အဖြူရောင်ပွင့်သည်။ ၁ တင်းလျှင် ၂၀ ကီလိုရှိသည်။
၎။ ဂျပန် Kitawase – အဖြူရောင်ပွင့်သည်။ ၁ တင်းလျှင် ၂၂ ကီလိုရှိသည်။
ကြိုက်နှစ်သက်သည့် ရာသီဥတုမြေအမျိုးအစား
– အေးမြသော ရာသီဥတုရှိသည့် ကုန်းမြင့်ဒေသများ။
– ပင်လယ်ပြင်အထက်အမြင့်ပေ ၅၀၀ မှ ၁၂၀၀
– နေ့ညအပူချိန်ခြားနားချက် ၈ံ – ၁၀ံ C
– သြဂုတ်၊ စက်တင်ဘာစိုက်ရန်သင့်
– မြေညံ့မှာပင်ဖြစ်ထွန်းနိုင်သည်။
– ထယ်ရေးကောင်းရန်လိုအပ်သည်။ အစိုဓါတ် လုံလောက်ရမည်။
စိုက်ပျိုးချိန်
– သြဂုတ်၊ စက်တင်ဘာ
– စိုက်ပျိုးရာသီနှင်းခါးလွတ်ရန်လိုသည်။
မျိုးစေ့နှုန်း
– ၁.၅ တင်းမှ ၂ တင်း
စိုက်စနစ်
– ထယ် ၁ စပ်၊ ထွန် ၁ စပ်ဝင်ပြီး မျိုးစေ့ကြဲ၍ ထွန်၁ စပ်ပြန်ဖုံးပါ။
– အတန်းလိုက် စိုက်နိုင်သည်။
– အများစုမှာ ကြဲပက်စနစ်သုံးသည်။
မြေသြဇာနှုန်း
– တစ်ဧကအတွက် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် (၄း၇း၆) အချိုး ၅၆ ပေါင်ထည့်ပါ။
သက်တမ်း
တရုတ်မျိုး – ၇၅ – ၈၀ ရက်
ဂျပန်မျိုး – ၆၀ – ၇၅ ရက်
ပိုးမွှားရောဂါကာကွယ်ခြင်း
ရွက်ခြောက်ရောဂါနှင့် အမြစ်ပုတ်ရောဂါသာ ဖြစ်တတ်ပါသည်။ Daconil, Topsin ,Rhydomile ဆေးများဖြင့် ကာကွယ်ပါ။
ရိတ်သိမ်းခြင်း
– ပန်းခိုင်မှ အသီး (၇၅%) ခန့် ရင့်မှည့်လာပါက ရိတ်သိမ်းပါ။
– ရိတ်သိမ်းချိန်နောက်ကျပါက အသီးမှ အစေ့ကြွေကျမှုကြောင့် အထွက်နှုန်း လျော့နိုင်ပါသည်။
အထွက်နှုန်း
တစ်ဧကလျှင် ပျှမ်းမျှ ၈-၁၀ တင်းထွက်နိုင်ပါသည်။
အသုံးဝင်ပုံ
အစေ့ – ခေါက်ဆွဲ၊ ကိတ်မုန့်၊ ပဲကော်ရည်၊ ရှာလကာရည်၊ ပေါက်စီ၊ မုန့်ပူတင်း၊ ဆွတ်ပြုတ်၊ယာဂု၊ နို့ထမင်း၊မုန့်ကျွဲသဲများ ပြုလုပ်နိုင်ပါ သည်။
အပင်အစိတ်အပိုင်း
သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။
The post ပန်းဂျုံသီး⁠နှံ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ချင်းစိုက်ပျိုးထုတ်လုပ်နည်း
$
0
0
ခြင်းဖြင့် ချင်း စိုက်ပျိုးနည်းစနစ်
မြန်မာအမည်    –         ချင်း
အင်္ဂလိပ်အမည် –         Ginger
ရူက္ခဗေဒအမည် –         Zingeber Officinale
မျိုးရင်းအမည်   –         Zingeberaceae
ချင်းမျိုးစေ့
၁။ မြန်မာနိုင်ငံတွင် ချင်းကို ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး၊ဒေသအခေါ်အဝေါ်အားဖြင့် ချင်းဖြူ(အောက်ချင်း) မျိုးဖြစ်ပါသည်။ ဟင်္သာတတွင်စိုက်ပျိုးသည့်ချင်းမျိုးမှာ အနံ့ရှိပြီး၊ အမျှင်နည်း၍ အသားနုသဖြင့် ဆေးဘတ်ဝင်အမျိုးအစားဖြစ်ပါသည်။
မျိုးထားသိုမှုစနစ်မှာ ဒီဇင်ဘာ၊ ဇန်န၀ါရီလများတွင်တူးဖော်ရရှိသော ချင်းတက်များကို အိမ်အောက်တွင်မြေကျင်းတူး၍လည်းကောင်း၊   ဖြန့်၍လည်းကောင်း ထားရှိပါသည်။ ချင်း၏မျိုးစေ့နားနေချိန် (Dormancy) ရက် (၆၀)မှ (၉၀)ထိ ရှိပါသည်။ ထို့နောက် ချင်းတက်၏ မျက်စေ့များဖူးများမှ စတင်အညှောင့်ပေါက်လာပါသည်။
(ခ) ပျိုးဘောင်ပြင်ဆင်ခြင်းနှင့် ပျိုးထောင်ခြင်း
ကုန်းကြသည့်နေရာများတွင် (၃)ပေအကျယ် (၆)လက်မအမြင့် ပျိုးဘောင်များပြုလုပ်ပြီး၊ မြေဆွေးထည့်ပေးပါသည်။ မျက်စေ့ (၃)စေ့မှ (၅)စေ့ပါရှိသည့် ချင်းတက်များကိုဖဲ့၍ စတင်ပျိုးထောင်ပါသည်။ ပျိုးထောင်သည့်အချိန်မှာ မေလ-တတိယပတ် ဖြစ်သည်။ မိုးရွာသွင်းမှု မရှိသည့်နေ့များတွင် တစ်နေ့ ရေ(၂)ကြိမ်ဖျန်းပေးပါသည်။ ပျိုးပင်များ (၃၀)ကျပ်သားရှိချိန်တွင် ခြင်းထဲသို့ရွှေ့ပြောင်းစိုက်ပျိုးပါသည်။
(ဂ) အသုံးပြုသည့် ခြင်း အမျိုးအစားများ
အချင်း(၂)ပေ၊ အမြင့် (၂.၅)ပေခန့်ရှိ ကွမ်းခြင်းများ၊
ထန်းလျက်ခြင်းများ၊
ထုံးခြင်းများကို အသုံးပြုနိုင်ပါသည်။
(ဃ) စိုက်ပျိုးရန် မြေဆွေးပြင်ဆင်ခြင်း
– မြေဆွေး၊ ကြက်ချေး/နွားချေး၊ စက်ဖွဲပြာဆတူ ရောစပ်အသုံးပြုခြင်း၊
– မြေဆွေး (၄)ဆ၊စက်ဖွဲပြာ (၁)ဆရောစပ်အသုံးပြုခြင်း၊
– မြေဆွေး (၁)ဆ၊ စက်ဖွဲပြာ (၁)ဆ ရောစပ်အသုံးပြုခြင်းနှင့်
မြေဆွေး (၂)ဆ၊စက်ဖွဲပြာ (၁)ဆ၊ ဖွဲကြမ်း (၁)ဆ ရောစပ်အသုံးပြုကြပါသည်။
– ခြင်းအောက်ခြေတွင်အင်ဖက်ခံ၍ ရောစပ်ထားသော စပ်မြေဆွေးများကို ခြင်းများထဲသို့ (၆)လက်မခန့်ထည့်ပေးပါသည်။
(င) စိုက်ပျိုးခြင်း
စိုက်ပျိုးရာတွင် တိုက်ရိုက်စိုက်ပျိုးခြင်းနှင့် ပျိုးထောင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း (၂)မျိုးရှိပါသည်။
(၁) တိုက်ရိုက်စိုက်ပျိုးခြင်း
မေလတွင်စတင်စိုက်ပျိုးပါသည်။ ချင်းတက်၏အရွယ်အစားပေါ်မူတည်ပြီး၊ (၂)ကျပ်သားရှိတဲ့ချင်းတက်မှာ မျက်စေ့ (၁)စေ့ မှ (၃)စေ့ပါ သည့် ချင်းသားတက်များကို မြေတွင်တိုက်ရိုက်ချ၍ စိုက်ပျိုးပါသည်။ မြေဆွေးဖြင့်ပါးပါးဖုံးပေးပါသည်။ မိုးရွာသွန်းမှုမရှိလျှင် တစ်နေ့ရေ(၂) ကြိမ်လောင်းပေးရပါသည်။ စိုက်ပြီး (၁၄)ရက်ကြာ အစို့ထွက်လာပြီး၊ (၂၈)ရက်ကြာတွင် (၆)လက်မအမြင့်ထိ အပင်များကြီးထွားလာပါ သည်။ ချင်းတစ်ပိသာကို ခြင်းအရေအတွက်(၅၀)ထိ စိုက်ပျိုးနိုင်ပါသည်။ ရေလောင်းချိန်သက်သာရန်အတွက် ပျိုးဘောင်များတွင် ပျိုးထောင်ပြီးခြင်းထဲသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။
(၂) ချင်းပျိုးပင်များကို ခြင်းတွင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း
(၃၀)ရက်သား သက်တန်းရှိ ချင်းပျိုးပင်များကို စပ်မြေထည့်ထားသောခြင်းထဲတွင် စတင်စိုက်ပျိုးပါသည်။ ခြင်းတောင်းတစ်ခုတွင် (၁)ပင်မှ (၃)ပင်ထိစိုက်ပျိုးပါသည်။
(စ) အပင်ပြုစုခြင်း
ချင်းပင်၏သဘာဝမှာ အပင်တစ်ပင်ပွားတိုင်း ချင်းတတ်တစ်ခုဖြစ်လာပြီး၊အပင်၏အောက်ခြေမှသည် အပေါ်သို့ချင်းတတ်များဖြစ်ပေါ်လာ ပါသည်။ ရွှေ့ပြောင်းစိုက်ပြီး(၁၅)ရက်တွင်လိုအပ်လျှင်မှိုသတ်ဆေးများ ပက်ဖြန်းပေးရန်လိုပါသည်။ ချင်းတက်များကြီးထွားလာပြီးနောက် (၃၀) ရက်သားသက်တန်းရှိလျှင် စပ်မြေဖြင့် ပြန်လည်ဖို့ပေးရန်လိုပါသည်။ အပင်ခြေတွင် ရက်(၃၀)လျှင် တစ်ကြိမ်နှုန်းနှင့် (၄)ကြိမ်တိတိ တိုင်အောင် ခြင်းအပြည့်အထိမြေဖို့ပေးပါသည်။ ချင်းပင်ပွားနှုန်းမှာ (၁)ပင်မှ (၂)ပင်။ (၂)ပင်မှ (၄)ပင်။ (၄)ပင်မှ (၈)ပင် နှင့် (၈)ပင်မှ (၁၆) ပင်ထိဆပွားပွားများပါသည်။
ချင်းများရင့်ချိန်တွင် နှုတ်သိမ်းရမှာဖြစ်ပါသည်။ မူလ(၂)ပင်စိုက်ထားက (၁၆)ပင်ထိ ရရှိနိုင်ပါသည်။
(ဆ) ရိတ်သိမ်းခြင်း
ချင်းပင်စိုက်ပြီး သက်တမ်းရက်ပေါင်း(၂၁၀)အကြာ(ဒီဇင်ဘာလ)တွင် ချင်းတက်များကို စတင်တူးဖေါ်နိုင်ပါသည်။ ချင်းပင်သက်တမ်း ရက်ပေါင်း (၂၄၀) (ဇန်န၀ါရီလ) တွင်အရွက်များဝါ၍ ကျလာပြီး၊ ချင်းတက်များရင့်လာပါသည်။ တစ်ခြင်းတွင် ပျမ်းမျှ (၂)ပိဿာ ၊ မှ (၃)ပိဿာ ထိထွက်ရနိုင်ပါသည်။ အထွက်အမြင့်ဆုံး (၅)ပိသာထိထွက်ရှိပါသည်။
အကျိုးကျေးဇူးများ
၃။ ခြင်းစနစ်ဖြင့် ချင်းစိုက်ပျိုးခြင်းမှ အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။
(က) မိုးများသောဒေသတွင် ရေစိမ့်ကိုင်မှုကြောင့် ချင်းပင်ဝါခြင်းနှင့် ချင်းတက်ပုပ်ခြင်းများမှ ကာကွယ်နိုင်ပြီး ချင်းတွင်ကျရောက်တတ်သော   မြေဆောင်ရောဂါများကိုကာကွယ်နိုင်ပါသည်။
(ခ) အိမ်ခြံမြေနေရာ ကျဉ်းကျဉ်းတွင် စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။  အိမ်ခြံမြေကိုနေရာမလပ် အကျိုးရှိစွာအသုံးချနိုင်ပါသည်။ တစ်ပိုင် တစ်နိုင် ပြုစုစောင့်ရှောက်နိုင်ပါသည်။ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးမြင့်ရရှိပြီး စီးပွားရေးအရလည်း တွက်ခြေကိုက်နိုင်ပါသည်။
(ဂ) ပေါင်းမြက်ရှင်းလင်းရန်လွယ်ကူခြင်းနှင့် သက်သာခြင်း။
(ဃ) တစ်ပင်ခြင်းပြုစုပေးသဖြင့်အထွက်နှုန်းမြင့်မားကာ စိုက်ပျိုးသူအတွက်အကျိုးအမြတ်ပိုမိုရရှိနိုင်ပါသည်။   ပြည်ပပို့ကုန်အမည်သစ် တစ်မျိုးအဖြစ် အရည်အသွေးမှီချင်းများ ထုတ်လုပ်တင်ပို့နိုင်မည်ဖြစ်ပါသည်။
(င) အထွက်နှုန်းမှာလည်း ရှမ်းပြည်နယ်တွင်စိုက်သော အတန်းလိုက်စိုက်စနစ်ထက် (၂)ဆ မှ (၂.၅)ဆ ပိုမိုထွက်ရှိပြီး စီးပွားရေးအရ ပိုမို တွက်ချေကိုက်နိုင်ပါသည်။
ခြင်းထဲတွင် အသုံးပြုထားသည့်မြေဆွေးများကို ချင်းများ တူးဖော်ပြီးသည့်အခါ အခြားသီးနှံများစိုက်ပျိုးရာတွင် ထည့်သွင်းအသုံးပြုနိုင်ပါ သည်။ နောက်နှစ်ချင်းစိုက်ရာတွင်လည်း ထပ်မံအသုံးပြုနိုင်ပါသည်။ ဤနည်းစနစ်ဖြင့် နနွမ်းနှင့် အာလူးများကိုလည်း အလားတူ စိုက်ပျိုးနိုင် ပါသည်။
The post ချင်းစိုက်ပျိုးထုတ်လုပ်နည်း appeared first on Myanmar Farmers' Portal.
Viewing all 691 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>