အာလူးမျိုးစေ့ (စပ်မျိုး)ဖြင့် စိုက်ပျိုးနည်းပညာ။
အားလူးကို မြန်မာပြည်တွင် မျိုးဥများနှင့်သာ စိုက်ပျိုးသည့်အလေ့အထသာ ရှိသည်။ ယခုအခါ တိုးတက်သည့်နိုင်ငံများတွင် အာလူးကို မျိုးစေ့(စပ်မျိုး) များဖြင့် စိုက်ပျိုးပြီး အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်သည်။
- မျိုးဖိုးသက်သာခြင်း။
- Late blight ခံနိုင်ရည်ရှိခြင်း။
- လွယ်ကူစွာ သယ်ယူနိုင်ခြင်း။
- မျိုးအာလူးထက် အထွက်နှုန်းသာခြင်း။
အာလူးမျိုးစေ့များကို ဟော်လန်နိုင်ငံ ဘီဟိုရှီအိတယ်ကုမ္ပဏီမှ အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည်။
မျိုးစေ့ဖြင့် အာလူးစိုက်ပျိုးနည်းများ
(က) အစေ့ပျိုးထောင်ပြီး စိုက်ပျိုးနည်း (ပျိုးခင်းဖြင့် အစေ့ပျိုးထောင်ခြင်း)။
– သုံးပေအကျယ် ပျိုးဘောင်ကို သင့်တော်အောင် အလျားလိုက်ထားပြီး မြေကို ပွအောင်တူးပေးပါ။
– နွားချေး/ မြေဆွေးကို စကာချပြီး ဘောင်အတွင်းထည့်ပြီး ၃-၄လက်မ အမြင့်ရအောင် ပြုလုပ်ပါ။
– တစ်ပေပတ်လည်အတွက် ၄-၅ ဂရမ် N ၊ ၆-၈ ဂရမ် P2O5 ၊ ၁၀ ဂရမ် K2O ၊ ဓာတ်မြေသြဇာခံ၍ ပြုပြင်ပါ။
– စကာချထားသော မြေဆွေးကို ဘောင်ပေါ်သို့အမြင့် ၅-၆ လက်မ ဖြစ်လာအောင် ထည့်ပါ။
– ဘောင်ကို ကန့်လန့်ဖြတ် ၅ စင်တီမီတာအနက် မြောင်းငယ်များကို ၁၀ စင်တီမီတာ အကွာအဝေး၍ ပြုလုပ်ပေးပါ။
– သုံးပေပတ်လည်အတွင်း မျိုးစေ့ ၂ ဂရမ် နှုန်းထား၍ မြောင်းထဲတွင် ပျိုးပါ။ အပေါ်တွင် စကာချထားသော မြေဆွေးဖြင့် ဖုံးပေးပါ။ တစ်ဟက်တာအတွက် မျိုးစေ့ ၁၀၀ ဂရမ် လိုအပ်မည်။
– မျိုးစေ့များကို အပူချိန် ၂၀ံC ပတ်ဝန်းကျင်တွင် အကောင်းဆုံးပျိုးထောင်နိုင်သည်။
– ရေပန်းခရားဖြင့် တစ်နေ့ရေသုံးကြိမ်ခန့် အစိုဓာတ်လုံလောက်စွာရရှိ လောင်းပေးပါ။
– နေပြင်းပါက သုံးပေအမြင့်မှ အရိပ်ပြုလုပ်ပေးပါ။
-စိုက်ပြီး တစ်ပတ်အကြာတွင် အပင်များပေါက်လာပြီး၊ အရွက် ၂-၃ ရွက်ထွက်လာလျှင် ယူရီးယားမြေသြဇာ ၁.၁% ကို ၂-၃ ရက်ခြား ဖျန်းပေးပါ။
– ပျိုးပင်များ ၂၅ ရက်သားရပြီး ပုံမှန်အရွက် ၄-၅ ရွက်ရှိလျှင် ရွှေ့ပြောင်းစိုက်နိုင်ပါသည်။
စိုက်ခင်းတွင် ရွှေ့ပြောင်းစိုက်ခြင်း။
- စိုက်ခင်းတွင် နွားချေး၊ ဓာတ်မြေသြဇာများထည့်၍ ပြုပြင်ပါ။
- ၁၅-၂၀ စင်တီမီတာအနက် စိုက်မြောင်းများကို ၅၀ စင်တီမီတာအကွာ အရှေ့အနောက် ထားပြီးဆွဲပါ။
- စိုက်မြောင်းအတွင်း ရွှေ့ပြောင်းမစိုက်ခင် တစ်ရက်ကြိုပြီး ရေသွင်းပေးပါ။
- ပျိုးပင်များကို တောင်ဘက်ခြမ်း အစိုဓါတ်ရှိသည့် အထက်နားတွင် စိုက်ပါ။
- ပျိုးပင်ငယ်ကို ပထမအနက်အထိ မြှုပ်ပြီးစိုက်ပါ။
- စိုက်ပြီးလျှင် အပင်ခြေအထိရောက်အောင် ရေသွင်းပေးပါ။
- ရွှေ့ပြောင်းပြီး ၃၀ရက်ကြာလျှင် N ဓာတ်မြေသြဇာတစ်ဝက်ကို ထည့်ပေးပြီး အပင်ကို မြေတောင်မြှောက်ပေးပါ။
- စိုက်ပြီး ရက်ပေါင်း ၉၀ ကြာလျှင် နှုတ်သိမ်းနိုင်သည်။
(ခ) အစေ့တိုက်ရိုက်စိုက်ပြီး မျိုးအားလူးများ ထုတ်လုပ်နည်း။
– ပျိုးဘောင်များကို ပထမနည်းအတိုင်း ပြုလုပ်ပါ။ အသုံပြုရမည့် N ပမာဏ တစ်ဝက်၊ ပိုတက်နှင့် ဖော့(စ) ဖိတ်အားလုံးကို ပျိုးခင်းတွင် ထည့်ပါ။
မျိုးစေ့များကို စိုက်နည်း
- ပျိုးခင်းကို တစ်ရက်ကြိုပြီး ရေလောင်းထားပါ။
- ၀.၅ စင်တီမီတာအနက် ၄ စင်တီမီတာအနက် ၄ စင်တီမီတာခြား ကျင်းငယ်များကို ၂၅ စင်တီမီတာ ခြားပြီး ပြုလုပ်ပါ။
- တစ်ကျင်းလျှင် မျိုးစေ့ ၂စေ့ထည့်ပြီး မြေဆွေးဖြင့် ဖုံးပေးပါ။
- မျိုးစေ့ ၄၀ ဂရမ်ကို ၃၀၀ စတုရမ်းမီတာအကျယ်တွင် စိုက်၍ရသော မျိုးအားလူးသည် နောက်နှစ် တစ်ဟက်တာ စိုက်ရန်အတွက် မျိုးလုံလောက်စွာရနိုင်သည်။
ပြုစုစောင့်ရှောက်နည်း။
- အပင်ပေါက်ပြီး ရက် ၃၀ ကြာလျှင် မြေဆွေးထည့်ပြီး မြေတောင်မြှောက်ပေးပါ။ တစ်ချိန်တည်းမှာတင် ထည့်ပေးရမည်။ N ပမာဏ ၁/၄ ကို ထည့်ပေးပါ။ နောက် ၁၅ရက်အကြာတွင် ကျန်သည့် N မြေသြဇာ ၁/၂ထည့်ပြီး မြေတောင်မြှောက်ပေးပါ။နောက်ဆုံးကျန် N မြေသြဇာကို ၁၀ရက်အကြာတွင် ထည့်ပြီး မြေတောင်မြှောက်ပေးပါ။ နောက်ဆုံးကျန် N မြေသြဇာကို ၁၀ရက်အကြာတွင် ထည့်ပြီး မြေတောင်မြှောက်ပေးပါ။
- ပိုးသတ်ဆေးများကို လိုအပ်သလို သုံးပါ။
- ရေသွင်းပေးနိုင်ပါက လိုအပ်သလို ရေသွင်းပေးပါ။ စိုက်ပြီးရက်ပေါင်း ၈၀တွင် ရေဖြတ်ပါ။
- ရက်ပေါင်း၉၀တွင် အပင်များကို ဖြတ်ပြစ်ပါ။
- အပင်ဖြတ်ပြီး ၁၀ရက်တွင် အာလူးများကို တူးယူပါ။
- အာလူးများကို 3% Boric acid + 1% Zinc Sulphate ဖြင့် ဖျန်းထားပြီး ရေခြောက်လျှင် အအေးခန်းတွင် သိမ်းထားပါ။
(ဂ) ပျိုးပင်များကို ရွှေ့ပြောင်းစိုက်ပျိုး၍ မျိုးအားလူးဥငယ်များ ထုတ်ခြင်း။
– ပျိုးဘောင်များကို ယခင်ပုံစံအတိုင်းပြုလုပ်ပါ။
– မျိုးအာလူးငယ်များ ထုတ်လုပ်ရန်အတွက် မျိုးစေ့တစ်ဟက်တာအတွက် ၁၅၀ ဂရမ်နှင့် ပျိုးခင်းအကျယ် ၇၅ စတုရန်းမီတာ လိုအပ်မည်။
စိုက်ခင်းတွင် ရွှေ့ပြောင်းစိုက်နည်း။
- စိုက်ခင်းကို ပထမနည်းအတိုင်း ပြုပြင်ပါ။
- ပျိုးပင်များကို အကွာအဝေး နည်းနည်းဖြင့် စိုက်ပါ။ ၄၅ × ၁၀ စင်တီမီတာ တန်းကြားနှင့် ပင်ကြားထားပါ။
- ဓာတ်မြေသြဇာနှင့် ရေများကို ပထမနည်းအတိုင်း ထည့်ပေးပါ။
- ပိုးသက်ဆေးများကို လိုသလိုအသုံးပြုပြီး ရက်ပေါင်း ၇၅-၈၀ ရက်တွင် ရေဖြတ်ပါ။
- ရက်ပေါင်း ၉၀တွင် အပင်များကို ဖြတ်ပါ။
- အပင်ဖြတ်ပြီး ၁၀ရက်တွင် ဥများကို တူးပြီး အရိပ်တွင် အခြောက်ခံပါ။
- 3% Boric acid + 1% Zinc Sulphate ဖျန်းပြီး အေးတဲ့နေရာမှာ သိုလှောင်ထားပါ။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
The post ( စပ်မျိုး ) အာလူးမျိုးစေ့ ဖြင့် စိုက်ပျိုးနည်းပညာ ( Hybrid True Potato Seeds (TPS) ) appeared first on Myanmar Farmers' Portal.