Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သီဟိုဠ်သရက် စိုက်ပျိုးထုတ်လုပ်⁠ရေးအေ⁠ကြာင်းသိ⁠ကောင်းစရာများ (အပိုင်း-၂)

$
0
0

မျိုးစေ့အားတိုက်ရိုက်စိုက်ခင်းတွင် စိုက်ပျိုးနည်း

ရွေးချယ်ထားသော အထွက်ကောင်းမိခင်ပင်မှ မျိုးစေ့အားပျိုးထောင်ခြင်းမပြုဘဲ စိုက်ကျင်းတွင် တိုက်ရိုက်အစေ့မြှုပ်ကာ စိုက်ပျိုးခြင်း   ဖြစ် ပါသည်။ ဤနည်းမှာ အလွယ်ကူဆုံးနှင့် စရိတ်အသက်သာဆုံးနည်းဖြစ်ပါသည်။ သို့ရာတွင် ပျိုးခင်းတွင် ပျိုးထောင်စိုက်ပျိုးခြင်းထက် စိတ် ကြိုက်သန်စွမ်းသော ပျိုးပင်များရွေးချယ်ရန် အခွင့်အလမ်းနည်းပါသည်။ စုဆောင်းရွေးချယ်ထားသော မျိုးစေ့အား တစ်ညရေစိမ်ပြီးနောက် စိုက်ကျင်းတစ်ကျင်းလျှင် (၃)စေ့ နှုန်းဖြင့် ဖိုခနောက်သုံးပွင့်ဆိုင် (၄လက်မ) ခန့်ခြား၍ စိုက်ပျိုးရပါသည်။ မျိုးစေ့အညှာတံအား အပေါ်ဘက် သို့ ထောင်၍ မြေအနက် (၁ လက်မ)ခန့် မြှုပ်စိုက်ရပါသည်။ မျိုးစေ့ အညှာတံအား အပေါ်ဘက်သို့ ထောင်၍ မြေအနက် (၁ လက်မ) ခန့်   မြှုပ်စိုက်ရပါသည်။ မျိုးစေ့များမှာ  ၂-၃ ပတ်ခန့်တွင် ပေါက်လာပြီး ၁လ မှ ၂လခန့်အကြာတွင် အသန်စွမ်းဆုံးအပင်တစ်ပင် ချန်ကာ ကျန်အပင်များအား ဖယ်ရှားနှုတ်ပစ်လိုက်ရပါသည်။

ကိုင်းဆက်ပင်များ စိုက်ပျိုးနည်း

ရွေးချယ်ထားသော အထွက်ကောင်း မျိုးအား လိမ်မဲ့မျိုးပွားနည်းဖြင့် စိုက်ပျိုးထားသော သီဟိုဠ်သရက်ပင်များမှာ အထွက်နှုန်းနှင့် အပင် အရည်အချင်းမှာ မိခင်အတိုင်းဖြစ်လာမည်ဖြစ်သဖြင့် ရေရှည်တွင် လိုက်နာ ဆောင်ရွက်သင့်သော နည်းဖြစ်ပါသည်။ လိမ်မဲ့နည်းဖြင့် မျိုးပွားရာတွင် ကိုင်းဆက်နည်း တစ်နည်းဖြစ်သော သစ်နုကိုင်းဆက်နည်း Soft wood grafting မှာ အောင်မြင်မှုနှုန်းကောင်းပြီး စီးပွား   ဖြစ်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ပါသည်။ သစ်နုကိုင်းဆက်နည်းမှာ ၁ ၁/၂လ-၂လသား အရွယ်လက်ခံပင်တွင် မျိုးကိုင်းအား သပ်ပုံသဏ္ဍာန်ပြုလုပ်၍ ကိုင်းဆက်ခြင်းဖြစ်ပါသည်။

အပင်အကွာအဝေး

စိုက်ခင်းတွင် သီဟိုဠ်သရက်ပင်အား မြေကောင်းတွင် (၂၆ ပေ x ၂၆ ပေ) (တစ်ဧက ၆၅ပင်)၊ မြေညံ့တွင် (၂၅ ပေ x ၂၅ပေ) (တစ်ဧက ၇၀ ပင်)၊ တောင်စောင်းတွင် (၂၅ပေ x ၂၅ပေ) (တစ်ဧက ၇၀ပင်) အသီးသီး စိုက်ပျိုးနိုင်ပါသည်။

ခြံစည်းရိုးပုံစံ စိုက်ပျိုးလိုက ၄၀ပေ x ၁၂ ပေ အကွာအဝေးဖြင့် စိုက်ပျိုးလျှင် တစ်ဧကအပင် (၉၀)၀င်ဆန့်ပါသည်။

စိုက်ကျင်းတုးခြင်း

စိုက်ကျင်းအား (၂ပေ x ၂ပေ x ၂ပေ) အရွယ်အစား ဇလားပုံတူးရမည်။ အပေါ်ယံမြေကြီးအား  ကျင်း၏တစ်ဘက်တွင် သီးခြားဖယ်ကာ ကျင်းပြန်ဖုံးသည့်အခါ ယင်းမြေကြီးနှင့် ကျင်း ပတ်ဝန်းကျင်ပေါ်ရှိ အပေါ်ယံမြေကြီးများဖြင့် ပြန်ဖုံးပေးရသည်။

ထိန်းသိမ်းပြုစုခြင်း

ပေါင်းရှင်းခြင်းကို တစ်နှစ် (၃-၄)ကြိမ်ခန့် အပင်ပတ်လည် (၃)ပေခန့်အကျယ် ပြုလုပ်ပေးရပါသည်။ အပင်ခြေပတ်လည်တွင်  ပေါင်းမြက်   ခြောက်များ၊ ကောက်ရိုး စသည်များ ဖုံးအုပ်ကာ အစိုဓာတ်ထိန်းသိမ်းခြင်းကို မိုးမကုန်မီပြုလုပ်ရပါသည်။ အစိုဓာတ်ထိန်းသိမ်းခြင်းကို အပင် (၂) နှစ်သားအထိ ဆောင်ရွက်ရပါသည်။

အသီးအထွက်တိုးရန်အတွက် နည်းလမ်းများ

သီဟိုဠ်သရက်အတွင် တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများမှာ

(၁) အထွက်ကာင်းမျိုးစေ့များ စနစ်တကျ ရွေးချယ်စိုက်ပျိုးခြင်း၊

(၂) မှန်ကန်သော အပင်အကွာအဝေးဖြင့် စိုက်ပျိုးခြင်း၊

(၃) မြေဆီလွှာ ထိန်းသိမ်းမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊

(၄) ကိုင်းဖြတ်ခြင်းနှင့် အပင်ပုံစံသွင်းခြင်း လုပ်ငန်းများစနစ်တကျဆောင်ရွက်ခြင်း၊

(၅) အချိန်ရာသီကိုက် စိုက်ခင်းထိန်းသိမ်းပြုစုမှု လုပ်ငန်းများစနစ်တကျဆောင်ရွက်ခြင်း စသည်တို့ဖြစ်ပါသည်။

သီဟိုဠ်သရက်စေ့များ ကောက်ယူစုဆောင်းခြင်း

ကောင်းစွာရင့်သော အစေ့များရရှိရန်အတွက် အသီးများအား အပင်မှ ဆွတ်ခူးခြင်းမပြုရပါ။ အပင်ခြေတွင် အသီးနှင့် ကြွေကျသော အစေ့ များကို နေ့စဉ် ကောက်ယူရပါသည်။ နေ့စဉ်ကောက်ယူခြင်းမပြုပါက အစေ့ များ၏အရည်အသွေးကျဆင်းသွားနိုင်ပါသည်။ အစေ့များကို အသီးမှ ခြွေယူပြီးနောက် ၂-၃နေခန့် လှန်းရပါသည်။ အခြောက်လှန်းပြီး သီဟိုဠ်စေ့အား အိတ်တွင်ထည့်၍ အမိုးအကာအောက် သစ်သား ခင်းပေါ်တွင် သိုလှောင်ထားရပါသည်။

သီဟိုဠ်သရက် အထွက်ကောင်းမျိုးစေ့ ရွေးချယ်စိုက်ပျိုးပါက သီဟိုဠ်အထွက်နှုန်းမှာ အပင်သက် ၃-၅ နှစ်တွင် တစ်ပင်ပျှမ်းမျှ ၁-၁.၂ ပိဿာနှုန်း၊ ၆-၁၀နှစ်တွင် ၂-၄ ပိဿာနှုန်း၊ ၁၁-၁၅ နှစ်တွင် ၃-၅ ပိဿာနှုန်း၊ ၁၆နှစ် နောက်ပိုင်းတွင် ၅ ပိဿာနှင့် အထက်နှုန်း အသီးသီးထွက်နိုင်ပါသည်။

သီဟိုဠ်သရက်အဆံထုတ်လုပ်ခြင်း

သီဟိုဠ်သရက် အဆံထုတ်လုပ်ခြင်းလုပ်ငန်းတွင် အောက်ပါအဆင့်များပါဝင်ပါသည်-

(က) ရင့်မှည့်သော အသီးများ အခွံကို ပျော့ပြောင်းသွားအောင် ရေနွေးတွင် ပေါင်းတင်ခြင်း၊

(ခ) အခွံခွဲခြင်း၊

(ဂ) အခြောက်ခံခြင်း၊

(ဃ) အမှေးပါးခွာခြင်း၊

(င) အဆင့်အတန်းခွဲခြင်း၊

(စ) ထုတ်ပိုးခြင်းတို့ ဖြစ်ပါသည်။

အခွံခွဲခြင်း လုပ်ငန်းကို လူအားသုံးစွဲနိုင်သကဲ့သို့ ၊ စက်ကိရိယာဖြင့်လည်း အခွံခွဲနိုင်ပါသည်။ အကြမ်းအားဖြင့် သီးဟိုဠ်စေ့အစို ၄ပိသာ လျှင် အစေ့ပေါင်း   ၂၅၀ မှ ၃၀၀  ပါဝင်ပါသည်။ အစို ၄ ပိဿာလျှင် ၊ သီဟိုဠ်အဆံ ၁ ပိဿာ ရရှိပါသည်။ ၁ ပိဿာလျှင် ၁.၆၄ ကီလိုဂရမ် ရှိပါသည်။

မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း

 

The post သီဟိုဠ်သရက် စိုက်ပျိုးထုတ်လုပ်⁠ရေးအေ⁠ကြာင်းသိ⁠ကောင်းစရာများ (အပိုင်း-၂) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>