မုန့်ဟင်းခါး၊ ဆန်ခေါက်ဆွဲ
မုန့်ဟင်းခါးသည် ဆန်မှထုတ်လုပ်ထားသော အမျှင်များဖြစ်ကြပါသည်။ အဓိကပါဝင်သော ပစ္စည်းများမှာ ဆန်မှုန့်အရည်ပျစ်နှင့် ရေများ ဖြစ်ကြပါသည်။ တခါတရံ အခြားသော ပစ္စည်းများဖြစ်သော ပီလောပီနန်မှုံ့ သို့မဟုတ် ပြောင်းဖူးမှုံ့တို့ကို အရောင်ကြည်လင်မှု ပိုကောင်း ရန် သို့မဟုတ် အနည်းငယ်ပျစ်ချွဲ၍ မုန့်မျှင်မပြတ်စေရန်နှင့် စားသုံးမှုအရသာကောင်းစေရန် ရောနှောအသုံးပြုကြပါသည်။
ဆန်ခေါက်ဆွဲနှင့် မုံဟင်းခါးကို အရှေ့အာရှ နှင့် အရှေ့တောင်အာရှနိုင်ငံများက အများဆုံးစားသုံးကြပြီး ၄င်းတို့မှာ အစို၊ ရေခဲစိမ် သို့မဟုတ် အခြောက်အနေဖြင့် ပုံစံအမျိုးမျိုး ရှိကြပါသည်။ နီပေါနိုင်ငံ၊ သီရိလင်္ကာ၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ မြန်မာနိုင်ငံတို့တွင် မုန့်ဟင်းခါးနှင့် ဆန်ခေါက်ဆွဲဖတ်များကို ငါးဟင်းရည်တို့ဖြင့် တွဲဖက်စားသုံးကြပါသည်။
မြန်မာနိုင်ငံတွင် နံနက်စာအဖြစ် နေရာအနှံအပြားတွင် စားသုံးသည့် ဆန်၊ ဆန်ကွဲမှတန်ဖိုးမြှင့် ထုတ်လုပ်သော ထုတ်ကုန်ဖြစ်သည့် မုန့်ဟင်းခါးဖတ် နှင့် မုန့်ဟင်းခါးဖတ်အခြောက် ထုတ်လုပ်ပုံအဆင့်ဆင့်ကို အောက်တွင် ဖော်ပြထားပါသည်။
၁။ ဆန်ကိုရေဖြင့် ကောင်းစွာဆေးကြော၍ တစ်ညအိပ်ရေစိမ်ပါ။
၂။ ဆန်မှုံ့ရည် (အပျစ်) ရရှိရန် မုန့်ကြိတ်စက်ဖြင့် ကြိတ်ပါ။
၃။ မုန့်နှစ်ရည်ပျစ်ထဲရှိရေကို ဖိအားသုံး၍ ညှစ်ထုတ်ပါ။ (၇)နာရီခန့်ကြာတတ်သည်။
၎။ အရည်ညှစ်ပြီးသော မုန့်ဖတ်များကို ရေနွေးငွေ့ဖြင့် နာရီဝက်ခန့် ပေါင်းပါ။
၅။ ပေါင်းပြီးသော မုန့်ဖတ်များကို ဒလိမ့်တုံးများဖြင့် ကြိတ်ချေပါ။
၆။ အောက်ခြေဖင်တွင် အပေါက်များပါဝင်သော ပုံစံခွက်ထဲသို့ ကြိတ်ချေနှဲပြီးသော မုန့်နှစ်များကိုထည့်၍ ဖိအားသုံးပြီး မုန့်မျှင်များရရှိအောင် ဆောင်ရွက်ပါ။
၇။ ရေနွေးပူပူတွင် မုန့်ဖတ်မျှင်များကို နာရီဝတ်ခန့်ပြုတ်ပါ။
၈။ မုန့်ဟင်းခါးဖတ်များကို ရေနွေးအိုးထဲမှ ဆယ်ယူ၍ စကာပေါ်တွင် အခွေလိုက်ရေစစ်ပြီးလှန်းပါ။
၉။ မုန်ဖတ်အခွေလိုက်အား ၀ါးတန်းများပေါ်တွင် စီတန်း၍ (၂)ရက်ခန့် နေလှန်းပါ။
၁၀။ ရရှိသောမုန့်ဖတ်ခြောက်များအား (၁၃၀) ဂရမ် အလေးချိန်ချိန်၍ အိတ်များတွင် ထည့်ပြီး ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချပါသည်။
ဆန်ဖြင့်ပြုလုပ်သော အခြားမုန့်များ
ကောက်ညှင်း သို့မဟုတ် ဆန်ဖြင့် ပြုလုပ်သော အရသာ၊ ပုံသဏ္ဍာန်အမျိုးမျိုးကွဲပြားသော မြန်မာ့ဒေသရိုးရာ အစားအစာများမှာ ဘိန်းမုန့်၊ မုန့်စိမ်းပေါင်း၊ မုန့်လုံးကြီး၊ မုန့်ဘိုင်းတောင့်၊ မုန့်လိပ်ပြာ၊ ခေါက်မုန့်၊ မုန့်လင်မယား၊ မုန့်ဆီကြော်၊ မုန့်ပျားသလက်၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်နှင့် မုန့်လက်ကောက် စသည်တို့ ဖြစ်ပါသည်။
Pissaya_Info
The post မုန့်ဟင်းခါး၊ ဆန်ခေါက်ဆွဲ နှင့် ဆန်ဖြင့်ပြုလုပ်သော အခြားမုန့်များ appeared first on Myanmar Farmers' Portal.