Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သဲခင်း‬၍စိုက်ပျိုးသော မြေပဲ အထွက်တိုး နည်းပညာ

$
0
0

သို့ အတွက် မရောက်တာလည်း ကြပြီဖြစ်လို့ ဇာတိမြေ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည်
ရွာသို့ ရောက်ခဲ့ပါသည်။ ရွာ ရောက်ပြီး နောက်တစ်ရက်နံနက် သဲခင်း စိုက်ပျိုးထားသော မြေပဲခင်းများကို ဆိုင် ကယ်ဖြင့် လှည့်ပတ်
ကြည့်ရှု့ခဲ့သည်။ အင် ပင်သာ၊ ခေါ်သန္တီ၊ နာဒေါင်းချ၊ မြောက်အင်း၊ ကဘဲ၊ ဘေရင်း၊ မူးတိမ်၊ မူးဂွ စသည့် သဲ လွယ်လွယ်ရရှိသော ရွာ
များ အားလုံး တစ်ခွင် တစ်ပြင် စိုက်ထားကြသည်။ ဧက ၁,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ကျွန်တော် ရွာသည် မူးမြစ်ကမ်းဘေး
တွင်ရှိ၍ သဲအလျှံ ပယ်ရသည်။ သဲသည် သဲကြမ်းကို အသုံးပြု ရသည်။ သဲနုကို အသုံးပြု၍မရဟု ဆိုကြပါသည်။

ဤ နည်းပညာကို တရုတ်ပြည်သို့ အလုပ်သွားလုပ်သော ရွာသားလယ်သမား တစ်ဦးက နည်းနာယူလာပြီး စတင် စိုက်ပျိုးရာမှ ကျယ်
ပြန့်သွားသည်ဟု ဆိုပါသည်။ တစ်နေရာအရောက်တွင် မြေပဲပင်ကလေး များ တန်းစီ၍ စိမ်းနေသော မြေပဲခင်းတွင် ရပ်လိုက်ပြီး ကွင်း
ဆင်းကြည့်ပါသည်။ သဲကို လက်နှင့်ယက်ကြည့်ရာ နှစ်လက်မ၊ သုံး လက်မထုခန့် ရှိသည်။ ရေဖျန်းထားသဖြင့် သဲထုအတွင်း အစို
ဓာတ် ရှိနေသည်။ အောက်စနယ် မြေမထိ တူးကြည့်ရာမြေမတွင် သဲမှ စိမ့်ဆင်းလာသော ရေအစိုဓာတ်များ အလုံ အလောက်ရှိ
သည်ကို တွေ့ရသည်။ သဲလွှာ မှာ အပေါ်မှဖုံး၍ ကာကွယ်ပေးထားသဖြင့် လည်း အောက်မှရေအစိုဓာတ်ကို ထိန်းပြီး သားဖြစ်စေ
သည်။ မြေပဲပင်၏ ရေသောက် မြစ်သည် သဲလွှာကိုဖောက်၍ အစိုဓာတ်ရှိ သောမြေမတွင် ခြေကုတ်ရထားသဖြင့် အစိုဓာတ်လုံ
လောက်နေသည်။

လယ်သမားတစ်ဦးအား စိုက်နည်းပျိုး နည်း လုပ်ကိုင်နည်းအသးစိတ်ကို မေးကြည့် မိပါသည်။ စနယ်မြေ မြေမသည် မြေစေး သဖြင့်
မြေပဲစိုက်ပျိုး၍မရပါ။ လယ်မြေများ တွင်လည်း မြေပဲစိုက်၍မရပါ။ ယာမြေများ တွင်သာ မြေပဲစိုက်၍ရပါသည်။ မိုးရာသီ၊ ဆောင်း
ရာသီ၊ မိုးကြိုးရာသီတွင် စိုက်ပျိုးကြ ပါသည်။ မိုးရာသီတွင် ဇွန်လ၌စိုက်ပျိုးပါ သည်။ ဆောင်းရာသီတွင် အောက်တိုဘာ လကုန်၊
နိုဝင်ဘာလတွင် စိုက်ပျိုးပါသည်။ မိုးကြိုရာသီတွင် ဧပြီသင်္ကြန်အပြီးတွင် စတင်စိုက်ပျိုးကြပါသည်။ စနယ်မြေမြေမတွင် မြေပဲစိုက်
ရန် သဲ ချခြင်းလုပ်ငန်းကို ဆောင်းအကုန်နွေအကူး သဲပေါ်ချိန်တွင် ချကြပါသည်။ ဖေဖော်ဝါရီ၊ မတ်လတွင် ညအချိန် ကားမီးထိုး၍
အုံနှင့် ကျင်းနှင့် အပြိုင်အဆိုင်ချကြပါသည်။ မိုး၊ ဆောင်း၊ မိုးကြိုအတွက် သဲတစ်ကြိမ်သာ ချရပါသည်။ နောက်တစ်ကြိမ် ပြန်စိုက်
ပျိုး နိုင်ရန်အတွက် မူလဖြန့်ထားသောသဲများ ကို ထွန်စက်ကြီး ဂေါ်ဂျုပ်တို့ဖြင့်တွန်း၍ ကန်သင်းတစ်ဖက်သို့ ပို့ရသည်။

ပြီးမှ နောက်တစ်ကြိမ်စိုက်ရန်အတွက် စနယ်မြေ မြေမကို ထယ်ထိုးထွန်မွှေ၍ မြေပြန်ပြင်ကြ ရသည်ဟု ဆိုသည်။ သဲမချမီ စနယ်
မြေမကို နွားချေး၊ မြေဆွေးနှင့် ယူရီးယားတစ်အိတ်၊ တီစူပါအိတ်ဝက်၊ ပိုတက် ၁/၄ နှင့် ဂျစ်ပဆန်တစ်အိတ်ကို ထည့်ပါသည်။
မြေသြဇာ တစ်မျိုးချင်း မသုံးပါက ကွန်ပေါင်း ၁ ၁/၂ အိတ် သုံးပါသည်။ ၎င်းင်းနောက် ၁၆ သွား ထွန်စက်ဖြင့် ၂-၃ စပ်ခန့် ထွန်မွှေ
ပြီး အောက်ခံ ထယ်ရေး ခံပါသည်။ ထယ်ရေးအောက်ခံ ကောင်းစေရန်ဖြစ်ပါသည်။ ၎င်းင်းနောက် ထယ်ရေး ပေါ်သို့ ကားများဖြင့်
သဲလိုက်ပုံပါသည်။ ၎င်းင်းနောက် သဲပုံများကို ဂျုပ်ဖြင့် ညီအောင် ဆွဲညှိပေးပါသည်။ သဲထု သုံးလက်မခန့်ရအောင် ညှိပေးရသည်။

ရေဖျန်းရမည် ဖြစ်သဖြင့် သဲမျက်နှာပြင်ညီရန် အဓိကအချက် ဖြစ်ပါသည်။ မြေပဲ စိုက်ပျိုးချိန် ရောက်လျှင် ခုနှစ်သွားထွန်ကို ထွန်
သွားသုံး ချောင်းကို တစ် ချောင်းခြားဖြုတ်၍ ၎င်းင်းထွန်ဖြင့် စိုက်ကြောင်းဆွဲပြီးပါက စိုက်ကြောင်းထဲတွင် မြေပဲစေ့ ၂-၃ စေ့ကို တစ်
စုနှင့် တစ်စုကြား ကိုးလက်မခြား၍ မျိုးစေ့ချပါသည်။ မြေပဲ မျိုးကို ဆင်းပဒေသာ ခုနစ်မျိုးကိုသာ သုံးကြပါသည်။ မြေပဲကိုမစိုက်မီ
မြေပဲတစ်ဧက မျိုးစေ့အတွက် ဖျူရာဒန်ဆေးတစ်ထုပ်နှင့် လူးနယ်ပြီးမှ စိုက်ပျိုးကြပါသည်။ ဆင်းပဒေသာ ခုနစ်မျိုးသည် အသက်
ရက် ၉၀-၉၅ ရက်ရှိသည်။ ပင်ထောင်မြေပဲ ဖြစ်သည်။ အချို့ပင်ပြန့် မြေပဲမျိုးကိုလည်း စိုက်ပျိုးကြသည်။ ဆင်းပဒေသာ ခုနစ်မျိုး
သည် သီးထွက်နှုန်း ၄၀-၅၀ ရာခိုင်နှုန်းရှိ သည်။ အဆစ်တိုင်းပန်းပွင့်ပြီး ရေငတ်ဒဏ် အတော်အတန် ခံနိုင်ရည်ရှိသည်။

မြေပဲစေ့သည် အစိုဓာတ်အနည်းငယ် ရရှိရုံမျှဖြင့် သန္ဓေလောင်းနိုးကြားပြီး အပင်ပေါက်နိုင်ပါသည်။ ပေါက်လာသော အညှောက်
သည် မြေတွင်းအစိုဓာတ်ပေါ်မူ တည်ပြီး ဆက်လက်ရှင်သန် ကြီးထွားပါ သည်။ ရေဖျန်းပြီး တစ်ပတ်အတွင်း အပင် ပေါက်ပါသည်။
အမြစ်ဆက်လက်ရှည် ထွက်လာပြီး ငါးရက်ခန့်ကြာလျှင် မြေတွင်း သို့ ၁၀-၁၆ စင်တီမီတာအထိ ထိုးဝင်သွား သည်။ ၁၂ ရက်သား
တွင် ၃၀ စင်တီမီတာထိ ရှည်ထွက်လာပါသည်။ ထိုအချိန်တွင် အရွက်လေးရွက် ထွက်နေပြီဖြစ်သည်။ ပင်ထောင်မြေပဲမျိုးများသည်
မြေတွင်းသို့ ၁၇၀ စင်တီမီတာထိ ထိုးဝင်သွားနိုင်ပါ သည်။ စနယ်မြေမြေမတွင် သဲထုကိုဖြတ်၍ မြေပဲအမြစ်သည် နှစ်ပတ်အတွင်း
စနယ်မြေ တွင်းသို့ တိုးဝင်ခြေကုတ်ရသွားပြီဖြစ်၍ အပင်ဆက်လက်ကြီးထွားဖွံ့ဖြိုးရန် အရှိန်ရ သွားပြီ ဖြစ်ပါသည်။

အစိုဓာတ် ခမ်းခြောက်ပါက မြေပဲပင်အဆစ်များတိုခြင်း၊ ကိုင်းထွက်မှုနည်းခြင်း၊ ပန်းပွင့်မှုနည်းခြင်း၊ စွယ်ချမှုနည်းခြင်းများ ဖြစ်ပေါ်
နိုင်ပါသည်။ အစိုဓာတ်လုံလောက်ရန် အရေးကြီးပါသည်။ ပန်းပွင့်၊ ပွင့်တန်းများသည် မြေပဲပင် ၏အောက်ခြေရှိ အဆစ်လေး၊ အဆစ်
ငါးတို့ မှ ထွက်သောကိုင်းများမှ ထွက်သည်။ မြေပဲ အထွက်နှုန်းကောင်းခြင်းသည် ကိုင်းအရေ အတွက်များခြင်း၊ စွယ်ဆင်းသည့်
အရေ အတွက်များခြင်းပေါ်တွင် တည်မီနေသည်။ မြေပဲတောင့်သည် အပင်ပေါ်ပိုင်းမှသီးခြင်း မဟုတ်ပါ။ ပွင့်တန်၊ စွယ်များ မြေကြီး
ထဲသို့ ထိုးဝင်သွားပြီး စွယ်ထိပ်တွင် မြေပဲတောင့် ဖြစ်ပေါ်သော အမျိုးအစားဖြစ်ပါသည်။ သို့အတွက် မြေပဲတောင့်ဖြစ်ရန် စွယ်သည်
မြေကြီးအတွင်းသို့ ထိုးဝင်ရန် လိုအပ်ပါ သည်။ အများအားဖြင့် စွယ်သည် ငါးစင်တီ မီတာခန့် ထိုးဝင်သွားပြီး ရပ်တန့်သွားပါ သည်။

စွယ်သည် မြေကြီးအတွင်းသို့ ထိုး မ၀င်ပါက၊ မ၀င်နိုင်ပါက စွယ်သည် မြေပဲ တောင့်ဖြစ်မလာဘဲ ကန်းသွားပါသည်။ “စွယ်” မြေကြီး
အတွင်းသို့ ထိုးဖောက်ဝင် ရောက်ပြီး ၁၀ ရက်ခန့်ကြာပါက မြေပဲ တောင့် သန္ဓေစတင်တည်ဆောက်ပါသည်။ မြေပဲစွယ်မြေကြီး
အတွင်းသို့ မ၀င် ရောက်နိုင်အောင် ဟန့်တားသောအချက် များ ရှိပါသည်။ စွယ်ဆင်းရသော မြေကြီး သည် မွမနေဘဲ မြေကြပ်နေ
ခြင်း၊ အစိုဓာတ် နည်းခြင်း၊ ပိုးမွှားအနှောင့်အယှက်ရှိခြင်း၊ အာဟာရဓာတ် မလုံလောက်ခြင်းတို့ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ မြေပဲ
တောင့် သည် မြေကြီးအတွင်း သုံးလက်မခန့်ဝန်း ကျင်တွင်သာ အတောင့်များဖြစ်ပေါ် ကြီး ထွားပါသည်။ သဲလွှာခင်းထားခြင်းအား
ဖြင့် သဲလွှာမြေမွအတွင်းသာ အတောင့်များဖြစ် ပေါ် ကြီးထွားပါသည်။ မြေပဲပင်၏ ပင်မ အမြစ်များ၊ ရေသောက်မြစ်နှင့် မြစ်ပွားများ
သည် သဲလွှာကိုကျော်၍ စနယ်မြေ မြေမတွင် ထိတွေ့ကြီးထွား အစာအာဟာရ စုပ်ယူရှင်သန်သည်။

မြေပဲတောင့် ဖြစ်ပေါ်ကြီးထွား ရန် လိုအပ်သော ကယ်လ်စီယမ်၊ ပိုတက်စီ ယမ်နှင့် အခြားအာဟာရကို မြေပဲအမြစ်များက စနယ်
မြေမမှ စုပ်ယူ၍ အရွက်မှတစ်ဆင့် ထိပ်ထိပို့ပေးသည်။ သဲတွင်ပါဝင်သော ဆီလီကာဓာတ်ကိုလည်း စုပ်ယူ၍ စွယ်ထိပ် သို့ပို့ပေးသည်။
မြေပဲပင်သည် လိုအပ်သော အာဟာရများ လုံလောက်စွာရရှိခြင်း၊ အစို ဓာတ်လုံလောက်စွာရရှိခြင်း၊ မြေပဲတောင့်ဖြစ်ပေါ်သည့်
ဧရိယာသည် သဲဖြစ်နေသဖြင့် မြေပဲတောင့်များ လွတ်လပ်စွာအချုပ် အနှောင်မရှိ စိတ်ကြိုက်အုခွင့်၊ ကြီးထွားခွင့် ရနေခြင်းကြောင့်
တစ်ဧက တင်းရာကျော် ထွက်နေသည်မှာ ငြင်းဖွယ်ရာမရှိပေ။ သဲမြေဖြစ်၍ နှုတ်သိမ်းရလွယ်ကူပြီး မြေပဲတောင့် ပြတ်ကျန်မှု လုံးဝမရှိ၊
မြေပဲဆံနှင့် မြေပဲ တောင့် အရောင်လှသည်။

မြေပဲတောင့် ဖြစ်ပေါ်ကြီးထွားရန် အတွက် အထူးလိုအပ်သောဓာတ်မှာ ကယ်လ်ဆိယမ်ဓာတ်နှင့် ပိုတက်စီယမ် ဓာတ်တို့ ဖြစ်ပါသည်။
၎င်း ဓာတ်များ ချို့တဲ့ ပါက မြေပဲတောင့်များကန်း၍ အထွက်သိသိ သာသာ ကျဆင်းသွားနိုင်ပါသည်။ မြေပဲစေ့ ကို သတ္တုဓာတ်များ
ပါဝင်မှုကို ဓာတ်ခွဲ ကြည့်ရာ မြေပဲ ၁၀၀ ဂရမ်တွင် ကယ်လ်ဆီ ယမ် ၈၂ ဒသမ ၆ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၇၄ ဒသမ ၁ မီလီဂရမ်၊ ဖော့
စဖရပ် ၄၃၈.၁ မီလီဂရမ်၊ ဆိုဒီယမ် ၆ ဒသမ ၃၁ မီလီဂရမ်၊ ပိုတက်စီယမ် ၆၂၆ ဒသမ ၃ သံဓာတ် ၁ ဒသမ ၅၉ မီလီဂရမ်၊ ကြေးနီ ၁
ဒသမ ၂၂ မီလီဂရမ်၊ သွပ် ၆ ဒသမ ၁၂ မီလီဂရမ်နှင့် မဂ္ဂနီးစ် ၁ ဒသမ ၈၄ မီလီ ဂရမ် ပါဝင်ကြောင်း တွေ့ရသည်။ လေ့လာရေး ပြီးဆုံး
သွားပါပြီ။ သဲခင်း ၍ စိုက်ပျိုးထားသော စိမ်းလန်းနေသည့် မြေပဲခင်းကြီးများကို သမင်လည်ပြန် ကြည့်၍ ရင်ထဲပီတိဖြစ်စွာဖြင့် ပြန်ခဲ့ရ
ပါ တော့သည်။

The post သဲခင်း‬၍စိုက်ပျိုးသော မြေပဲ အထွက်တိုး နည်းပညာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>