Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးမှိုသီး⁠ရောဂါ အေ⁠ကြာင်းသိ⁠ကောင်းစရာ (FALSE SMUT)

$
0
0

(က) ရောဂါဖြစ်စေသက်ရှိ

Ustilaginoidea virens

(ခ) ရောဂါလက္ခဏာ

စပါးစေ့များတွင် ပုံမှန်ထက် ၂ဆခန့် ကြီးမားပြီး အစိမ်းရောင် စိမ်းဝါရောင်မှိုအစုအခဲများ ဖုံးအုပ်ပြီး မှိုသီးများအဖြစ်တွေ့ရသည်။ မှိုသီးများ ရင့်လွန်းချိန်တွင် စိမ်းညိုညိုအရောင်ပြောင်းသွားသည်။

(ဂ) ဒေသအလိုက်ပျံ့နှံ့တည်ရှိမှု

မြန်မာပြည်   စပါးစိုက်ဒေသများတွင် အနည်းနှင့် အများတွေ့ရှိနိုင်သည်။

(ဃ) ရောဂါသံသရာ

ရောဂါရစပါးစေ့များသည် လယ်ကွက်ထဲ၌ ကြွေကျကျန်ရစ်ခဲ့ကာနောက်စပါးစိုက်ပြီးနောက် ပန်းပွင့်ချိန်တိုင်အောင် ရောဂါဖြစ်စေမှိုသည် ရှင်သန်နေပြီး စပါးပွင့်များပေါ်သို့ ရောက်ရှိကာ ရောဂါဖြစ်စေသည်။ လေတိုက်ခြင်းဖြင့် အခြားအပင်များသို့ ကူးစက်စေသည်။

(င) ကာကွယ်နှိမ်နင်းနည်းများ

စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းခြင်း

(၁) ရောဂါကျစိုက်ခင်းမှ မျိုးစေ့ကို ပြန်မသုံးပါနှင့်

(၂) မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်ပြီးမှ စိုက်ပါ။

(၃) အနှံမထွက်မီ ရက်အနည်းငယ်အလိုတွင် မှိုသတ်ဆေးဖျန်းပါ။

(၄) အောက်ပါမှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ။

(က) Propiconazole (ပရိုပီကိုနာဇိုး)

(ခ) Azoxystrobin (အဇိုစီစတိုဘင်)

(ဂ) Benomyl (ဘီနိုမိုင်း)

(ဃ) Carbendazim(ကာဗန်ဒါဇင်)

စိုက်ပျိုးရေးဦးစီးဌာန

The post စပါးမှိုသီး⁠ရောဂါ အေ⁠ကြာင်းသိ⁠ကောင်းစရာ (FALSE SMUT) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......