Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ေ⁠မြပဲသီး⁠နှံ⁠ရောဂါများ

$
0
0

(၁)မြေပဲရွက်ပြောက်ရောဂါ

ရွက်ညိုပြောက် (Cercospora arachidicola)

ရွက်နက်ပြောက် (Phacosariopisis personata)

ကျရောက်သည့်အချိန်

မြေပဲစိုက်ပြီး (၃)ပတ်မှ (၅)ပတ်အတွင်း ကျရောက်နိုင်သည်။ ရွက်ညိုပြောက်က အရင်ကျရောက်၍ ရွက်နက်ပြောက်ကနောက်မှ ကျရောက်သည်။ နှစ်မျိုးလုံးကို တစ်ပြိုင်တည်းတွေ့နိုင်သည်။

ရောဂါပျံ့ပွားမှု

ရောဂါ (၂)မျိုးစလုံးသည် မြေဆောင် ရောဂါဖြစ်သည်။ တစ်နေရာမှ တစ်နေရာ ပျံ့နှံ့မှုမှာ လေဖြင့်လည်းကောင်း၊ အပင်အကြွင်း အကျန်များ မှ တဆင့်လည်းကောင်း ကူးစက်ပျံ့ပွားသည်။ အောက်ရွက်များမှ စတင်ကူးစက်လေ့ရှိသည်။

ကာကွယ်နှိမ်နင်းနည်းများ

  • ခံနိုင်ရည်ရှိသော မျိုးများကိုစိုက်ပါ။
  • ရာသီမဟုတ်ဘဲ အလေ့ကျပေါက် မြေပဲပင်များကို သုတ်သင်ရှင်းလင်းပါ။
  • ရောဂါရပင်ကြွင်းပင်ကျန်များ မီးရှို့ဖျက်စီးပါ။
  • ရွက်ပြောက်ရောဂါ (၂)မျိုးစလုံး အတွက် Hexaconazole၊ Propiconazole၊ Chlorothalonil၊ Benomyl၊ Thiophanate methyl စသည့် မှိုသတ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

 

ပင်ရင်းပုတ်ရောဂါ (Aspergillus niger)

ကျရောက်သည့်အချိန်

စစိုက်သည့်အချိန်မှ အပင်ကြီးအရွယ်ထိ။

ရောဂါပျံ့ပွားမှု

အပင်အကြွင်း အကျန်များတွင် ခိုအောင်းရှင်သန်နေသောမှိုသည် မြေဆောင်အဖြစ်ဖြင့် တစ်ပင်မှ တစ်ပင် တစ်ခင်းမှ တစ်ခင်းသို့ ကူးစက် ပျံ့နှံ့သည်။ ၄င်းအပြင် မြေပဲစေ့ပေါ်တွင် မျိုးစေ့ ဆောင်အဖြစ်ကပ်ပါသွားခြင်းဖြင့်လည်း ရောဂါပျံ့နှံ့စေသည်။

ရောဂါပင်ပြလက္ခဏာ

ရောဂါရမြေပဲစေ့ပေါ်တွင် မှိုကွက်များဖြစ်လာပြီး ပုပ်ရိသွားသည်။ အပင်ငယ်စဉ်ရောဂါ ကျရောက်ပါက မြေနှင့် ကပ်နေသော ပင်စည်တွင် ညိုဝါရောင် စတွေ့ရပြီး အညိုရင့် သို့မဟုတ် အမဲရောင် စပိုးများဖြင့် ဖုံးအုပ်လာသည်။ အပင်ကြီးလာပါက မြေပဲကိုင်းအရင်းပုပ်ဆွေးပြီး အမဲရောင် စပိုးများနှင့် ဖုံးအုပ်နေပြီး အရွက်များ ခြောက်၍ ကြွေကျသွားသည်။

ကာကွယ်နှိမ်နင်းနည်းများ

  • မြေအတိမ်အနက်မှန်အောင်မျိုးစေ့ချပါ။
  • ပေါင်းသင် မြေတောင်မြှောက်ရာတွင် အပင်ကို ထိခိုက်ဒဏ်ရာမရှိအောင် ဆောင်ရွက်ပါ။
  • မျိုးစေ့များကို မစိုက်ပျိုးမီ ဟိုမိုင်း မှိုသတ်ဆေးမှုန့် (၂၀၀)ဂရမ်နှင့် မျိုးစေ့ (၁၀၀)ကီလိုဂရမ်ကို လူးနယ် စိုက်ပျိုးပါ။
  • ရောဂါရပင်ကြွင်းပင်ကျန်များ ဖျက်ဆီးပစ်ပါ။
  • Chlorothalonil၊ Carbendazim၊ Thiophanate methyl စသည်မှိုသတ်ဆေးများ တို့ဖြင့် ပက်ဖျန်းနိုင်ပါသည်။

 

(၃) မြေပဲသံချေးရောဂါ (Puccinia arachidis)

ကျရောက်သည့်အချိန်

ရာသီမရွေး ကျရောက်နိုင်သည်။

ရောဂါပျံ့ပွားမှု

ရောဂါရ ပင်ကြွင်းပင်ကျန်များတွင် ခိုအောင်း၍ ကူးစက်စေသည်။ လေဖြင့် အဓိကပျံ့ပွားစေနိုင်သည်။ အပူချိန်(၂၀) ဒီဂရီစင်တီဂရိတ် ရှိခြင်း၊ စိုထိုင်းဆ များခြင်းတို့သည် ရောဂါတိုးတက်မှုကို ဖြစ်စေသည်။

ရောဂါပင်ပြလက္ခဏာ

အရွက်၏ အောက်မျက်နှာပြင်တွင် လိမ္မော်ရောင် စပိုင်းစု အဖုကလေးများတွေ့ရပြီး ၄င်းတို့မှ နီညိုရောင် စပိုင်းများ ပေါက်ကွဲထွက်လာသည်။ စိုထိုင်းဆတာရှည်ပါက ၄င်းအဖုများကို အရွက်၏ အပေါ်မျက်နှာပြင်တွင်ပင်တွေ့နိုင်သည်။ ပန်းပွင့်နှင့် စွယ်များမှအပ မြေပေါ်အစိတ်အပိုင်း အားလုံးတွင် ရောဂါကျရောက်နိုင်သည်။ သံချေးရောဂါကျရောက်ပါက အရွက်ခြောက်၍ အပင်တွင် တွယ်ကပ်နေသည်။

ကာကွယ်နှိမ်နင်နည်း

  • မြေပဲစိုက်ရာသီ တစ်ခုနှင့် တစ်ခု ခြားတွင် အနည်းဆုံး တစ်လခြားသင့်သည်။
  • သီးနှံအလှည့်ကျ စိုက်ပါ။
  • ရောဂါကျပင်ကြွင်းပင်ကျန်များ ဖြတ်ဆီးပစ်ပါ။
  • မှိုသတ်ဆေးများဖြစ်သည့် Hexaconazole၊ Tebuconazole၊ Propiconazole၊ Benomyl၊ Chlorothalonil၊ Thiophanate methyl၊ Azoxystrobin စသည်တို့ဖြင့် ပက်ဖျန်းနိုင်ပါသည်။

 

မြေပဲအမြစ်ပုပ်ရောဂါ/ ပင်စည်ပုပ်ရောဂါ (Sclerotium rolfsii)

ကျရောက်သည့်အချိန်

စစိုက်ချိန်မှ ရိတ်သိမ်းချိန်အထိ။

ရောဂါပျံ့ပွားမှု

မှိုမှထုတ်လုပ်သော စကယ်ရိုးရှမ် ခေါ်အနက်ရောင် အလုံးငယ်များသည် မြေဆောင်အဖြစ်ဖြင့် ရောဂါကို တစ်နေရာမှ တစ်နေရာသို့ ကူးစက် ပျံ့နှံ့စေသည်။ ရောဂါရ ပင်ကြွင်း ပင်ကျန်များမှလည်း ကူးစက်စေသည်။

ရောဂါလက္ခဏာ

ရောဂါကျရောက်လာသော အပိုင်းသည် အညိုရောင်ရှိပြီး ၄င်းအပေါ်တွင် အဖြူရောင်မှိုမျှင်များကို တွေ့ရသည်။ အပင်ကြီးများတွင်  မြေ   အောက်ပိုင်းရှိ မြေပဲပင်စည်ပေါ်တွင်အညိုရင့်ရောင် အနာကွက်များဖြစ်ပြီး အပင်ညှိုးလာသည်။ အပင်ကိုနှုတ်ကြည့်ပါက အမြစ်၊ စွယ်၊ အတောင့် တို့ကို အဖြူရောင် မှိုမျှင်များဖြင့် ဖုံးအုပ်နေသည်ကို တွေ့ရသည်။

ကာကွယ်နှိမ်နင်းနည်းများ

  • ရောဂါရပင်ကြွင်းပင်ကျန်များ မီးရှို့ခြင်းဖြင့် ဖျက်ဆီးပါ။
  • ရေသွင်းရေထုတ်ကောင်းမွန်အောင် ပြုလုပ်ပေးပါ။
  • အလေ့ကျပေါက်မြေပဲပင်နှင့် ပေါင်းပင်များဖျက်ဆီးပစ်ပါ။
  • ရောဂါဒဏ်ခံနိုင်ရည်ရှိစေရန် လကြေး မြေသြဇာ ထည့်ပါ။
  • မှိုသတ်ဆေးများဖြစ်သည့် Captan၊ Thiram, Benomyl၊ Mancozeb၊ Hexaconazole၊ Tebuconazole၊ Propiconazole၊ စသည်တို့ဖြင့် ပက်ဖျန်းနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

 

The postေ⁠မြပဲသီး⁠နှံ⁠ရောဂါများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>