ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နည်း
သစ်ခွပင်များ ကြီးထွားလာသည်နှင့်အမျှ ပိုးမွှားရောဂါမှာလည်း ကျရောက်တတ်ပါသည်။ ကျရောက်ဖျက်ဆီးတတ်သည့် ပိုးမွှားရောဂါနှင့် ကာကွယ်နည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ရိတ်သိမ်းခြင်း
အပင် (၃)နှစ်သက်တမ်းရှိလျှင် အရွက်များပါသော ရိုးတံများ ပေါ်လာမည်။ ၄င်းအရိုးများကို အပင်ရင်းမှ (၂လက်မ) ချန်ပြီး ဖြတ်ယူပါ။ အရွက်မကြွေသော်လည်း (၃)နှစ်သက်တမ်းရှိပြီး အပင်အုံတွင် သားတက်များရှိလျှင် ဖြတ်ယူရိတ်သိမ်းနိုင်သည်။ ရိတ်သိမ်းသော အပင် အုံတွင် သားတက်သစ်အတွက် အရွက်ရှိရိုးတံ (Cane) (၃)ခု အနည်းဆုံးရှိရန် လိုအပ်ပါသည်။ သို့မှသာ နောက်သားတက်အတွက် ကြီး ထွားရန် အထောက်အကူရရှိမည်ဖြစ်ပါသည်။
အခြောက်ခံခြင်း
ရိတ်သိမ်းပြီးသော သစ်ခွရိုးတံများကို စုစည်းပြီး ရေနွေးဖျောပေးပါ။ ထို့နောက် ဆယ်ယူပြီး အမြှေးပါးများ ပျောက်သွားအောင် လက်ဖြင့် ပွတ်ပေးရပါမည်။ ရေစင်စင်ဆေးပြီးသော ရိုးတံများသည် အခြောက်ခံရန်အတွက် အနည်းဆုံး (၁၀)ချောင်းစီ အပြားလိုက် ၀ါးနှီးနှင့် ချည် ပေးခြင်းဖြင့် အခြောက်ခံရန် အသင့်အနေအထားတွင် ရှိပြီဖြစ်ပါသည်။
အခြောက်ခံ မီးဖိုထဲတွင် သစ်ခွရိုးစည်းများကို အနည်းဆုံး (၂-၃)ထပ်မျှစီထည့်ပြီး အပေါ်မှဂုံနီအိတ်ပါးဖြင့် အုပ်ပေးထားရမည်။ သစ်ခွ စည်းများကို ထောင်ပြီးအခြောက်ခံလျှင်လည်း ရနိုင်ပါသည်။ မီဖိုအောက်မှ မီးကျည်ခဲများကို ထည့်ပေးပြီး အကြာခဏ ရိုးစည်းများကို အထက်အောက်လှန်ပေးရပါမည်။
အချိန် (၄)နာရီကြာအောင် မီးကင်ခြင်းဖြင့် အစိုဓါတ် (၁၀%) ရှိသည့် သစ်ခွခြောက်များကို ရရှိနိုင်ပါသည်။ အခြောက်မီးကင်ရာတွင် အောက်မီးများမပြင်းရန် သစ်ခွရိုးများ အထက်အောက်လှန်ပေးရန် လိုအပ်ပါသည်။ ထိုကဲ့သို့ မလုပ်လျှင် သစ်ခွရိုးတံများကျွမ်း၍ မီးလောင်တတ်ပါသည်။
ထုတ်ပိုးသိုလှောင်ခြင်း
အခြောက်ခံဖိုမှ အခြောက်ခံပြီးသော သစ်ခွခြောက်စည်းများကို လေသလှပ်ခံပြီး မြွေရေခွံအိတ်များတွင်စီ၍ထည့်ပါ။ တစ်အိတ်လျှင် အနည်းဆုံး (၇-၅)ပိဿာရှိရန် လိုအပ်ပါသည်။ ၄င်းအိတ်များကို လေ၀င်လေထွက်ကောင်းပြီး စွတ်စိုမှုမရှိသော သိုလှောင်ရုံတွင် နံရံများနှင့်ခွာ၍ အောက်ခံခုံပေါ်တွင် ကမာစီထားပါ။ သိုလှောင်ရုံတွင် (၂)လ ထက်ပို၍ သိုလှောင်ခြင်းမပြုရပါ။ မိုးမမိရန်နှင့် ရေမစိုရန် အထူးသတိပြုရန် လိုအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ဆေးဖက်ဝင်သစ်ခွပင်များ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နည်း (အပိုင်း-၂) appeared first on Myanmar Farmers' Portal.