Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ေ⁠ပြာင်းဖူးစိုက်ပျိုးနည်းများ⁠နှင့် အသုံးဝင်ပုံအေ⁠ကြာင်း (အပိုင်း-၂)

$
0
0

ပြောင်းဖူးအသုံးပြုမှု

ပြောင်းဖူးကို လူနှင့် တိရစ္ဆာန်တို့၏ အစားအစာအဖြစ်လည်းကောင်း၊ စက်မှုကုန်ကြမ်းအဖြစ်လည်းကောင်း ကျယ်ပြန့်စွာ အသုံးပြုကြ သည်။ မြန်မာနိုင်ငံတွင် ဖူးစားပြောင်းဖူးအစိုကို ပြုတ်ပြီူ သားရေစာအဖြစ်လည်းကောင်း၊ ဆီဖြင့်ကြော်၍ ဟင်းလျာအဖြစ်လည်းကောင်း စားသုံးကြသည်။ ဆန်ရှားပါးသော တောင်ပေါ်ဒေသများနှင့် မိုးခေါင်ဒေသအတွင်းရှိ အချို့ဒေသများတွင် အစေ့ကို ဆန်ဖွပ်သကဲ့ သို့ လုံးကွဲထောင်းကာ ဆန်ဖြင့်ရောချက် စားကြသည်။ ချင်းပြည်နယ်တွင် ရူးလ်ဘူးခေါ် ပြောင်းဖူးစေ့ အဖြူမျိုးကို ဆန်အစား ထမင်းအဖြစ် စားကြသည်။

အိန္ဒိယနိုင်ငံတွင် ပြောင်းဖူးမှုန့်ကို (Corn Flour) ပေါင်မုန့်၊ ဂျပါတီ၊ မုန့်နပ်များ ပြုလုပ်စားကြသည်။ ပြောင်းဖူး၏ မူရင်းဒေသဖြစ်သော မက္ကဆီကိုတွင် တော်လီလာစ် (Tortillas) ခေါ် အချဉ်မဖောက်သော ပေါင်မုန့်ပြုလုပ်စားသုံး ကြသည်။ ၎င်းပေါင်မုန့်ကို ထမင်းနေရာတွင် အစားထိုး၍ အသားဟင်း၊ ဟင်းသီးဟင်းရွက်များဖြင့် စားကြသည်။ ပြုလုပ်နည်းမှာ ပြောင်းဖူးစေ့များကို ထုံးရေထဲတွင် ပွလာသည် အထိစိမ်ပြီး၊ အစေ့အပေါ်မှ အမှေးပါးများကို ဖယ်ရှားပစ်သည်။ ၎င်းနောက် ဂျုံကို ပေါင်မုန့်ပြုလုပ်သည့်နည်းတူ ပြုလုပ်သည်။   မြန်မာနိုင်ငံ နည်းတူ ပြောင်းဖူးပြုတ်၊ ပြောင်းဖူးကြော်နှင့် ဟင်းချိုများ ပြုလုပ်စားသည်။

မက္ကဆီကိုတောင်ဘက်ရှိ ပီရူးနိုင်ငံတွင် ပြောင်းဖူးပြုတ်၊ ပြောင်းဖူးဖုတ် ပေါက်ပေါက်ပွင့်များ ပြုလုပ်စားကြ သည်။ သကြားပြောင်းဖူးစေ့မှ ဘီယာ ပြုလုပ်ကြသည်။ လက်တင်အမေရိကားတွင် ပြောင်းဖူးကို ချက်ပြုတ်နည်း အမျိုးမျိုးဖြင့် အစားအစာမျိုးစုံ ပြုလုပ်စားသုံးကြသည်။ အာဖရိကအရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ပြောင်းဖူးကို ဆန်ပြုတ်ပျစ်ကဲ့သို့ကျိုပြီး၊ အဓိကအစာအဖြစ်လည်းကောင်း၊ ကိတ်မုန့်အသွင်ဖြင့် လည်းကောင်း ပြုလုပ်စားကြသည်။ အနောက်အာဖရိကနိုင်ငံများတွင မက်ဆီကိုနိုင်ငံမှာ ပြုလုပ်သည့် တော်တီလာစ်နည်းတူ ပြုလုပ်၍ အချဉ်ဖောက်ပြီး ရေနွေးငွေ့ဖြင့်ပေါင်း၍ အမွှေးအကြိုင်များဖြင့် စားသည်။ အနောက်အိန္ဒိယကျွန်းစုရှိ နိုင်ငံများ (Caribean countries) တွင် ပြောင်းဖူးစေ့ကို အချဉ်ဖေါက်၍ ဟင်းချိုများတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်စားကြသည်။ အနောက်အိန္ဒိယကျွန်းစုတွင် ပါဝင်သော ဟေတီ(Haiti) ကျွန်းတွင် ပြောင်းဖူးစေ့များကို အမှုန့်အကြမ်းစားပြုလုပ်၍ ချက်စားကြသည်။ အာရှနိုင်ငံများတွင်   ပြောင်းဖူးစေ့ကို အနည်းငယ်လောက်သာ အဓီကအစာအဖြစ် စားကြသည်။

အမေရိကန်ပြည်ထောင်စုတွင် အစားအစာပုံစံမျိုစုံ ပြုလုပ်ရောင်းချကြသည်။ ၎င်းတို့တွင် ပြောင်းဖူးမှုန့်၊ ကော်အချိုရည်အမျိုးမျိုး၊ အစေ့လုံး ကွဲ၊ ပြောင်းဖူးအပြားချောက် (Corn flakes) ပြုလုပ်သည်။ ပြောင်းဖူးအမှုန့်မှ ၀ီစကီအရက်နှင့် ဂလူးကို့စ်ထုတ်လုပ်သည်။ ဂလူးကို့စ်   ပြုလုပ်ရာမှရရှိသော ဘေးထွက်ပစ္စည်းကို ရော်ဘာ၏ ဆွဲအား၊ တွန်းအားကောင်းမွန်အောင် ပြုလုပ်ရာတွင် အသုံးပြုသည်။   ပြောင်းဖူးစေ့ထိပ်ပိုင်းမှ ထွက်သောအဆံ (Germ of seed) တို့မှ စားသုံးဆီ၊ မီးထွန်းဆီနှင့် ချောဆီများ   ပြုလုပ်သည်။ ပြောင်းစေးမှ   ကော်ပြုလုပ်ပြီး သကြားပြောင်းမှ အချိုရည် ထုတ်လုပ်ရောင်းချသည်။

တိရစ္ဆာန်အစားအစာအဖြစ် ပြောင်းဖူးများ မြိတ်ဆာထွက်စတွင် အပင်များကို နုတ်နုတ်စင်း၍ ချဉ်ပတ် (Silages) ပြုလုပ်ကျွေးမွေးသည်။ အချို့သောတောင်သူများက နေရိပ်တွင် ရေကိုကုန်ခမ်းစေပြီး (Dehydration) ပြောင်းပင် နှင့် အရွက်များကို စင်း၍ ကျွေးသည်။   မြန်မာတောင်သူများက အပင်တစ်လ၊ တစ်လခွဲအရွယ်တွင် အပင်အပိုများကို နှုတ်ယူကာဓါးဖြင့် စင်းပြီး နွားကျွေးသည်။ သမပိုင်းတိုင်း   ပြည်များတွင် တိရစ္ဆာန်အစားအစာ အတွက် သားတက်(၄-၅) ခုထွက်သော ပြောင်းဖူးမျိုးကို သီးသန့်စိုက်ပျိုး၍ တိရစ္ဆာန်များကို ချဉ်ပတ် အဖြစ်နှင့် လည်းကောင်း၊ အစားစိမ်းအဖြစ်လည်းကောင်း ကျွေးကြသည်။ ပြောင်းဖူးပင် အရိုးခြောက်အတွင်းရှိ အူတိုင်များကို စက်ဖြင့် ဖိ၍ ဖေါ့ပြားသဖွယ်ပြုလုပ်ပြီး စစ်သင်္ဘော၏ သံကိုယ်ထည်နံရံနှစ်ခုကြားတွင် ထည့်သွင်း ကာတည်ဆောက်သည်။ ပြောင်းဖူးပင်စည် အရိုးနှင့် အရွက်တို့ကို ပျော့ဖတ်ပြုလုပ်ပြီး အကောင်းစားစက္ကူ ထုတ်လုပ်သည်။ ယင်းစက္ကူမှ ငွေစက္ကူ (Bank note) ပြုလုပ်လျှင် အရည် အသွေးကောင်းမွန်ကြောင်း ဖော်ပြထားသည်။ ကော်မှုန့်၊ ဂလူးကို့စ်၊ ၀ီစကီနှင့် အရက်မျိုးစုံ ထုတ်လုပ်ပြီးနောက် ထွက်လောသော   ဘေးထွက်ပစ္စည်းတို့ကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုသည်။ ပြောင်းဖူးအူတိုင်တို့ကို အမှုန့်ပြုလုပ်ကျွေးမွေးသည်။

မြန်မာနိုင်ငံတွင် ထင်းအစားလောင်စာအဖြစ် သုံးသည်။ ထိုင်းနိုင်ငံတွင် ပြောင်းဖူးအူတိုင်မှ ဗြူတိန်းဓာတ်ငွေ့ (Butame gas) ထုတ်ပြီး၊ မီးလာင်စာအဖြစ် အသုံးပြုကာ ပြောင်းဖူးနှင့် ပြောင်းစေ့များကို ယင်းအပူငွေ့ဖြင့် အခြောက်လှန်းသည်။ ကြက်မွေးမြူသူများသည်   ပြောင်း ဖူးစေ့ကို လုံးကွဲမျှ ကြိတ်ခွဲပြီး ဆီကြိတ်ဖတ်မှုန့်၊ ခရုခွံမှုန့်စသည်တို့နှင့် ရောစပ်ကာ ကြက်များကို ကျွေးမွေးသည်။ အချုပ်အားဖြင့် ပြောင်းဖူး ပင်စည်၊ အရွက်၊ ပြောင်းဖူးစေ့၊ အူတိုင် စသည့် အစိတ်အပိုင်းအားလုံးသည် လူတို့၏ အစားအစာ၊ အသုံးအဆောင်များကို လည်းကောင်း၊ တိရစ္ဆာန်အစားအစာများကိုလည်းကောင်း ပြုလုပ်ရာတွင် အသုံးဝင်သည်။

ဖူးစားပြောင်း

အစေ့ထုတ်ပြောင်း

ပြောင်းဖူးနု ( သို့ ) ဟင်းစားပြောင်း

စိုက်ပျိုးသုတ ပစ္စယ

The postေ⁠ပြာင်းဖူးစိုက်ပျိုးနည်းများ⁠နှင့် အသုံးဝင်ပုံအေ⁠ကြာင်း (အပိုင်း-၂) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>