Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အစုံစားဖျက်ပိုး ငေ⁠မြာင်⁠တောင်( Armyworm )အေ⁠ကြာင်း သိ⁠ကောင်းစရာ

$
0
0

ငမြှောင်တောင်

Armyworm

Spodoptera litura

Lepidoptera: Noctuidae

လက်ခံပင်သီးနှံများ

ပဲမျိုးစုံတွင်သာမက အပင်မျိုးစုံ စားသောက်ဖျက်ဆီးသော အစုံစားဖျက်ပိုး (Polyphagous Pest) ဖြစ်သည်။

ဖျက်ဆီးပုံ လက္ခဏာ

ရေလွှမ်းမိုးခံရသော မြစ်ကမ်းဘေးစိုက်ခင်းများ၊ နောက် မိုးကောင်းသောနှစ်များ၌ ဆိုးဝါးစွာ ဖျက်ဆီးလေ့ရှိသည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်ငယ်သည် အရွက်အစိမ်းသားများကို ခြစ်စားရာမှာ ကြီးလာသော် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက် သဖြင့်  အပင်ငုတ်တိုများသာကျန်ပြီး နွားစားထားကဲ့သို့လည်းကောင်း၊ တံစဉ်းဖြင့် ရိတ်ဖြတ်ထားသကဲ့သို့ လည်းကောင်း တွေ့မြင်ရသည်။ လောက်ကောင်များသည် အုပ်စုဖွဲ၍ စားသောက်ဖျက်ဆီးသည်။ နံနက်စောစောနှင့် ညအချိန်မှ အပင်ကို ဖျက်ဆီး၍ နေ့အချိန်တွင် အပင် ခြေရှိ အမှိုက်၊ ပေါင်းများ၌ ခိုအောင်းနေသည်။

ဘ၀စက်ဝန်း

ဖလံအမ၏ အရှေ့တောင်သည် အညိုရောင်ရှိ၍ ရွှေဝါရောင် အစင်းအကွက်များ ပါရှိသည်။ နောက်အတောင်မှာ ဖြူမှိုင်းရောင်ရှိ၍  အနား စွန်းတွင် အညိုဖျော့ရောင်ဖြင့် အနားကွပ်ထားသည်။ ဖလံအမသည် ဥများကို အရွက်၏ အောက်မျက်နှာပြင်၌ အစုလိုက် အပြုံလိုက် အု ထားသည်။ ဥမြုံတစ်မြုံလျှင်  ဥပေါင်း (၂၀၀) မှ (၃၀၀) ထိရှိ၍ ဥမြုံပေါ်တွင် ညိုဝါရောင်အမွှေးနုများဖြင့် ဖုံးအုပ်ထားသည်။ ဖလံမတစ် ကောင်သည် ဥပေါင်း (၁၀၀၀ မှ ၂၀၀၀) အထိ အုနိုင်သည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်ငယ်များသည် စိမ်းညိုရောင်ရှိ၍ အစာဝသော် အရောင်ရင့်လာသည်။ ပိုးလောက်ကောင် ကိုယ်ခန္ဓာ၏ဘေးတွင် အ၀ါရောင်အစင်းတန်းပါရှိ၍ အစင်းတန်းပေါ်၌ အနက် ရောက်လခြမ်းပုံအကွက်များ စီတန်းလျက် ရှိပါသည်။ ရုပ်ဖုံးဘ၀ကို အပင်ခြေရှိမြေကြီးအတွင်း၌ပြုလုပ်သည်။ ရုပ်ဖုံးအရောင်း၌ နီညို ရောင်ရှိသည်။ လောက်ကောင်ဘ၀တွင် အဆင့် (၇) ဆင့် အထိ ရှိသည်။ ဥဘ၀မှ ဖလံသက်တမ်းကုန်ဆုံးသည်အထိ (၁)လခန့်ကြာ သည်။ ဥဘ၀တွင် (၃-၄)ရက်၊ ပိုးလောက်ကောင်ဘ၀တွင် (၃)ပတ်၊ ရုပ်ဖုံးဘ၀တွင် (၁-၂) ပတ်၊ အကောင်ကြီး ဘ၀တွင် (၃)ရက် ကြာ သည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ဥမြုံများနှင့် ပိုးလောက်ကောင်းများကို ရှာဖွေဖျက်ဆီးပါ။

(၂) မီးထောင်ချောက်ထွန်း၍ ဖလံများကို ညအချိန် ဖမ်းယူဖျက်ဆီးပါ။

(၃) စိုက်ခင်းတစ်ကွက်မှ တစ်ကွက်သို့ မကူးနိုင်အောင် (၂)ပေ အကျယ်၊ (၁) ပေ အနက် မြောင်းများတူး၍  မြောင်းထဲ၌ ကျရောက်နေ သော လောက်ကောင်များကို နံနက်စောစော ရှာဖွေဖျက်ဆီးပါ။

(၄) ထိသေ၊ စားသေ  ဓာတုပိုးသတ်ဆေးတစ်မျိုးမျိုးသုံး၍ နှိမ်နင်းပါ။ (ဥပမာ – Cypermethrin, Chlorpyrifos) ညနေပိုင်း (သို့မဟုတ်) နံနက်စောစောတွင် ဆေးဖျန်းပါ။

(၅) စားသုံးချိန်နီးပါက ဓာတုပိုးသတ်ဆေးမသုံးရ။ တမာပိုးသတ်ဆေး (သို့မဟုတ်) ဆေးရွက်ကြီးနှင့် ဆပ်ပြာဖျော်ရည်ကို သုံးပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

 

The post အစုံစားဖျက်ပိုး ငေ⁠မြာင်⁠တောင်( Armyworm )အေ⁠ကြာင်း သိ⁠ကောင်းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>