ပဲတောင့်ထိုးပိုး
Pod Borer
Maruca testulalis (Geyer)
Lepidoptera: Pyralidae
ဖျက်ဆီးပုံလက္ခဏာ
အရွက်၊ အဖူး၊ အပွင့် တို့ကို လောက်ကောင်၏ ပါးစပ်မှထုတ်သော ချည်မျှင်ဖြင့်လုံးထွေးလျက် စားသောက်ဖျက်ဆီးသည်။ ပိုးပေါက်ဖြစ် နေသော ချည်မျှင်ဖြင့်လုံးထွေး လျက် စားသောက်ဖျက်ဆီးသည်။
ပိုးပေါက်ဖြစ်နေသော ချည်မျှင်ဖြင့် လုံးထွေးလျက် စားသောက်ဖျက်ဆီးသည်။ ပိုးပေါက်ဖြစ်နေသော အသီးတောင့်ကို ခွဲကြည့်ပါက ပဲစေ့ ကို စားသောက်နေသော ပိုးလောက်ကောင်ကို တွေ့ရှိရပါသည်။ ယင်းအပေါက်၏ ဘေးပတ်လည်တွင် ပိုးလောက်ကောင် စွန့်ပစ်ထား သော ပိုးချေးများကို တွေ့နိုင်သည်။
ဘ၀စက်ဝန်း
ဖလံ၏ရှေ့အတောင်သည် အညိုရောင်ရှိ၍ အဖြူကွက်များရှိသည်။ နောက်အတောင်မှာ မီးခိုးဖျော့ရောင်ရှိ၍ အနားစွန်းတွင် အညိုကွက် များရှိသည်။ ဖလံမသည် ဥများကို အစုလိုက် အညွန့်၊ အဖူး၊ အပွင့်၊ အသီးတောင့်များပေါ်၌ ဥချသည်။ ဖလံမသည် ဥပေါင်း (၂၀၀) မှ (၁၀၀၀) ခန့်အထိ ဥနိုင်သည်။ ဥများသည် လုံးရှည်ပုံ အ၀ါရောင်ရှိ၍ ပေါက်ခါနီး၌ အညိုရောင်သို့ ပြောင်းသွားသည်။ ပိုးလောက်ကောင် သည် အစိမ်းဖျော့ရောင်ရှိ၍ ကိုယ်ခန္ဓာကျောဘက်ပေါ်၌ အနက်စက်များပါရှိသည်။
ပိုးလောက်ကောင်ဘ၀တွင် အဆင့် (၅)ဆင့် ရှိသည်။ ရုပ်ဖုံးဘ၀ကို ချည်မျှင်များနှင့် လုံးထွေးနေသော အညွန့်၊ အဖူး၊ အပွင့်များထဲ၌ဖြစ်စေ၊ အသီးတောင့်အတွင်း၌ဖြစ်စေ ပြုလုပ်သည်။ တစ်ခါတစ်ရံ မြေကြီးနှင့် ကပ်လျက်ရှိသော အပင်ခြေအစိတ်အပိုင်းများ၌လည်း ရုပ်ဖုံးပြုလုပ် သည်။ ဖလံများသည် နေ့အချိန်၌ စိုက်ခင်းအတွင်း ပျံသန်းနေသည်ကို တွေ့နိုင်သည်။ ဥဘ၀မှ ဖလံသက်တမ်းကုန်ဆုံးသည်အထိ (၄-၅) ပတ်ခန့် ကြာသည်။ ဥဘ၀တွင် (၃)ရက်၊ ပိုးလောက်ကောင်ဘ၀တွင် (၂)ပတ် ရုပ်ဖုံးဘ၀တွင် (၁)ပတ်၊ အကောင်ကြီး (ဖလံ)ဘ၀တွင် (၁)ပတ် ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
(၁) ပိုးချည်နှင့် လုံးထွေးနေသော အပင်အစိတ်အပိုင်းများနှင့် အပေါက်တွေ့ရှိရသော အသီးတောင့်များကို ခူးယူဖျက်ဆီးပါ။
(၂) အညွန့်၊ အဖူးဝင်ချိန်ကတည်းက ထိသေ၊ စားသေ (သို့) ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပတ်ဖျန်းပါ။
(၃) အသီးထောင့်များ စားသုံးချိန်နီးအရွယ်တွင် ဓာတု ပိုးသတ်ဆေး မပတ်ဖျန်းရ။ တမာပိုးသတ်ဆေးသုံးစွဲပါ။
Source by – စိုက်ပျိုးရေးဦးစီးဌာန
The post ကုလားပဲမှလွဲ၍ ပဲမျိုးစုံတွင် ကျရောက်ဖျက်ဆီးတတ်သည့် ပဲတောင့်ထိုးပိုးအကြောင်း သိကောင်းစရာ appeared first on Myanmar Farmers' Portal.