Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပြောင်းဖူးစိုက်ပျိုးရာတွင် ဒေသအလိုက် ရွေးချယ် ဆောင်ရွက်ရမည့် နည်းလမ်းများ (အပိုင်း-၁)

$
0
0

ရာသီဥတု

ပြောင်းဖူးကို နှစ်စဉ်ပျမ်းမျှ မိုးရေချိန် (၃၅) လက်မခန့်ရွာသွန်းပြီး အမြင့်ဆုံးအပူချိန် (၈၅) ဒီဂရီဖာရင်ဟိုက်နှင့် အနိမ့်ဆုံး အပူချိန် (၇၀) ဒီဂရီဖာရင်ဟိုက် အတွင်းရှိသောဒေသများ၌ အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်သည်။

အရေးကြီးဆုံးအချက်မှာ ပြောင်းဖူးသက်တမ်းကာလအတွင်း မိုးရွာသွန်းမှု ညီညာမျှတရန်လိုသည်။ မစိုက်မီ မြေပြုပြင်ရန်အတွက် မိုးရေ ချိန် (၃)လက်မခန့် ရွာသွန်းရန်လိုသည်။ တစ်ကြိမ်တည်းတွင် (၃)လက်မ ရွာသွန်းရန်မဟုတ်ဘဲ တစ်နေ့လျှင် ၀.၅၀လက်မမှ (၁.၀) လက် မခန့်သာရွာသွန်းလျှင်အကောင်းဆုံးဖြစ်သည်။ ပြောင်းဖူးပင်ပေါက်သည့် ရက်မှရင့်မှည့်သည်အထိတစ်ကြိမ်လျှင်(၀.၃၀)လက်မ၊ (၀.၅၀) လက်မစသည်ဖြင့် မျှတစွာရွာသွန်းလျှင် ပြောင်းဖူးပင်အထူးဖြစ်ထွန်းသည်။ ပြောင်းဖူးပင်သက်တမ်းတစ်လျှောက်တွင် စုစုပေါင်း မိုးရေချိန် (၁၇) လက်မ ရရှိလျှင် အသင့်တော်ဆုံးဖြစ်သည်။ ယင်းသက်တမ်းကာလအတွင်း (၂၅) လက်မအထိ ရွာသွန်းပါက အပင်ဖြစ် ထွန်းမှု ညံ့တတ်သည်။ ရေ၀ပ်ခြင်းကို မကြိုက်နှစ်သက်ပေ။

မြေအမျိုးအစား

ပြောင်းဖူးကို မြေဆီသြဇာထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့တွင် စိုက်ပျိုးရသည်။ ခြောက်သွေ့လျှင် အလွန်မာကြောပြီး   ရေစိုလျှင်စေးလွန်းသော ရွှံ့စေးမြေ၊ မြေနီကျောက်စရစ်နှင့် သဲမြေတို့တွင် မစိုက်ပျိုးသင့်ပေ။ မြေ၏ အချဉ်အငံဓါတ် PH (၅.၃) မှ (၇.၃) အတွင်း စိုက်ပျိုးနိုင်ပြီး အသင့်လျှော်ဆုံး အချဉ်အငံဓါတ်မှာ (၆)မှ (၇)အတွင်းဖြစ်သည်။

စိုက်ချိန်ရာသီ

ပြောင်းဖူးသည် အလင်းရောင်တုန့်ပြန်မှုမရှိသဖြင့် အစိုဓါတ်ရရှိပါက မည်သည့်လ၌မဆို စိုက်ပျိုးနိုင်ပါသည်။ သို့သော် လက်တွေ့အားဖြင့် မိုးရာသီနှင့် ဆောင်းရာသီတို့၌သာ စိုက်ပျိုးကြသည်။ ရာသီဥတုအကြောင်းတွင် မိုးရေချိန်လက်မ (၃၅)ခန့် ရွာသောဒေသများသည်   ပြောင်းဖူးပင်ဖြစ်ထွန်းမှုအတွက် အကောင်းဆုံးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အဓိကမှာ မိုးရွာသွန်းမှုညီညာမျှတရန်သာ အရေးကြီးသည်။ မိုးရေချိန်လက်မ (၃၅ မှ ၄၅)လောက်အထိ ရွာသွန်းသောဒေသများ၌လည်း ပြောင်းဖူးစိုက်ပျိုးကြသည်။ အထူးသတိပြုရန်မှာ ပြောင်းဖူးပင် ငယ်စဉ်တစ်လသား မပြည့်မီ မိုးသည်းထန်စွာ ရွာသွန်းတတ်သောဒေသများ၌ သင်္ကြန်မိုးရွာပြီး အစိုဓါတ်ရှိချိန်တွင် စိုက်သင့်သည်။ သို့မှ သာ မိုးများတတ်သော ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ၌ အပင်ကြီးနေပြီဖြစ်၍ မိုးများသောဒဏ်ကို အတော်အသင့်ခံနိုင်သည်။

ရေမ၀ပ်ရန်ရေထုတ်မြောင်းများ ဖေါက်ပေးရန်သာလိုသည်။ မိုးနှင့်ဆောင်း ပြောင်းဖူးစိုက်ပျိုးသောဒေသများ၌ စိုက်ပျိုးသင့်သောအချိန် ကာလများကို အောက်ပါအတိုင်း ဂရုပြုဆောင်ရွက်နိုင်ဖို့လိုမည် ဖြစ်ပါသည်။

 တိုင်းနှင့်ပြည်နယ်အလိုက် ပြောင်းဖူးစိုက်ပျိုးသင့်သော အချိန်ကာလ

ဧရာဝတီ၊ ပဲခူးနှင့် အညာတိုင်းများတွင် ဆောင်းရာသီ အစေ့ထုတ်ပြောင်းဖူးနှင့် ဖူးစားပြောင်းကို ကိုင်းမြေ၊ ကျွန်းမြေများ၌   မြစ်ရေကျချိန်   အောက်တိုဘာလမှ နိုဝင်ဘာလကုန်အထိ စိုက်ပျိုးကြသည်။ ဆောင်းရာသီ အစေ့ထုတ်ပြောင်းဖူး စိုက်ပျိုးသောဒေသများအနက် ဧရာဝ တီတိုင်းတွင် ဟင်္သာတခရိုင်နှင့် မကွေးတိုင်းတွင် ပခုက္ကူခရိုင် တို့သည် ထင်ရှားသောဒေသများဖြစ်သည်။  ပြောင်းဖူးစေ့အပြင်ဆေးလိပ်     ပြုလုပ်ရန် အုပ်ဖက်နှင့် အဆီခံဖက်များကိုလည်း အလေးထားထုတ်လုပ်ကြသည်။

စိုက်ပျိုးသုတ ပစ္စယ

The post ပြောင်းဖူးစိုက်ပျိုးရာတွင် ဒေသအလိုက် ရွေးချယ် ဆောင်ရွက်ရမည့် နည်းလမ်းများ (အပိုင်း-၁) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>