Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ေ⁠ပြာင်း၊ ⁠ဆေးရွက်⁠ကြီး၊ အာလူး၊ ၀ါ ⁠နှင့် ပဲမျိုးစုံတွင် ကျ⁠ရောက် ဖျက်ဆီးတတ်သည့် ပဲ⁠ကြမ်းပိုးစိမ်းအေ⁠ကြာင်းသိ⁠ကောင်းစရာ

$
0
0

ပဲကြမ်းပိုးစိမ်း

Green Stink Bug

Nezara viridula

Hemiptera: Heteroptera: Pentatomidae

လက်ခံပင်သီးနှံများ

ပြောင်း၊ ဆေးရွက်ကြီး၊ အာလူး၊ ၀ါ နှင့် ပဲမျိုးစုံတွင် ကျရောက် ဖျက်ဆီးသည်။ စိုက်ပျိုးပြီး ရက်ပေါင်း (၄၀ မှ ၇၀) အတွင်း ကျရောက် တတ် သည်။ အပွင့်စပွင့်ပြီး အစေ့အဆံတည်ချိန်တွင် ဆိုးရွားစွာ ဖျက်ဆီးတတ်သည်။ ပဲပုပ်၊ ပဲလွန်း တို့တွင် အဓိကကျရောက်သည်။ တစ်ခါ တစ်ရံ ကွက်ကြားကျရောက်သည်။ သို့သော် ဆိုးရွားမှုမရှိပါ။

ဖျက်ဆီးပုံလက္ခဏာ

ပဲပင်၏  အစိမ်းရောင်အသီး (Green Pod) နှင့် အစေ့ (Seeds) များတွင် ကျရောက်တတ်သည်။ အကောင်ကြီးနှင့် ပိုးလောင်းကောင်များ သည် အသီးမှ အရည်ကို စုပ်စားသဖြင့် အစေ့အစံတည်မှု မရှိပါ။ ၄င်းပဲကြမ်းပိုးမှ မှိုရောဂါ Nematospora Coryl ကို ဖွံ့ဖြိုးစ အစေ့ထဲသို့ ထိုးထည့်သဖြင့် မှိုရောဂါကို ကူးစက်စေသည်။ ခြောက်သွေ့သောပဲများတွင် ကျရောက်ခဲ့သည်။ အဓိကဖျက်ပိုးမဟုတ်သော်လည်း တစ်ခါ တစ်ရံ ကွက်ကြား ကျ၍ ဆိုးရွားစွာ ဖျက်ဆီးတတ်သည်။ အစုအဝေးလိုက် စားသောက်ကြပြီး  ပါးစပ်မှ ထုတ်သော စစ်ထုတ်ရည်ကြောင့် အပင်များညိုး၍ သေသည်။ အကောင်ကြီးများစုပ်စားသော အနာကွက်သည် ပုပ်သွားပြီး အနက် (သို့မဟုတ်) အညိုရောင်ပျော့ကွက် များ   ဖြစ်နေသည်။ အထွက်နှုန်းကို ကျဆင်းစေနိုင်သည်။

ဘ၀စက်ဝန်း

ကြမ်းပိုးမသည် ထောပတ်ရောင်ဥများကို အရွက်ပေါ်တွင် (၁၀ မှ ၉၀) လုံးထိ အုနိုင်သည်။ ဘ၀တစ်သက်တာတွင် ဥပေါင်း (၁၀၀၀)ထိ အုနိုင်သည်။ (၂)ရက်မှ (၃)ရက်ခန့် ကြာသောအခါပန်းရောင်ပြောင်းပြီး အကောင်ငယ်များပေါက်လာသည်။ ပထမဦးစွာ အရေခွံလဲထား   သော အကောင်ငယ်များသည် ဥခွံများနှင့် အတူနေပြီး အရွက်နုများ၊ အသီးများထံသို့သွားကြသည်။ ပိုးလောင်းကောင် အဆင့် (၅) ဆင့်ရှိသည်။ ဥမှပေါက်ကာစ အကောင်ငယ်များသည် တောက်ပသော အနက်ရောင်ရှိပြီး တဖြည်းဖြည်း အရောင်ဖျော့ကာ အကောင်ကြီး အဆင့် ရောက်သောအခါ အစိမ်းဖြစ်သွားသည်။ ဥဘ၀မှ အကောင်ကြီးအဆင့်  ရောက်သောအခါ အစိမ်းဖြစ်သွားသည်။ ဥဘ၀မှ အကောင်ကြီးဘ၀ထိ တစ်လခွဲခန့်ကြာသည်။ အကောင်ကြီးသည် (၁၆)မီလီမီတာရှည်သည်။ အချို့မှာ အကောင်ကြီးဘ၀ထိ (၆) လ ခန့်ကြာသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ခံနိုင်ရည်ရှိသော မျိုးကို စိုက်ပါ။ အချို့ ပဲပုပ်မျိုးများသည် ခံနိုင်ရည်ရှိသော မျိုးများဖြစ်သည်။

(၂) ဥဘ၀တွင် ကပ်ပါးပြုနေသော Hymenoptera  မျိုးစဉ်မှ Scelionidae မျိုးရင်းသည် ကြမ်းပိုးစိမ်းကိုကာကွယ်နိုင်သည်။ ကပ်ပါးသည် (၁၆-၁၈) ရက်ကြာလျှင် ဘ၀စက်ဝန်းပြည့်စုံသည်။

(၃) ထိသေ၊ စားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ပန်းပွင့်ချိန်နှင့် အသီးစတင်ဖြစ်ပေါ်ချိန်တွင် ပက်ဖျန်းနိုင်ပါသည်။ (ဥပမာ- Cypermethrin, Chlorpyrifos)

(၄) ထောင်ချောက်သီးနှံများ စိုက်ပါ။

စိုက်ပျိုးရေးဦးစီးဌာန

 

The postေ⁠ပြာင်း၊ ⁠ဆေးရွက်⁠ကြီး၊ အာလူး၊ ၀ါ ⁠နှင့် ပဲမျိုးစုံတွင် ကျ⁠ရောက် ဖျက်ဆီးတတ်သည့် ပဲ⁠ကြမ်းပိုးစိမ်းအေ⁠ကြာင်းသိ⁠ကောင်းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>