Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အရည်အသွေးကောင်းမွန်တဲ့ဆန်ကောင်းများရဖို့ စပါးကြိတ်ခွဲရာတွင် သတိထားရမည့် အရေးကြီးအချက်များ

$
0
0

စပါးကြိတ်ခွဲရာတွင် သတိထားရမည့် အရေးကြီးအချက်များ

  • စပါးမကြိတ်ခွဲမီ စပါး၏အစိုဓာတ်ပါဝင်မှုသည် (၁၄) ရာနှုန်း ရှိနေရပါမည်။

အခြောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်စဉ်အတွင်း ဆန်သားအက်ကြောင်းများ ဖြစ်စေသော အပူချိန်မြင့် ခြင်းနှင့် အပူချိန်အနိမ့်အမြင့် ပြောင်းလဲခြင်းများမဖြစ်စေရေန် လိုအပ်ပါသည်။ ထိုကဲ့သို့အက်ကြောင်းများ ဖြစ်ပါက ကြိတ်ခွဲရာတွင် ဆန်ကျိုးကြေမှုကို ဖြစ်စေပါသည်။

  • ဆန်စက်အတွင်း အမြဲသန့်ရှင်းနေစေရန် လိုအပ်ပါသည်။
  • ဘေးကင်းလုံခြုံစေရန် ဆန်စက်ပစ္စည်းများကို နေရာလွတ်ကျယ်ကျယ်ရှိသော နေရာတွင် ထားပါ။
  • ဆန်စပါးအခွံချွတ်ရာတွင် အကျိုးအကြေနည်းစေရန် ရာဘာဒလိမ့်တုံးများကို တင်းကြပ်မနေစေရပါ။
  • အရည်အသွေးကောင်းသော စပါးသည် အရည်အသွေးကောင်းသော ဆန်ကိုရစေပါသည်။
  • စပါးကြိတ်ခွဲရာတွင် ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ အခြောက်ခံခြင်းများ နောက်ကျဆောင်ရွက်ခဲ့သော စပါးများကို ကြိတ်ခွဲပါက အရောင်ပျက်သော၊ မဲသောဆန်များကို ရရှိစေမည်ဖြစ်ပါသည်။
  • စပါးမကြိတ်ခွဲမီ လုံးပိန်၊ လုံးညှပ်အဖျင်းများ၊ ကျောက်ခဲ၊ သဲ၊ သံတိုသံစများ ကြိတ်ခွဲမည့်စပါးတွင် မပါဝင်စေရန် အကြိုသန့်စင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပါ။
  • စက်အစိတ်အပိုင်းအားလုံးကို အမြဲစစ်ဆေး၍ ချိန်ညှိထိန်းသိမ်းခြင်း ရှိရပါမည်။
  • ကျွမ်းကျင်သော စက်မောင်းနှင့် ကိုင်တွယ်သူကို အသုံးပြုပါ။

ကြိတ်ခွဲခြင်း၏ လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ

  • ဆန်စက်နှင့်ပတ်သက်၍ မောင်းနှင်ကိုင်တွယ်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို နည်းပညာ ဗဟုသုတ အသိရှိသော စက်မောင်းကိုင်တွယ်သူကို တာဝန်ပေးပါ။ ထိုသူသည် ၎င်းဆန်စက် အစိတ်အပိုင်းများကို ပြင်ဆင်နိုင်ရပါမည်။ ထိန်းသိမ်းနိုင်ရပါ မည်။
  • ဆန်စက်တွင်ပါဝင်သော စက်အစိတ်အပိုင်းအမျိုးမျိုး၏ လုပ်ငန်းဆောင်ရွက်မှု သဘောတရားများကို သိရှိထားပြီး ၎င်းပစ္စည်း အစိတ်အပိုင်းများကို မှန်ကန်စွာ တွဲဖက်သုံးစွဲတတ်ရပါမည်။
  • စပါးအမျိုးအစားကိုလိုက်၍ စက်အစိတ်အပိုင်းများကို မှန်ကန်စွာ ချိန်ညှိရန် လိုအပ်ပါသည်။
  • စပါးအခြောက်ခံရာတွင် စနစ်တကျ ကောင်းမွန်စွာ ဆောင်ရွက်ရန် လိုပါသည်။ ထိုသို့ ကောင်းမွန်စွာ မဆောင်ရွက်နိုင်ပါက အကျိုး အကြေများ၍ လျော့နည်းဆုံးရှုံးမှုကို ဖြစ်စေပါသည်။ စပါးမကြိတ်ခွဲမီ စပါးအစိုဓာတ်သည် (၁၄) ရာနှုန်း ရှိရပါမည်။
  • အရည်အသွေးမကောင်းသော စပါးများကို မကြိတ်ခွဲသင့်ပါ။ ၎င်းတို့သည် အကျိုးအကြေအလေအလွင့် များပါသည်။

ခေတ်မီတိုးတက်သော ကျေးရွာရှိဆန်စက်၏ ရှိရမည့်လုပ်ငန်းစဉ်များ

(၁)     စပါးအကြိုသန့်စင်ခြင်း

(၂)     စပါးခွံချွတ်ခြင်း

(၃)     လုံးတီးဆန်နှင့် စပါးလုံးခွဲခြားခြင်း

(၄)     ဆန်နှင့်ရောလျက်ရှိသောကျောက်ခဲ၊ သံစခွဲထုတ်ခြင်း

(၅)     ဆန်ဖြူဖွတ်ခြင်း

(၆)     ဆန်ဇကာချခြင်း၊ အမှုံအမွှားများလေဖြင့် စုပ်ယူခြင်း

(၇)     ဆန်အဆင့်ခွဲခြားခြင်း(ဆန်ကွဲများဖယ်ထုတ်ခြင်း)

စိုက်ပျိုးသုတ Pissaya

The post အရည်အသွေးကောင်းမွန်တဲ့ဆန်ကောင်းများရဖို့ စပါးကြိတ်ခွဲရာတွင် သတိထားရမည့် အရေးကြီးအချက်များ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>