Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါး⁠ကြိတ်ခွဲ⁠ခြင်းဆိုင်ရာ သိ⁠ကောင်းစရာ (အပိုင်း-၁)

$
0
0

အကောင်းဆုံးအရည်အသွေးများနှင့် ပြည့်စုံသော ဆန်ရရှိရန်

(၁) အရည်အသွေးကောင်းသော စပါးဖြစ်ရပါမည်။

(၂) ဆန်စက်၏ စက်အစိတ်အပိုင်းများ ခေတ်မီကောင်းမွန်၍ ကြိတ်ခွဲမှုစနစ် ကောင်းမွန်ရပါမည်။

အရည်အသွေးကောင်းမွန်သော စပါးရရှိရန် (ဂျီအေပီ) ကောင်းမွန်သော စိုက်ပျိုးရေးလုပ်ငန်းစဉ်များဖြင့် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်း၊ သန့်စင်ခြင်း နှင့် သိုလှောင်ခြင်း လုပ်ငန်းစဉ်များတွင် စနစ်တကျဆောင်ရွက်ရပါမည်။

အကြိုသန့်စင်ခြင်း

စပါးမကြိတ်ခွဲမီ အခြားအရောအနှောများဖြစ်သော စပါးလုံးပိန်၊ လုံးညှပ်၊ အဖျင်းအမှော်၊ ဖုံ၊ ခဲ၊ သဲ၊ ကျောက်ခဲနှင့် သံတိုသံစ စသည်တို့ကို ကြိတ်ခွဲမည့်စပါးတွင် မပါဝင်စေရန် ဖယ်ရှင်းခြင်းကို အကြိုသန့်စင်ခြင်းဟု ခေါ်ပါသည်။ ၄င်းလုပ်ငန်းစဉ်သည် သန့်စင်သော စပါးရရှိရန် တစ်ခုတည်းသာ မဟုတ်ဘဲ ဆန်စက်အစိတ်အပိုင်းများကို မထိခိုက်စေရန် နှင့် ကြိတ်ခွဲမှု စွမ်းရည်တိုးတက်စေရန် အတွက်လည်းဖြစ်ပါ သည်။

စပါးခွံချွတ်ခြင်းနှင့် စပါးခွံများခွဲထုတ်ဖယ်ရှားခြင်း

ဆန်သားထိခိုက်မှုအနည်းဆုံးဖြင့် စပါးမှ စပါးခွံများကို ဖယ်ရှားခြင်းနှင့် ထွက်ရှိလာသော စပါးခွဲများကို ဖယ်ရှားသန့်စင်ခြင်း လုပ်ငန်း တို့ဖြစ်ပါသည်။ အသုံးအများဆုံးသော  စပါးခွံချွတ်စက်များမှ သံမဏိအခွံချွတ်စက်၊ သံပြားဝိုင်း အခွံချွတ်စက်နှင့် ရာဘာဒလိမ့်တုံးခွံချွတ် စက်နှင့် ရာဘာဒလိမ့်တုံးအခွံချွတ်စက်တို့ ဖြစ်ကြပါသည်။

(၁) သံမဏိအခွံချွတ်စက်

၎င်းစပါးအခွံချွတ်စက်သည် အကျိုးကြေများသဖြင့် ဆန်ထွက်ရာခိုင်နှုန်းနည်းခြင်း၊ စက်စွမ်းအား ပိုမိုလိုအပ်ခြင်းကြောင့် စီးပွားဖြစ်လုပ်ကိုင်   သော ဆန်စက်လုပ်ငန်းရှင်များ ကြိုက်နှစ်သက်မှုနည်းပါသည်။

(၂) သံပြားဝိုင်းအခွံချွတ်စက်

၎င်းစပါးခွံချွတ်စက်တွင် ပြင်ညီသံပြားဝိုင်း နှစ်ချပ်ပါဝင်ပြီး အပေါ်အ၀ိုင်းပြားသည် အသေဖြစ်ပြီး အောက်ဘက်အ၀ိုင်းပြားသည် လည် ပတ်နိုင်သည့်အပြင် ကြိတ်ခွဲသော စပါးများ၏ အရွယ်အစားပေါ်မူတည်၍ အောက်ဘက်အ၀ိုင်းပြားကို အထက်အောက် ရွေ့လျားချိန်ညှိပြီး အ၀ိုင်းပြားနှစ်ခု၏ အကွာအဝေးကို ပြောင်းလဲနိုင်သည်။

(၃) ရာဘာဒလိမ့်တုံး အခွံချွတ်စက်

၎င်းအခွံချွတ်စက်တွင် လားရာနှင့် လည်ပတ်နှုန်းမတူညီသော နှုန်းဖြင့် လည်ပတ်နေသော ရာဘာတုံးနှစ်ခုပါဝင်ပါသည်။ ရာဘာတုံး တစ်လုံးသည် အခြားတစ်လုံးထက် ၂၅-ရာနှုန်းမြန်ပါသည်။ ထိုကဲ့သို့ ရာဘာလုံးနှစ်ခုလည်ပတ်နှုန်းမတူညီခြင်းနှင့်  လားရာ မတူညီ   ခြင်းကြောင့် စပါးကို ရာဘာလုံးအကြားသို့ ရောက်စေပြီး စပါးခွဲများကို ကွဲကွာစေပါသည်။ စပါးအရွယ်အစားပေါ် မူတည်၍ ရာဘာလုံး   နှစ်ခု၏ အကွာအဝေးကို ချိန်ညှိနိုင်ပါသည်။

(၄) စပါးခွံများခွဲထုတ်ဖယ်ရှားခြင်း

စပါးခွံချွတ်စက်များမှ ထွက်ရှိလာသော လုံးတီးဆန်များ၊ အခွံမကျွတ်သေးသော စပါးလုံးများ၊ စပါးခွံများ၊ ဆန်ကွဲများ၊ ကျောက်အမှုံများနှင့် သန္ဓေလောင်းများ ရောနှောထွက်ရှိလာပြီး ၄င်းအရောမှ စပါးခွံများ၊ ကျောက်အမှုံများနှင့် သန္ဓေလောင်းများကို ပထမခွဲထုတ်ရပြီး လုံးတီး ဆန်နှင့် စပါးလုံးများကို စပါးလုံးခွံထုတ်စက်ဖြင့်  ဒုတိယခွဲထုတ်ရပါသည်။

ဆန်ကွဲများ၊ ကျောက်အမှုံများနှင့် သန္ဓေလောင်းများကို ရှေ့နောက်ရွေ့ရှား လှုပ်ရှားနေပြီး အပေါက်သေးများပါသော စကာဖြင့် ခွဲထုတ် ပါသည်။ စပါးခွံနှင့်စပါးခွံကဲ့သို့ ပေါ့ပါးသော ပစ္စည်းများကို လေဖြင့်ဆွဲစုပ်၍ ခွဲခြားဖယ်ထုတ်ပါသည်။ ၄င်းခွဲထုတ်ဖယ်ရှားခြင်း နှစ်မျိုးလုံးကို စက်တခုတည်းတွင် ဆောင်ရွက်နိုင်သည်။

စိုက်ပျိုးသုတ ပစ္စယ

The post စပါး⁠ကြိတ်ခွဲ⁠ခြင်းဆိုင်ရာ သိ⁠ကောင်းစရာ (အပိုင်း-၁) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>