Sesamum Leaf Roller or Leaf and Pod Caterpillar
Antigastra catalaunalis
Lepidoptera; Pyralidae
ကျရောက်သည့်အချိန်။
မိုးနှမ်းစိုက်ခင်းများတွင် မိုးပြတ်သော ဇူလိုင်လတွင် ကျရောက်လေ့ရှိပြီး ဆောင်းနှမ်းများ ရာသီအစောပိုင်း၌ ကျရောက်တတ်ပါသည်။
ဖျက်ဆီးပုံလက္ခဏာ
နှမ်းတစ်မျိုးတည်းတွင် ကျသည်။ နှမ်းသီးတောင့်မပေါ်မီ၊ ဥမှပေါက်လာသော လောက်ကောင်သည် အပင်ထိပ်ရှိ အရွက်နုကိုစားသည်။ တစ်ခါတစ်ရံ ပင်စည်နှင့် အသီးထဲသို့ ထိုးဖောက်စားသည်။ နောက်ဆုံးအဆင့်တွင် ပိုးချည်မျှင်ဖြင့် စုချည်ပြီး အတွင်း၌စားပြီး အသီးအပွင့် များကို ဖျက်ဆီးကြသည်။ ပြင်းထန်စွာ ကျရောက်ပါက အပင်ထိပ်ရှိ အရွက်များ လောင်ကျွမ်းသွားသည်ကို တွေ့ရသည်။ အသီးပေါ်လာက အသီးထဲတွင် စားသောက်ဖျက်ဆီး၍ အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။
ဘ၀စက်ဝန်း။
ဥများကို တစ်လုံးခြင်းအုသည်။ အမကောင်သည် ဥ (၂၀၀) ခန့်အုနိုင်သည်။ ဥမှ ပေါက်ပြီး ပိုးလောက်ကောင်မှာ အစတွင် ချည်မျှင် မထုတ် သေးဘဲ၊ အစာစားပြီးမှ ထုတ်သည်။ လက်ဖြင့် တို့လိုက်ပါက တွဲလောင်းခိုနေတတ်သည်။ ဥဘ၀တွင် (၄-၅) ရက်၊ ပိုးလောက်ကောင် ဘ၀ တွင် (၂-၃) ပတ်၊ ရုပ်ဖုံးဘတွင် (၁) ပတ် ခန့် ကြာသည်။
ကာကွယ်နှိမ်နင်းနည်း။
(၁) ပိုးကျသောအရွက်များကို ဖယ်ရှားမီးရှို့ပစ်ပါ။
(၂) ၆ ပေ ခြား နှမ်းစိုက်ခင်းတွင် တစ်ပတ်လျှင် ပိုးလောင်းကောင် (၁)ကောင် တွေ့ပါက Diazinon 500 cc/acre, Dimethoate 200 cc/acre ဖြင့် ပက်ဖြန်းနှိမ်နင်းပါ။
စိုက်ပျိုးရေးဦးစီးဌာန
The post နှမ်းရွက်လိပ်ပိုး appeared first on Myanmar Farmers' Portal.