ပါဝင်သောပစ္စည်းများ
မာလကာသီးအလုံးရေ ၁၅၀ လုံး
သကြား ၁ ပိဿာ
ထောပတ် ၂ ကျပ်သား
သံပရာသီးကြီး ၆ လုံးမှ ၁၀ လုံးထိ
ပထမဦးစွာ မာလကာသီးကို ၈ စိပ်မှ ၁၂ စိပ်ထိ လှီးပြီး အိုးကြီးထဲတွင် ရေ ၂ လီတာထည့်၍ တပွက်ဆူပြုတ်၍ ရေစစ်ယူပါ။ ၃ ခါ တိတိ ပြုတ်ယူပါ။
၎င်းရေကို ညောင်စေးကျသည်အထိ တည်ပါ။ မွှေသောအခါ အိုးအောက်ခြေကို မြင်သည်ထိစောင့်ရန် အကြား ထည့်၍ ဖြေးဖြေးခြင်း မွှေပြီး သံပရာရည်ထည့်ပြီးလျှင် ထောပတ်များထည့်ပြီး ကြွေရည်သုတ်လင်ဗန်းတွင် ပလပ်စတစ်ခင်းပြီး လောင်းထည့်၍ အအေးခံပြီး ကပ်ကျေးဖြင့် ညှပ်၍လည်းကောင်း၊ ဓားဖြင့်လှီး၍လည်း ကောင်း အသုံးပြုနိုင်ပါသည်။ ပုံစံခွက်သုံးပါက လင်ဗန်းမလိုပါ။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post မာလကာသီးဂျယ်လီ ပြုလုပ်ပုံ appeared first on Myanmar Farmers' Portal.