Bollworm
Heliothis armigera
Lepidoptera; Noctuidae
ကျရောက်သည့်အချိန်
နှမ်းစိုက်ပျိုးချိန်ရာသီ တလျောက်လုံးတွင် ကျရောက်ဖျက်ဆီးပါသည်။
ဖျက်ဆီးပုံ လက္ခဏာ
ပေါက်ကာစ လောက်ကောင်သည် နှမ်းသီးနုတောင့်များအတွင်းစားသောက်ဖျက်ဆီးလေ့ရှိပါသည်။
လောက်ကောင်အရွယ်အစားကြီးထွား လာသောအခါ အခြားနှမ်းသီးတောင့်များအတွင်း သို့ ထိုးဖောက်၍စားသောက်ပါသည်။ အသီးများ ဆက်လက်မကြီးထွားဘဲ၊ နှမ်းသီးအတွင်သားများ ပျက်စီးနေသည်။
ဘ၀စက်ဝန်း
ဥများကိုနှမ်းရွက်၊ အညွန့်၊ အသီးများတွင် တစ်လုံးစီ အု၏။ ဥမှ ပေါက်လာသော ပိုးလောက်ကောင်သည် အရွက်၊ အသီးများကို စား သောက်ပြီး၊ နောက်ဆုံးအဆင့်တွင် မြေကြီးထဲဆင်း၍ ရုပ်ဖုံးပြုလုပ်သည်။ ဥဘ၀တွင် (၃.၅) ရက်၊ ပိုးလောက်ကောင် ဘ၀တွင် (၁၅-၂၀) ရက် ရုပ်ဖုံးဘ၀တွင် (၁၀) ရက်ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
(၁) ဥများ၊ အကောင်များကို တွေ့ပါက၊ ကောက်ယူဖျက်ဆီးပစ်ပါ။
(၂) နှမ်းပွင့်၊ နှမ်းရွက်များပေါ်တွင် ဥများကို စတင်တွေ့ပါက (သို့မဟုတ်) နှမ်းတစ်ပင်လုံးရှိ အသီးများ၏ ၅% ပျက်စီးနေပါက Decis 200 cc/acre, Phenthoate 500 cc/acre,ဖြင့် ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။
(၃) စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်း၊ မြက်များကို ရှင်းလင်းပါ။ လိုအပ်ပါက သီးလှည့်စနစ်ကျင့်သုံးခြင်းဖြင့် ပိုးဦးရေကို လျော့နည်းစေသည်။
(၄) မြေကြီးထဲတွင် ရုပ်ဖုံးများရှိနေတတ်ကဖြင့် ထယ်ရေး ထွန်ရေးညက်ရန် လိုအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post နှမ်းသီးလုံးဖောက်ပိုး appeared first on Myanmar Farmers' Portal.