Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပိုးသတ်⁠ဆေးများကို အသင့်⁠တော်ဆုံး⁠ရွေးချယ်⁠ခြင်း

$
0
0

 – သီးနှံများအတွက် သတ်မှတ်ခွင့်ပြုထားသော ပိုးသတ်ဆေးကိုသာ အသုံးပြုရန်

– ခွင့်ပြုချက်မရှိသော ပိုးသတ်ဆေးများ၊ မသေချာ၊ စိတ်မချရသော အခြားစိုက်ပျိုးရေးဆိုင်ရာ ဓာတုဆေးများကို လုံးဝအသုံးမပြုရပါ။

– ပိုးသတ်ဆေးများကိုသိုလှောင်သိမ်းဆည်းရာတွင်လည်းကောင်း၊ ကိုင်တွယ် အသုံးပြုရာတွင်လည်းကောင်း ဂရုတစိုက်ဆောင်ရွက်ပါ။

– စိုက်ပျိုးရာသီတစ်ခုအတွက် လိုအပ်ချက်ကို တွက်ချက်၍ အနည်းဆုံးအရေအတွက် ပမာဏဖြစ်အောင် သိုလှောင်ပါ။

– ပိုးသတ်ဆေးများကို သီးခြားသိုလှောင်ပြီး၊ ကလေး၊ လူကြီး၊ တိရစ္ဆာန်များနှင့် ဝေးရာတွင် သိုလှောင်ပါ။

– မြေကြီးထဲသို့ စိမ့်ဝင်ခြင်း၊ မြေအောက်ရေထဲသို့ စိမ့်ဝင်ခြင်းမရှိအောင် သိုလှောင်ကြမ်းခင်းများကို အပေါက်အကွဲမရှိစေရပါ။

– ပိုးသတ်ဆေးသိုလှောင်သည့်နေရာသည် ရေတွင်းရေကန်များနှင့် ဝေးရာတွင် ရှိရပါမည်။

– ပိုးသတ်ဆေးဗူး၊ ပုလင်းများတွင် ထင်ရှားမြင်သာသော တံဆိပ်များပါရှိရပါမည်။ သင့်တော်သော ပုံးများထဲတွင်ထည့်၍ သိုလှောင်ပါ။

– ပိုးသတ်ဆေးများကို ရိတ်သိမ်းပြီး သီးနှံများနှင့်အတူ ယာဉ်တစ်စီးထဲတွင် သယ်ယူခြင်း လုံးဝမပြုရပါ။ ပိုးသတ်ဆေးများကို သင့်တော် ကောင်းမွန်စွာ အသုံးပြုခြင်း

– ပိုးသတ်ဆေးများကို အသုံးမပြုမှီ မည်သည့် ပိုးသတ်ဆေးကိုမဆို အသုံးပြုရန် ညွှန်ကြားချက်များကို သေချာစွာဖတ်ပါ။

– ပိုးသတ်ဆေးသုံးစွဲရန် ကန့်သတ်ချက်များ၊ အသုံးပြုရန်နှုန်းထားများ၊ ဆေးအညွှန်းများ၊ ပက်ဖျန်းရမည့်အကြိမ်အရေအတွက်နှင့် တစ်ကြိမ် နှင့် တစ်ကြိမ် ပက်ဖျန်းရမည့် ကာလအပိုင်းအခြားစသော ညွှန်ကြားချက်များကို လိုက်နာရန်နှင့် စဉ်းစားချင့်ချိန်ဆောင်ရွက်ရန်ဖြစ်ပါသည်။

– ပိုးသတ်ဆေးများအသုံးပြုရာတွင် ဖျော်စပ်ရောမွှေခြင်း၊ ကိုင်တွယ်ခြင်းနှင့် ဆေးပက်ဖျန်းခြင်းလုပ်ငန်များ ဆောင်ရွက်ရန် ညွှန်ကြားချက် များကို လိုက်နာရပါမည်။

– ပိုးသတ်ဆေးများကို အသုံးပြုရန်အတွက် ပြင်ဆင်ရာတွင် ရောဂါဖြစ်စေသည့် သေးငယ်သော သက်ရှိများအတွက် အမြဲတမ်းရေ အသုံး မပြုရပါ။

– ဆေးဖျန်းမှုလွန်ကဲခြင်း (၀ါ) လိုအပ်ခြင်းမရှိစေရန် ဆေးဖျန်းကိရိယာများကို ကောင်းမွန်စွာ ဆေးဖျန်းနိုင်ရေးအတွက် ပုံမှန်စစ်ဆေးခြင်း များပြုလုပ်ရပါမည်။

– ပိုးသတိဆေးတစ်မျိုးနှင့်တစ်မျိုး ရောနှောခြင်းမရှိစေရန် ဆေးဖျန်းပြီးတိုင်း ဆေးဖျန်းကိရိယာများနှင့် ကိုင်တွယ်အသုံးပြုသော ပစ္စည်း ကိရိယာများကို ကောင်းစွာဆေးကြောသန့်စင်ပေးပါ။

– အလုပ်သမားများနှင့် လေ့လာရေးလာရောက်သူများအတွက် အဆိပ်အတောက်အန္တရာယ်ဖြစ်စေသော ဓာတုပိုးသတ်ဆေးများနှင့် ထိတွေ့မှုမရှိစေရန် ပိုးသတ်ဆေးပက်ဖျန်း အသုံးပြုပြီးတိုင်း စိုက်ခင်းနှင့် သိုလှောင်ရုံများတွင် သတိပေးဆိုင်းဘုတ်များကို ချိတ်ဆွဲတပ်ဆင် ထားရပါမည်။ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးထုတ်ပိုးပစ္စည်းများကို ဂရုတစိုက် စွန့်ပစ်ခြင်း

– ပိုးသတ်ဆေးနှင့် ပတ်သတ်သောပစ္စည်းများ စွန့်ပစ်ရာတွင် ပိုးသတ်ဆေးပုလင်း၊ ဗူးများအပေါ်ရှိ ညွှန်ကြားချက်များကို သေချာစွာ ဖတ်ပါ။

– ပိုးသတ်ဆေးမရှိတော့သည့် ပုလင်း၊ ဗူး၊ ပုံးအတွင်းပိုင်းများကို ရေဖြင့် အထပ်ထပ်ဆေးကြောသန့်စင်ပြီး ၄င်းရေများကို စိုက်ခင်းတွင် အသုံးပြုရန်။

– ဆေးကြောသန့်စင်ပြီးသော ပုလင်း၊ ပုံးများကို ဖြန့်ဖြူးသူများသို့ ပြန်ပေးနိုင်သည် (သို့မဟုတ်) သင့်တော်သော နည်းဖြစ့် စွန့်ပစ်ပါ။

– ပိုးသတ်ဆေးထည့်ထားသော ပုလင်း၊ ပုံးများကို အသုံးမပြုတော့သည့် ရေတွင်းများထဲသို့လည်းကောင်း၊ ရေတွင်း ရေကန်များအနီးတွင် လည်းကောင်း လုံးဝစွန့်ပစ်ခြင်းမပြုရပါ။

စိုက်ပျိုးသုတပစ္စယ (Pissaya Info)

The post ပိုးသတ်⁠ဆေးများကို အသင့်⁠တော်ဆုံး⁠ရွေးချယ်⁠ခြင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>