လိုအပ်သောပစ္စည်းများ
မြေပဲဆံ (လှော်ပြီးသား) ၂၅ ကျပ်သား
ထန်းလျှက်/ကြံသကာ ၂၅ ကျပ်သား
ကပ်စေးနဲ ၀.၅ ဇွန်း (စားပွဲဇွန်း)
ရေအေး ၅ ဇွန်း (စားပွဲဇွန်း)
ဂျုံမှုန့် ၂ ဇွန်း (စားပွဲဇွန်း)
- လှော်ထားသော မြေပဲကို အခွံချွတ်၍ ထက်ခြမ်းဖြစ်အောင် စိတ်ပါ။
- ထန်းလျှက်ကို ရေထည့်၍ ကျိုပါ။
- ထန်းလျှက်များ စီးလာလျှင် ကပ်စေးနဲကို ထည့်မွှေပါ။
- ထန်းလျှက်ရည်များ စီးပြီးပွ၍ ဖြူလာလျှင် မြေပဲကို ထည့်မွှေပါ။
- မြေပဲများ လုံးသွားလျှင် ဂျုံမှုန့်ဖြူး၍ အသင့်ပြုလုပ်ထားသော ပုံစံဘောင်ပြားထဲသို့ ထည့်ပြီး မျက်နှာပြင် ညီစေရန် ဒလိမ့်တုံးဖြင့် လှိမ့်၍ လိုရာပုံစံ လှီးယူနိုင်သည်။
- ထိုအခါ မြေပဲယိုကို ရရှိမည်။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post မြေပဲယိုပြုလုပ်နည်း appeared first on Myanmar Farmers' Portal.