လိုအပ်သောပစ္စည်းများ
-နှမ်း ၁၅ ကျပ်သား
-ထန်းလျှက်/ကြံသကာ ၁၅ ကျပ်သား
-ကပ်စေးနဲ ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
-ရေ(ကျိုရန်) ၃ ဇွန်း (စားပွဲဇွန်း)
-ဂျုံမှုန့် ၂ ဇွန်း (စားပွဲဇွန်း)
- နှမ်းကို သဲ၊ ခဲများ ကင်းစင်စေရန် ဇကာချပါ။
- ထန်းလျှက်ကို ရေနှင့် ကျို၍ အမှိုက်စစ်ပါ။
- ၎င်းထန်းလျှက်ရည်ကို ပြန်ကျိုပါ။ ထန်းလျှက်ရည်စီးလာလျှင် ကပ်စေးနဲထည့်၍ မွှေပါ။
- ကပ်စေးနဲများပျော်ပြီး ထန်းလျှက်ရည်စေးပျစ်လာပြီး အမြုပ်များဖြူလာလျှင် နှမ်းကိုထည့်၍ နှံ့အောင် မွှေပါ။ စီးပြီးလုံးလာလျှင် ဂျုံမှုန့်ဖြူး၍ အဆင်သင့်ပြုလုပ်ထားသော ဘောင်ထဲသို့ လောင်းထည့်၍ မျက်နှာပြင်ညှိပြီး လိုရာပုံစံ လှီးယူနိုင်သည်။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post နှမ်းပျစ်ယို ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.