လိုအပ်သောပစ္စည်းများ
-သင်္ဘောသီးမျှင် ၅၀ ကျပ်သား
-သကြား ၄၀ ကျပ်သား
-ရေသန့် ၁ ဘူး (နို့ဆီဘူး)
-သံပရာရေ(သို့) ရှောက်ရေ ၁.၅ ဇွန်း (စားပွဲဇွန်း)
– ဆား ၂.၅ ဇွန်း (လက်ဖက်ရည်ဇွန်း)
– ထုံးရေကြည် ထုံး ၁ ဇွန်း (စားပွဲဇွန်း) ကို ရေတစ်လီတာ (ရေသန့် ပုလင်းကြီးတစ်လုံး) ဖြင့် ဖျော်ပါ။
- သင်္ဘောသီးမျှင်များကို ထုံးရေကြည်တွင် တစ်ညခန့်စိမ်ပါ။
- ရေတွင် ၂ ကြိမ် ၃ ကြိမ် ဆေးကြောပါ။
- ရေသန့်ကို သကြားထည့်ကာ ပြစ်လာသည်အထိ ကျိုပါ။
- သင်္ဘောသီးမျှင်များကို သကြားရည်တွင်ထည့်ပါ။ ဆားထည့်ပါ။
- သင်္ဘောမျှင်များ တောက်ပလာသည်အထိ အပူပေးပါ။ သံပရာရေထည့်ပါ။
- သင်္ဘောမျှင်များ တစ်ခုနှင့်တစ်ခု လှပစွာ ပူးကပ်လာပါစေ။
- ဗန်းတွင်ဖြန့်ခင်း၍ အအေးခံပါ။
- ပုလင်း (သို့) ပလပ်စတစ်အိတ်တွင် ထည့်ပါ။
စိုက်ပျိုးသုတပစ္စယ ( Pissaya Info)
The post သင်္ဘောသီးယို ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.