ငှက်ပျောပင်စည်ထိုးကျိုင်း
Banana Weevil
Cosmopolutes sordidus
Order Coleoptera Family Curculionidae
ကျရောက်သည့်အပင်
ငှက်ပျော
ဖျက်ဆီးသည့်ပုံ လဏ္ခဏာ
ငှက်ပျောခေါင်းကို ထိုးဖောက်စားသည်။ အသစ်ထွက်သောအညွန့် သေပြီးနောက် ပင်စည်ပါသေသည်။
ဘ၀စက်ဝန်း
နှာတံရှည်ကျိုင်းသည် ပင်စည်အခြေနားတွင် ပင်စည်၏ အပြင်ဆုံးအဖုံးကို ကိုင်းဖြတ်၍ ဥကို တစ်လုံးချင်းဥသည်။ ဥမှပေါက်လာသော ခြေထောက်မပါရှိသော အကောင်ငယ်သည် ကွေ့ကောက်ထိုးဖောက်၍ ငှက်ပျောအခေါင်းကို ၀င်ရောက်စားသောက်ဖျက်ဆီးသည်။ ငှက်ပျော ခေါင်းအောက်ခြေတွင် ရုပ်ဖုံးပြုလုပ်ပြီး အကောင်ကြီးဘ၀သို့ ကူးပြောင်းသည်။
ဥ = ဆန်စေ့အရွယ် အဖြူရောင် (၇)ရက်
အကောင်ငယ် = အဖြူရောင်၊ ခေါင်းအညိုရောင် ခြေမရှိ (၁၄-၂၁)ရက်
အကောင်ကြီး = အရွယ် (၂) လက်မခန့် ပေါက်ခါစ အညိုရောင်၊ ရက်အနည်းငယ်အတွင်း အမည်းရောင် အမတစ်ကောင် ဥ (၅၀)ခန့် အု၊ ညဘက်ထွက်၊ ထွား၍သွား၊ သက်တမ်း (၂)နှစ်။
ကာကွယ်နှိမ်နင်းနည်း
၁။ စိုက်စနစ်အရေးအကြီးသည်။ ငှက်ပျောကို ရုံဖြစ်အောင်မထားရ။
၂။ ပင်ဟောင်းကို အခြေမှခုတ်ပစ်ပါ။ လုံခြုံအောင်မြေဖုံး၍ မြေသိပ်အောင်ဖိပေးပါ။
၃။ ငှက်ပျောကို ကတုံးတုံး၍စိုက်ပါ။ မသင်္ကာသော အပင်ငယ်ကို ပင်လုံးဖြန့်ဆေးအခဲထည့်ပြီးမှ စိုက်ပါ။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ငှက်ပျောပင်စည်ထိုးကျိုင်းကောင် ကာကွယ်နည်းအကြောင်း appeared first on Myanmar Farmers' Portal.