လိုအပ်သောပစ္စည်းများ
သရက်သီးအမှည့်
သကြား – သရက်သီးအမှည့်အနှစ် အလေးချိန်၏ ၁၀-၁၅%
လိမ္မော်ရည် – သရက်နှစ် ၆၀ ကျပ်သားလျှင် ဇွန်းကြီး (၂) ဇွန်း
တာရှည်ခံဆေး(ပိုတက်ဆီယမ်မက်တာဘိုင်ဆာလဖိုက်) – သရက်သီးအနှစ် (၆၀) ကျပ်သားလျှင် ၂ ဂရမ်
ပြုလုပ်ပုံအဆင့်အဆင့်
- မှည့်သောသရက်သီးများကို ရေဖြင့်စင်ကြယ်အောင်ဆေးပါ။
- အခွံနွှာပြီး အတုန်းတုန်းပါ။
- ဆန်ခါဖြင့် အနှစ်တိုက်ထားပါ။
- သကြား၊ လိမ္မော်ရည်၊ တာရှည်ခံဆေးတို့ကို အချိုးတွက်၍ ရောမွှေပါ။
- မီးအေးအေးဖြင့် မွှေ၍ ၇၀-၈၀ ဒီဂရီစင်တီဂရိတ်တွင် ၂ မိနစ်ခန့် မွှေပါ။
- ဆီသုတ်ထားသောဗန်းတွင် ခပ်ပါးပါး လောင်းထည့်ပြီး နေလှမ်းပါ။ ၃ ပေပတ်လည် ဗန်းတစ်ချပ်လျှင် သရက်သီး ၉ ပိဿာ ထည့်နိုင်သည်။ သရက်သီး ၁၂ ပိဿာလျှင် သရက်ပြင် (၁) ပိဿာရမှသာ ကြာကြာအထားခံနိုင်သည်။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post သရက်ပြင်ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.