Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အာလူးနှောင်းပင်နာကျရောဂါ ကာကွယ်နည်းအကြောင်း

$
0
0

အာလူးနှောင်းပင်နာကျရောဂါ

(Late Blight)

ရောဂါဖြစ်စေသက်ရှိ               – Phytophthora infestans

ရောဂါလက္ခဏာ

ပထမဦးစွာအရွက်ပေါ်တွင် သေးငယ်၍ သဏ္ဍာန်မမှန်သော အစိမ်းဖျော့မှ အစိမ်းရင့်ရောင် အပျောက်များဖြစ်ပြီး ရာသီဥတု အခြေအနေ ပေးပါက ခရမ်းရင့်ရောင် ဆဲလ် သေကွက်ကြီးများအဖြစ် ကျယ်ပြန့်လာသည်။ ရွက်ရိုးတံမှ တဆင့် ပင်စည်သို့ ရောဂါကူးစက်ပြီး တခါတရံ ပင်လုံး သေဆုံးသွား လေ့ရှိသည်။

ပင်ထိပ်ပိုးပုပ်ကျသွားပြီးနောက် မြေအောက်ရှိ အာလူးသီးများကို ၀င်ရောက်တိုက်ခိုက်လေ့ရှိသည်။ အာလူးဥများ (အထူးသဖြင့် ခံနိုင်ရည် မဲ့မျိုး) များပေါ်တွင် ပုံမမှန်ခရမ်းရောင် အညိုရောင်ချိုင့်ကွက်များဖြစ်လာသည်။ ၄င်းအခြောက်ပုပ်နာမှာ အာလူးဥ၏ အတွင်းပိုင်းအထိ ကျယ်ပြန့်လာနိုင်သည်။ မြေစိုပါက အာလူးသီးတစ်ခုလုံး ညိုမဲလာပြီး မဖေါ်ခင်ဆွေးမြေ့သွားနိုင်သည်။ မြေခြောက်ပါက အာလူးသီးမှာ ချိုင့်ခွက်များဖြစ်လာသည်။ ၄င်းအခြောက်ပုပ်နာမှာ အာလူးဥ၏ အတွင်းပိုင်းအထိ ကျယ်ပြန့်လာနိုင်သည်။ မြေစိုပါက အာလူးသီးတစ်ခုလုံး ညိုမဲလာပြီး မဖေါ်ခင်ဆွေးမြေ့သွားနိုင်သည်။ မြေခြောက်ပါက အာလူးသီးမှာ ချိုင့်ခွက်များဖြစ်ပြီး အခွံအောက်မှ တစ်သျှူးမှာ ညိုမဲလာ သည်။ စိုထိုင်း၍ ရာသီဥတုဆိုးဝါးပါက ရောဂါမှာ တစ်ပင်လုံးပြန့်နှံသွားပြီး တစ်ပင်လုံးမှ အနံ့ဆိုးများထွက်ပေါ်လာစေသည်။ ရောဂါသည် အရွက်များကို ပြင်းထန်စွာ တိုက်ခိုက်သဖြင့် အစာချက်နှုန်း လျော့ပါးလာပြီး အထွက်နှုန်းကို များစွာထိခိုက်စေသည်။

ရောဂါသံသရာ

ရောဂါဖြစ်မှိုသည် အာလူးမျိုးပိုင်း များတွင် ခိုအောင်းပြီး တရာသီမှ တရာသီသို့ ကူးစက်သည်။ ပထမဦးဆုံးရောဂါပျံ့နှံ့ရာမှာ ရောဂါရမျိုးပိုင်း များဖြစ်သည်။ မှိုမျှင်အဖြစ်ဖြင့်လည်း မြေကြီးထဲရှိ အာလူးပင် အကြွင်းအကျန်များတွင် ခိုအောင်းနိုင်သည်။မှိုစပိုးသည် လေဖြင့် လည်း ကောင်း၊ ရေဖြင့်လည်းကောင်း ပျံ့နှံ့၍ ရောဂါကူးစက်စေသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ရောဂါကင်းသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။

(၂) ရောဂါလက္ခဏာကို စတွေ့တွေ့ချင်း စောနိုင်သမျှ ဆေးဖျန်းပါ။

(၃) ရီဒိုမေး (Ridomil MZ 72 WP) PHI (၇) ရက် မှိုသက်ဆေးကို ၁ ကီလို/ဧက နှုန်းဖြင့်ပက်ဖျန်းပါ။

(၄) ၅း ၅း ၅၀ နှုန်းအရ ဖျော်ထားသော ဘော်ဒိုဆေး (Bordeaux Mixture) ရည်ဖြင့် တစ်ဧက (၁၀၀-၁၅၀) ဂါလံနှုန်းဖြင့် (၁၀-၁၅) ရက်ခြား ဖျန်းပေးပါ။

(၅) အာလူးကို လှောင်ရာတွင် လေ၀င်လေထွက်ကောင်းရန်နှင့် အပူချိန်ကို လျှော့ချပေးပါ။ ရောဂါရအာလူးများကို ဖယ်ရှားသိုလှောင်ပါ။

(၆) စိုက်ခင်းအနီးရှိရောဂါရ အာလူးပင်များ/ ခရမ်းချဉ်ပင်များနှင့်  အခြားရောဂါလက်ခံပင်များကို ဖျက်ဆီးပါ။

(၇) အားလူးဥဖော်ရာတွင် ဒါဏ်ရမရအောင် ဂရုစိုက်ပါ။

(၈) ဒေသအလိုက် ခံနိုင်ရည်ရှိသောမျိုးကို ရွေးစိုက်ပါ။

(၉) အာလူးမျိုးဥ (၁၀၀) ကီလိုကို မှိုသတ်ဆေး ဟိုမိုင်း (Homai 80 WP) ၀.၂ ကီလိုနှုန်းဖြင့် လူးနယ်စိုက်ပျိုးပါ။

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

The post အာလူးနှောင်းပင်နာကျရောဂါ ကာကွယ်နည်းအကြောင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>