Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ငှက်ပျောအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်မြင့်မားစေသည့် အချက်များ

$
0
0

၁။ ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့်မျိုးများကိုသာ ရွေးချယ်စိုက်ပျိုးပါ။ (ဖီးကြမ်း၊ ရွှေငှက်ပျော၊ ခွံဝါသီးမွှေး၊ ၀က်မလွတ်နှင့် အစ္စရေး၊ စင်္ကာပူမျိုးများ)

၂။ ငှက်ပျောသားတက်ကို အရည်အသွေးကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့်အပင်များမှ ရွေးချယ် စိုက်ပျိုးပါ။

၃။ ငှက်ပျောသားတက်များကို ရွက်ပြားကျယ်သည့် Water Suckers သားတက်များထက်၊ ရွက်ပြားလှံ စွပ်ပုံသေး၍ ကျဉ်းသောသားတက် Sword Suckers များကိုသာ ဦးစားပေးရွေးချယ်ပါ။

၎။ စိုက်ကျင်းအရွယ် (၂’×၂’×၂’) တွင် အပေါ်ယံမြေလွှာနှင့် မြေဆွေးဆတူရော၍ ကျင်းစာကျွေးပါ။

၅။ စိုက်ပျိုးမည့် မျိုးအလိုက် တန်းကြား၊ ပင်ကြား (၆’×၆’) မှ (၁၀’×၁၀’) အကွာအဝေးစိုက်ပျိုးပါ။

၆။ ငှက်ပျောသားတက်များ၏ ခေါင်းကို ခေါင်းတုံးတုံး၍ အရွက်များရှည်လွန်းပါက၊ အရွက်အဖျားပိုင်းများကို ဖြတ်ပစ်ပြီး၊ အမြစ်ခေါင်းမြှုပ်ရုံစိုက်ပျိုးပါ။

၇။ မြေအမျိုးအစားနှင့် ရာသီဥတုအလိုက် ရေသွင်းခြင်းကို ဆောင်ရွက်ပါ။ မိုးရာသီကုန်ပြီးနောက် ဒီဇင်ဘာလမှ ဇွန်လ အထိ (၁၀) ရက် တစ်ကြိမ် ပုံမှန်ရေသွင်းခြင်းကို ဆောင်ရွက်ပါ။

၈။ ဓါတ်မြေသြဇာကျွေုးခြင်းကို စိုက်ပြီး (၅-၆) လ အကြာ ပန်းမပွင့်မီ ဆောင်ရွက်ပါ။

၉။ မိခင်အပင်မှ ပန်းမပွင့်မီ အချိန်အတွင်း ထွက်လာသော ငှက်ပျော်သားတက်အားလုံးကို ဖယ်ရှား၍ မျိုးအဖြစ် ရယူပါ။ ပန်းခိုင်ထွက်ပြီးနောက်မှ ထွက်လာသည့် အကောင်းဆုံး သားတက် (၁) ခုကို သားဆက်ပင်အဖြစ် ချန်ပြီး ထိန်းသိမ်းပြု စုပါ။

၁၀။ ကြားလိုက်၊ ပေါင်းရှင်းခြင်းကို ဆောင်ရွက်ရာတွင်ငှက်ပျော်ပင်၏ အမြစ်မထိခိုက်စေရန် သတိပြုပါ။

၁၁။ အပင်ရှည်မျိုးဖြစ်ပါက အခိုင်ထွက်လာချိန်တွင် ၀ါးလုံးဖြင့် ကိုင်းထောင်ခြင်းကို ဆောင်ရွက်ပါ။

၁၂။ အသီးဖွံ့ဖြိုးမှု တိုးတက်စေရန် အမဖီးများအားလုံး အသီးတင်ပြီးနောက် ချက်ချင်းအဖိုဖူးကို ဖယ်ရှားပစ်ပါ။

၁၃။ အဖူးခိုင် စတင်ထွက်လာပါက ပိုးသတ်ဆေး (Decis) ကို တစ်ပင် ၁၀ စီစီနှုန်းဖြင့် ပန်းဖူးခိုင်အရင်းသို့ ဆေးထိုးအပ် ဖြင့် ထိုးသွင်းပေး၍ ပိုးကျရောက်မှုကို ကြိုတင်ကာကွယ်ပေးထားပါ။

၁၄။ အဖီးစုံသော် ငှက်ပျောခိုင်ကို ပလတ်စတစ် (သို့) စက္ကူအိတ်ဖြင့် စွပ်ပေးပါ။

၁၅။ ရင့်မှည့်သည့် ငှက်ပျော်ခိုင်ကို ခုတ်ယူသည့်အခါ၊ ငှက်ပျော်ခိုင်နေရာနှင့် တတန်းတည်း ရှိနေသည့်ပင်စည် နေရာ ကို ဖြတ်ပြီးပင်စည်မငုပ်ကိုရက် (၃၀-၄၅) ရက်ခန့် ဆက်ထားပေးပါ၊ (အောက်ခြေတွင် မွေးမြူထားသည့် သားတက် ကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်စေပါသည်။)

စိုက်ပျိုးသုတပစ္စယ (Pissaya Info)

The post ငှက်ပျောအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်မြင့်မားစေသည့် အချက်များ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>