နှင်းဆီ
အင်္ဂလိပ်အမည် – Rose
ရုက္ခဗေဒအမည် – Resa spp
မျိုးရင်း – Resa ceae
မူရင်းဒေသ – ဥရောပ၊ အာရှအရှေ့ပိုင်း မြောက်အမေရိက။
(ဂရိ၊ တရုတ်၊ မြန်မာ)
နှင်းဆီ အမျိုးအစားခွဲခြားခြင်း
နှင်းဆီမျိုးပြားပေါင်းသုံးထောင်ကျော်ရှိနေသည်။ နှင်းဆီမျိုးစိတ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်ရှိနေသည်။ ထင်ရှားသော နှင်းဆီမျိုးစိတ် ဆယ့်ခုနှစ်မျိုး ရှိသည်။
အပင်၏ ပုံသဏ္ဍာန်ပေါ် မူတည်၍ နှင်းဆီကို အဓိကအားဖြင့် နှစ်မျိုးသာ ခွဲနိုင်ရာ “ချုံနှင်းဆီ အုပ်စု” နှင့် “နွယ်နှင်းဆီအုပ်စု” တို့ ဖြစ်ကြပါ သည်။ နှင်းဆီ၏ ပင်စည်သည် သစ်မာဖြင့် ပြီးသောကြောင့်လည်းကောင်း၊ အပင်ငယ်သောကြောင့် လည်းကောင်း၊ အပင်အကိုင်များစွာ ခွထွက်တတ်သောကြောင့် လည်းကောင်း၊ အမှန်စင်စစ်၌ နှင်းဆီသည် ချုံပင်အမျိုးအစားသာဖြစ်သည်။ သို့သော် နှင်းဆီ၌ ဆူးများ ပါရှိနေ ခြင်းသည် နွယ်တတ်ရန်လိုအပ်လာလျှင် ဆူးဖြင့် ချိတ်၍ နွယ်တတ်မည့် သဘောကို ဆောင်နေသောကြောင့် နှင်းဆီမျိုးများထဲတွင် နွယ် ပင် အမျိုးအစားများလည်း ပေါ်လာရသည်။
နွယ်နှင်းဆီတွင် အဓိကအားဖြင့် “နွယ်မာနှင်းဆီ” နှင့် “နွယ်ပျော့နှင်းဆီ” ဟူ၍ နှစ်မျိုး ထပ်ရှိသည်။ နွယ်မာတွင်ရော၊ နွယ်ပျော့တွင်ပါ မျိုးပြားများစွာ ရှိကြသည်။ တစ်ဖန် နွယ်နှင်းဆီလည်းမဟုတ်၊ ချုံနှင်းဆီလည်း မဟုတ်ဘဲ နွယ် နှင့် နီးစပ်သော မြေပေါ်လျှောက်ပင် အမျိုး အစား ဖြစ်သည့် “ကျောက်နှင်းဆီ” သည်လည်း ရှိသေးသည်။
ချုံနှင်းဆီတွင် အမျိုးအစားများစွာရှိနေသည်။ သို့သော် အဓိကအားဖြင့် နှစ်မျိုးသာ ရှိသည်။ “ရိုးရိုးချုံနှင်းဆီ (Bush type) နှင့် ချုံဖုတ်နှင်းဆီ (Shrub type) တို့ ဖြစ်ကြသည်။ ရိုးရိုးချုံနှင်းဆီတွင်ရော ချုံဖုတ်နှင်းဆီတွင်ပါ အမျိုးအစားများစွာရှိသော်လည်း စီးပွားရေးဈေးကွက်တွင် ရိုးရိုးချုံနှင်းဆီကိုသာ စိုက်သောကြောင့် ချုံဖုတ်နှင်းဆီအကြောင်း ချန်လှပ်ခဲ့ပါသည်။
ရိုးရိုးချုံနှင်းဆီပင် တစ်မျိုးပေါ်တွင် မျိုးကွဲ (မျိုးပြား) အမျိုးမျိုးတို့ကို အဖူးမြှုပ်၍ အပင်ကို အပွင့်မျိုးစုံပွင့်စေသော “တစ်ပင်တိုင် နှင်းဆီ” (Standard Rose) ဟူသည်လည်း ရှိသေးသည်။ ယင်းကို တစ်ပင်တိုင်နှင်းဆီဟုခေါ်သော်လည်း ရိုးရိုးချုံနှင်းဆီအုပ်စု တွင်သာထည့် သွင်းရပေသည်။
ရိုးရိုချုံနှင်းဆီတွင် အဓိကအားဖြင့် ခုနှစ်မျိုးရှိသော်လည်း ကမ္ဘာပေါ်တွင် အစိုက်အများဆုံးမျိုးမှာ “စပ်မျိုးလက်ဖက် နှင်းဆီ” ဖြစ်သည်။
ရိုးရိုးချုံနှင်းဆီ အမျိုးအစားများ
၁။ စပ်မျိုး နှစ်လုံးပေါက်ပွင့် နှင်းဆီ (Hybrid perpetual)
ဒမတ်စကတ်နှင်းဆီ၊ ပြင်သစ်နှင်းဆီ၊ တရုတ်နှင်းဆီ၊ မြန်မာနှင်းဆီ တို့ကို အခြေခံ၍ အဆင့်ပေါင်း ဆယ်ဆင့်မှ ဆယ့်နှစ်ဆင့်မျှ မျိုးစပ် ထုတ်လုပ်ခဲ့ခြင်းဖြင့် “စပ်မျိုး နှစ်လုံးပေါက်ပွင့် နှင်းဆီ” ကို ရရှိသည်။
၂။ လက်ဖက်နှင်းဆီ (Tea Rose)
၁၈၄၀- ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် လက်ဖက်နံ့သင်းသော “ နှင်းဆီမျိုး” ဖြစ်သည်။
၃။ စပ်မျိုး လက်ဖက်နှင်းဆီ (Hybirt Tes)
စပ်မျိုးနှစ်လုံးပေါက်နှင်းဆီနှင့် လက်ဖက်နှင်းဆီတို့ကို ထပ်မံ၍ မျိုးစပ်လိုသောအခါ “မျိုးစပ်လက်ဖက် နှင်းဆီ” ကို ၁၈၆၇ – ခုနှစ်တွင် ရရှိခဲ့သည်။ မျိုးစပ်လက်ဖက် နှင်ဆီတို့သည် တစ်ပွင့်ချင်း ပွင့်၍ အပွင့်ကြီးကြသည်။
၎။ ၀တ်ဆံဖိုများ နှင်းဆီ (Polyantha)
ဝတ်ဆံဖိုများ နှင်းဆီသည် စပ်မျိုးလက်ဖက် နှင်းဆီတို့နှင့် ခေတ်ပြိုင် ပေါ်ပေါက်ခဲ့သည်။ ၄င်းနှင်းဆီသည် အပွင့်အရွယ် သေးသည်။
၅။ ခိုင်မာလာနှင်းဆီ (Flarlbunda)
ဝတ်ဆံဖိုများ နှင်းဆီနှင့် စပ်မျိုး လက်ဖက် နှင်းဆီတို့ကို မျိုးစပ်သောအခါ “စပ်မျိုးဝတ်ဆံဖိုများ နှင်းဆီ” (Hybird yopolyantha) ခေါ် “ခိုင်မာလာနှင်းဆီ” ကို ရရှိလာသည်။ ခိုင်မာလာနှင်းဆီတို့သည် အခိုင်လိုက် ပွင့်ကြပြီး အပွင့် အရွယ် စပ်မျိုး လက်ဖက် နှင်းဆီလောက် မကြီးချေ။ အချို့မျိုးသာလျှင် ရနံ့သင်းသည်။
၆။ ပွင့်ကြီး ခိုင်မာလာနှင်းဆီ (Grandiflora)
ခိုင်မာလာနှင်းဆီကို စပ်မျိုးလက်ဖက် နှင်းဆီဖြင့်ပင် ထပ်မံ၍ အပွင့်ကြီးများ ရရှိအောင် မျိုးစပ် ထုတ်လုပ်လိုက်သောအခါ “ပွင့်ကြီး ခိုင်မာ လာနှင်းဆီ” ကို ရရှိလာသည်။ ၄င်းတို့သည် အပွင့်လည်းကြီးပြီး အခိုင်လိုက်အပြွတ်လိုက် ပွင့်တတ်ကြသည်။
၇။ အခြား နှင်းဆီများ
“ဂေါ်ဖီထုပ်နှင်းဆီ” (Cabbage Rose) “ရေညှိနှင်းဆီ” (Moss Rose) တို့သည် စပ်မျိုးလက်ဖက် နှင်းဆီမျိုးများ ဖြစ်ပြီး “ကတိုးနှင်းဆီ” (Musk Rose)သည် ခိုင်မာလာနှင်းဆီတွင် ပါဝင်သည်။ အခြားရနံ့သင်းသော နှင်းဆီများသည် စပ်မျိုးလက်ဖက် နှင်းဆီတွင် လည်းကောင်း သို့မဟုတ် ခိုင်မာလာနှင်းဆီတွင် လည်းကောင်း ပါဝင်ကြသည်။
ရှေးကျသည့် “တရုတ်နှင်းဆီ” “မြန်မာနှင်းဆီ” “ပြင်သစ်နှင်းဆီ” “ဂျပန်နှင်းဆီ” “ဒမတ်စကပ်နှင်းဆီ” တို့မှာမူ အရိုင်းမျိုးဟုသာ ဆိုရမည်။
ထင်ရှားသော စပ်မျိုးလက်ဖက်နှင်းဆီအချို့
၁။ Montezuma ပုဇွန်ဆီရောင်
၂။ Manitou ပုဇွန်ဆီရောင်
၃။ My Lady ပုဇွန်ဆီရောင်
၎။ Peace အနီရောင်
၅။ Opera ရောင်စုံ
၆။ Sultane ရောင်စုံ
၈။ Perfecta ရောင်စုံ
၉။ Champagne အ၀ါနု
၁၀။ Golden Sun အ၀ါနု
၁၁။ Black prince အညိုရင့်
၁၂။ Garden party အဖြူရောင်
(အထင်ရှားဆုံးမျိုးများကို ရွေးချယ်တင်ပြခြင်း မဟုတ်ဘဲ၊ နမူနာအဖြစ် ရွေးချယ် တင်ပြခြင်းသာဖြစ်ပါသည်။ “ပန်းမာလာတို့၏ ဘုရင် မဖြစ်သည့် နှင်းဆီ” မှာ ကျယ်ပြန့်စွာ လေ့လာ၍လည်း ရနိုင်ပါသည်။)
နှင်းဆီအထွက်နှုန်း
တစ်ဧက အပင်ဦးရေ (သို့မဟုတ်) ယူနစ်ဧရိယာရှိ အပင်ဦးရေနှင့် တစ်ပင်တွင် တစ်နှစ်ပွင့်သော အပွင့်ဦးရေတို့ကို မြှောက်ခြင်းဖြင့် နှင်းဆီအထွက်နှုန်းကို တွက်ချက်နိုင်သည်။ ဤသဘောတရား နှစ်ခုကို ချိန်ထိုးအသုံးချတတ်လျှင် နှင်းဆီအထွက်နှုန်းကို ကောင်းမွန်စေ နိုင်မည် ဖြစ်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ
The post နှင်းဆီအကြောင်း သိကောင်းစရာ အပိုင်း -(၁) appeared first on Myanmar Farmers' Portal.