ပါဝင်ပစ္စည်းများ
၁။ ငှက်ပျောသီးမှည့် ၄ ဖီး
၂။ အုန်းနို့ ၄ ခွက် (ကော်ဖီခွက်)
၃။ သကြား ၈၂၀ ဂရမ် (၅၀ ကျပ်သား)
၎။ ထန်းလျှက်မှုန့် ၆၆၀ ဂရမ် (၄၀ ကျပ်သား)
၅။ ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ငှက်ပျောသီးများကို အခွံနွှာပြီး သေးငယ်သော အစိတ်အပိုင်းများ လှီးဖြတ်ကာ ဖျော်စက်တွင် ထည့်မွှေပါ။
၂။ ဖျော်စက်တွင် ထန်းလျှက်မှုန့်၊ သကြားနှင့် အုန်းနို့တို့ကို ထည့်၍ မွှေပါ။
၃။ ယင်းနောက် ခြောက်သွေ့လုနီးပါး အပူပေးပါ။ အိုးမကပ်စေရန် သတိနှင့် အဆက်မပြတ်မွှေပါ။
၎။ စေးပျစ်လာပါက ဗန်းတွင် လောင်းထည့်၍ ဖြန့်ခင်းကာ အအေးခံပါ။
(လောင်းမထည့်မီ ဗန်းကို ဆီသုတ်ထားပါ။)
၅။ အေးလာလျှင် လေးထောင့်ပုံလှီး၍ သင့်တော်သော စက္ကူဖြင့် ထုတ်ပြီး လေလုံအောင် ဗူးတွင်ထည့်ပါ။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post ငှက်ပျောတော်ဖီ ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.