၁။ ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့်မျိုး (အရသာကောင်း၍ အသားထူပြီး အသီးသီးမှု အားကောင်းသောမျိုး) များကို ရွေးချယ်စိုက်ပျိုးပါ။
၂။ ရောဂါကင်း၍ သန်စွမ်းသော ပျိုးပင်များကို စိုက်ပျိုးပါ။
၃။ မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးပါက လိင်စုံပင်မှ ရရှိသော သင်္ဘောသီးမှ မျိုးစေ့များကိုသာ ရွေးချယ်၍ ပျိုးထောင်ပါ။ (လိင်စုံပင်မှ မျိုးစေ့ကို ပျိုးထောင်ပါက အဖိုပင်မပါဘဲ အမပင်နှင့် လိင်စုံပင်များကိုသာ ရရှိပါသည်။)
၎။ စိုက်စနစ် (၈’×၈’) ဖြင့် တစ်ဧကပင်ရေ (၆၈၀) ၀င်ဆန့်အောင် စိုက်ပျိုးပါ။
၅။ စိုက်ကျင်းအရွယ် (၂’) ပတ်လည်တွင် အပေါ်ယံမြေသား၊ မြေဆွေး ဆတူရော၍ ကျင်းစာကျွေးပါ။
၆။ စိုက်ကျင်းတွင် ချစိုက်ရာတွင် ပင်စည်ပိုင်းကို မြေထဲမြှုပ်အောင် မစိုက်မိရန် ဂရုပြုပါ။
၇။ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာကျွေးခြင်းကို အမြစ်စွဲချိန်မှစ၍ (၃) လတစ်ကြိမ် ဆောင်ရွက်ပေးပါ။
၈။ Mg ဓါတ်ချို့တဲ့မှုကို ကာကွယ်ရန် မဂ္ဂနီဆမ်ဆာလဖိတ် (ဆားခါး) ကို ရေဖျော်၍ ပက်ဖျန်းကာကွယ်ခြင်းကို မဖြစ် မနေဆောင်ရွက်ပါ။ (Mg ဓါတ်ချို့တဲ့ပါက ဘောက်ရွက်များဝါသေခြင်း၊ အသီးအချိုဓါတ်နည်းခြင်း၊ အနံ့ အရသာ ညံ့ဖျင်း ခြင်းတို့ ဖြစ်ပေါ်ပါသည်။)
၉။ ပင်ခြေပတ်လည် ပေါင်းရှင်းခြင်းကို တစ်နှစ်ပတ်လုံး ဆောင်ရွက်ပါ။
၁၀။ စိုက်ပြီး (၂) ပတ်အတွင်း ရေကို လိုအပ်သလို သွင်းပေးပြီး၊ အပင်ခြေရင်းတွင် ရေမ၀ပ်စေရန် ဂရုစိုက်ပါ။
၁၁။ အပင်သက်တမ်းအလိုက်၊ သင့်တော်သည့် အသီးအရေအတွက်ကို ထားပြီး သီးညှပ်များကို ချွေပစ်ပါ။
၁၂။ သင်္ဘောပင်တွင် Powdery mildew မှိုရောဂါများ ကျရောက်လေ့ရှိရာ ကန့်ပါသော မှိုသတ်ဆေးဖြင့် ပက်ဖျန်း ကာ ကွယ်ပေးပါ။
၁၃။ ဗိုင်းရပ်စ် ရောဂါကျရောက်သော အပင်များကို ဖယ်ရှားမီးရှို့ပစ်ပါ။
Pissaya Info
The post သင်္ဘောသီးအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း တိုးတက်မြင့်မားစေသည့် အချက်များ appeared first on Myanmar Farmers' Portal.