Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

လိမ္မော်သီး အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း တိုးတက်မြင့်မားစေသည့်အချက်များ

$
0
0

၁။ ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး လိင်မဲ့နည်းဖြင့် မျိုးပွားထားသော ပျိုးပင်များကိုသာ ရွေးချယ်စိုက်ပျိုးပါ။

၂။ ခွံကျစ်လိမ္မော်နှင့် ခွံပွလိမ္မော်ဟူ၍ (၂) မျိုးရှိရာ မျိုးအလိုက် ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး အကြမ်းခံသည့် အောက်ခံပင်မျိုးကို ရွေးချယ်မျိုးပွားပါ။ အောက်ခံပင်အဖြစ် ရှောက်ရိုင်းပင်၊ ကလီယိုပါထရာ လိမ္မော်နှင့် သုံးရွက်မွှာပါ လိမ္မော်မျိုးများကို အသုံးပြုနိုင်သည်။

၃။ ဒေသအလိုက် အကြမ်းခံသည့်မျိုးကို အောက်ခံပင်အဖြစ် ရွေးချယ်၍ မြေပြင်မှ အမြင့် (၁’-၁.၅’) တွင် ကိုင်းဆက်၊ အဖူးမြှုပ်မျိုးပွားပါ။ ရောဂါ (အထူးသဖြင့် ဗိုင်းရပ်စ်) ကင်းသော၊ အရည်အသွေးကောင်းသော အပင်မှ မျိုးကိုင်းကို ယူပါ။

၎။ စိုက်ပျိုးမည့် မျိုးအလိုက်၊ တန်းကြား၊ ပင်ကြား (၁၀’×၁၀’) မှ (၂၀’×၂၀’) အတွင်း စိုက်ပျိုးပါ။

၅။ စိုက်ကျင်းအရွယ် (၃’)ပတ်လည်တွင် အပေါ်ယံမြေသား၊ မြေဆွေး သဲကြမ်း ဆတူရော၍ ကျင်းစာကျွေးပါ။

၆။ စိုက်ခင်းတွင် မြေပြင်မှ အမြင့် (၃’-၃.၅’) အထိ ပင်စည်တစ်ခုတည်း ရှိနေစေရန်နှင့် ကိုင်းမကြီး (၃-၅) ကိုင်း မွေးမြူ ပုံသွင်းပါ။

၇။ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာများကို ကိုင်းဖြတ်၊ ကိုင်းရှင်းပြီးချိန်တစ်ကြိမ်၊ မိုးဦးကျ တစ်ကြိမ်နှင့် အသီးကြီး ထွားစအချိန်တွင် တစ်ကြိမ် (၃) ကြိမ် ခွဲ၍ အပင်သက်တမ်း အလိုက်နှုန်းထားတိုး၍ ကျွေးပါ။

၈။ ပင်ခြေပတ်လည် ပေါင်းရှင်းခြင်းကို တစ်နှစ်ပတ်လုံး အမြဲဆောင်ရွက်ပေးပါ။

၉။ အသီးဖြိုင်ဖြိုင်သီးသည့် အပင်သက်တမ်းမှစ၍ လိမ္မော်စိုက်တန်းများကြားတွင် ထွန်ယက်ခြင်း၊ မြေဆွခြင်း၊ ကြား သီးနှံ စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ။ (အမြစ်များသည် မြေကြီး အပေါ်ယံတွင်သာ ရှိ၍ အမြစ်ထိခိုက်ပါက အပင် သက် တမ်းတို၍ သီးထွက်ထိခိုက်စေပါသည်။)

၁၀။ အရွက်နုမထွက်ခင်တစ်ကြိမ်၊ အရွက်နုထွက်ချိန်တွင် တစ်ကြိမ်၊ ရွက်ထွင်စားပိုးကာကွယ်ရန် ပင်လုံးပြန့်၊ သတ္တိ ရှိသည့် ပိုးသတ်ဆေးပက်ဖြန်းပေးခြင်းဖြင့် အချိန်မီ ကာကွယ်ပါ။ (အရွက်ရင့်မှ ဆေးဖြန်းပါပ ထိရောက်မှု မရှိပါ။)

၁၁။ ပန်းပွင့်ဖူးဝင်သည်မှ အသီးမရင့်မှည့်မီအထိ အစိုဓါတ်မပြတ်စေရန် ဂရုစိုက်ပါ။

၁၂။ အသီးရင့်ပြီးနောက် ခူးဆွတ်ရန် (၂-၃) ပတ်အလိုမှစ၍၊ အသီးအချိုဓါတ်များစေရန် ရေဖြတ်ပေးပါ။

၁၃။ ပန်းပွင့်မှု ညီညာရန် ဒေသအလိုက်၊ သီးထွက်ချိန်ကို ချိန်ဆပြီး အပင်ညှိုးသည်အထိ ရေဖြတ်ပြီးမှ အပင်ရေ၀ အောင် သွင်းပေးပြီး၊ ဓါတ်မြေသြဇာကျွေးပေးခြင်းဖြင့် တပြိုင်တည်း ပန်းပွင့်အောင် ဆောင်ရွက်ပါ။

၁၄။ အသီးခူးပြီးတိုင်း ရေတက်များ၊ အတွင်းဖက်လှည့်ထွက်သော အကိုင်းများ၊ ကိုင်းသေ၊ ကိုင်းညှပ်များ၊ မြေကြီးနှင့် ထိနေသော ကိုင်းများ၊ ရောဂါရကိုင်းများကို ရှင်းလင်းဖြတ်တောက် ဖယ်ရှားပါ။

၁၅။ သီးကင်းဝင်စအချိန်မှစ၍ Thrip ပိုးနှင့် မွှားပင့်ကူများမှ ကာကွယ်ရန်၊ ကန့်ပါသည့် ဆေးများကို ပက်ဖြန်း ကာကွယ် ပါ။

၁၆။ အပင်သက်တမ်းနှင့် အပင်အရွယ်မစားအလိုက်၊ အပင်နှင့် မလိုက်အောင် အသီးများလွန်းပါက အသီးဆီးစေ့ အ ရွယ်တွင် အသီးချွေပေးခြင်းကို မဖြစ်မနေဆောင်ရွက်ပါ။

၁၇။ Zn,Mg ဓါတ်ကဲသော အနည်းလိုအာဟာရဓါတ်များ ပါဝင်သည့် အရွက်ဖျန်းမြေသြဇာကို အရွက်နုသည် အရွက် ရင့်၏ သုံးပုံနှစ်ပုံ အရွယ်ရောက်ချိန်တွင် ပက်ဖျန်းပေးပါ။ အသီးအရည်အသွေးနှင့် အပင်အားကောင်းရန် ပိုတက် စီယမ်နိုက်တြိတ် ၃-၅% ကို အနည်းလို အာဟာရဓါတ်နှင့် ရောဖျန်းပါ။

၁၈။ ဘော်ဒိုဆေးရည်ကို အသီးခူးပြီးချိန်မှ စ၍ ပုံမှန်ပက်ဖျန်းပါ။

၁၉။ ပိုးမွှားရောဂါ (အထူးသဖြင့် ပျ၊ လှေးပိုးနှင့် ဗိုင်းရပ်စ်ရောဂါ) များကို မျက်ခြေမပြတ် ကာကွယ်နှိမ်နင်းပါ။

စိုက်ပျိုးရေးနည်းပညာ

The post လိမ္မော်သီး အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း တိုးတက်မြင့်မားစေသည့်အချက်များ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>