Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠နှင်းဆီပင်တွင် ကျ⁠ရောက်တတ်⁠သော ဖျက်ပိုးများ⁠နှင့် ⁠ရောဂါများအေ⁠ကြာင်း

$
0
0

နှင်းဆီတွင် ကျရောက်တတ်သော ဖျက်ပိုးများ

၁။ ဖိုးလမင်းကျိုင်း (ကျိုင်းအမျိုးအစား)

ညတွင် အရွက်များကို လာရောက်ကိုက်ဖြတ် စားသောက်ကြသည်။

၂။ ခြ

ပျိုးပင်များ ကောင်းစွာ  မသန်စွမ်းသေးမီ၊ ပင်စည်ကိုင်းများကို လာရောက် ဖျက်ဆီးတတ်ကြသည်။

၃။ အနီရောင် အကြေးပိုး (Red scales)

အပင်ကို ပင်ရည်စုပ်ယူ စားသုံးကြသဖြင့် အပင် အားနည်းစေသည်။

ပျပိုးများ

အဖူး၊ အညွန့်၊ ပွင့်ဖတ် နှင့် အရွက်အောက် မျက်နှာပြင်တို့တွင် နေပြီး ပင်ရည်ကို စုပ်စားသည်။ အပွင့်သည် အရောင်မှိန်တတ်သည်။

ဖြုတ်စိမ်း

အရွက်မှ ပင်ရည်ကို စုပ်ယူစားသုံးသဖြင့် အရွက်များ အရောင်ဖျော့၍ ၀ါလာတတ်သည်။

လှေးပိုး

အရွက်၏ အောက်မျက်နှာပြင်တွင် နေပြီး အစိမ်းရောင် အပိုင်းတစ်ရှူးကို ခြစ်စားကြသည်။

ရွက်ဖြတ်ပျား

အရွက်အနားတွင် အ၀ိုင်းပုံ၊ ဘဲဥပုံ သေသပ်စွာ  ကိုက်ဖြတ်ကြသည်။

ပင်စည်ထွင်းနကျယ်

ပင်စည်ကိုထွင်း၍ ပင်စည်တစ်လျှောက် စားသောက်သဖြင့် လိုဏ်ခေါင်း ဖြစ်နေသည်။

မွှာပင့်ကူနီ

အရွက်အောက် မျက်နှာပြင်တွင် ပိုးချည်အိမ် ပြုလုပ်၍ အစုအဝေးအလိုက် နေထိုင် စားသောက်ကြသည်။

နှင်းဆီတွင်ကျရောက်တတ်သော ရောဂါများ

၁။ ကိုင်းဖျားခြောက်ရောဂါ မှိုရောဂါ

၂။ နှင်းဆီရွက်နက်ပြောက်ရောဂါ မှိုရောဂါ

အရွက်မျက်နှာပြင်တွင် ညိုမည်းသော အကွက်အပြောက် ဖြစ်ပေါ်သည်။ ပြင်းထန်သော အကွက်အပြောက်ကြီးသည်။ အရွက်ဝါပြီး ကြွေကျသည်။ ပင်စည်၊ အညွန့်၊ ပွင့်တံတို့တွင် အညိုရောင်၊ အမည်းရောင် အပြောက်ဖြစ်ပေါ်သည်။

၃။ ရိုးပုပ်ရောဂါ မှိုရောဂါ

၎။ ကျီးပေါင်းတက်ရောဂါ ဗက်တီးရီးယားရောဂါ

၅။ ဖားဥမှိုရောဂါ မှိုရောဂါ

ဆောင်းတွင် ကျတတ်သည်။ အရွက်နုနှင့်အညွန့်တို့တွင် အဖြူရောင် အမှုန့်များ တွေ့ရတတ်သည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post ⁠နှင်းဆီပင်တွင် ကျ⁠ရောက်တတ်⁠သော ဖျက်ပိုးများ⁠နှင့် ⁠ရောဂါများအေ⁠ကြာင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>