ပါဝင်သောပစ္စည်းများ
(၁) မုန့်ညင်းစိမ်း (၅) စီး
(၂) မုန်လာဥနီ (၃) ဥ
(၃) ဂျုးမြစ် ၈၃ ဂရမ်
(၄) ကောက်ညှင်းဆန် အနည်းငယ်
(၅) ငြုပ်သီးမှုန့်အကြမ်း အနည်းငယ်
(၆) သကြား/ကြံသကာ/ထန်းလျှက် အနည်းငယ်
(၇) ဆား အနည်းငယ်
(၈) ကြက်သွန်ဖြူ အနည်းငယ်
(၉) ဂျင်း အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
(၁) မုန့်ညင်းစိမ်းကို ရေဆေးပြီး ရေ(၁) နာရီခန့် လှမ်းပါ။
(၂) မုန်လာဥနီ၊ ဂျုးမြစ်တို့ကို ရေဆေး၍ ပိုင်းဖြတ်ထားပြီး ခေတ္တနေလှန်းထားပါ။
(၃) ဂျင်း၊ ကြက်သွန်ဖြူ တို့ကို အခွံနွှာ၍ ထောင်းထားပါ။
(၄) ကောင်းညှင်းအနည်းငယ်ကို ပြုတ်ထားပါ။
(၅) မုန့်ညင်းစိမ်းကို အနေတော် လှီးဖြတ်ထား၍ ပါဝင်သော ပစ္စည်းအားလုံးကို ရောမွှေပြီး လေလုံဘူးများတွင် ထည့်၍ သိမ်းပါ။
(၆) (၃) ရက်ခန့်ကြာတွင် စားသုံးနိုင်ပါသည်။
(မှတ်ချက်)
(၁) ကြာရှည်ခံစေရန် အဖုံးကို မကြာခဏ ဖွင့်ကြည့်ခြင်း မပြုရပါ။
(၂) ပါဝင်သောပစ္စည်းများကို ဆီမထိစေရပါ။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post မုန့်ညင်းချဉ် ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.