ပါဝင်ပစ္စည်းများ
၁။ ခရမ်းချဉ်သီး ၁၇၀၀ ဂရမ် (၁ ပိဿာ)
၂။ သကြား ၅၀၀ ဂရမ် (၃၀ ကျပ်သား)
၃။ ပြောင်းဖူးမှုန့် ၅၀ ဂရမ် (၃ ကျပ်သား)
၎။ ဆား ၂၅ ဂရမ် (၀.၅ ကျပ်သား)
၅။ ဂျင်း အနည်းငယ်
၆။ ကြက်သွန်ဖြူ ၁၇၀ ဂရမ် (၁၀ ကျပ်သား)
၇။ ငြုပ်သီးစိမ်း ၈၀ ဂရမ် ( ၅ ကျပ်သား)
၈။ ရှာလကာရည် ၁၀၀ ဂရမ် (၅ ကျပ်သား)
၉။ ငြုပ်သီးအရောင်တင် စားပွဲဇွန်း ၂ ဇွန်း
၁၀။ အချဉ်ခဲ ၈ ဂရမ် (၀.၅ ကျပ်သား)
၁၁။ SB (ဆိုဒီယမ်ဘင်ဆိုရိတ်) ၀.၀၅% (၀.၈၅ ဂရမ်) (၀.၀၅ ကျပ်သား)
၁၂။ SMS (ဆိုဒီယမ်မက်တာဘိုင်ဆာလဖိုက်) ၀.၀၅% (၀.၈၅ ဂရမ်) (၀.၀၅ ကျပ်သား)
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ခရမ်းချဉ်သီးကို ရေနွေးပွက်ပွက်ဆူတွင် ကွဲအက်အောင် ပြုတ်၍ အနှစ်တိုက်ပါ။
၂။ အနှစ်၏ အလေးချိန်ကို ချိန်ပါ။ သကြားကို အနှစ်၏ ၂၅% ချိန်ပါ။
၃။ ခရမ်းချဉ်သီးအနှစ်ကို တ၀က်ခမ်းအောင်ကြိုပြီး သကြား၊ ပြောင်းမှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထည့်ပါ။
၎။ ဂျင်း၊ ကြက်သွန်ဖြူ၊ ငြုပ်သီးစိမ်း၊ အရောင်တင်မှုန့်များကို ရေအနည်းငယ်နှင့် အပူပေးပြီး အရည်စစ်ယူပါ။
၅။ ရှာလကာရည်၊ ဆား၊ အချဉ်ခဲများ ထည့်ပါ။ တာရှည်ခံဆေးများ ထည့်ပါ။
၆။ မီးဖိုပေါ်မှ ချပြီး ပိုးသန့်ထားသော ပုလင်းတွင် ထည့်သွင်းနိုင်ပါသည်။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post ခရမ်းချဉ်သီးဆောစ် ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.