၁။ မက်မန်းကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၃၅၀၀) ထက်မြင့်သော ဒေသနှင့် ဆားငံသီးကို ပင်လယ်ရေ မျက်နှာပြင်အထက်ပေ (၂၄၀၀) ထက်မြင့်သော ဒေသများတွင် စိုက်ပျိုးပါ။
၂။ မက်မန်းကို ပန်းပွင့်ချိန်တွင် လေကွယ်ရေရသော မြောက်ဘက်ရေလဲတောင်စောင်းနှင့် လျှိုမြောင်းများတွင် ရွေးချယ် စိုက်ပျိုးပါ။
၃။ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
(မက်မန်းကို Table Type (အသီးကို အစိမ်းစားသည့်မျိုး) ဖြစ်က ဥရောပမျိုး၊ တရုတ်မျိုးနှင့် ဂျပန်မျိုးကို စိုက်ပါ။ Y- Type (တာရှည်ခံ အောင် ပြုပြင်ပြီးစားရသည့်မျိုး) ဖြစ်က အကြမ်းခံသည့် ဒေသမျိုးကို ရွေးချယ်စိုက်ပါ။) (ဆားငံသီးကို အရည်အသွေးကောင်းမွန်သော ဒေသမျိုးကို ရွေးချယ်စိုက်ပါ။)
၎။ အပင်သက်တမ်း (၁-၂) နှစ်သားရှိ၊ အဖူးမြှုပ်၊ ကိုင်းဆက်ပျိုးပင်များကို စိုက်ပျိုးပါ။
၅။ မျိုးအလိုက် ပင်ကြား၊ တန်းကြား (၁၂’×၁၂’) မှ (၂၄’×၂၄’) စိုက်ပျိုးပါ။
၆။ စိုက်ကျင်းအရွယ် (၃’×၃’×၃’) တွင် အပေါ်ယံမြေလွှာနှင့် မြေဆွေးဆတူရော၍ ကျင်းစားကျွေးပါ။
၇။ စိုက်ခင်းတွင် မြေပြင်မှ အမြင့် (၃.၅) ပေ အထိ ပင်စည်တစ်ခုတည်း ရှိနေစေရန်နှင် ကိုင်းမကြီး (၃-၅) ကိုင်း မွေးမြူ ပုံသွင်းပါ။
၈။ အပင်အတွင်းဘက်အလင်းရောင်ကောင်းစွာ ရရှိပြီး၊ ရောဂါကျရောက်မှု သက်သာစေရန် အလယ်ဖွင့်ပုံသွင်း နည်းစနစ် (Open Center) ဖြင့် မွေးမြူ ပုံသွင်းပါ။
၉။ ရေသွင်းခြင်းကို အသီးကင်းဝင်စတွင် (၁) ကြိမ်၊ အသီးကြီးထွားနေဆဲအချိန်တွင် (၁) ကြိမ် မဖြစ်မနေ(၂) ကြိမ် ဆောင်ရွက်ပေးပါ။
၁၀။ ဓါတ်မြေသြဇာကျွေးခြင်းကို (၁း၂း၂) အချိုးအတိုင်း မိုးဦးကျဇန်လတွင် (၁) ကြိမ်၊ အသီးခူးပြီး သြဂုတ် စက်တင်ဘာတွင် (၁) ကြိမ်၊ (၂) ကြိမ် ခွဲ၍ ကျွေးပါ။
၁၁။ အပင်သက်တမ်းကြာရှည်စွာ အသီးသီးနိုင်ရန်နှင့် အသီးအရွယ်အစားကောင်းမွန်စေရန် သီးညှပ်ချွေပေး ခြင်းကို ဆောင်ရွက်ပါ။
၁၂။ အသီးစတင်သီးသည့် အပင်သက်တမ်းမှ (၃-၅) နှစ်အတွင်း ကပ်ပါးမှိုရောဂါကာကွယ်နိုင်ရန် ဘော်ဒိုဆေးရည်နှင့် ပင်စည်ဖောက်ပိုး ကျရောက်မှုမှ ကာကွယ်ရန် ပင်လုံးပြန့်ပိုးသတ်ဆေးကို မဖြစ်မနေ ပက်ဖျန်းကာကွယ်ပေးပါ။
၁၃။ မက်မန်းသီးကို Table Type ဖြစ်က ရင့်မှည့်ချိန်တွင်လည်းကောင်း၊ Y-type ဖြစ်က မရင့်မှည့်မီ (၁) ပတ်အလိုတွင် လည်းကောင်း ဆွတ်ခူးပါ။ ဆားငံသီးကို မရင့်မှည့်မီ(၁) ပတ်အလိုတွင် ဆွတ်ခူးပါ။
စိုက်ပျိုးရေးနည်းပညာ
The post မက်မန်းသီး၊ ဆားငံသီး အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်မြင့်မားစေသည့် အချက်များ။ appeared first on Myanmar Farmers' Portal.