Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠ကြယ်ပဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များ

$
0
0

မြန်မာအမည်    – ကြယ်ပဲ

အင်္ဂလိပ်အမည် – Sacha Inchi, Sacha Peanut, Mountain-Peanut

ရုက္ခဗေဒ အမည် – Plukenetia volubilis L

မျိုးရင်းအမည်   – Evphorbiaceae

မူရင်းဒေသ      – ပီရူးနိုင်ငံတောင်အမေရိက

ကြယ်ပဲတွင်ပါဝင်သော အဟာရဓာတ်များ

၁။ Omega 3             54.0%

၂။ Omega 6             33.4%

၃။ Omega 9             7.2%

၎။ Other                  5.4%

၅။ Vitamin A,E တို့ကြွယ်ဝစွာ ပါဝင်ပါသည်။

ကြယ်ပဲ အသုံးဝင်ပုံနှင့် အကျိုးကျေးဇူးများ

ကြယ်ပဲတွင် အပေါ်လွင်ဆုံး ဂုဏ်သတ္တိမှာ သက်စောင့်ဓာတ်များဖြစ်သော Omega – 3 ပါရှိခြင်း ဖြစ်ပါသည်။ ကြယ်ပဲမှ စားသောက်ကုန် ပစ္စည်း၊ သဘာဝ အားတိုးဆေး၊ အလှကုန် ပစ္စည်းများ အဖြစ် ထုတ်လုပ်နိုင်သည်။

ကြယ်ပဲမှ ထုတ်လုပ်သော ကြယ်ပဲဆီ (Inca Oil) မှာ ၂၀၁၇ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသော စားသောက်ကုန်စည် ပြပွဲတွင် အကောင်းဆုံးဟင်းသီးဟင်းရွက်ဆီ အဖြစ် ပထမဆု ရရှိထားသည်။

ကြယ်ပဲပင်မှ ထွက်ကုန်များကို စားသုံးပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းခြင်း၊ ကိုလက်စထရောကျခြင်း၊ မျက်စိအားကောင်းခြင်း စသည့် ကျန်းမာရေးကို သိသာစွာ ကောင်းမွန်စေသော စားသောက်ကုန် တစ်မျိုးဖြစ်ပါသည်။

အမေရိကန်ဆေးဝါးနှင့် စားသောက်ကုန်ဌာန (FDA)မှ လက်ခံထားသော Linolenic Acid ၏ ကာကွယ်ခုခံနိုင်ခြင်း

အကျိုးပြုပုံ (၁၃) ချက်

၁။ သွေးထဲမှ အဆီများ လျော့ကျနိုင်ခြင်းနှင့် သွေးတိုးကျခြင်း

၂။ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း

၃။ ဆီးချိုရောဂါကို တားဆီးနိုင်ခြင်း

၎။ ကင်ဆာရောဂါဖြစ်ပွားစေနိုင်မှုကို ကာကွယ်နိုင်ခြင်း

၅။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ခြင်း

၆။ ဦးနှောက်သွေးကြောပြတ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းခြင်းတို့ကို ကာကွယ်နိုင်ခြင်း

၇။ သွေးထဲမှ ကိုလက်စထရောဓာတ်ကို ဆေးကြောပေးပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

၈။ သွေးဆုံးခါနီး ဖြစ်တတ်သော ရောဂါများကို တားဆီးနိုင်ခြင်း

၉။ ဦးနှောက်အာရုံကြော အားတိုးစေပြီး မှတ်ဥာဏ်နှင့် သမာဓိအားကောင်းလာခြင်း

၁၀။ နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း

၁၁။ အဆစ်အမြစ်နှင့် ပတ်သတ်သောရောဂါများကို ကုသနိုင်ခြင်း

၁၂။ အရေပြားရောဂါများကို သက်သာစေနိုင်ခြင်း

၁၃။ ၀မ်းချုပ်၊ ၀မ်းပျက်၊ အူမကြီး၊ အူသိမ် နှင့် ပက်သက်သော ရောဂါများကို ကုသနိုင်ခြင်း

ကိုးကားချက်။   ။ မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ခွဲ မြန်မာကြယ်ပဲ စိုက်ပျိုးသူများအဖွဲ့မှ စီစဉ်ထုတ်ဝေသော စီးပွားဖြစ် ကြယ်ပဲ (Sacha Inchi) စိုက်ပျိုးရေးလမ်းညွှန် (ပထမတွဲ) စာအုပ်။

 

 

The post ⁠ကြယ်ပဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>