ပါဝင်ပစ္စည်းများ
(၁) ဆန်မှုန့် (မွှေး) နို့ဆီဗူး (၂) ဗူး
(၂) သကြား ၁ ပိဿာ
(၃) အုန်းသီး ၁ လုံး
(၄) နွားနို့ ၂၅ ကျပ်သား
(၅) ထောပတ် ၆ ကျပ်သား
(၆) ဆီ ၁၂ ကျပ်ခွဲသား
(၇) ဘိန်းစေ့ ၁၀ ကျပ်သား
(၈) ကြက်ဥ ၁ လုံး
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဆန်မှုန့် နို့ဆီဗူး(၂) ဗူးအား ရေနို့ဆီဗူး (၂) ဗူးဖြင့် ရော၍နယ်ပါ။
၂။ သကြားအား ဆူပွက်အောင်ကျိုပြီး ကြက်ဥအကာအား ဖောက်ထည့်ပါ။
၃။ အမြှုပ်များတက်လာပါက ကုန်အောင်ဖယ်ပြီး သကြားရည်အားပြန်စစ်ပါ။
၎။ စစ်ပြီးသား သကြားရည်အား ပျစ်အောင်ကျိုပြီး ဆန်နှစ်ထဲရောထည့်ပြီး အိုးမကပ်စေရန် မွှေပေးပါ။
၅။ ထို့နောက် အုန်းနို့နှင့် နွားနို့အား ရောထည့်၍ ရေခန်းအောင် ကျိုပါ။
၆။ ဆီနှင့် ထောပတ်တို့အား ထည်းကျိုပြီးနောက် ဘိန်းစေ့ထည့်ပါ။
၇။ ထို့နောက် ဆီသုတ်ထားသော ဗန်းထဲသို့ ဖြန့်ခင်းပြီး လိုရာပုံလှီးပါ။
မှတ်ချက် – ဆန်မှုန့်အား ကောက်ညှင်းမှုန့် အနည်းငယ်ရောပါက မုန့်သားပျော့ပျောင်းစေပါသည်။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post ဆန်ဟာလ၀ါ ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.