Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

နှမ်းသီးနှံတွင် လအလိုက်ကျရောက်သော ရောဂါများ နှင့် ကာကွယ်နှိမ်နင်းနည်းများ

$
0
0

(၁) နှမ်းရိုးမည်းရောဂါ (Black Stem)

ကျရောက်သည့်အချိန်

ရေ၀ပ်သော မိုးနှမ်းစိုက်ခင်းများတွင် ကျရောက်တတ်သည်။

ရောဂါပုံလက္ခဏာ

နှမ်းပင်၏ပင်ခြေပိုင်းတွင် အညိုရောင်အနာကွက်ငယ် စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်ရှုသားများ ညိုမည်း လာပြီး အချို့မှာ အနာချိုင့်ဖြစ်လာသည်။ ခေါက်များသည် ဖွာလန်၍လာသည်။ ထို့ပြင် ယင်းတစ်ရှူးများပေါ်တွင် ခပ်မည်းမည်းအဖုကလေး များ ဖြစ်ပေါ်လျှက်ရှိသည်။ ထိုအချိန်တွင် နှမ်းပင်ခြေရင်းပိုင်းမှာ လုံးဝမည်းနက်ပြီး ပင်ပေါ်ပိုင်းလည်း အ၀ါရောင်ပြောင်းကာ ညှိုးစ ပြုလာ သည်။ နောက်ဆုံးတွင် တစ်ပင်လုံးမည်းခြောက်၍ သေသွားသည်။ ရောဂါရနှမ်းရိုးကိုထက်ခြမ်းခွဲကြည့်ပါက မျှိမျှင်စုများ တွေ့နိုင်သည်။

ကူးစက်ပျံ့နှံ့ခြင်း

ရောဂါဖြစ်စမှိုသည် မြေတွင်းတွင်ကျန်ခဲ့သော အပင်ကြွင်းများပေါ်တွင် ခိုအောင်းနေလေ့ရှိသည်။ နှမ်းပင်ဖြစ်လာချိန်တွင် မြေကြီး အစိုဓါတ် လွန်ကဲချိန်နှင့် ကြုံပါက ပင်ကျန်မားပေါ်တွင် ခိုနေသောမှို၏ တိုက်ခိုက်မှို ခံရသည်။ ထို့ပြင် ရောဂါရစိုက်ခင်းများမှ အခြားလယ်ယာသုံး ပစ္စည်းကိရိယာများနှင့် ကျွဲ၊နွား တိရစ္ဆာန်များ၏ ခြေထောက်များတွင် ကပ်ပါသောမြေကြီးမြေမှုန်တို့မှတဆင့် တစ်ကွက်မှတစ်ကွက်သို့ ကူးစက်နိုင်သည်။ ဤရောဂါသည် အပူချိန် (၃၅-၃၉) ဒီဂရီစင်တီဂရိတ်ရှိချိန်တွင် ရောဂါပြင်းထန်လေ့ရှိသည်။

ကာကွယ်နှိမ်နင်းနည်း

(၁)     စိုက်ခင်းရေမ၀ပ်စေရန် ဆောင်ရွက်ပါ။

(၂)     ကြားပေါင်းလိုက်ရာတွင် အပင်များထိခိုက်မှုမရှိစေရ။

(၃)     သီးလှည့်စနစ်ဖြင့် စိုက်ပါ။

(၄)     ရောဂါရပင်ကြွင်းကျန်များကို မီးရှို့လည်းကောင်း၊ မြေမြှပ်၍ဆွေးမြေ့စေရန် ဆောင်ရွက်ပါ။

(၂) နှမ်းဖိုရောဂါ (Phyllody)

ကျရောက်သည့်အချိန်

ဖြုတ်ညိုများကျရောက်မှုများပါက ဤရောဂါဖြစ်ပေါ်တတ်ပါသည်။

ရောဂါလက္ခဏာ

အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများထွက်ခြင်း၊ အပွင့်အဂါင်္အစိတ်အပိုင်းများ အစိမ်းရောင်ဖြစ်ခြင်းတို့မှ   တွေ့မြင်နိုင်သည်။ နှမ်းခင်းအား အဝေးမှကြည့်ပါက ထိပ်ဖျားတွင် အထက်ပါ လက္ခဏာများကြောင့် အဆုပ်လိုက်အဆုပ်လိုက် အပွင့် အရောင်မရှိဘဲ အစိမ်းရောင် တွေ့မြင်နိုင်ပါသည်။

ကူးစက်ပျံ့နှံ့ခြင်း

နှမ်းဖိုရောဂါသည် ပင်ရည်ဖြင့် မကူးစက်နိုင်ပါ။ ကိုင်းကူးနည်းဖြင့်သာ ကူးစက်နိုင်သည်။ မျိုးစေ့ဆောင်အမြစ်အဖြစ် မတွေ့ရပါ။ ဤရောဂါ သယ်ဆောင်ကောင်မှာ ဖြုတ်ညို(Orosius albicinetus) ပိုးဖြစ်သည်။ ရောဂါဖြစ်စေ မိုက်ကိုပလပ်စမာသည် အဓိကအားဖြင့် အပူချိန်   ပေါ်တွင် မူတည်၍ သယ်ဆောင်ကောင်၏ ခန္ဓာကိုယ်တွင် (၁၅) ရက်မှ (၆၃) ရက်ကြာ ခိုအောင်းပြီးမှ ရောဂါကူးစက်စွမ်းအား ရှိသည်။   ရောဂါရအပင်တွင်းတွင်မူ (၁၃) ရက်မှ (၆၁) ရက်ကြာမှ ရောဂါလက္ခဏာကို ဖြစ်ပေါ်စေသည်။

ကာကွယ်နှိမ်နင်းခြင်း

(၁)     နှမ်းပင်ငယ်စဉ်တွင် ဖြုတ်ပိုးကို ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ပါ။

(၂)     စောစောစိုက်ခြင်းကို ရှောင်ပါ။

 

(၃) နှမ်းပင်ဆစ်နီမတုတ်ရောဂါ (Sesame Cyst Nematode)

ကျရောက်သည့်အချိန်

ဤရောဂါဖြစ်စေသော နီမတုတ်အကောင်ငယ်များနှင့် ဥများသည် သေနေသော နီမတုတ်အမ၏ ခန္ဓာကိုယ် အတွင်းတွင် အသက်ရှင်   နေနိုင်ပြီး မြေထဲတွင် နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်သဖြင့် အပင်သက်တမ်း တတလျှောက်လုံး ရောဂါကျရောက်နိုင်သည်။

ရောဂါလက္ခဏာများ

ရောဂါကျရောက်သည့်အခင်းတွင် အပင်များပုနေခြင်း၊ ညှိုးနေခြင်း၊ အရောင်ဖျော့နေခြင်းများကို အကွက်လိုက်တွေ့နိုင်သည်။  ရောဂါရ အပင်များကို နှုန်ကြည့်ပါက ရေသောက်မြစ်ကွေးနေခြင်းအပြင် ဘေးထွက်မြစ်များနှင့် ရေသောက်မြစ်တွင် အနီရောင်အရစ်များနှင့် အညိုရင့်ရောင်ပြောင်းနေသည်ကို တွေ့နိုင်သည်။ ဤရောဂါ၏ အထင်ရှားဆုံး လက္ခဏာမှ အဖြူရောင်မှ သံချေးရောင်ရှိ အလုံးပုံသဏ္ဍန် နီမတုတ်အမများကို အမြစ်တွင် တွယ်ကပ်နေသည်ကို တွေ့နိုင်သည်။ မြေထတြွင်လည်း နီမတုတ်အမများကို တွေ့နိုင်သည်။

ကာကွယ်နှိမ်နင်းနည်းများ

  • ရောဂါခံနိုင်ရည်ရှိသော မျိုးကို အသုံးပြုခြင်းသည် အကောင်းဆုံးကာကွယ် နှိမ်နင်းနည်းဖြစ်သည်။
  • ရောဂါလက်ခံပင်မဟုတ်သော အခြားမျိုးရင်းဝင်အပင်များနှင့် သီးလှည့်စိုက်ပျိုးရန်။
  • ထယ်ရေးနက်နက်ထိုးပြီး မြေလှန်ထားရန်။
  • လယ်ယာသုံးပစ္စည်းကိရိယာများမှတဆင့် ရောဂါပျံ့ပွားနိုင်သဖြင့် ရောဂါကျအခင်းတွင် အသုံးပြုပြီးသော ကိရိယာများကို အခြားသော အခင်းသစ်တွင် အသုံးမပြုရန်။
  • ရောဂါကျခဲ့သော စိုက်ခင်းတွင် ဒိုင်ယာဇီနွန် (၁၀ ဂျီ) ဆေးခဲ ၁၀ ကီလို/ဧကနှုန်း မြေထဲသို့ ထည့်ပေးခြင်းဖြင့် နီမတုတ်အမြစ်အတွင်း ၀င်ရောက်မှု၊ တိုက်ခိုက်မှုကို ကာကွယ်နိုင်ပါသည်။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

The post နှမ်းသီးနှံတွင် လအလိုက်ကျရောက်သော ရောဂါများ နှင့် ကာကွယ်နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>