(၁) နေကြာပင်ခြေပုပ်ရောဂါ (Collar Rot)
ကျရောက်သည့်အချိန်
အစိုဓါတ်များသော စိုက်ခင်းများတွင် အပင်ငယ်စဉ်မှ စတင်ကျရောက်သည်။
ရောဂါလက္ခဏာများ
ကနဦးရောဂါလက္ခဏာများမှာ စိုက်ပြီး ရက်(၄၀) အကြာတွင် စတင်ထင်ရှားလာသည်။ ရောဂါရအပင်များ ကိုခပ်လှမ်းလှမ်းအကွာအဝေး မှပင် သတိပြုနိုင်သည်။ ပြင်းထတ်စွာ ရောဂါကျရောက်နေသောမြေတွင် အတန်းလိုက် ရောဂါကျရောက်နေမှုကို လေ့လာတွေ့ရှိနိုင်သည်။ မကြာမီရောဂါရအပင်မှာ ညှိုးပြီးသေသွားသည်။ ပင်ခြေတွင် အဖြူရောင်ဝါဂွမ်းကဲ့သို့ မှိုမျှင်စုများနှင့် မုန်းညင်းစေ့သဏ္ဍန် လိမ္မော်ရောင်၊ အညိုရောင် အလုံးငယ်များ (စကလိုးရှား) ကိုတွေ့မြင်ရသည်။ အကယ်၍ အခင်း၏ ၁၀% သောအပင်များတွင် ရောဂါ ကျရောက်ပါက ၁၀% ခန့် အထွက်နှုန်းကို ထိခိုက်စေသည်။ ရောဂါဖြစ်မှိုသည် စကလိုရှားအဖြစ်ဖြင့် မြေကြီးထတြွင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင် သည်။ ၎င်းစကလိုးရှားများသည် မူလရောဂါစတင် ပြန့်ပွားစေသော အဂါင်္များဖြစ်သည်။ မှိုသည်မျိုးစေ့ဆောင်အဖြစ် လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ရာသီဥတုအခြေအနေပေးပါက စကလိုးရှားမှမှိုမျှင်များပေါက်လာပြီး ပင်ခြေပိုင်းကို စတင်တိုက်သည်။ ရောဂါ ပြင်းထန်မှု/သက်သာမှုသည် ပတ်ဝန်းကျင်၊ အစိုဓါတ်၊ အပူချိန်နှင့် မြေကြီးတွင်းရှိရောဂါမျိုးတို့တွင် မူတည်သည်။ စကလိုးရှားသည် မြေကြီးအတွင်း အနက် ၁ လက်မမှ ၂ လက်မ ထက်နက်ပါက ၎င်းမှ မှိုမျှင်ထုတ်လုပ်မှု သိပ်ကောင်းတော့ပေ။ ဖော့စဖရပ်မြေသြဇာ ထည့်ပေးခြင်းသည် ရောဂါပြင်းထန်မှုကို အားပေး၍ ပိုတက်မြေသြဇာ ရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေသည်။
ကာကွယ်နှိမ်နင်းနည်း
- စိုက်ခင်းတွင် အစိုဓါတ်မလွန်ကုစေရ။
- ဘီနိုမီးဆေးကို မြေတွင်းသို့ ထည့်ပေးပါ။
- မျိုးစေ့များကို လူးနယ်စိုက်ပျိုးနိုင်သည့် Homai 80% WP စသည့်မှိုသတ်ဆေးများဖြင့် စီရင်ပြီးမှ စိုက်ပါ။
- သင့်တော်သော စိုက်ရက်ကို ရွေးချယ်ပါ။
(၂) နေကြာရွက်ပြောက်ရောဂါ (AlternariaLeaf Spot)
ကျရောက်သည့်အချိန်
နေကြာစေ့များ နို့ရည်တည်စအချိန်တွင် မိုးမကြာခဏရွာသွန်းခြင်းနှင့် ပူပြင်းသော ရာသီဥတုသည် ရောဂါကျရောက်မှုကို အားပေးသည်။
ရောဂါလက္ခဏာများ
ရောဂါဖြစ်စေသော သက်ရှိများသည် များသောအားဖြင့် အရွက်များပေါ်တွင် အညိုရောင်ကွက်ပြောက်များစွာကို ဖြစ်ပေါ်စေသည်။ ကွက်ပြောက်ပုံသဏ္ဍန်မှာ စက်ဝိုင်း(သို့) ဘဲဥပုံရှိ၍ ၁.၂ မှ ၅.၀ မီလီမီတာ အချင်းရှိသည်။ ကွက်ပြောက်၏ အလယ်မှာ ဖြူမွဲရောင်ရှိ၍ ပတ်လည်တွင် အ၀ါရောင်၊ စိမ်းဖျော့ရောင်ဇုံကို တွေ့ရသည်။ သေးငယ်သော ရွက်ပြောက်များသည် အောက်ခြေအရွက်များတွင် စတင်ဖြစ်ပေါ်ပြီး တဖြည်းဖြည်း အရွယ်အစားကြီးလာသည်။ အပင်ကြီးလာသည်နှင့် ရွက်ပြောက်များသည် အပေါ်ပိုင်းအရွက်များအထိ ပျံ့နှံ့လာသည်။ ရောဂါရင့်လာပါက ရှည်လျားသော ကွက်ပြောက်များကို ရွက်ရိုးတံ၊ ပင်စည်၊ ပွင့်ဖတ်များတွင် တွေ့ရသည်။ ပတ်ဝန်းကျင် အစိုဓါတ်မြင့်မားပါက ရွက်ပြောက်များ အရွယ်အစားကြီးမားလာပြီး အရွက်များ တွန့်လာသည်။ တစ်ခါတစ်ရံအပွင့်အုံပုပ်ဆွေးလာသည်။ မှိုကြီးထွားရန် အကောင်းဆုံးအပူချိန်မှာ (၂၀) ဒ်ီဂရီစင်တီဂရိတ် ဖြစ်သည်။ ရောဂါဖြစ်စေမှိုသည် သီးနှံအကြွင်းအကျန်များထဲတွင် မှိုမျှင် အဖြစ် ခိုအောင်းသည်။ ခြောက်သွေ့သော အခြေအနေတွင် (၂၀) ပတ်ထိ မြေတွင် ခိုအောင်းနိုင်သည်။
ကာကွယ်နှိမ်နင်းနည်း
- သီးနှံအလှည့်ကျ စိုက်ပါ။
- ရောဂါရပင်အကြွင်းအကျန်များကို မြေမြှပ်ပါ။ မီးရှို့ပါ။
Source by – လယ်/ဆည်
The post နေကြာသီးနှံတွင် ကျရောက်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.