Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ေ⁠မြပဲသီး⁠နှံတွင် လအလိုက်ကျ⁠ရောက်⁠သော ⁠ရောဂါ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ

$
0
0

(၁) မြေပဲရွက်ပြောက်ရောဂါ (ရွက်ညိုပြောက်နှင့် ရွက်နက်ပြောက်) (Early and Late Leaf Spots)

ကျရောက်သည့်အချိန်

မြေပဲစိုက်ပြီးနောက် (၃) ပတ်နှင့် (၅) ပတ်အတွင်းမှာ ကျရောက်နိုင်သည်။ ရွက်ညိုပြောက်က အရင်ကျရောက်ပြီး ရွက်နက်ပြောက်က   နောက်မှကျရောက်သည်။

ရောဂါလက္ခဏာ

ရွက်ပြောက်ရောဂါနှစ်ခုလုံးသည် မြေဆောင်ရောဂါဖြစ်သည်။ တစ်နေရာမှ တစ်နေရာသို့ ပျံ့နှံ့မှုများလေ ဆောင်စပိုးများ၊ မျက်နှာပြင်တွင် စပိုးများကပ်ရောက်နေသည့် မြေပဲတောင့် မြေပဲစေ့၊ အပင်အကြွင်းအကျန်များ ဖြင့် ပျံ့နိုင်ပါသည်။ သို့ရာတွင် ၎င်းသည် မျိုးစေ့ဆောင်   ရောဂါအဖြစ်မတွေ့ရှီရပါ။ ရွက်ပြောက်ရောဂါကျရောက် ခြင်းကြောင့် အစာချက်လုပ်နိုင်သောဧရိယာ လျှော့နည်းသွားခြင်းဖြင့် အပင်ကို ထိခိုက်စေနိုင်ပါသည်။ ရွက်ပြောက်နှစ်ခု၏ ကွာခြားချက်မှာ ရွက်ညိုပြောက်သည် အရွက်အောက် မျက်နှာပြင်အညိုဖျော့ရောင်ရှီပြီး ရွက်နက်ပြောက်သည် အနက်ရောင်ရှိသည်ကို တွေ့ရပါသည်။ ရွက်ညိုပြောက်၏ ရွက်ပြောက်များသည် မညီမညာသော ပုံလုံးဝိုင်းခြင်း မရှိသော်လည်း ရွက်နက်ပြောက်သည် အရွယ်သေးပြီး လုံးဝိုင်းလုနီးပါး ရွက်ပြောက်များ အဖြစ်တွေ့ရှိရပါသည်။

ကူးစက်ပျံ့နှံ့ခြင်း

အပူချိန် (၂၅-၃၀) ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းစမြင့်မားခြင်းတို့သည် ရောဂါကူးစက်ပြန့်ပွားခြင်းအတွက် အခြေအနေကောင်းများ  ဖြစ်ပါ  သည်. မြေကြီးတွင် မှိုစပိုးများ ပင်ကြွင်းပင်ကျန်များနှင့် ရှိနေရာ မိုးရေစက်သည် အောက်ရွက်လွင့်စဉ်ရာတွင် စပိုးများပါလာပြီး   အောက်ရွက်များသို့ ရောဂါစတင်တွေ့ရှိရပါသည်။ ထိုအောက်ရွက် များမှတစ်ဆင့် ရာသီဥတုအခြေအနေပေးပါက အထက်ရွက်များသို့ တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်၍ ရောဂါတိုးတက် ဖြစ်ပါသည်။ ရွက်ပြောက်ပေါ်ရှိ စပိုးများသည်လေဖြင့်လည်း တစ်ကွက်မှတစ်ကွက်သို့ ကူးစက်ပျံ့နှံ့ကြပါသည်။ ရောဂါဖြစ်စေမှုသည် ပင်ကြွင်းကျန်များတွင်လည်းကောင်း အလေ့ကျပေါက်သော မြေပဲပင်တွင်လည်းကောင်း ခိုအောင်းနေနိုင်ပြီး ကြုံကြိုက်သောအချိန်တွင်ည အဓိကလေဖြင့် ကူးစက်ပျံ့နှံ့ပါသည်။

ကာကွယ်နှိမ်နင်းနည်း

  • ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပါ။
  • ရာသီမဟုတ်ဘဲ အလေ့ကျပေါက်မြေပဲပင်များကို ရှင်းလင်းသုတ်သင်ပါ။
  • ရောဂါရပင်ကြွင်းကျန်များကို မြေမြှပ်၍ မြန်မြန်ဆွေးအောင်ဆောင်ရွက်ပါ။(သို့မဟုတ်) မီးရှို့ဖျက်ဆီးပစ်ပါ။
  • ဒက်ကိုနေး၊ ဘီနိုမီး၊ တော့ပဆင်အမ်ဆေးများနှင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

(၂) မြေပဲပင်ရင်းပုပ်ရောဂါ (Collar Rot)

ကျရောက်သည့်အချိန်

စစိုက်ချိန်မှ အပင်ကြီးအရွယ်ထိ။

ရောဂါလက္ခဏာ

မြေပဲစေ့များတွင် ရောဂါကျပါက အစေ့ပေါ်တွင် မှိုကွက်များ ဖြစ်လာပြီး ပုပ်ရိသွားသည်။ အပင်ငယ်စဉ်တွင် ကျရောက်ပါက အပင်၏   မြေနှင့်ကပ်နေသည့် အပိုင်းတွင် ညိုဝါရောင်ကို စတွေ့ရသည်။ ၎င်းနောက် ပင်စည်နာနေသော အပိုင်းတွင် အညိုရင့် (သို့) အမည်းရောင် စပိုးများဖြင့် ဖုံးအုပ်လာသည်။ အပင်ကြီးလာပါက မြေပဲကို ကိုင်းအရင်းပုပ်ဆွေးပြီး အမည်းရောင်စပိုးများနှင့် ဖုံးအုပ်နေပြီး အရွက်များ   ခြောက်၍ ကြွေကျသွားသည်။

ကာကွယ်နှိမ်နင်းနည်း

  • မျိုးစေ့များကို မြေနက်နက်တွင် စိုက်ခြင်းဖြင့် ရောဂါရလွယ်စေသည့်အတွက် အတိမ်အနက်မှန်အောင် မျိုးစေ့ချ စိုက်ပါ။
  • ပေါင်းသင်ခြင်း၊ မြေတောင်မြှောက်ပေးခြင်း ပြုလုပ်ရာတွင် အပင်များကို ထိခိုက်ဒဏ်ရ မရရှိစေရန် ဆောင်ရွက်ပါ။
  • မျိုးစေ့များကို မစိုက်ပျိုးမီ Homai 80% WP မှိုသတ်ဆေးမှုန့် ၂၀၀ ဂရမ်နှုန်းနှင့် မျိုးစေ့ ၁၀၀ ဂရမ်လျှင် လူးနယ်စိုက်ပျိုးပါ။

(၃) အမြစ်ပုပ်ရောဂါ (Root Rot)

ကျရောက်သည့်အချိန်

မြေပဲစစိုက်ချိန်မှ ရိတ်သိမ်းချိန်။

ရောဂါလက္ခဏာများ

မြေပဲပင်၏ အစိတ်အပိုင်း အတော်များများတွင် ရောဂါလက္ခဏာကို တွေ့ရသည်။ ရောဂါကျရောက်သော အပိုင်းသည် အညိုရောင်ရှီပြီး ၎င်းအပေါ်တွင် အဖြူရောင်မှိုမျှင်စုများကို တွေ့ရသည်။ အပင်ကြီးများတွင် ရောဂါကျပါက မြေအောက်ပိုင်းရှိ မြေပဲပင်စည်ပေါ်တွင် အညိုရင့်ရောင် အနာကွက်များဖြစ်ပြီး အပင်ညှိုးလာသည်။ ရောဂါကျသောအပင်ကို နှုတ်ကြည့်ပါက အသီးစွယ်၊ အမြစ်တို့တွင် မှိုမျှင်များဖြင့် ဖုံးအုပ်နေသည်ကို တွေ့နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

  • ရောဂါရသည့် ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
  • အပင်ငယ်စဉ်တွင် ရောဂါပျံ့နှံ့မှုနည်းပါးစေရန်အတွက် ရေသွင်းရေထုတ်ကောင်းမွန်အောင် ပြုလုပ် ပေးရမည်။
  • အလေ့ကျပေါက်သော မြေပဲပင်နှင့် ပေါင်းပင်များတွင် ရောဂါဖြစ်စေသောမှို ခိုအောင်းနေနိုင်သဖြင့် ၎င်းအပင်များကို ဖယ်ရှားပစ်ရ မည်။
  • ရောဂါဒဏ်ခံနိုင်ရည်ရှိစေရန်အတွက် လကြေးမြေသြဇာကို ထည့်သွင်းအသုံးပြုပါ။

(၄) မြေပဲသံချေးရောဂါ

ကျရောက်သည့်အချိန်

မြေပဲသီးနှံတွင် ရာသီမရွေး ကျရောက်နိုင်ပါသည်။

ရောဂါလက္ခဏာ

မြေပအြရွက်၏ အောက်မျက်နှာပြင်တွင် လိမ္မော်ရောင်စပိုးဖုကလေးများ ဖြစ်ပေါ်ခြင်းဖြင့် ရောဂါကျရောက်မှု ကိုလွယ်ကူစွာ  မြင်နိုင်ပါ သည်။ ၎င်း မှ နီညိုရောင်စပိုးများ ပေါက်ကွဲထွက်လာသည်။ ရောဂါခံနိုင်ရည်မရှိသော မြေပဲမျိုးများတွင် လိမ္မော်ရောင်အဖုကလေးများတွင် ၀ိုင်းရံဖြစ်ပေါ်လျက်ရှိပါသည်။ ၎င်းစပိုးစုအဖုများသည် (၀.၃) မှ (၁) မီလီမီတာအချင်းထိ ရှိနိုင်ပါသည်။ စိုထိုင်းစ တာရှည်ပါက ၎င်းအဖု ကလေးများ အရွက်၏အပေါ် မျက်နှာပြင်တွင် ပေါ်ခာသည်။ ထို့နောက် ၎င်းအပေါ်မျက်နှာပြင်နှင့် ကပ်လျက်အထက်ရွက်၏  အောက် မျက်နှာ ပြင်ကို ရောဂါထပ်ဆင့် ကူးစက်ပျံ့နှံ့စေပါသည်။ ဤရောဂါသည် ပန်းပွင့်နှင့် စွယ်များမှအပ မြေပေါ်အပင်ပိုင်းအားလုံးတွင် ကျရောက်နိုင်ပါသည်။ အထူးသဖြင့် မြေပဲရွက်ပြောက်ရောဂါဖြစ်ပါက အရွက်များ လျင်မြန်စွာ ကြွေကျသော်လည်း မြေပဲသံချေးရောဂါ ကျရောက်ပါက အရွက်များ ခြောက်၍ အပင်တွင် တွယ်ကပ်တည်ရှိနေပါသည်။

ကူးစက်ပျံ့နှံ့ခြင်း

ရောဂါဖြစ်စေမှို၏ စပိုးမှုံများသည် ရောဂါရပင်ကြွင်းပင်ကျန်များတွင် (၄) ပတ်ခန့် အသက်ရှင် နေနိုင်ကြသည်။ မြေပဲစိုက်ရာသီ တစ်ခုနှင့် တစ်ခု အနည်းဆုံး တစ်လခန့် ခြားနားပါက နောက်သီးနှံအတွက် ရောဂါမကူးနိုင်ပါ။ မြေပဲသီးနှံ ရာသီမရွေး ဆက်တိုက်ရှိနေပါက ဤရောဂါအတွက် အလွန်ကြောက်စရာကောင်းပါသည်။ ထို့ပြင် စပိုးများသည် လေဖြင့် ခရီးတော်တော်ဝေးဝေးထိအောင် ပျံ့နှံ့နိုင်ပါ သည်။ဤရောဂါအတွက် သင့်တော်သော အပူချိန်မှာ (၂၀) ဒီဂရီစင်တီဂရိတ်ရှိခြင်း၊ အရွက်မျက်နှာပြင် ရေလွှာရှိခြင်းနှင့် စိုထိုင်းစများခြင်း တို့သည် ရောဂါဖြစ်ပေါ်တိုးတက်မှု အတွက် အခြေအနေကောင်းများ ဖြစ်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

  • မြေပဲသီးနှံအား ရာသီအလိုက် စိုက်ရာတွင် တစ်ရာသီနှင့်တစ်ရာသီ တ်လခြားသင့်သည်။
  • သီးနှံအလှည့်ကျစိုက်ပါ။
  • မြေပဲရွက်ပြောက်ရောဂါတွင် သုံးသော ဓာတုဆေးများဖြင့် ကာကွယ်နိုင်သည်။

Source by – လယ်/ဆည်

 

The postေ⁠မြပဲသီး⁠နှံတွင် လအလိုက်ကျ⁠ရောက်⁠သော ⁠ရောဂါ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles