(၁) ပြောင်းရွက်နာကျရောဂါ (ပြောင်းရွက်ခြောက်ရော၈ါ) (Corn Leaf Blight)
မြန်မာပြည်၊ ပြောင်းစိုက်ရာဒေသများတွင် ကျရောက်လေ့ရှိသည်။
ရောဂါဖြစ်စေသောမှို – Helminthosporium turcicum
အရွက်ပေါ်တွင် ဘဲဥပုံ-အ၀ိုင်းပုံ မညီမညာပုံရှိသော ရေစိုကွက်မှ အညိုရောင်အကွက်များ ဖြစ်ပေါ်သည်။ ယင်းနောက်ကွက်ပြောက်သည် တဖြည်းဖြည်းကြီးလာပြီး အရွက်တစ်ခုလုံးကို ခြောက်သွေ့သွားစေသည်။ ရောဂါပြင်းထန်ပါက အပင်ကြီးထွားမှုရပ်တန့်ခြင်း၊ ပြောင်းဖူး အောင်မြင်စွာ ဖြစ်ထွန်းခြင်း လျော့နည်းစေသည်။
ရောဂါဖြစ်စေသောမှို – Helminthosporium maydis
အရွက်မျက်နှာပြင်ပေါ်တွင် ညိုဝါရောင်ကွက်ပြောက်ငယ်ကို တွေ့ရသည်။ H-turcicum ထက်ကွက်ပြောက်သေးသည်။ ယင်းကွက်ပြောက်သည် ပစ်ကွက်းမှတ်ကဲ့သို့ အရစ်များကို တွေ့ရှိနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်း
- ရောဂါခံနိုင်ရည်ရှိသော စပ်မျိုးပြောင်းများကို ရွေးချယ်စိုက်ပျိုးပါ။
- သီးနှံအလှည့်ကျစိုက်ပါ။
- ရောဂါရပြောင်းဖူးခင်းမှ ပင်ကြွင်းပင်ကျန်နှင့် ပေါင်းမြက်များကို မီးရှို့ဖျက်ဆီးပါ။
- Benzimedazole အုပ်စုဝင်မှိုသတ်ဆေးဖြင့် ပက်ဖြန်းပါ။
(၂) ပင်စည်ပုပ်ရောဂါ (Stalk Rot)
ရောဂါဖြစ်မှို – Pythium aphanidermatum
မြေပေါ်ရှိ ပင်စည်သည် အညိုရောင်ရေစိုနာဖြစ်၍ ပျော့ပြီးပုပ်နေသည်ကို တွေ့ရသည်။ ပင်စည်သည် လိမ်၍ ပုံ့ပန်းသဏ္ဍန် ပျက်စီးနေပါ သည်။
ဤရောဂါသည် ပူနွေးစိုစွတ်သော ရာသီတွင် ရေသွင်း၊ ရေထုတ်ညံ့သောမြေမျိုးတွင် ရောဂါဖြစ်ပွားလေ့ရှိပါသည်။
ပင်စည်ပုပ်ရောဂါ (Stalk Rot)
ရောဂါဖြစ်စေသာမှို (Gibberella zeae)
ရောဂါကျရောက်သောပင်စည်သည် မကြီးထွားမီ သေဆုံးနိုင်သည်။ အဆစ်ပတ်လည်ရိုးတံသည် နီညိုရောင်ပြောင်း၍ အတွင်းတစ်သျှုး များသည် အနီရောင်ပြောင်းနေသည်။ အလွယ်တကူ ကျိုးနိုင်သည်။ အဆစ်ပတ်လည်တွင် အနက်ရောင်မှိုမျိုးပွား အဂါင်္များကို သေသွားသောပင်စည်၏ အဆစ်ပေါ်တွင် တွေ့နိုင်သည်။
ကာကွယ်နှိမ်နင်းနည်းများ
- ရောဂါရပင်ာကွင်းပင်ကျန်များမကျန်ရန် မီးရှို့ဖျက်ဆီးပါ။
- (၂) သီးနှံအလှည့်ကျစိုက်ပါ။
(၃) ကြွက်များ (Rodents)
ကျရောက်သည့်အချိန်
စစိုက်ချိန်မှ ရိတ်သိမ်းချိန်အထိ။
ကျရောက်သည့်လက္ခဏာ
ပြောင်းဖူးများတွင် ကြွက်ဖျက်ဆီးမှု လက္ခဏာများ တွေ့ရှိနိုင်ပါသည်။ မြေကြွက်ကျရောက်ခြင်းဖြစ်ပကါ အပင်များကိုပါ ကိုက်ဖြတ် စားသောက်ထားသော လက္ခဏာများကိုပါ တွေ့မြင်နိုင်ပါသည်။ အစေ့ချချိန်တွင့် အစေ့များကို ဖော်၍ စားသောက်တတ်ပါသည်။
ကာကွယ်နှိမ်နင်းနည်း
- စိုက်ချိန်တစ်ညီတည်းစိုက်ပျိုးခြင်း။
- ပတ်ဝန်းကျင်တွင် ပေါင်းမြက်များ ရှင်းလင်းခြင်း။
- ကြွက်ကျင်းများ တူးဖော်၍ ဖမ်းဆီးခြင်း။
- ကြွက်ကျင်းများထဲသို့ မီးခိုးမှိုင်းတိုက်ခြင်း၊ ရေလောင်းထည့်ခြင်း။
- ထောင်ချောက်အမျိုးမျိုး အသုံးပြုခြင်း။
- ကြွက်များအား အသံဖြင့် ခြောက်လှန့်ခြင်း။
Source by – လယ်/ဆည်
The postြေ့ပာင်းရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.