Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးဖျက်ပိုးများ(အ၀ါ⁠ရောင်ဆစ်ပိုး ကာကွယ်⁠နှိမ်နင်းနည်းများ)

$
0
0

Yellow stem borer (အ၀ါရောင်ဆစ်ပိုး)

ကျရောက်သည့်အချိန်

ပျိုးခင်းမှ ရိတ်သိမ်းချိန်အထိ

ဖျက်ဆီးပုံလက္ခဏာများ

လောက်ကောက်သည် ပင်စည်အတွင်းနေ၍စားသဖြင့် စပါးအူပုပ်လက္ခဏာများတွေ့ရသည်။ အနှံထွက်ချိန်တွင် အနှံဖြူများအား  တွေ့ရ သည်။

လက်ရှိမြန်မာနိုင်ငံ၏ဆစ်ပိုးကျရောက်မှုအခြေအနေများ

  • ရာသီဥတုပြောင်းလဲလာခြင်း
  • ရေကြီး၊ရေနက်ကွင်းများတွင် ဒေသစပါးမျိုးများအား စိုက်ချိန်စော၍စိုက်ပျိုးခြင်း
  • မြေပြုပြင်ချိန် လုံလောက်စွာမရရှိခြင်း(သို့) စိုက်ခင်းအား ကောင်းစွာထယ်/ထွန် မပြုလုပ်ခြင်း
  • ဆစ်ပိုးဒဏ်ခံနိုင်ရည်နည်းသော်လည်း ဈေးကွက်တွင်တွက်ခြေကိုက်သည့် ပေါ်ဆန်းမျိုးများအား (၁၀) နှစ်ကျော် ဆက်တိုက်စိုက်ပျိုးလာခြင်း
  • ယူရီးယားဓါတ်မြေသြဇာတစ်ခုတည်းကိုသာ သုံးစွဲကျခြင်း
  • ပိုးသတ်ဆေးအမျိုးအစား၊နှုန်းထားမှန်ကန်စွာ အသုံးမပြုကြခြင်း

ဘက်စုံကာကွယ်နှိမ်နင်းနည်းများ

(၁) စပါးမစိုက်ပျိုးမှီ လိုက်နာဆောင်ရွက်ရမည့်အချက်များ

– ကန်သင်းနှင့် စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။

– ရိုးပြတ်များနှင့်  ကောက်ရိုးများအား မီးရှို့ဖျက်ဆီးပါ။

– ထယ်ရေးနက်နက်ထိုးပြီး ရေသွင်းထားခြင်းသည် အထိရောက်ဆုံးဖြစ်၍ သေချာစွာလိုက်နာ ကျင့်သုံးပါ။

– စိုက်ခင်း၊ ပျိုးခင်းများ မြေပြင်ချိန်တွင် ဖျူရာဒန် ၃ ဂျီအား ၁ ဧကလျှင် (၅-၆ ကီလို) ထည့်ပေးခြင်း။

(၂) စိုက်ပျိုးပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ

– အပင်ပွားချိန်တွင် ဆစ်ပိုးလက္ခဏာ (အူပုတ်- dead heart) စတင်တွေ့ရှိပါက ရေသွင်းရေထုတ်ပြုလုပ်ရန် အခြေအနေပေးသော လယ်ကွင်းများတွင် (၁-၂) ရက်ခန့် ရေထုတ်ပေးပါ။

– စိုက်ခင်းများတွင် မီးထောင်ချောက်များအား ညီညာစွာ ထွန်းညှိပါ။

– (ဒေသသုံးမီးထောင်ခြောက်များဖြင့် တကွင်းတစပ်တည်းထွန်းပါ။)

– ပိုတက်ဓါတ်မြေသြဇာ မဖြစ်မနေမှန်မှန်ထည့်ပါ။

– စပါးခင်းအတွင်းရှိ မိတ်ဆွေပိုးများဖြစ်သော (ကင့်ကူ၊ ပုဇဉ်း၊ လိပ်ခုံး၊ ကျိုင်း၊ ငှက် နှင့် နဂျီအုပ်စုဝင်ကပ်ပါးများ) အား ထိန်းသိမ်းပေးပါ။

အသုံးပြုသင့်သောပိုးသတ်ဆေးများ

ပိုးသတ်ဆေးအမည် နှုန်းထား အာနိသင်
Carbofuran  Furadan (Basal App.) 5-6kg/ac ထိသေ၊စားသေ၊ပင်လုံးပြန့်
Padan Cartap hydrochloride 250-500g/ac ထိသေ၊စားသေ၊ပင်လုံးပြန့်
Acephate 400-600cc/ac ထိသေ၊စားသေ၊ပင်လုံးပြန့်
Diazinon 40EC 500-600cc/ac ထိသေ၊စားသေ

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post စပါးဖျက်ပိုးများ(အ၀ါ⁠ရောင်ဆစ်ပိုး ကာကွယ်⁠နှိမ်နင်းနည်းများ) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles