ရာသီဥတု
မြေပဲသည် အပူလျော့ပိုင်း (Subtropical) သီးနှံဖြစ်၍ နေရောင်ခြည်နှင့် အပူချိန်အလုံအလောက်ရှိပါက ကောင်းစွာဖြစ်ထွန်းသည်။ မြေပဲ အဓိကဖြစ်ထွန်းနိုင်သော ဒေသမှာ တောင်လတ္တီတွဒ် (၃၅) ဒီဂရီနှင့် မြောက်လတ္တီတွဒ် (၄၀ံ) ကြားဖြစ်သော်လည်း ပူပျင်းသောနွေ ရာသီရှိသည့် အာရှတိုက်အလယ်ပိုင်းနှင့် မြောက်အမေရှိကတိုက်တို့တွင် မြောက်လတ္တီတွဒ်(၄၅ံ) အထိ စိုက်ပျိုးနိုင်သည်။ အခြားသော ဆီထွက် သီးနှံများနည်းတူ ရာသီဥတု အခြေအနေ အမျိုးမျိုးနှင့် သဟဇာတ ဖြစ်နိုင်သည်။
မြေပဲသည် အခြေခံအားဖြင့် လေးတာတုန့်ပြန်မှု မရှိသည့်တိုင်အောင် နေ့တာတိုခြင်း၏ အကျိုးသက်ရောက်မှု အနည်းငယ်ရှိသည်။ အပင် ၏ အစပိုင်းကြီးထွားချိန်နှင့် ပန်းပွင့်ချိန်များတွင် အလင်းအားနည်းက ထိခိုက်စေသည်။ပန်းပွင့်ချိန်တွင် မိုးအုံ့ပါက အသီးတင်မှုကို လျော့နည်းစေသည်။ မြေပဲသည် အမြင့်ပေ (၁၂၅၀) မီတာအောက်တွင် ကောင်းစွာဖြစ်ထွန်းသည်။ ၄င်းထက်မြင့်သော ကုန်းမြင့် ဒေသများ တွင် ဖြစ်ထွန်းသော မြေပဲမျိုးများကိုလည်း တွေ့ရသည်။ ယေဘုယျအားဖြင့် ပင်ထောင်မျိုးများသည် ရာသီဥတု ပြောင်းလဲမှု ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်မှုရှိနိုင်သော်လည်း ပင်ပြန့်မျိုးများတွင် ထိခိုက်မှု နည်းပါးသည်။
မြေပဲသီးနှံသည် အပင်ပေါက်ချိန်မှ ရိတ်သိမ်းချိန်အထိ အနည်းဆုံး (၁၂၀)ရက် လိုအပ်သည်။ မြေပဲသည် အပင်ဖြစ်ပြီဆိုလျင် ရေငတ်ဒဏ် ကို အတော်အသင့် ခံနိုင်ရည်ရှိသည်။ ၀ါသီးနှံထက် ရေငတ်ခံနိုင်သော်လည်း နှံစားပြောင်းလောက်တော့ မခံနိုင်ချေ။ ရေမြန်မြန် ထွက် သွားနိုင်ပြီဆိုလျင် တစ်ပတ်ကြာလောက် ရေ၀ပ်ခြင်းကိုလည်း ခံနိုင်သည်။ စီးပွားဖြစ် မြေပဲစိုက်ပျိုးရန် မိုးရေချိန် (၅၀၀) မှ (၁၀၀၀) မီလီမီတာ လိုအပ်သည်။ သို့ရာတွင် မိုးရေချိန် (၃၀၀) မှ (၄၀၀) မီလီမီတာအထိ နည်းသော်လည်း စိုက်ပျိုး၍ ရနိုင်သည်။ မိုးများလျင် အပင် ပိုင်းကြီးထွားမှု လွန်ကဲပြီး အစေ့ထွက်များမည်မဟုတ်ပေ။ (၁၂၀) ရက်သားတွင် ရင့်မှည့်သော မြေပဲသာ မြေပဲအတွက် စိုက်ပျိုးပြီး (၆၀) မှ (၈၀) ရက်အတွင်း ရက် (၂၀) ကာလသည် အရေးကြီးဆုံးဖြစ်သည်။ အသင့်တော်ဆုံး အပူချိန်မှာ (၂၅ံ မှ ၃၀ံ) စင်တီဂရိတ် ဖြစ်သည်။ (၂၀ံ) စင်တီဂရိတ်အောက်တွင် ကြီးထွားမှုရပ်တန့်ပြီး (၃၅ံ) စင်တီဂရိတ်ထက်ပိုလျင် ပန်းပွင့်ခြင်းကို ထိခိုက်သည်။
မြေအမျိုးအစား
မြေပဲအတွက် အကောင်းဆုံးမြေမှာ ရေစီးရေလာကောင်းသော အရောင်နုသော၊ မြေသားဖွယ်၍ ပွရွသော၊ ကယ်လ်စီယမ် အလုံ အလောက်နှင့် အော်ဂဲနစ်ပစ္စည်း အသင့်အတင့်ပါသော သဲနုန်းမြေ ဖြစ်သည်။ သဲမြေနှင့် နှုန်းမြေများသည် မြေစေးထက်အမြစ်နှင့် အစွယ် များ ပိုမိုထိုးဖောက်နိုင်ပြီး ရေစိမ့်ဝင်နိုင်မှု ကောင်းသည်။ မြန်မာနိုင်ငံတွင် မြေပဲကို လူလုပ်အားနှင့် အဓိကစိုက်သဖြင့် ရွံစေးဆန် သော မြေ သည် မြေပဲနုတ်ရာတွင် လေလွင့်ဆုံးရှုံးမှုများစေသောကြောင့် မသေပေ။မြေပဲသည် အနည်းငယ်အချဉ်ဓာတ် (မြေချဉ်ငံဓာတ် ၆.၀ မှ ၆.၅) ရှိသော မြေများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် ၅.၅ မှ ၇.၀ သည်လည်းလက်ခံနိုင်ဖွယ်ဖြစ်သည်။
ပင်ပြန့်ဒေသမျိုးများသည် စိုက်ရာဒေသရှိမြေချဉ်ငံဓာတ်နှင့် ပိုမိုကိုက်ညီမှုရှိသည်။ မြေပဲသည် အနည်းငယ် အချဉ်ဓာတ် (မြေချဉ်ငံဓာတ် ၆.၀ မှ ၆.၅) ရှိသော မြေများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ (မြေချဉ်ငံဓာတ် ၅.၅ မှ ၇.၀)သည်လည်း လက်ခံနိုင်ဖွယ် ဖြစ်သည်။ ပင်ပြန့်ဒေသများသည် စိုက်ရာဒေသရှိ မြေချဉ်ငံဓာတ် နှင့် ပိုမိုကိုက်ညီမှုရှိသည်။ မြေချဉ်ငံဓာတ် (၅.၀)အထိလည်း ခံနိုင်ရည်ရှိသည်။ မြေပဲသည် ဆားငံဓာတ်ခံနိုင်ရည်နည်းသောကြောင့် ဆားငံမြေများနှင့် မသင့်လျော်ပါ။
စိုက်ပျိုးချိန်
မြေပဲသည် အခြားဆီထွက်သီးနှံများထက် အစေ့ပိုကြီးမားသောကြောင့် အပင်ပေါက်ရန် အစိုဓါတ် ပိုမိုလိုအပ်သည်။သာမန်အားဖြင့် မြေပဲစိုက်ရာသီ (၂) ခု ရှိသည်။
မိုးမြေပဲ
မိုးမြေပဲသည် မြေပဲစုစုပေါင်း စိုက်ဧရိယာ၏ (၄၃) ရာခိုင်နှုန်းရှိပြီး မေ၊ ဇွန်လများတွင် စိုက်ပျိုး၍ သြဂုတ်နှင့် စက်တင်ဘာလများတွင် ရိတ်သိမ်းသည်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် ရှမ်းပြည်နယ်တို့သည် မိုးမြေပဲ အဓိက စိုက်ပျိုးသော နေရာများဖြစ်သည်။
ဆောင်းမြေပဲ
ဆောင်းမြေပဲကို မြန်မာနိုင်ငံအထက်ပိုင်း၌ စက်တင်ဘာလတွင် နှမ်းအပြီး နောက်သီးနှံအဖြစ် စိုက်ပျိုးသည်။ နုန်းတင်မြေနုများတွင် အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပါက အကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းတွင် မြေပဲကို စပါးအပြီး စိုက်ပျိုးသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post မြေပဲစိုက်ပျိုးချိန် နှင့် ရာသီဥတု appeared first on Myanmar Farmers' Portal.