လယ်ယာထွက်ကုန်သီးနှံများ အရည်အသွေး အဆင့်အတန်းမြင့်မားလာစေရေးအတွက် သန့်စင်ခြင်း
ရည်ရွယ်ချက်
သီးနှံမျိုးစေ့များအား သန့်စင်ရခြင်း၏ ရည်ရွယ်ချက်မှာ –
လယ်ယာထွက်ကုန် သီးနှံများ၏ အရည်အသွေးအဆင့်အတန်း ပိုမိုတိုးတက် ကောင်းမွန်လာစေရန်။
စိုက်ပျိုးထွက်ရှိသော သီးနှံများ၏ ဈေးနှုန်းမြင့်မားစွာ ရရှိစေရန်။
သန့်စင်ပြီး မျိုးကောင်းမျိုးသန့်များကို သုံးစွဲခြင်းဖြင့် တစ်ဧက အထွက်နှုန်း တိုးတက်လာစေရန်။
မျိုစေ့သန့်စင်ခြင်း ဆောင်ရွက်ပုံ အဆင့်ဆင့်
(၁) အကြိုသန့်စင်ခြင်း
(၂) ဆန်ခါဖြင့်အကြီးအသေးခွဲခြားခြင်း
(၃) အကျိုးအကျေနှင့် ပေါင်းမက်စေ့များ ဖယ်ရှားခြင်း
(၄) အောင်မြင်သော အစေ့နှင့် မအောင်မြင်သော အစေ့ ခွဲခြားပေးခြင်း
(၅) ဆေးဖြင့် လူးနယ်ပေးခြင်း
(၆) ချိန်ချုပ်ခြင်း
(၇) မျိုစေ့ထောက်ခံချက်ပေးခြင်း
သန့်စင်ပေးနိုင်သောသီးနှံမျိုးစေ့များ
(၁) စပါးသီးနှံ (၄)ဂျုံ
(၂)ပဲမျိုးစုံ (၅)နှမ်း
(၃)အစေ့ထုတ်ပြောင်းနှင့် နှံစားပြောင်း (၆)မြေပဲ
သီးနှံမျိုးစေ့များ မသန့်စင်မီနှင့် သန့်စင်ပြီးအခြေအနေ
သီးနှံမျိုးစေ့များကို သန့်စင်ခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူး များကို ရရှိမည်ဖြစ်ပါသည်။
စဉ် အကြောင်းအရာ မသန့်စင်မီ သန့်စင်ပြီး
၁ သန့်စင်မှုရာခိုင်နှုန်း ၉၂.၆၄ ၉၉.၆၀
၂ အပင်ပေါက်ရာခိုင်နှုန်း ၈၄.၀၀ ၉၂.၀၀
၃ အဖျင်း၊အမှော်၊ဖုန်၊ ၇.၃၆ ၀.၄၀
သဲ၊ခဲ ပါဝင်မှုရာခိုင်နှုန်း
Source by – လယ်/ဆည်
The post သီးနှံမျိုးစေ့ သန့်စင်ခြင်း appeared first on Myanmar Farmers' Portal.