(၅) ရွက်စုံစားခူဝါ ( Common Hairy Catetpillar)
ကျရောက်သည့်အချိန်
အပင်သက်တမ်းတစ်လျှောက်လုံးတွင် ကျသည်။
ဖျက်ဆီးပုံလက္ခဏာ
ငယ်စဉ်အခါတွင် အရွက်များ၏ အစိမ်းရောင်ပျောက်ပြီး ဇာကဲ့သို့ အမှေးပါးသာ ကျန်ရစ်ခဲ့သည်။ အနည်းငယ်ကြီးလာသောအခါ အပင် တစ်ပင်မှ အခြားအပင်သို့ ပျံ့နှံ့သွားပြီး အရွက်များကိုလည်း ကိုက်ဖြတ်စားသည်။ အကောင်ကြီးများကြောင့် အရွက်၊ အညွန့် စုတ်ပြတ်နေ သည်။
ဘ၀စက်ဝန်း
အရွက်များပေါ်တွင် ဥများကို အစုလိုက်နေသည်။ ဥတစ်စုတွင် ဥပေါင်း (၁၀၀) ကျော်ခန့်ပါရှိပြီး ဥမှပေါက်လာသော ပိုးလောက်ကောင် စားသောက်ရင်း ကြီးထွားလာပြီး မြေကြီးအတွင်းတွင် ပါးစပ်မှ ပိုးချည်မျှင် များထုတ်၍ ရုပ်ဖုံးအိမ်ပြုလုပ်ကာ ရုပ်ဖုံးပြုလုပ်သည်။ ရုပ်ဖုံးမှာ မြေကြီးခဲများနှင့်ရောနေ၍ လွယ်ကူစွာ မမြင်နိုင်ပါ.။ ဥဘ၀တွင် (၅-၆) ရက်၊ ပိုးလောက်ကောင်ဘ၀တွင် (၃) ပတ်နှင့် ရုပ်ဖုံးဘ၀တွင် (၇-၈) ရက်ကြာသည်။ တချို့ရုပ်ဖုံးများသည် (၇) လမှ (၈) လအထိ ဆောင်းအောင်းသည်။
ကာကွယ်နှိမ်နင်းနည်း
- အစုအဝေးလိုက်ရှိသော ဥများနှင့် ပိုးလောက်ကောင်များကို လက်ဖြင့် ကောက်ယူဖျက်ဆီးပစ်ပါ။
- ပိုးလောက်ကောင်၏ ကြီးထွားပုံအဆင့်ကိုလိုက်၍ စီးပွားရေးထိခိုက်သည့်အဆင့်အထိ သတ်မှတ်နိုင်၏။ အပင်(၁၂) ပင်တွင်ပထမဆင့် ပိုးလောက်ကောင်(၅၈) ကောင် တွေ့ရှိပါက ထိသေပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ပက်ဖျန်းပါ။
(၆) အပွင့်စားပိုး (Head borer)
ကျရောက်သည့်အချိန်
နေကြာပင် ပန်းပွင့်ချိန်တွင် စတင်ကျရောက်တတ်သည်။
ဖျက်ဆီးပုံလက္ခဏာ
ပိုးလောက်ကောက်များသည် တစ်ခါတစ်ရံ အရွက်၏မျက်နှာပြင်ကို ခြစ်၍ စားသောက်ဖျက်ဆီးသည်။ အများအားဖြင့် အပွင့်မျက်နှာပြင်ပေါ် တွင် စားသောက်ဖျက်ဆီးသည်။ အများအားဖြင့် အပွင့်မျက်နှာပြင်ပေါ်တါင် စားသောက်ဖျက်ဆီးသည်။ အရွက်များတွင် စားပါက၊ အကြော မျှင်သာကျန်ခဲ့ပြီး အပွင့်မျက်နှာပြင်တွင် စားသောက်ပါက အသီးများတွင် အပေါက်များ တွေ့ရပြီး အသီးမရင့်မှည့်မီ ကြွေကျနိုင်သည်။
ဘ၀စက်ဝန်း
ဖလံအမသည် ညအချိန်တွင် ဥများကို အရွက်မျက်နှာပြင်(သို့) အညွန့်အောက် မျက်နှာပြင်တို့တွင် တစ်လုံးစီအုသည်။ ပိုးလောက်ကောင် တစ်ကောင်သည် နေကြာအညွန့်များစွာကို ဖျက်ဆီးနိုင်သည်။ ပန်းပွင့်လာပါက ပန်းပွင့်ကို စားသည်။ အသီးဆံတည်ပါက အသီးဆံကို ဖောက်စားသည်။ အစာဝသော် မြေကြီးအတွင်းတွင် ရုပ်ဖုံးပြုလုပ်သည်။ ဥဘ၀တွင် (၂-၁၀) ရက်၊ ပိုးလောက်ကောင်ဘ၀တွင် (၂-၃) ပတ်၊ အကောင်ကြီးဘ၀တွင် (၁၀) ရက်ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
- နေကြာပင်၏ အရွက်များပေါ်တွင် ဥများကို စတင်တွေ့ရလျှင်သော်လည်းကောင်း၊ အပွင့်၏ ၅% ပျက်စီးနေလျှင်သော်လည်းကောင်း ထိသေပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်း ကာကွယ်နိုင်ပါသည်။
- စိုက်ပျိုးချိန်တွင် ပင်လုံးပြန့်ထိတွေ့ပိုးသတ်ဆေးအခဲများ ဖြစ်သော Daizinon 10% G,Lorsban 15%G တစ်မျိုးမျိုးကို တစ်ဧကလျှင် (၁၀) ကီလိုနှုန်းစိုက်ကြောင်းတွင် ထည့်သုံးခြင်းဖြင့် မြေတွင်းရှိပိုးရုပ်ဖုံးများကို သေစေနိုင်ပါသည်။
(၇) ထွာကောင်စိမ်း ( The Green Semilooper)
ကျရောက်သည့်အချိန်
အပင်ကြီးရင့်ချိန်တွင် ကျရောက်သည်။
ဖျက်ဆီးပုံလက္ခဏာ
အရွက်များကို ကိုက်ဖြတ်စားသောက်ခြင်းကြောင့် အရွက်များပေါက်ပြဲနေသည်။
ဘ၀စက်ဝန်း
ဥများကို အရွက်ပေါ်တွင် ကပ်အုသည်။ ဥမှပေါက်သော ပိုးလောက်ကောင်များသည် အရွက်များကို ကိုက်ဖြတ်စားသည်။ ပိုးချည်မျှင် များဖြင့် ပူးကပ်၍ အရွက်ပေါ်တွင် ရုပ်ဖုံးပြုလုပ်သည်။ ဥဘ၀တွင် (၃-၄) ရက် ၊ ပိုးလောက်ကောင်ဘ၀တွင် (၂၁) ရက်၊ ရုပ်ဖုံးဘ၀တွင် (၇) ရက်ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
- အပင်(၁၀၀) တွင် ထွာကောင်စိမ်းပိုးလောက်ကောင် (၂၀) ကောင်တွေ့ပါက ထိသေပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်းနိုင် သည်။
- ပိုးကျရောက်မှုနည်းပါက ပိုးလောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပစ်နိုင်သည်။
(၈) ကြွက်များ (Rodents)
ကျရောက်သည့်အချိန်
နေကြာစေ့တည်ချိန်
ဖျက်ဆီးမှုလက္ခဏာ
နေကြာခင်းများတွင် အဓိကျက်ဆီးလေ့ရှိသော ကြွက်အမျိုးအစားများမှာ ကြွက်ဖလောင်ဒအမျိုးအစားဖြစ်ပါသည်။ ၎င်းတို့သည် ညနေစောင်းတွင် အဖွဲ့လိုက် ကျရောက်တတ်ပါသည်။ နေကြာပင်များပေါ်သို့ နေကြာစေ့များကို တတ်၍ နေကြာစေ့များကို စားသောက် တတ်ပါသည်။ အဖွဲ့လိုက်ကျရောက်ခြင်းဖြစ်သည့်အတွက် ၎င်းတို့၏ ဖျက်ဆီးမှုမှ အလွန်လျှင်မြန်၍ ဆုံးရှုံးမှုလည်း များပါသည်။
ကာကွယ်နှိမ်နင်းခြင်း
- စိုက်ချိန်တညီတည်းစိုက်ခြင်း။
- ပေါင်းမြက်များ ရှင်းလင်းခြင်း။
- ကြွက်ကျင်းများ တူးဖော်၍ ဖမ်းဆီးခြင်း။
- ကြွက်များအား လူအင်အားဖြင့် ခြောက်လှန့်ခြင်း။
- ထောင်ချောက်အမျိုးမျိုး အသုံးပြုခြင်း။
- ကြွက်များအား အသံဖြင့်ခြောက်လှန့်ခြင်း။
- ကြွက်များ၏ သဘာဝရန်သူများ မွေးမြူခြင်း။ ဥပမာ – ခွေး၊ လင်ကောင်ပိုး)
- ကြွတ်သတ်ဆေးဖြင့် နှိမ်နင်းခြင်း
ကာကွယ်နှိမ်နင်းရန်အချိန်များ
စစိုက်ချိန်နှင် ပန်းပွင့်ချိန်
သတိပြုရန်အချက်
တစ်သီးကောင်းတစ်ယောက်ကောင်း မဆောင်ရွက်ဘဲ နီးစပ်ရာတောင်သူအများ စုပေါင်း၍ မှန်ကန်သောအချိန်တွင် ကာကွယ်နှိမ်နင်းမှ ထိရောက်သော အကျိုးသက်ရောက်မှု ရရှိပေမည်။
Source by – လယ်/ဆည်
The post နေကြာသီးနှံတွင် ကျရောက်သောဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ (ဒုတိယပိုင်း) appeared first on Myanmar Farmers' Portal.