(၁) ရွက်လိပ်ရွက်ကပ်ပိုး (Ground Leaf Miner and Binder)
ကျရောက်သည့်အချိန်
မြေပဲစိုက်ပြီး တစ်လသားအရွယ်မှ ရိတ်သိမ်းချိန်အထိ ကျရောက်လေ့ရှိပါသည်။
ဖျက်ဆီးပုံလက္ခဏာ
ဥမှပေါက်ခါစလောက်ကောင်ငယ်၊ မြေပဲရွက်ထဲသို့ ထိုးဖောက်ဝင်စားလေ့ရှိပါသည်။ လောက်ကောင်အရွယ်အစားကြီးလာသောအခါ ရွက်ပြားထဲမှထွက်၍ အရွက်နှစ်ရွက်ကို အိမ်ဖွဲ့ကာ ရွက်သားများကို စားသောက်လေ့ရှိပါသည်။ ပိုးရုပ်ဖုံးကို ရွက်အိမ်ထဲတွင် ပြုလုပ်လေ့ ရှိပါသည်။ ဆိုးဝါးစွာကျသော အကွက်များသည် မီးလောင်သဏ္ဍန်ဖြစ်ပြီး အဝေးမှ ထင်ထင်ရှားရှား မြင်နိုင်ပါသည်။
ဘ၀စက်ဝန်း
ဖလံအမသည် အရွက်ပေါ်တွင်လည်းကောင်း၊ ရွက်ရိုးတံပေါ်တွင်လည်းကောင်း အုသည်။ ဥဘ၀တွင် (၄-၅) ရက် ၊ ပိုးလောက်ကောင် ဘ၀တွင် (၁၂-၁၄) ရက်၊ ရွက်ဖုံးဘ၀တွင် (၅-၆) ရက်ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
- အပင်(၂၅) ပင်တွင် ပိုးမွှားစစ်တမ်းကောက်ယူ၍ တစ်ပင်လျှင် ရွက်လိပ်ရွက်ကပ်လောက်ကောင် (၂) ကောင် တွေ့ပါက ထိတွေ့ ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်နှိမ်နင်းနိုင်ပါသည်။
- တမာပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ်နှိမ်နှင်းနိုင်ပါသည်။
(၂) မြေပဲဖိုးလမင်းကျိုင်း (Groundnut Chafer)
ကျရောက်သည့်အချိန်
မိုးမြေပဲစစိုက်သည့် မေ၊ ဇွန်လမှ ရိတ်သိမ်းချိန် စက်တင်ဘာလအထိ ကျရောက်ဖျက်ဆီးပါသည်။
ဖျက်ဆီးပုံလက္ခဏာ
ဥမှပေါက်စလောက်ကောင်ငယ်သည် မြေထဲမှ သစ်ဆွေးမြေသြဇာများကို စားသုံး၍ ဒုတိယအဆင့်တွင် မြေပဲတောင့် (သို့) မြေပဲပင် အမြစ်များကို စားသောက်ဖျက်ဆီးပါသည်။ မြေပဲပင်အမြစ်များကို စားသောက်ဖျက်ဆီးပါက အပင်သည် ညှိုးနွမ်းခြောက်သွေ့ပါသည်။ မြေပဲတောင့်ကို ဖျက်ဆီးပါက မြေပဲပင်သည် ပုံမှန်အတိုင်းကြီးထွားသော်လည်း မြေပဲတောင့်အရေအတွက်နည်းပါးပြီး အဆံများကို အဖျက်ဆီးခံရသဖြင့် မြေပဲအထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။
ဘ၀စက်ဝန်း
မိုးဦးပိုင်းတွင် အပင်ပေါ်တွင် အရွက်များကို စားသောက်ပြီး မိတ်လိုက်၍ မြေကြီးထဲအုသည်။ ပိုးလောက်ကောက်သည် မြေကြီးထဲတွင် အမြစ်၊ ဥများကို စက်တင်ဘာလအထိ စားသောက်ပြီး ဆောင်းရာသီတွင် အစာစားခြင်းနားသည်။ မတ်၊ ဧပြီတွင် ရုပ်ဖုံးအဖြစ်ပြောင်းလဲ ပြီး မေ၊ဇွန်လတွင် မြေကြီးထဲမှ ထွက်သည်။
ကာကွယ်နှိမ်နင်းနည်း
- မြေပဲစိုက်ဧရိယာတွင် ကျရောက်တတ်သော မြေပဲဖိုးလမင်းကျိုင်းမျိုးစိတ်များအနက် မြေပဲပင်ကို ဖျက်ဆီးသော Holotrichia မျိုးစိတ်ကျရောက်မှု ရှိ/မရှိ မိုးဦးကျရာသီတွင် အလင်းရောင်ထောင် ချောက်များထွန်း၍ ကင်းထောက်ကြည့်ရှုရန်။
- စိုက်ပျိုးချိန်တွင် ပင်လုံးပျံ့၊ ထိတွေ့ပိုးသတ်ဆေးအခဲ ဥပမာ Diazion 10%G, Lorsban 15% G စသည်တို့ကို တစ်ဧကလျှင် ၁၀ ကီလိုနှုန်း စိုက်ကြောင်းတွင် ထည့်သုံးစွဲရန်။
- မြေရိုင်းများတွင် စိုက်ပျိုးပါက ရှေးဦးစွာ ထယ်ထိုး၊ ထွန်မွှေပြီး မြေလုပ်ပြီးမှ စိုက်ပါ။
(၃) ပ် (Groundnut Aphid)
ကျရောက်သည့်အချိန်
မိုးမြေပဲတွင် ဇူလိုင်မိုးခေါင်သောအချိန်တွင် ကျရောက်တတ်၍ ဆောင်းမြေပဲတွင် အပင်သက်တမ်းတစ်လျှောက် ကျရောက်တတ်ပါသည်။
ဖျက်ဆီးပုံလက္ခဏာ
ပိုးမမည်နှင့် အကောင်ကြီးတို့သည် ခေါင်ညွန့်၊ အပွင့်စွယ်တို့ကို စုပ်ယူစားသောက်သောကြောင့် အရွက်များ တွန့်လိမ်၍ အပင်ကြီးထွားမှု ကို ရပ်တန့်စေပါသည်။ အဆိုးဆုံးဖျက်ဆီးမှုမှာ မြေပဲပင်ကို ရောဂါဖြစ်သော ဗိုင်းရပ်များကို သယ်ဆောင်သောကြောင့် မြေပဲပင်ကို ဗိုင်းရပ်ရောဂါ ဖြစ်ပွားစေပါသည်။
ဘ၀စက်ဝန်း
အမတစ်ကောင်သည် တစ်ခါအုလျှင် ဥ(၃၀) ခန့် တစ်ခါတစ်ရံ လိမင်မဲ့နည်းဖြင့်လည်း မျိုးပွားပါသည်။ ဥမှ ပေါက်ပြီး အကောင်ငယ်ဘ၀မှ အကောင်ကြီးထိကြီးထွားရန် (၂) ပတ်မှ (၃) ပတ်ကြာပါသည်။ အကောင်ကြီး သည် (၆) ရက်ခန့် အသက်ရှင်ပါသည်။
ကာကွယ်နှိမ်နင်းနည်း
- အပင်(၂၅( ပင်တွင် (၃) ပင်ပျရောဂါကျရောက်ပါက ပင်လုံပျံ့ထိတွေ့ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။
- စိုက်ခင်းပတ်ဝန်းကျင်တွင် ပေါင်းမြက်များ သန့်ရှင်းထားရန် လိုအပ်ပါသည်။
(၄) ငမြှောင်တောင်( Cut Worm)
ကျရောက်သည့်အချိန်
မိုးမြေပဲစိုက်ခင်းများတွင် ဇူလိုင်မိုးခေါင်ကာလနှင့် ဆောင်းသီးနှံအပင်သက်တမ်းတစ်လျှောက်လုံးတွင် ကျရောက်တတ်ပါသည်။
ဖျက်ဆီးပုံလက္ခဏာ
ဥမှပေါက်ကာစ လောက်ကောက်ငယ်များသည် အရွက်အောက်မျက်နှာပြင်တွင် စုဝေး၍ စားသောက်သောကြောင့် အရွက်အပေါ် မျက်နှာပြင်တွင် ဖြစ်ရာများ တွေ့ရှိရသည်။ နောက်ဆုံးအတင့် လောက်ကောင်သည် အပင်ခြေရင်း မြေထဲတွင်နေ၍ ညဘက်တွင် အရွက် များကို တစ်ကောင်ချင်း စားသောက်ဖျက်ဆီးလေ့ရှိပါသည်။ စိုက်ခါစ အပင်များကို အရင်းမှ ကိုက်ဖြတ်လေ့ရှိပါသည်။ အပေါ်ယံမြေပွသော စိုက်ကွင်းများတွင် မြေပဲတောင့်များကို ဖျက်ဆီးလေ့ရှိပါသည်။
ဘ၀စက်ဝန်း
အမသည် ဥများကို အရွက်ပေါ်တွင် အစုလိုက်အုသည်။ ပိုးလောက်ကောက်သည် စုသေးနေပြီးနောက် တစ်ကောင်ချင်း ခွဲထွက်သွား သည်။ ရုပ်ဖုံးကို မြေကြီးတွင် လုပ်သည်။ နှစ်ပတ်အတွင်း ရုပ်ဖုံးမှ အကောင်ကြီးဖြစ်သည်။ ဥဘ၀တွင် ၂-၃ ရက် ၊ ပိုးလောက်ကောင် ဘ၀တွင် (၁၅) ရက် ၊ ရုပ်ဖုံးဘ၀တွင် (၂) ပတ်ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
- အပင်(၂၅) ပင်တွင် ငမြှောင်တောင်လောက်ကောင် (၃) ကောင်တွေ့ပါက ထိတွေ့ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်းနိုင် သည်။
- ထယ်ထိုးထွန်မွှေခြင်းဖြင့် မြေကြီးထဲရှိ ရုပ်ဖုံးများကို သေစေနိုင်သည်။
Source by – လယ်/ဆည်
The post မြေပဲသီးနှံတွင် လအလိုက်ကျရောက်သောဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ (ဒုတိယပိုင်း) appeared first on Myanmar Farmers' Portal.