Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

မြေပဲသီးနှံတွင် လအလိုက်ကျရောက်သောဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ (ဒုတိယပိုင်း)

$
0
0

(၅) သရစ်ပိုး (Thrips)

ကျရောက်သည့်အချိန်

မိုးနှောင်းကာလတွင် စိုက်ပျိုးသော မြေခဲခင်းတွင် အထူးဖျက်ဆီးလေ့ရှိပါသည်။ သရစ်ပိုးများ ဖျက်ဆီးမှုကို မြေပဲယင်များ ငယ်စဉ်တွင်   တွေ့ရတတ်ပါသည်။

ဖျက်ဆီးပုံလက္ခဏာ

သရစ်ပိုးများသသည် သေးငယ်သော ပိုးများဖြစ်ပြီး မြေပဲပွင့်များနှင့် လိမ်နေသောအရွက်များအတွင်းတွင် နေလေ့ရှိကြပါသည်။ ပိုးလောက်   ကောင်များနှင့် ကောင်ကြီးများသည် မြေပဲရွက်မျက်နှာပြင်တွင် လှီးဖြတ်၍ သစ်ရည်ကို စုပ်ယူတ်ပါသည်။ သရစ်ပိုးများ ဖျက်ဆီးမှုကြောင့်   မြေပဲရွက်ပေါ်တွင် အဖြူကွက်များကို တွေ့နိုင်ပြီး အောက်ဘက်မျက်နှာပြင်တွင် ညိုနေသောအကွက်ငယ်များကို တွေ့ရှိနိုင်ပါသည်။ သရစ်ပိုးများ စုပ်ယူမှုကြောင့် အရွက်များကြီးထွားမှုနှေးကွေးနိုင်ပြီး မြေပဲရွက်များကြီးလာသောအခါ ကွဲအက်လာပါတော့သည်။ Thrips palmi လှေးပိုးသည်  Peanut bud necrosis ဗိုင်းရပ်ရောဂါသယ်သောပိုးများ ဖြစ်ကြပါသည်။

ဘ၀စက်ဝန်း

ပိုးဥများကို ငယ်ရွယ်သော ပြေပဲပင်တစ်သျှုးများအတွင်းသို့ ထိုးသွင်းလျက်  အုထားလေ့ရှိပါသည်။ ပိုးဥပေါင်း (၄၀) ကျော်ကို အုချနိုင်ပါ သည်။ သရစ်ပိုးအကောင်ငယ်များ၏ သက်တမ်းမှာ (၁၅) ရက်ဖြစ်ပါသည်။ လှေးပိုး အကောင်ကြီးများ၏ သက်တမ်းမှာ (၂၀) ရက် ဖြစ်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

  • မြေပဲရွက်တွင် သရစ်ပိုး(၅) ကောင်တွေ့ပါက ထိတွေ့ (သို့မဟုတ်) ပင်လုံးပြန့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းပေးပါ။ မိုးနှောင်းကာလ   မြေပဲပင်များတွင် စိုက်ပြီး (၃၀) ရက်ပြည့်သောအခါ ပိုးကျရောက်မှုများပါက ဆေးဖြန်းရပါမည်။ မြေပဲပင်များရင့်မှည့်သောအခါ ပိုးသတ်ဆေး ဖျန်းပေးရန် မလိုပါ။
  • သရစ်ပိုးဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပါ။

(၆) မြေပဲတောင့်ဖျက်ပိုးကျိုင်းညို (Caryedon serratus)

ကျရောက်သည့်အချိန်

မြေပဲတောင့်များကို သိုလှောင်ရာတွင် ကျရောက်တတ်ပါသည်။

ဖျက်ဆီးပုံလက္ခဏာ

ပိုးဥမှပေါက်ခါစ ပိုးလောက်ကောက်သည် မြေပဲခွံကို ထိုးဖောက်ခါ မြေပဲဆံများကို စားသောက်ပစ်တတ်ကြပါသည်။ စနစ်တကျ သေချာစွာ မစစ်ဆေးပါက ဥမှပေါက်ကာစ လောက်ကောင်၏ ဖျက်ဆီးမှုကို ကောင်းမွန်စွာည မတွေ့တတ်ရပေ။ ပိုးကျိုင်းကောင်ကြီးများသည်  ပိုးရုပ်ဖုံးမှ ထွက်လာသောအခါ မြေပဲတောင့်ကို ဖောက်၍ ထွက်သော ပိုးပြတင်းပေါက်ကိုမူ ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ပိုးကျိုင်းကောင် ကြီးများသည် အညိုရောင်ရှိပြီး (၄-၇) မီလီမီတာရှည်၍ (၅) မီလီမီတာ ကျယ်ပါသည်။ ကြီးမားသော နောက်ဘက်ခြေထောက်များ ပါဝင်ပါသည်။

ဘ၀စက်ဝန်း

ဥများကို မြေပဲတောင့်၏ အပြင်ဘက်တွင် အုသည်။ ဥဘ၀မှ အကောင်ကြီးအထိ (၄၂) ရက်ခန့်ကြာသည်။ အကောင်ကြီးသည် ဘဲဥပုံ အညိုရောင်ကျိုင်းဖြစ်ပြီး (၄-၇) မီလီမီတာ ခန့် အရှည်ရှိသည်။ ခန္ဓာကိုယ်အရှေ အတောင်ပေါ်တွင် အနက်ရောက်အစက်များ ပါရှိသည်။

ကာကွယ်နှိမ်နင်းနည်း

  • မြေပဲတောင့်များကို လေလုံသောပုံးများဖြင့် သိုလှောင်သိမ်းဆည်းပါ။
  • အဆိပ်ငွေ့မှိုင်းတိုက်နည်းဖြင့် ကာကွယ်နိုင်ပါသည်။

(၇) မုန့်ညှက်ထိုးပိုးကျိုင်းနီ (Red flour beetle)

ကျရောက်သည့်အချိန်

မုန့်ညှက်ထိုးပိုးကျိုင်းနီများသည် ကောင်းမွန်သောမြေပဲဆံများတွင် မကျရောက်နိုင်ဘဲ ကျိုးကြေနေသော မြေပဲဆံများတွင် ကျရောက် ဖျက်ဆီးသောကြောင့် ဒုတိယအဆင့်ဖျက်ဆီးသောပိုး (Secondary Pest)  ဖြစ်ပါသည်။ မြေပဲဆံများကို သိုလှောင်ရာတွင် ကျရောက် တတ်ပါသည်။

ဖျက်ဆီးပုံလက္ခဏာ

အကြောင်းကြောင်းကြောင့် ကျိုးပဲ့ပျက်စီးနေသော စေ့အဆန်များကို အမှုန့်ဖြစ်သည်အထိ စားသောက်သည့်အတွက် သိုလှောင်အိတ်များ အပြင်ဘက်တွင် အမှုှုှုန့်များ ကျနေသည်ကို မြင်သာသည်။ ဂျုံမှုန့်၊ ဆန်မှုန့်များ အနံ့ထွက်၍ အရောက်ပျက်တတ်သည်။

ဘ၀စက်ဝန်း

အမသည် သိုလှောင်ပစ္စည်းများအတွင်း စေးကပ်သောဥများကို အနှံ့အပြားဥလေ့ရှိသည်။ အမတစ်ကောင်မှ ဘ၀တစ်သက်တာအတွင်း ဥ(၄၀၀) ကျော်အုတတ်သည်။ ဥဘ၀တွင် (၄) ရက်ကြာ၍ လောက်ကောက်ငယ်ပေါက်လာသည်။ လောက်ကောက်ငယ်များသည် အစေ့အဆန်များကို အမှုန့်ဖြစ်သည်အထိ (၁၂) ရက်ကြာ စားသောက်ဖျက်ဆီးကြကာ ရုပ်ဖုံးဘ၀သို့ အစားအစာများကြားတွင် ကူးပြောင်းကြသည်။ ရုပ်ဖုံးဘ၀တွင် (၅) ရက်ကြာနေ၍ အကောင်ကြီးဖြစ်လာသည်။ ဥဘ၀မှ အကောင်ကြီးဘ၀ ထိ (၂၀-၃၅) ရက် ကြာတတ်သည်။ အကောင်ကြီးဘ၀တွင် (၆) လကြာ နေထိုင်စားသောက်ကြသည်။

ကာကွယ်နှိမ်နင်းနည်း

  • မြေပဲတောင့်များကို လေလုံသောပုံးများဖြင့် သိုလှောင်သိမ်းဆည်းပါ။
  • အဆိပ်ငွေ့မှိုင်းတိုက်နည်းဖြင့် ကာကွယ်နိုင်ပါသည်။

(၈) ကြွက်များ (Rodents)

ကျရောက်သည့်အချိန်

မြေပဲတောင့်များ ကြီးထွားချိန်။

ဖျက်ဆီးပုံလက္ခဏာ

မြေပဲတောင့်များကို အဓိကတူးဖော်စားသောက်ကြသဖြင့် မြေပဲပင်များသည် အပေါ်ယံတွင် စိမ်းနေသော်လည်း  မြေကြီးထဲတွင်   မြေပဲတောင့်များ မရှိတတ်တော့ပါ။ ကြွက်ခြေရာ၊ ကြွက်ကျင်းနှင့် တစ်ခါတစ်ရံ ကြွက်များစားသောက်ထားသော မြေပဲတောင့်များကို စိုက်ခင်းများထဲတွင် တွေ့ရတတ်ပါသည်။ မြေမွသော နေရာများထဲတွင် ဖျက်ဆီးခံရမှု ပိုမိုများပြာူတတ်ပါသည်။ အဓိက ဖျက်ဆီးလေ့ ရှိသော ကြွက်အမျိုးအစားမှာ မြေကြွက်ဖြစ်ပြီး ၊ ကြွက်ဖလောင်းများလည်း ကျရောက်တတ်ပါသည်။

ကာကွယ်နှိမ်နင်းခြင်း

  • စိုက်ချိန်တစ်ညီတည်း စိုက်ခြင်း။
  • ကန်သင်းဘောင်နှင့် ဘောင်ကြား၊ တန်ကြားတွင် ပေါင်းမြက်များ ရှင်းလင်းခြင်ဒ။
  • ကြွက်ကျင်းများ တူးဖော်၍ ဖမ်းဆီးခြင်း။
  • ကြွက်ကျင်းများထဲသို့ မီးခိုးမှိုင်းတိုက်ခြင်း၊ ရေလောင်ထည့်ခြင်း။
  • ထောင်ချောက်အမျိုးမျိုး အသုံးပြုခြင်း။
  • ကြွက်များအား အသံများဖြင့် ခြောက်လှန့်ခြင်း။
  • ကြွက်များ၏ သဘာဝရန်သူများ မွေးမြူခြင်း။ ဥပမာ – ခွေး၊ လင်ကောင်ပိုး)
  • ကြွက်သတ်ဆေးဖြင့် နှိမ်နင်းခြင်း။

ကာကွယ်နှိမ်နင်းရန်အချိန်များ

စစိုက်ချိန်နှင့် ပန်းပွင့်ချိန်

သတိပြူရန်အချက်

တစ်ဦးကောင်း တစ်ယောက်ကောင်းမဆောင်ရွက်ဘဲ နီးစပ်ရာ တောင်သူအများ စုပေါင်း၍ မှန်ကန်သောအချိန်တွင် ကာကွယ်နှိမ်နင်းမှ ထိရောက်သော အကျိုးသက်ရောက်မှု ရရှိပေမည်။

Source by – လယ်/ဆည်

 

The post မြေပဲသီးနှံတွင် လအလိုက်ကျရောက်သောဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ (ဒုတိယပိုင်း) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>