Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပဲတီစိမ်း စိုက်ပျိုးနည်း

$
0
0

ဝတ်မှုန်ကူးခြင်း

(၆-၈) ပတ်အကြာတွင် ပန်းစတင်၍ ပွင့်သည်။ မပွင့်အာမီ တစ်ရက်အလိုညနေဘက်တွင် အငုံထဲတွင်ပင် ၀တ်မှုန်ရင့်ကြွေ၍ မျိုးကူးစပ်မှု ပြီးစီးသည်။ လုံးဝပင်လည်းဝတ်မှုန်ကူးမျိုးမြစ်သည်။ ပွင့်အာဖြင်းမရှီပဲ ၀တ်မှုန်ကူးသည့် ပန်းပွင့်များ ရာခိုင်နှုန်း (၄၀) ကျော်သည်။

မြေအမျိုးအစား

သဲမြေ၊ သဲနုန်းမြေမှ မြေနက်စေး၊ မြေနီစေးအထိ အားလုံးသောမြေမျိုးတွင်ပင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။   မြေအချဉ်အငံ အပြောင်းအလဲ ကို တော်တော်တန်တန်ခံနိုင်စွမ်းရှိ၍ အလွန်အကြူးမငံသော ဆားပေါက်မြေ နှင့် ဂ၀ံဆန်သောမြေများတွင်ပါ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။   မြေအချဉ်အငံဓါတ် (၄.၅-၈.၀) အတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။ သို့သော် ပဲလွမ်းလောက် မြေချဉ်ကို ခံနိုင်စွမ်းမရှိပါ။

ရာသီဥတု

မိုးရေချိန် (၁၂-၂၀) လက်မအတွင်း ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ထိုထက်ပိုများသော ဒေသများတွင်လည်း ပန်းပွင့်ချိန်တွင် မိုးကြီးသည်းထန်စွာ ဆက်တိုက်ရွာသောရက် နှင့် မတိုက်ဆိုင်လျှင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အထွက်နှုန်း မထိခိုက်နိုင် ပါ။

အပူချိန်

နှစ်စဉ် ပျှမ်းမျှ(၈) ဒီဂရီစင်တီဂရိတ် အောက်မကျသော ဒေသနှင့် ပျှမ်းမျှ (၂၀) ဒီဂရီစင်တီဂရိတ်ထက်မပိုသော ဒေသများတွင် ပို၍   ဖြစ်ထွန်းနိုင်သည်။ စိုက်ပျိုးချိန်ကာလအတွင်း အနိမ့်ဆုံး (၁၅) ဒီဂရီစင်တီဂရိတ်အောက် မကျဘဲ အမြင့်ဆုံး (၃၂) ဒီဂရီစင်တ်ီဂရိတ် အထက်မကျော်သင့်ပေ။ အသင့်တော်ဆုံးမှာ (၂၅-၃၀) ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်သည်။

နေ့တာအတိုအရှည်

လင်းတာတုံ့ပြန်သောမျိုးလည်းရှိ၍ မတုံ့ပြန်သော မျိုးများလည်းရှိသည်။ တစ်နည်းအားဖြင့် နေ့တာရှည်ကိုကြိုက်သော မျိုးနှင့် နေ့တာ တိုကိုကြိုက်သောမျိုးများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းများတွင် စိုက်သောမျိုးများမှာ သက်တမ်းတို၍ လင်းတာမတုံ့ပြန်သောမျိုး များဖြစ်သော်လည်း အအေးဒဏ်ကို ကြောက်သည်။ အညာတွင် ပဲတီစိမ်းကို မိုးကြို၊ မိုးဦး၊ မိုးလယ်တွင် အများဆုံး စိုက်ကြသည်။ နောက်အကျဆုံး စက်တင်ဘာကုန်အထိသာ စိုက်သင့်ပါသည်။

မျိုးရွေးချယ်ခြင်း

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ဗဟိုစိုက်ပျိုးရေးသုတေသနဌာန (ရေဆင်း) မှ ထုတ်ဝေသော ပတြီရွှေဝါ၊ ရေဆင်း ၃၊ ရေဆင်း ၄၊ ရေဆင်း ၅၊ (V. ၃၇၂၆) နှင့် KPS – 2 တို့မှာ လင်းတာတုံ့ပြန်မှုနည်းသဖြင့် မြေအစိုဓါတ်ရှိပါက မိုးကြို၊ မိုးဦးနှင့် မိုးလယ်မှာ စိုက်နိုင်ပါသည်။ အထက်မြန်မာနိုင်ငံတွင် အအေးဓါတ်လွန်ရန် စက်တင်ဘာထက်နောက်ကျ၍သော်လည်းကောင်း၊ ဖေဖော်ဝါရီလ(ဒုတိယအပတ်) ထက်စော၍သော်လည်းကောင်း၊ မစိုက်သင့်ပါ။ အပင်ပေါက်နှေး၍ အပင်ဖြစ်ထွန်းမှု ညံ့ဖျင်းပါသည်။

စဉ် ဒေသ စိုက်ပျိုးသင့်သောအချိန်
မိုးကြို မိုးဦး မိုးလယ် မိုးနှောင်း
၁။ အထက်မြန်မာနိုင်ငံ  (စစ်ကိုင်း၊   မန္တလေး၊မကွေး) ဖေဖော်ဝါရီ ဇွန်၊ဇူလိုင် သြဂုတ်၊ စက်တင်ဘာ  
၂။ အောက်မြန်မာနိုင်ငံ (ပဲခူး၊ရန်ကုန်) ဖေဖော်ဝါရီ ၊ မတ်လ   သြဂုတ်၊ စက်တင်ဘာ အောက်တိုဘာ ၊  နိုဝင်ဘာ
၃။ ဧရာဝတီ၊မွန်၊တနင်္သာရီ ၊ ရခိုင် ဇန်န၀ါရီ၊ ဖေဖော်ဝါရီ     နိုဝင်ဘာ
၎။ ရှမ်း၊ကယား မတ်၊ ဧပြီ ဇွန်၊ဇူလိုင် သြဂုတ်၊ စက်တင်ဘာ  

 

သီးထပ်စွမ်းအားတက်ရန် သက်တမ်းတို၍ အလင်းရောင်မတုံ့ပြန်သော ပဲတီစိမ်းမျိုးများကို တိုးချဲ့ စိုက်သင့်ပါသည်။ သို့သော် အအေးဒဏ် လွတ်ရန်နှင့် သီးတောင့်ရင့်မည့်ချိန်တွင် မိုးမမိစေရန် စိုက်ချိန်ကို ရွေးချယ်စိုက်ရပါမည်.။

မိုးကြိုပဲတီစိမ်း

မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းများတွင် နှမ်းကို ရေသွင်းစိုက်သကဲ့သို့ ပဲတီစိမ်းကိုလည်း ရေသွင်းကြပါသည်။ နှမ်းလျင်နှင့် ပဲတီစိမ်းကို သီးညှပ်စိုက်နိုင်ပါသည်။

သတိပြုရန်အချက်များ

  • မြေမာလွန်းက စိုက်ထယ်ရေးပြင်ရန် ရေတစ်ကြိမ်သွင်းရပါသည်။
  • နုန်းစနယ်နှင့် နုန်းမြေစေးဖြစ်ပါက ရေသွင်းနာ၍ ထိထိမိမိရှိလျှင် ပန်းဖြိုင်ချိန်အထိ ရေလုံလောက်နိုင်ပါသည်။
  • အပင်ဖြစ်ထွန်းချိန် အစိုဓါတ်မလု့လောက်ခြင်းသည် အထွက်ကို ထိခိုက်မှု အများဆုံးဖြစ်သည်။ သို့ဖြစ်၍ ပန်းပွင့်ချိန်မတိုင်မီ အစို ဓါတ် လုံလောက်ရပါမည်။
  • ပန်းစချိန် ရေလိုအပ်မည်ဖြစ်၍ မိုးမရွာပါက ရေထပ်သွင်းရမည်။ သို့သော် ရေပိုလျှံကျန်ပြီး ရေမ၀ပ်နေစေရန် သတိပြုရမည်။ မိုးကြို ပဲတီစိမ်းပွင့်ချိန်၊ သီးကင်းဝင်ချိန် မိုးကြီးမိပါက အပွင့်အသီးးနုများ ကြွေနိုင်သည်။ အချိန်ရှိသေးက ရေထုတ်ပေးပြီး မြေမာသွားလျှင် ကြားထွန်ဝင်၍ မြေသြဇာထည့်ပေးလျှင် အပွင့်ထပ်မံပွင့်လာနိုင်သည်။

Source by – လယ်/ဆည်

 

The post ပဲတီစိမ်း စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>